“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Thursday, January 3, 2013

နံနံပင်နဲ့ကျောက်ကပ်ရောဂါကုသနိုင်၊ကာကွယ်နိုင်


နံနံပင်နဲ့ ကျောက်ကပ်ကုနိုင်ပါတယ်။ ဒါက အိန္ဒိယကနေအာရှအထိ ပျံ့နှံ့လာတဲ့ သဘာဝဆေးနည်း ဖြစ်ပြီး နိုင်ငံတကာဆေးပညာရှင်များပါ    လက်ခံအသုံးပြုနေပြီဖြစ်တယ်လို့သိရပါတယ်။

ကျောက်ကပ်က ခန္ဓာကိုယ်တွင်း သွေးထဲကအညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက် အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေးပါတယ်။ မိမိစားသုံးသမျှ၊ အစားအစာ၊ သောက်ရေကအစမှာ ပါဝင်သမျှသော မလိုအပ်တဲ့ဓာတ်များကို ကျောက်ကပ်မှဖယ်ထုတ်ပေးပါတယ်။ လူစဖြစ်ကတည်းက ယနေ့အသက်ရှင်တဲ့ အချိန် အထိမနားမနေအလုပ်လုပ်နေရပြီး  အထူးဂရုစိုက်ရန်လိုအပ်ပါတယ်။
ဂရုစိုက်ဖို့ ဆိုတာကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ဖြစ်ပါတယ်။ ယနေ့အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ် နဲ့ဆက်စပ်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာပါတယ်။ အဓိကကတော့ ရေဓာတ်လျော့နည်းမှု၊ အစား အသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်းပိုးဝင်မှုတို့ကြောင့်ဖြစ်ပြီး ဒါတွေကိုမဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်း ပေါင်းများစွာပေါ်လာပါတယ်။

ခွဲစိတ်ကုသစရိတ်စကလည်း မနည်းပါဘူး။ ဆေးလည်း ဈေးကြီးပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေပဲမို့ ကျောက်ကပ်ရောဂါမဖြစ်အောင် လူတိုင်းလုပ်နိုင်တဲ့ နည်းလမ်းရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်ထက်ပိုမကုန်ပါဘူး။
နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်စင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ်ခွက်စာဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့အရည်မှ နံနံရွက်များကိုစစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီးသောက်ရပါတယ်။ ကျောက်ကပ် ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ်လောက် ပုံမှန်စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်း နေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့သစ်ဥ၊မြစ်ဥကိုပါ ထည့်ပြုတ်ရပါတယ်။ သို့ပေမယ့်နိုင်ငံတကာမှာတော့   အရွက်ကိုထည့်ပြုတ်ရုံနဲ့လုံလောက်ပါတယ်။

နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက်သာသာနဲ့ ကျောက်ကပ် ရောဂါကာကွယ်နိုင်အောင်ကုသနိုင်အောင်မျှဝေလိုက်ရပါတယ်။
--
http://www.innewsmyanmar.com/2013/01/blog-

No comments:

Post a Comment