“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Tuesday, February 11, 2014

ထူးခြားဆန်းပြားတဲ့ မော်တော်ဆိုင်ကယ်များ


ထူးထူးဆန်းဆန်း စိတ်ကူးစိတ်သန်းများနဲ့ ကြံဆတီထွင်ထားတဲ့ ကမ္ဘာတစ်လွှားက မော်တော်ဆိုင်ကယ်များနဲ့ မိတ်ဆက်ပေးပါဦးမယ်..


ကြောက်စရာ သားရဲတိရိစ္ဆာန်ဒီဇိုင်းနဲ့ မော်တော် ဆိုင်ကယ်

ပထမဦးဆုံး မိတ်ဆက်ပေးမဲ့ဆိုင်ကယ်က သားရဲတိရိစ္ဆာန်ပုံတွေနဲ့ ကြီးကြီးမားမား ဆိုင်ကယ်ကြီးဖြစ်ပါတယ်..  ဆိုင်ကယ်ဘေးတစ်ဘက် တစ်ချက်မှာ ဦးခေါင်းခွံ ပုံသဏ္ဍာန်များနဲ့ တန်ဆာဆင်ထားပါတယ်.. နယူးဂျာစီ မှာရှိတဲ့ Pitstop Motors အရောင်းပြခန်းမှာ ရောင်းချထားတဲ့ ဆိုင်ကယ်ဒီဇိုင်းဖြစ်ပါတယ်.. ဒီဆိုင်ကယ်မျိုးကတော့ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း ဗလတောင့်တောင့် ပုရိသများနဲ့ လိုက်ဖက်ပါတယ်လို့ ဆိုပါတယ်.. ဒီဆိုင်ကယ်စီးပြီး လမ်းမပေါ်မှာ မောင်းမယ်ဆိုလို့ကတော့ စိတ်ဝင်တစား မကြည့်ဘဲ ဘယ်သူကမှ နေနိုင်မှာ မဟုတ်ပါဘူးတဲ့။


ဂျာဂွာ ကျားသစ်ဒီဇိုင်းပုံ မော်တော်ဆိုင်ကယ်

ဂျာဂွာ ကျားသစ်ပုံသဏ္ဍာန် မော်တော်ဆိုင်ကယ်ကို အင်္ဂလန် Barend Massow Hemmes က ကွန်ပျူတာနဲ့ ဒီဇိုင်းရေးဆွဲသူနဲ့ ပူးပေါင်းပြီး တီထွင်ထားတာဖြစ်ပါတယ်။



ကမ္ဘာ့အရှည်ဆုံး မော်တော်ဆိုင်ကယ်

ဒီဆိုင်ကယ်ကတော့ ကမ္ဘာ့အရှည်ဆုံး မော်တော်ဆိုင်ကယ်ပါ။ Greg Dunham  ဆိုသူက တီထွင်ထားတာဖြစ်ပြီး အလေးချိန်ပေါင်း ၆၅၀၀ ပေါင်လေးပြီး ၁၅ပေမြင့်ကာ ပေ၂၀ ရှည်တယ်လို့ သိရပါတယ်.. ကမ္ဘာ့စံချိန် ဂင်းနက်စ်စာအုပ်မှာ စာရင်းထည့်သွင်းထားခြင်းခံရတဲ့ ကမ္ဘာ့အရှည်ဆုံး ဆိုင်ကယ်ဖြစ်ပါတယ်.. ဘေးမှာ သာမန်ဆိုင်ကယ်လေးတစ်စင်းကို ရပ်ထားပါတယ်. အရွယ်အစားကို ယှဉ်ကြည့်ခြင်းအားဖြင့် ဘယ်လောက်ကြီးပြီး ရှည်တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်.. အချိန်၃နှစ်ကြာအောင် တည်ဆောက်ခဲ့ရတာဖြစ်ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ၃သိန်း တန်ကြေးရှိပါတယ်တဲ့။

Suzuki Biplane မော်တော်ဆိုင်ကယ်

ဒီဆိုင်ကယ်ကတော့ ၂၀၀၇ခုနှစ် တိုကျိုမှာ ကျင်းပတဲ့ ဆိုင်ကယ်ပြပွဲမှာ ဆူဇူကီးက ပြပွဲတင်သွင်းတဲ့ တောင်ပံနှစ်ထပ်လေယာဉ်ဒီဇိုင်းနဲ့ ဆိုင်ကယ်ဖြစ်ပါတယ်.. နှစ်ထပ် လေယာဉ်ရဲ့ ဒီဇိုင်းအတိုင်း တည်ဆောက်ထားတာမို့ ဒီဆိုင်ကယ်ကို စီးနင်းတဲ့သူတွေဟာလည်း နှစ်ထပ်လေယာဉ်ကို စီးနင်းရတဲ့ ခံစားချက်အတိုင်း ထပ်တူခံစားရနိုင်တယ်လို့ သိရပါတယ်။


ကမ္ဘာ့အကြီးဆုံး Single Cylinder မော်တော်ဆိုင်ကယ်

ဒီ ကြီးမားထူးခြားတဲ့ ဆိုင်ကယ်ကတော့ အငြိမ်းစား ဂျာမန်အင်ဂျင်နီယာ Franz Langer  ရဲ့လက်ရာ ဖြစ်ပါတယ်.. ကမ္ဘာ့အကြီးဆုံး Single Cylinder မော်တော်ဆိုင်ကယ်အဖြစ် ကမ္ဘာ့စံချိန်စာအုပ်မှာ ရေးသွင်းမှတ်တမ်းတင်ခြင်း ခံထားရတဲ့ ဆိုင်ကယ်ဒီဇိုင်း ဖြစ်ပါတယ်..


Flying Motorcycle

သင်ဟာ သည်းထိတ်ရင်ဖို ခံစားချက်ကို နှစ်သက်သူဆိုရင်တော့ ဒီမော်တော်ဆိုင်ကယ်က သင့်ခံစားချက်ကို ပြည့်စုံအောင် ဖန်တီးပေးနိုင်ပါတယ်.. မြေပြင်ပေါ်မှာသာမက ဝေဟင်မှာပါ ပျံသန်းနိုင်တဲ့ ဆိုင်ကယ်ဖြစ်ပါတယ်.. လေယာဉ်မှူးဟောင်း Larry Neal of Boyd ရဲ့ လက်ရာဖြစ်ပြီး ဆိုင်ကယ်မှာ တတ်ဆင်ထားတဲ့ အင်ဂျင်ဟာ လေထဲမှာ တစ်နာရီကို မိုင် ၇၀ ပျံသန်းနိုင်ပြီး မြေပြင်ပေါ်မှာတော့ တစ်နာရီကို မိုင်၆၀နှုန်းနဲ့ မောင်းနှင်နိုင်တယ်လို့ သိရပါတယ်.. ဈေးနှုန်းက ဒေါ်လာ ၂၅၀၀၀ ဖြစ်ပါတယ်။


ဘီးနှစ်လုံး ပူးတွဲ ထားတဲ့ Uno မော်တော်ဆိုင်ကယ်

ဆိုင်ကယ်ဆိုရင် ရှေ့နောက် ဘီးနှစ်လုံး တတ်ဆင်ထားတယ် လို့သာ သိသူများအတွက်တော့ အနည်းငယ်ထူးဆန်းဖွယ်ရာဖြစ်နေပါလိမ့်မယ်.. Uno လို့အမည်ပေးထားတဲ့ ဒီဆိုင်ကယ်ကတော့ ဘီး၂လုံးစလုံးကို တစ်နေရာတည်းမှာ ပူးတွဲတတ်ဆင်ထားတာ ဖြစ်ပါတယ်.. ၂၀၀၈ခုနှစ် ကနေဒါ တိုရန်တိုမြို့မှာ ကျင်းပတဲ့ မော်တော်ဆိုင်ကယ်ပြပွဲတစ်ခုမှာ ပြသထားတဲ့ ဆိုင်ကယ်ဖြစ်ပါတယ်.. ဒီဆိုင်ကယ်ကို တီထွင်တဲ့သူက အသက် ၁၈နှစ်သာရှိသေးတဲ့ Ben J. Poss Gulak  ဆိုသူဖြစ်ပါတယ်..

Honda Goldwing မော်တော်ဆိုင်ကယ်

ဟွန်ဒါက တီထွင်ထားတဲ့ Honda Goldwing မော်တော်ဆိုင်ကယ်ဖြစ်ပြီး ကြည့်လိုက်ရင်  ဆိုင်ကယ်လို့ မထင်ရဘဲ F15 ဖိုက်တာ ဂျက်လေယာဉ်နဲ့သာ တူတယ်လို့ ဆိုပါတယ်..




ကမ္ဘာ့ပထမဦးဆုံး ဆိုင်ကယ်

၈၈၅ခုနှစ် ဂျာမဏီမှာ ပညာရှင် Gottlieb Daimler နဲ့ Wilhelm Maybach  တို့ စတင် တီထွင်ထားတဲ့ ကမ္ဘာ့ပထမဦးဆုံး မော်တော် ဆိုင်ကယ်ဖြစ်သလို  လောင်စာဆီသုံး ပထမဆုံး ဆိုင်ကယ်လဲ ဖြစ်ပါတယ်..


Electric Motorcycle

လောင်စာဆီနဲ့ မောင်းနှင်တာ မဟုတ်ဘဲ လျှပ်စစ်အား( ဘက်ထရီကို ချာဂျင်သွင်းပြီး ) မောင်းနှင်တဲ့ ဆိုင်ကယ်ဖြစ်ပါတယ်.. သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့  လောင်စာဆီသုံးစွဲမှုကို လျှော့ချရေး စတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားတဲ့ ဆိုင်ကယ်ဖြစ်ပါတယ်..ဆီမကုန်တဲ့ ဒီဆိုင်ကယ်တော့ လိုချင်သားနော်။


ရှူးဖိနပ်ဒီဇိုင်းနဲ့ ဆိုင်ကယ်

ဒီဆိုင်ကယ်ကတော့ ဖိနပ် အရောင်မြှင့်တင်ရေးအတွက် ကြော်ငြာအနေနဲ့ ထုတ်လုပ်ထားတဲ့ Dale Murray ရဲ့ လက်ရာ ရှူးဖိနပ်ပုံ ဆိုင်ကယ် ဒီဇိုင်းဖြစ်ပါတယ်.. ချီကာဂို မြို့တွင်းမှာ လှည့်လှည် မောင်းနှင်ရင်း ဖိနပ် ကြော်ငြာနေတာ ဖြစ်ပါတယ်။

ကာတွန်းဒီဇိုင်းနဲ့ ဆိုင်ကယ်

သင်ဟာ လူတွေရဲ့ စိတ်ဝင်တစား ကြည့်ရှုတာ အာရုံစိုက်တာကို ခံယူလိုတဲ့သူ ဖြစ်တယ်ဆိုလို့ရှိရင် ဒီထူးထူးဆန်းဆန်း ကာတွန်းဒီဇိုင်းတွေနဲ့ ဆိုင်ကယ်ကို စီးကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်တဲ့..  ဒီဆိုင်ကယ်နဲ့  ဟိုင်းဝေးလမ်းတွေပေါ်မှာ စတိုင်ကျကျလေး မောင်းဖို့ စိတ်ကူးရှိသူများ စောစောစီးစီး ကြိုတင်စာရင်းပေးလို့ ၀ယ်ယူနိုင်ပါပြီတဲ့။ လူကိုကြည့်မကြည့်တော့ မသိဘူး.. ဆိုင်ကယ်ကိုတော့ လူတိုင်းက စိတ်ဝင်တစား ကြည့်ကြမှာ သေချာတယ်နော် :)    :)

Source from http://www.funonthenet.in

No comments:

Post a Comment