“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, January 5, 2014

ကမ္ဘာ့ စွမ်းအားအမြင့်ဆုံး လျှပ်စစ်မော်တော်ဆိုင်ကယ် Voxan Wattman

Photo: ကမ္ဘာ့ စွမ်းအားအမြင့်ဆုံး လျှပ်စစ်မော်တော်ဆိုင်ကယ် Voxan Wattman
Friday, January 03, 2014

ပြင်သစ် Voxan က ထုတ်တဲ့ ဆိုင်ကယ် ဖြစ်ပြီး Voxan Wattman လို့ အမည်ပေး ထားပါတယ်။ ကမ္ဘာ့ စွမ်းဆောင်ရည် အမြင့်ဆုံး လျှပ်စစ်မော်တော်ဆိုင်ကယ် အဖြစ် အသိမှတ်ပြုခံခဲ့ ရပါတယ်။

အသိမှတ်ပြုခံရခြင်း အဓိက အကြောင်းအရင်းက မြင်းကောင်ရေအား ထုတ်လုပ်မှုအား များလို့ ဖြစ်ပါတယ်။ ၂၀၀ hp အထိ ရှိပြီး ၃.၄ စက္ကန့်အတွင်း တစ်နာရီ ၆၂ မိုင်နှုန်း အမြန်ကို တင်ပေး နိုင်ပါတယ်။ ၅.၉ စက္ကန့် အတွင်း ဆိုရင် ၉၉.၄ မိုင်နှုန်းကို တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

စုစုပေါင်း အမြန်ဆုံးမောင်းနှင်နိုင်မှု Top Speed ကတော့ တစ်နာရီ ၁၀၅.၆ မိုင် ဖြစ်ပါတယ်။ ဆိုင်ကယ်ရဲ့  အလေးချိန်က ၇၇၁.၆ ပေါင် ရှိပါတယ်။
အရွယ်လည်း ကြီးပါတယ်။ 

အသုံးပြုထားတဲ့ ဘက်ထရီက လစ်သီယမ် ၁၂.၈ ကီလိုဝပ်နာရီအား ဘက်ထရီ ဖြစ်ပြီး ၁၁၁.၈ မိုင်အထိ မောင်းနှင်နိုင် မှာ ဖြစ်ပါတယ်။ Voxan Wattman လို့အမည်ပေးထားတဲ့ ဆိုင်ကယ်အား ကမ္ဘာတစ်ဝန်း ဖြန့်ချိ ရောင်းချ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: autoblog
Aung Kham ( www.mmsocialsky.com )

No comments:

Post a Comment