“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Sunday, December 2, 2012

ဓမ္မဒူတ အရှင်ဆေကိန္ဒ၏အသိပေးစကားစုများ

၁ ။ အားနည်းချက်ကို ကြည့်ပြီး စိတ်ပျက်တတ်သလို အားသာချက်ကြောင့် လည်း အထင်ကြီးတတ်တယ်၊ တစ်ဖက်စွန်းရောက်ရင် ဘယ်ဟာမှမကောင်း ဘူး။

၂ ။ သစ်ပင်တိုင်းမှာ အလှတစ်မျိုးစီ ရှိကြပါတယ်။ လူတိုင်းရဲ့ တစ်မျိုးစီအလှ ကို
မြင်တတ်ရင် ဘယ်လောက်သာယာလိုက်မလဲလို့ ။

၃ ။ ခွင့်လွှတ်နိုင်ဖို့ အကြောင်းပြချက်ရှာနေတတ်တယ်၊ သည်းခံနိုင်ဖို့ မျိုသိပ် မှုကို မွေးယူရတယ်။ နားလည်နိုင်ပြီဆိုရင် ဆင်ခြေမပါတဲ့ ခွင့်လွှတ်မှုပွင့်လင်း တဲ့ သည်းခံမှုတွေ ဖြစ်နေပါပြီ။

၎ ။ မကောင်းတာကိုကြောက်ပြီး မကောင်းလုပ်သူကို သနားလိုက်စမ်းပါ၊ မကောင်းတဲ့သူကို စိတ်ဆိုးလိုက်တာနဲ့ ကိုယ်ပါ သနားစရာသတ္တ၀ါစာရင်းဝင် သွားပြီ။

၅ ။ ကြေကွဲမှု ပျက်စီးမှု ဆုံးရှုံးမှုတွေနဲ့ အတူ ထွက်ပေါ်လာတဲ့  “ တောင်းပန် ပါတယ် “ ဆိုတဲ့ စကားကို လွယ်လွယ်မသုံးမိအောင် သတိထားပါ။

၆ ။ ငယ်တုန်းက ထမင်းကို ၀ါးပြီး ခွံ့ ခဲ့တာကောင်းပေမယ့် ကြီးလာတဲ့အခါ အံဖတ်တွေထင်တတ်တယ်။

၇ ။ ကဲ့ ရဲ့ စရာတွေ့ ရင်ပါးစပ်ကိုတတွတ်တွတ်နဲ့ အမြဲဖွင့်တတ်ပေမယ့်ချီးမွမ်း စရာကြုံရင် သော့ခတ်ပြီး အသေပိတ်ထားတတ်တယ်။

၈ ။ သူများတွေ ဖတ်ချင်သလို ဖတ်ကြပါစေ၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ က ကောင်းဖို့လိုတယ်။ သူတို့ အကြိုက်လိုက်ပြီး မရေးနဲ့ ။

၉ ။ သူတစ်ပါးလဲနေလို့ ထူပေးတာဟာ ကောင်းတဲ့စိတ်ပါ၊ ကိုယ်ချော်လဲနေ တာကိုလည်း ရပ်နိုင်အောင် အရင်အားမွေးပါဦး။

၁၀။ ပုံနှိပ်စာအုပ်၊ လောကစာအုပ်၊ စိတ်စာအုပ် သုံးမျိုးရှိတယ်။ စိတ်ကိုဖတ် တတ်ဖို့ တစ်ခြားစာအုပ်တွေကို ဖတ်နေရတယ်။

၁၁။ “ ကိုယ့်ကိုသာအချစ်ဆုံးပါပဲ။ “ ဒီစကားကိုမယုံရင် တစ်လောကလုံး ရဲ့ အလိမ်အညာတွေကိုခံနေရပြီမှတ်။

၁၂။ အသိပေးဆုံးမပေးမည့်သူကို ရှာသင့်ပေမယ့် ကိုယ့်စကားနားထောင် မည့်သူကိုပဲ ရှာနေကြတယ်။

၁၃။ အပြစ်ကိုကဲ့ရဲ့ တာနဲ့ လူကိုကဲ့ရဲ့ တာ၊ ခွဲခွဲခြားခြားသိတတ်ကြရင် ကဲ့ ရဲ့ မှု ကလွတ်မယ်။

၁၄။ လျှာကို သွားက ကိုက်မိတတ်တယ်၊ ဒါပေမယ့် ကိုယ့် လျှာကိုတော့ သူများရဲ့ သွားက လာပြီးမကိုက်ပါဘူး။

၁၅။ ကျွေးတာအကုန်စား ကိစ္စမရှိဘူး။ စေတနာကိုတော့ အကုန်မသုံးလိုက် ပါနဲ့ ။ ။

၁၆။ “ ကိုယ်ချင်းစာတယ် “ ဆိုတာ ကိုယ် လောဘ ဒေါသကြီးသလို သူ လည်း လောဘကြီး ဒေါသကြီးမှာပဲလို့ ထင်တာမျိုးမဟုတ်ပါဘူး။ တကယ် ကိုယ်ချင်းစာတတ်ရင် သူများချင်းလည်း စာနာတတ်လာတယ်။

၁၇။ မျက်စိစွေနေသူကို “ ကြည့်ရတာတော်တော်ခက်မှာပဲ “ လို့ အထင် နဲ့ တည့်အောင်လုပ်ပေးချင်လို့ မရပါဘူး။သူဟာနဲ့ သူတော့ အဆင်ပြေနေ တယ်ဆိုတာ သိလိုက်စမ်းပါ။

၁၈။ ရယူထားနိုင်ရင် အရသာရှိတယ်တဲ့ ၊ ပေးစွန့် လိုက်ရရင်လည်း အရသာ ရှိတာပါပဲ။ အရသာချင်းတော့မတူပါဘူး။

၁၉။ သူ့ အတွက်ပါဆိုပြီး ငါ့ဖို့ ပါတတ်တယ်။ ငါ့အတွက်ပါဆိုပြီး သူ့ ဖို့ ပါ တတ်တယ်။ ငါနဲ့ သူမျှရဲ့ လား။

၂၀။ အထင်သေးတတ်ရင် အားလုံးကို အထင်သေးတယ်။ အထင်ကြီးတတ် ရင်လည်း အားလုံးကိုအထင်ကြီးတယ်။

၂၁။ နင့်အတွက်သာ နင်ကြည့်တတ်သလို ငါလည်း ငါ့အတွက်သာကြည့် လိုက်ရင် …………?

၂၂။ အပူမီးကြောင့် ပေါ်ထွက်လာတဲ့ အလင်းရောင်ကို အားကိုးလို့ ရနိုင် သလို ပြဿနာကြောင့်ရရှိလာတဲ့ အသိဥာဏ်ကိုလဲ အားကိုးနိုင်တယ်။

၂၃။ အများတကာရဲ့ ရှေ့ မှာထုတ်ပြောရဲတဲ့အတွေးကိုပဲ စဉ်းစားတော့မယ်။ ။

၂၄။ သိလျက်နဲ့ ဆိုးနေတဲ့သူကို သိအောင်ထပ်ပြီး မပြောဝံ့တော့ဘူး။ အမှန်သိစမ်းပါ။

၂၅။ စကားပြောတတ်တာ ကောင်းပါတယ်။ စကားများတာ မကောင်းဘူး၊ စကားများရင် စကားများမယ်။

၂၆။ စိတ်ဆိုးတော့မယ်ဆိုရင် “ သူမ ကိုယ်မဟုတ်ပဲ “ ဆိုတာကို မမေ့ပါနဲ့ ။


အဲ့ ဒါလေးတွေကမှတ်မိသလောက်ပဲနော်....တရားအသိကိုပေးလှူပါသည်..
 
http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1516953&xgs=1&xg_source=msg_share_post

ကိုယ့်ချစ်သူကိုတကယ်ချစ်မချစ်စစ်ဆေးရန်(၁၀)ချက်


နံပါတ်(၁)
ချစ်သူနဲ့တွေ့တဲ့အချိန်စိတ်ချမ်းသာနေလား။
နံပါတ်(၂)
ချစ်သူမကြိုက်တာတွေချစ်သူကယ်ရာမှာရှောင်နေပါသလား။
နံပါတ်(၃)
ချစ်သူမရှိတဲ့အချိန်တခြားကောင်မလေးကိုစိတ်မကစားတာသေချာလား။
နံပါတ်(၄)
ချစ်သူအတွက်ဘုရားရောက်ရင်သတိတရကောင်းမှု.ရည်စူးပြီးလှုဒါန်းလား။
(ဘယ်ဘာသာဝင်ဖြစ်ဖြစ်ကိုယ်နဲ့သက်ဆိုင်ရာပေါ့)
နံပါတ်(၅)
ချစ်သူကိုတွေ့တိုင်းရင်ခုန်သလား။
နံပါတ်(၆)
ချစ်သူအိမ်ရှေ့ကိုကြောင်းမရှိအကြာင်းရှာပြီးသွားလာနေသလား။
နံပါတ်(၇)
ချစ်သူနဲ့တွေ့ရင်သူ့ကိုတဏှာစိတ်မပါဘဲကြည့်ဘူးလား။
နံပါတ်(၈)
သူ့ရဲ့ပါးပြင်လေးကိုဘာစိတ်မှမပါဘဲရိုးရိုးသားသားနမ်းဘူးပါသလား။
နံပါတ်(၉)
ရန်ဖြစ်ရင်စိတ်ထင်ရာမပြောဘဲသူ့ကိုချစ်စိတ်နဲ့ပြေရာပြေကြောင်းရှင်းဖူးလား။
နံပါတ်(၁၀)
သူ့ကိုဘ၀တသက်တာလက်တွဲဖို.ရည်ရွယ်ပြီးပြီလား။
ဒီ(၁၀)ချက်နဲ့ကိုက်ညီရင် ၁၀၀ရာခိုင်နှုန်းသင့်ချစ်သူကိုချစ်တာရဲရဲကြီးအာမခံပါတယ်။

http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1527866&xgs=1&xg_source=msg_share_post

အဆစ်နာ ဝေဒနာအတွက် အိမ်တွင်းကုသနည်း


(အဆစ်နာ ဝေဒနာအတွက် ဆေးမြီးတို)
နေ့စဉ်အိမ်တွင်း မီးဖိုချောင်တွင် သုံးစွဲသော ငရုတ်သီးအနီတောင့်၏ အဓိကပါဝင်သော Capsic** ဓာတ်အကြောင်းကို ဆေးပညာစာစောင်ပေါင်း များစွာ၌ သိပ္ပံပညာ စူးစမ်းလေ့လာမှု (၁၃၀၀)ထက်မနည်း ဖော်ပြပါရှိခဲ့ပါသည်။ သာမန်အရပ်သူများအနေဖြင့် ငရုတ်သီးအနီတောင့်သည် အရိုးအဆစ်ဝေဒနာကို ပျောက်ကင်းစေသည်ဟူသော အဆိုကို သိပ္ပံသုတေသီများက စာစောင်များတွင် ဆွေးနွေးထောက်ခံ ထားပါသည်။
 ဆေးပညာအရ ၄င်း Capsic** မှာ Tran s-8-Methyl-N-Vanilyl-6-None-Namide ဟူသော ဒြပ်တခု ဖြစ်ပါသည်။ ယင်းအရာဖြင့် အရေပြားကို ပွတ်ပေးလျှင် အဆစ်ထဲထိ ၀င်ရောက်သွားပြီး အရိုးထုများပျက်စီးခြင်းကို ကာကွယ်နိုင်သည်ဟု ဆိုပါသည်။ ဤသို့ဖြင့် မခံမရပ်နိုင်အောင် နာကျင်သည့် ဝေဒနာများ ပျောက်ကင်းပြီး အဆစ်များ အထိုက်အလျောက် လှုပ်ရှားလာနိုင်သည်ဟု ဆိုပါသည်။
 မီယာမီရှိ ဆေးကျောင်းဆိုင်ရာ တက္ကသိုလ်များမှ ဆရာဝန်တစု၏ လေ့လာတင်ပြချက်မှာ ၄င်း Capsic** သုံးစွဲသူ အဆစ်ဝေဒနာရှင်များသည် သုံးလအတွင်း အဆစ်ဝေဒနာများ ၈၀-ရာခိုငနှုန်းခန့် သက်သာပျောက်ကင်း သည်ဟု ဆိုသည်။ ၄င်းဆေး မသုံးသူများမှာ ၅၀-၅၅ ရာခိုင်နှုန်းသာ သက်သာသည်ဟု ဆိုသည်။ သို့သော်လည်း ငရုတ်သီးအနီမှ ထုတ်ထားသော လိမ်းဆေးကို ဘယ်ဆေးဆိုင်တွင်မှ ရှာ၍ရနိုင်မည် မဟုတ်ပါ။ 
မိမိတို့ဘာသာ အောက်ဖော်ပြပါအတိုင်း ဆေးမြီးတိုလုပ်၍ သုံးစွဲကြည့်ပါ။
ပါဝင်ရမည့် ပစ္စည်းများမှာ-
၁။ ငရုတ်သီး အနီတောင့်ကို အစေ့များ မဖယ်ဘဲ စားပွဲဇွန်း ၁၅-ဇွန်းခန့် လှီးထားပါ။
၂။ အုန်းဆီတကွာတ။
၃။ ပျားဖယောင်းဖျော်ရည် စားပွဲဇွန်း ၂-ဇွန်း။
၎။ ဆီမွှေး အစက် ၄၀။
ပြုလုပ်နည်းမှာ-
၁။ အုန်းဆီနှင့် ငရုတ်သီးအနီ လှီးပြီးသားကိုရော၍ ဒယ်အိုးတွင် ထည့်ပြီး မီးဖြင့် တဖြည်းဖြည်းဆူပွက်လာသည်အထိ အပူပေးပါ။
၂။ မီးအရှိန်ကိုလျှော့ပြီး သုံးနာရီခန့် ထားပါ။
၃။ သုံးနာရီခွဲခန့် အအေးခံပါ။
၎။ ယင်းသို့ မီးအပူပေးလိုက် အအေးခံလိုက် နှစ်ကြိမ်၊ သုံးကြိမ် ပြုလုပ်ပါ။
၅။ ဆီနှင့်ငရုတ်သီး အရောအနှောကို ဖျော်စက်တွင်ထည့်၍ ပျော့ပျောင်းပြီး စေးပျစ်သည်အထိ ဖျော်ပါ။
၆။ ပိတ်ပါးစ ရေစစ်ပါရှိသော ဆန်ခါပေါ်တင်၍ စစ်ပါ။
၇။ ပြီးလျှင် စတီးအိုးထဲသို့ ထည့်ပါ။
၈။ အရေပျော်နေသော ပျားဖယောင်းကိုထည့်ပါ။ ပြီးလျှင် ဆီမွှေးထည့်ပါ။
၉။ Cream ဖြစ်လာသည့်အထိ မွှေပါ။
၁၀။ ပုလင်းသေးသေးလေးထဲ လောင်းထည့်ပါ။
၁၁။ အဖုံးသေချာစွာ ဖုံးပါ။
၁၂။ ပြီးလျှင် အေးပြီးခြောက်သွေ့သေနေရာတွင် သိမ်းထားပါ။
ဆေးညွှန်းမှာ-
နာကျင်ကိုက်ခဲသည့်နေရာကို အထက်ပါ ဆေးဖြင့် ပွတ်သပ်ပြီး ဖြည်းဖြည်းလိမ်းပေးပါက အဆစ်နာဝေဒနာများ ပျောက်ကင်းနိုင်ပါသည်။
 
Ref: Working woman Asia,2001.
 ဒေါက်တာ ဒေါ်မြင့်မြင့်ကြည်(လိုက်ဖ်စတိုင်လ် တူဒေး ၂၀၀၁-စက်တင်ဘာ)

ကိုယ်ဝန်ရှိစ ပျို့အန်သူများအတွက် ရိုးရှင်းလွယ်ကူသော ဖြေရှင်းနည်းများ

ကိုယ်ဝန်ရှိစ ပျို့အန်သူများအတွက် ရိုးရှင်းလွယ်ကူသော ဖြေရှင်းနည်းများ
Saturday, December 01, 2012

ကိုယ်ဝန်ဆောင် ကာလမှာ ပျို့အန်ခြင်း

- ချင်းဖျော်ရည်သောက်ပါ

ချင်းကို ပါးပါးလှီးပြီး ရေနွေးတစ်ခွက်နဲ့ စိမ်ပြီး ပျို့အန် ချင်တိုင်းသောက်ပါ။ ဆေးဖက်ဝင် ကုသမှုထဲမှာ စိတ်အချရဆုံး ဖြစ်ပြီး ဘာဆိုးကျိုးမှ မရှိပါ။

- စမုန်စပါးစေ့ကို ဝါးစားပါ

စမုန်စပါးစေ့ ဟာလည်း ပျို့အန်တာကို သက်သာစေနိုင် ပါတယ်။ စမုန်စပါးစေ့ကို ရေနွေးနဲ့ ဖျော်သောက်စရာ မလိုပါဘူး။ ပလတ်စတစ် အိတ်ထဲထည့်ပြီး သွားလေရာတစ်ပါတည်း ယူသွားကာ မကြာခဏ ဝါးစားပေးပါ။ စမုန် စပါးစေ့ဟာ ကလေးနို့တိုက် မိခင်တွေ အတွက် လည်း နို့ထွက်အား ကောင်းစေပါတယ်။

မြ၀တီ
ကိုယ်ဝန်ဆောင် ကာလမှာ ပျို့အန်ခြင်း

- ချင်းဖျော်ရည်သောက်ပါ

ချင်းကို ပါးပါးလှီးပြီး ရေနွေးတစ်ခွက်နဲ့ စိမ်ပြီး ပျို့အန် ချင်တိုင်းသောက်ပါ။ ဆေးဖက်ဝင် ကုသမှုထဲမှာ စိတ်အချရဆုံး ဖြစ်ပြီး ဘာဆိုးကျိုးမှ မရှိပါ။

- စမုန်စပါးစေ့ကို ဝါးစားပါ

စမုန်စပါးစေ့ ဟာလည်း ပျို့အန်တာကို သက်သာစေနိုင် ပါတယ်။ စမုန်စပါးစေ့ကို ရေနွေးနဲ့ ဖျော်သောက်စရာ မလိုပါဘူး။ ပလတ်စတစ် အိတ်ထဲထည့်ပြီး သွားလေရာတစ်ပါတည်း ယူသွားကာ မကြာခဏ ဝါးစားပေးပါ။ စမုန် စပါးစေ့ဟာ ကလေးနို့တိုက် မိခင်တွေ အတွက် လည်း နို့ထွက်အား ကောင်းစေပါတယ်။

မြ၀တီ

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်


ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်လို့ အသတ်ခံထားရတဲ့ အပင်ကတော့ Manchineel အမည်ရ သစ်ပင်ပဲ ဖြစ်ပါတယ်။
၁၅ မီတာအထိ ရှည်နိုင်တဲ့ အပင်မျိုး ဖြစ်ပြီး အမေရိကန်နိုင်ငံ အရှေ့ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ အတွေ့များပါတယ်။ ပင်လယ် ကမ်းခြေတွေမှာ ပေါက်တတ်ပြီး ရေတိုက်စားခြင်းကို အဓိက ကာကွယ်ပေး တဲ့ အပင်များ လည်း ဖြစ်ပါတယ်။ အဆိပ်ကလည်း တော်တော်ပြင်းပါတယ်။
သူ့မှာ ပေါက်တဲ့ အသီးဟာ ပန်းသီး ပုံသဏ္ဍန်နဲ့ နီးစပ်ပြီး Manchineel Apple လို့လည်း လူသိများပါတယ်။ ယင်းပန်းသီး တစ်လုံးဟာ လူ အယောက် ၂၀ ကို သေစေနိုင်ပါတယ်။ မိုးရွာနေတဲ့အချိန် ယင်း အပင်အောက် သွားမခိုဖို့ တားမြစ်ထားပါတယ်။ မိုးရွာချိန်သွာခိုမိရင် ခန္ဓာကိုယ် အရေအပြားမှာ မီးလောင်ဒဏ်ရာလို အရေကြည်ဖု များ ပေါက် မှာ ဖြစ်ပါတယ်။ အပင်ကနေ နို့ရည် အရောင် အဆင်းရှိတဲ့ အရည်များ ကျဆင်းလို့ ဖြစ်ပါတယ်။ ပင်စည်ကိုလည်း သွားမကိုင်ဖို့ တားထားပါတယ်။ ပင်စည်ကို ကိုင်မိရင် လက်မှာလည်း အရည်ကြည်ဖု ထပါတယ်။
အပင်ကို မီးရှို့  ရင် ယင်းအပင်က အငွေ့ တစ်မျိုးထွက်ပြီး ယင်းအငွေ့က မျက်စိကန်းစေပါတယ်။ ရှုရှိုက်မိရင်လည်း မူးမေ့ပြီး အချိန်မှီ ဆေး မပေးနိုင်ရင် သေပါတယ်။ ဒါကြောင့် လူတိုင်းကြောက်တဲ့ သစ်ပင်လည်း ဖြစ်ပါတယ်။ ယင်း Manchineel (မန်ချင်းနီးလ်) သစ်ပင်များ ပေါက်ရောက်ရာ တောများသို့ မသွားရောက်ရန်လည်း တားမြစ် ထားပါတယ်။
မြေဆီလွှာအား ရေတိုက်စားခြင်းကို အဓိကကာကွယ်ပေးတဲ့ လုပ်ငန်း တစ်ခုကြောင့်လည်း ယင်းအပင်များကို မရှင်းလင်းပါဘူး။ ရှင်းလင်းရန်လည်း ခက်ခဲ အန္တရာယ်ကြီးတဲ့ အပင်များ ဖြစ်ပါတယ်။ သဘာဝအတိုင်း ပေါက်ရောက်တာ ဖြစ်တဲ့အတွက်လည်း မပျက်ဆီးစေဖို့ စောင့်ရှောင့်ထားပါတယ်။
ဒါကြောင့် Manchineel (မန်ချင်းနီးလ်) သစ်ပင်နဲ့ ပန်းသီးကို ခေတ်သစ် ဧဒင် သစ်ပင် နဲ့ ပန်းသီးလို့ တင်စားခေါ်ဝေါ်ကြကြောင်း သိရပါတယ်။
--
Ref: wiki
http://naykhayan.blogspot.com/2012/12/blog-post_2354.html#more

အခြားသူများနှင့်ယှဉ်လျှင် ပင်ပန်းရက်တာရှည်နေပါက

တခြားသူတွေနဲ့ယှဉ်ရင် ပင်ပန်းမှုဒဏ်ကို ပိုမိုခံစားလွယ်နေရင်၊ အနားယူတာတောင် ပင်ပန်းမှုမှ သက်သာမလာဘူးဆိုရင် ဒီအခြေအနေကို တာရှည်ပင်ပန်းတဲ့ ရောဂါလက္ခဏာစု (Chronic Fatigue Syndrome) လို့ သတ်မှတ်ထားပါတယ်။
တာရှည်ပင်ပန်းနေကြောင်း ဖော်ပြသော လက္ခဏာရပ်များ
- တာရှည်ပင်ပန်းနေတာကို အဓိက လက္ခဏာတွေအနေနဲ့ အောက်ပါအတိုင်း တွေ့ရပါတယ်။
- ညောင်းညာခြင်း
- မှတ်ဉာဏ် ဒါမှမဟုတ် အာရုံစိုက်နိုင်စွမ်းကျဆင်းခြင်း
- လည်ချောင်းနာခြင်း
- လည်ပင်းနဲ့ ချိုင်းကြားမှာ ပြန်ရည်ကျိတ်များရှိကာ နာခြင်း
- ကြွက်သားနာကျင်ကိုက်ခဲခြင်း
- ရောင်ရမ်းနီမြန်းခြင်းမရှိဘဲ နာကျင်မှုဟာ အဆစ်တစ်နေရာမှ တခြားနေရာကို ရွေ့သွားခြင်း
- ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်း
- အိပ်ချင်မူးတူးဖြစ်ခြင်း
- ၂၄ နာရီကျော်တဲ့အထိ အလွန်အမင်း ပင်ပန်းနေခြင်း
တခြားလက္ခဏာရပ်တွေအနေနဲ့ အောက်ပါတို့နဲ့ တွဲဖော်တွေ့ရတတ်ပါတယ်။
- ဗိုက်နာခြင်း
- အစားအသောက်၊ အရက်၊ အနံ့၊ ဓာတုပစ္စည်း၊ ဆေးဝါးနဲ့ ဆူညံသံတို့နဲ့ ဓာတ်မတည့်ခြင်း
- လေပွခြင်း
- ရင်ဘတ်အောင့်ခြင်း
- ချောင်းဆိုးရက်ကြာခြင်း
- ဝမ်းပျက်ဝမ်းလျှောခြင်း
- မူးဝေခြင်းနဲ့ ဟန်ချက်မညီခြင်း
- ပါးစပ်ခြောက်ခြင်း
- နားကိုက်ခြင်း
- နှလုံးခုန်နှုန်း မမှန်ခြင်း
- မေးရိုးနာခြင်း
- ပျို့ချင် အန်ချင်ခြင်း
- ချမ်းတုန်ဖျားခြင်းနဲ့ ညဘက်ချွေးထွက်များခြင်း
- စိတ်ဓာတ်ကျခြင်း၊ ပူပင်သောကများခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
- အသက်ရှူမဝခြင်း
- အမြင်ဝေဝါးခြင်း၊ မျက်စိညောင်းခြင်းနဲ့ မျက်စိခြောက်သွေ့ခြင်း
- ကိုယ်အလေးချိန်ကျခြင်းနဲ့ တက်ခြင်း
တာရှည်ပင်ပန်းခြင်း ခံစားရသော အကြောင်းရင်းများ
နာတာရှည်ဝေဒနာတွေ အားလုံးအနက် နာတာရှည်ပင်ပန်းခြင်းဖြစ်ရတဲ့ လက္ခဏာစုဟာ ရောဂါရှာဖွေရ ခက်ခဲနက်နဲတဲ့ ရောဂါတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေကတော့ …
- စိတ်ဓာတ်ကျခြင်း
- သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါ
- သွေးတွင်းသကြားဓာတ် လျော့နည်းခြင်း
- ဓာတ်မတည့်မှု အခြေခံပြဿနာရှိခြင်း
- ဗိုင်းရပ်စ် ကူးစက်ခံရခြင်း
- ခုခံအားစနစ်ရဲ့ လုပ်ငန်းဆောင်တာ မကောင်းခြင်း
- ဟိုက်ပိုသားလမတ်စ်၊ ပီကျူထရီဂလင်းနဲ့ အင်ဒရီနယ်ဂလင်း တို့မှထုတ်တဲ့ ဟော်မုန်းပမာဏပြောင်းလဲခြင်း
- သွေးပေါင်ကျခြင်း
- ကိုယ်ခံအားစနစ် မကောင်းလို့ဖြစ်တဲ့ ဗိုင်းရပ်စ်ပိုးဝင်ခြင်း
- အာရုံကြောစနစ်လမ်းကြောင်း ရောင်ရမ်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။
တာရှည်ပင်ပန်းခြင်း ဖြစ်နိုင်ခြေများသူများ
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် တာရှည်ပင်ပန်းနိုင်ခြေ အနည်းဆုံး လေးဆ ပိုဖြစ်လွယ်ပါတယ်။ အသက် ၄၀ နဲ့ ၅၀ အရွယ်ရှိသူတွေဟာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ခံစားရတတ်တဲ့ တာရှည်ပင်ပန်းမှု ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ သေသေချာချာ မသိကြသေးပါဘူး။ တာရှည်ပင်ပန်းခြင်းကြောင့် အလုပ်ပျက်ခြင်း၊ အထီးကျန်ဖြစ်ခြင်းနဲ့ အရာရာမှာ သူများတွေလို မလုပ်ဆောင်နိုင်ခြင်းတို့ ဖြစ်လာနိုင် ပါတယ်။
တာရှည်ပင်ပန်းနေသူတို့အတွက် ဘဝနေထိုင်မှုပုံစံ
ခံစားနေရတဲ့ တာရှည်ပင်ပန်းမှု ဝေဒနာသက်သာအောင် မိမိဘာသာပြောင်းလဲ လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။
၁။ စိတ်ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းရတဲ့ကိစ္စတွေကို ရှောင်ရှားနိုင်ဖို့ အစီအစဉ်တစ်ခု ချမှတ်ထားပါ။ နေ့တိုင်းစိတ်သက်သာရာရအောင် လုပ်ဆောင်နိုင်ဖို့ အချိန်ပေးပါ။
၂။ အိပ်ရေးဝဝအိပ်ပါ
အိပ်ရေးဝဝအိပ်တာဟာ တာရှည်ပင်ပန်းမှုမဖြစ်အောင် ကူညီနိုင်တဲ့ နည်းလမ်းကောင်းပါ။ အိပ်ချိန်အလုံအလောက်ရဖို့အပြင် အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်တွေကို တိတိကျကျ သတ်မှတ်ထားပြီး အိပ်စက်တဲ့ အလေ့အထကို တည်ဆောက်လေ့ကျင့်ပါ။
၃။ ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းကို ဖြည်းဖြည်းမှန်မှန် စတင်ပြုလုပ်ပြီး တဖြည်းဖြည်းနဲ့ တိုးမြှင့်ပြုလုပ်သွားပါ။ ပုံမှန်အားကစားလုပ်တာဟာ တာရှည်ပင်ပန်းနေတာကို ပြေပျောက်စေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်းစတဲ့ လေ့ကျင့်ခန်းတွေနဲ့ အကြောဆန့် ထုတ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းစတဲ့ စိတ်အပန်းပြေ လေ့ကျင့်ခန်းတွေကို အဆင်ပြေသလို လုပ်ဆောင်ပေးပါ။
၎။ ပုံမှန်ပဲ အလုပ်လုပ်ပါ
တချို့နေ့တွေမှာ ခန္ဓာကိုယ်အင်အားနဲ့မမျှအောင် အလုပ်လုပ်တာမျိုးကို ရှောင်ပါ။ နေ့စဉ် ကိုယ်တတ်နိုင်တဲ့ အင်အားနဲ့ညီမျှတဲ့ အလုပ်ကိုသာ လုပ်ပါ။
၅။ ကျန်းမာရေးနဲ့ အညီနေပါ
ကောင်းမွန်တဲ့ အစားအသောက်စားပါ။ အရည်များများ သောက်ပါ။ ကဖင်းဓာတ်ပါတဲ့ အရည်ကို လျှော့သောက်ပါ။ ဆေးလိပ်မသောက်ပါနဲ့။ ပြည့်ပြည့်ဝဝအနားယူပါ။ ကိုယ်လက်လှုပ်ရှား အားကစားကို ပုံမှန်လုပ်ပါ။ ကိုယ်တကယ် ဝါသနာပါပြီး လုပ်ဆောင်ချင်တဲ့ ဝါသနာအတွက် အချိန်ပေးပါ။
၆။ အပ်စိုက်ကုထုံး
အပ်စိုက်ကုထုံးဟာလည်း တာရှည်ပင်ပန်းခြင်းနဲ့ ဆက်စပ်နေတဲ့ ညောင်းညာခြင်း၊ ကိုက်ခဲခြင်းနဲ့ ပူပန်သောကတို့ကို သက်သာလျော့ပါးစေပါတယ်။

Ref: Good Health
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A516102&xgs=1&xg_source=msg_share_post

"တလွဲတန်ဖိုး"

သူပြောခဲ့ဖူးပါတယ်
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း
ရင်ဘတ်ကြီးအပြည့်နဲ့ပေါ့။
 
ယုံကြည်ခဲ့ဖူးပါတယ်
နှုတ်ဖျားက ယုံတမ်းစကား
နှလုံးသားနဲ့ ခံစားပြီးပေါ့။
 
သူပေးခဲ့ဖူးပါတယ်
ကတိဆိုတဲ့စကားတစ်ခွန်း
ချိုသကာ လူးထားရင်းပေါ့။
 
ကြည်နူးခဲ့ဖူးပါတယ်
ရိုးသားတဲ့ မျက်ဝန်းစကား
နှောင်ဖွဲ့ခြင်း များစွာနဲ့ပေါ့။
 
ဖြစ်နိုင်မယ်ဆိုရင်လေ
နင့်ရဲ့ ယုံတမ်းစကားတွေကို
အမှိုက်တစ်စလို လွှင့်ပစ်ချင်ပေမယ့်
မမာနိုင်တဲ့ ဒီအသည်းက
နာကျင်ခြင်းများစွာနဲ့
တန်ဖိုးထားနေမိခဲ့တယ်။
 
                                  ခင်စပယ်ထွေး(တမူးမြို့)

ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်စေသော အချက်များကို ဖြေရှင်းနည်း

ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်စေသော အချက်များကို ဖြေရှင်းနည်း
ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်ရတဲ့အကြောင်းကို တိတိကျကျ မသိရသေးပေမယ့် ခေါင်းတစ်ခြမ်းကိုက် ရောဂါ ဖြစ်အောင် တွန်းအားပေးနေတဲ့ အချက်တွေတော့ ရှိနေပါတယ်။
၁။ အမျိုးသမီးများတွင် ဟော်မုန်း အပြောင်းအလဲဖြစ်ခြင်း
အမျိုးသမီး အများစုမှာ အီစထရိုဂျင် ဟော်မုန်း အတက်အကျ ဖြစ်တာဟာ ခေါင်းတစ်ခြမ်း ကိုက်စေတတ်ပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်ဖူးတဲ့ အမျိုးသမီးတွေဟာ လစဉ်ရာသီ မလာခင်နဲ့ ရာသီလာချိန် အတွင်းမှာ ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ တချို့အမျိုးသမီးတွေကျတော့ ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးဆုံးချိန် အတောအတွင်း ခေါင်းတစ်ခြမ်း ကိုက်နိုင်ခြေ များပါတယ်။ပဋိသန္ဓေ တားဆေးသောက်သုံးခြင်းနဲ့ ဟော်မုန်းအစားထိုးကုသမှုတွေလို ဟော်မုန်း ကုထုံးတွေဟာလည်း ခေါင်းတစ်ခြမ်းကိုက်တာကို ပိုဆိုးစေပါတယ်။
ဘယ်လိုဖြေရှင်းမလဲ 
 အီစထရိုဂျင်ကို လျှော့ပါ သင်ဟာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ခံစားနေရတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ပြီး အီစထရိုဟော်မုန်းဟာ သင့်ခေါင်းကိုက် ဝေဒနာကို ပိုဆိုးရွားစေ၊ ခေါင်းကိုက်ဝေဒနာ ဖြစ်စေတယ်လို့ ယူဆရင် အီထရိုဂျင်ပါဝင်တဲ့ ပဋိသန္ဓေတားဆေး ဒါမှမဟုတ် ဟော်မုန်းအစားထိုးကုသမှုနေရာမှာ တခြားပိုကောင်းတဲ့ ကုထုံးအတွက် ဆရာဝန်နဲ့ တိုင်ပင်ပါ။
၂။ အစားအသောက်
လူတွေကို ခေါင်းတစ်ခြမ်းကိုက်စေနိုင်တဲ့ အစားအသောက်တွေထဲမှာ အယ်လ်ကိုဟော၊ ဒိန်ခဲ၊ ချောကလက်၊ ကဖင်းဓာတ်အများအပြား၊ အချိုမှုန့်နဲ့ ဆားငန်တဲ့ အဆင်သင့် အစားအစာတွေ ပါဝင်နေပါတယ်။ ဒါပေမယ့် ခေါင်းတစ်ခြမ်း ကိုက်စေတဲ့ အစားအစာတွေကတော့ လူတိုင်းအတွက် မတူညီတတ်ပါဘူး။ ထမင်းစားရမယ့်အချိန်မှာ မစားဘဲနေခြင်းနဲ့ အစာလျှော့စားခြင်းတွေဟာလည်း ခေါင်းတစ်ခြမ်း ကိုက်စေနိုင်ပါတယ်။
ဘယ်လိုဖြေရှင်းမလဲ
အစားအသောက်ကို ဒိုင်ယာရီထဲမှာ ရေးမှတ်ပါ
တချို့ အစားအသောက်တွေဟာ ခေါင်းတစ်ခြမ်း ကိုက်စေတယ်ဆိုရင် အဲဒီအစားအသောက်ကို ရှောင်လိုက်ပါ။ ဘယ်အစားအသောက်က သင့်ကို ခေါင်းကိုက်စေတယ်ဆိုတာကို သိနိုင်ဖို့ ဒိုင်ယာရီထဲမှာ ရေးမှတ်ထားပါ။
၃။ စိတ်ဖိစီးမှု
စိတ်ဖိစီးမှု ခံစားရတဲ့အခါ ခေါင်းတစ်ခြမ်းကိုက်စေနိုင်ပါတယ်။
ဘယ်လိုဖြေရှင်းမလဲ
အပန်းပြေနိုင်မယ့် အားကစားလုပ်ပါ
တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ကခုန်ခြင်းစတဲ့ အပန်းဖြေနိုင်တဲ့ နည်းတွေဟာ ဘာကိရိယာမှ မလိုအပ်သလို အချိန်မရွေး လုပ်လို့ရပါတယ်။ ဒါမှမဟုတ် သီချင်းနားထောင်တာ၊ ဥယျာဉ်စိုက်တာ၊ ကြက်သီးနွေးရေချိုးတာ စတဲ့ စိတ်အပန်းပြေစေတဲ့ နည်းတွေလည်း ရှိပါတယ်။
၎။ ပြင်ပလှုံ့ဆော်မှု
တောက်ပတဲ့ အလင်းရောင်နဲ့ နေရောင်ခြည်တွေဟာ ဆူညံတဲ့ အသံလိုပဲ ခေါင်းတစ်ခြမ်း ကိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ရေမွှေးလိုရနံ့မျိုးကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်တတ်ပါတယ်။
ဘယ်လိုဖြေရှင်းမလဲ
ရေခဲကပ်ပါ .. ပြင်ပ လှုံ့ဆော်မှုတွေကို ရှောင်တာကတော့ အကောင်းဆုံးပါ။ တကယ်လို့ ရုတ်တရက် ကြုံကြိုက်ပြီး ခေါင်းတစ်ခြမ်းကိုက်ခဲ့ရင်တော့ တိတ်ဆိတ်ကာ သဘာဝအလင်းရောင်ပဲရှိတဲ့ အခန်းထဲမှာ ထိုင်ပြီး ရေခဲဝတ်ကို လည်ပင်းနောက်ပိုင်းနဲ့ နားထင်မှာကပ်ပေးပါ။
၅။ နိုး-ထ စနစ်ပြောင်းလဲခြင်း
အိပ်ရေးမဝခြင်း၊ အလွန်အကျွံအိပ်ခြင်း စတဲ့ အိပ်စက်မှုပုံစံ ပုံမှန်မဟုတ်တာတွေကလည်း ခေါင်းတစ်ခြမ်းကိုက်စေ တတ်ပါတယ်။
ဘယ်လိုဖြေရှင်းမလဲ
အိပ်ချိန် အလုံအလောက်ပေးပါ
အိပ်ရေးဝဝအိပ်ပါ။ ဒါပေမယ့် လိုတာထက်ပိုမအိပ်ပါနဲ့။ အရွယ်ရောက်သူတစ်ဦးဟာ တစ်ညမှာ ၆-၈ နာရီလောက် အိပ်ချိန်လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ နေ့စဉ်နေ့တိုင်း အချိန်မှန်အိပ်ပြီး အချိန်မှန် နိုးထတာဖြစ်ပါတယ်။
Ref: Good Health
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A515984&xgs=1&xg_source=msg_share_post

သွေးတိုးအတွက်အစွမ်းထက်တိုင်းရင်းဆေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေး ပညာနှင့်ပတ်သက်၍ ပညာပေးထားသော လူလည်းကျန်းမာ၊ ငွေလည်းသက်သာ ဆိုသော အားထားဖွယ်ရာ တိုင်းရင်းဆေးပညာအကြောင်းကို အများအကျိုးအတွက် ဆေးပညာဒါနပြုလိုက်ပါသည်။ လူကြီးလူရွယ်မရွေး ယခုအခါ အဖြစ်များသည့်ရောဂါမှာ သွေးတိုးရောဂါဖြစ်သည်။ သွေးတိုးရောဂါ ကြာရှည်ဖြစ်နေပါက
လေဖြတ်ခြင်း နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါကို ဖြစ်တတ်သည်။


သွေးတိုးရောဂါ-ဟူသည်---
အပေါ်သွေးပေါင်ချိန်(၁၆၀)မီလီမီတာ ပြဒါးနှင့် အောက်သွေးပေါင်ချိန်(၉၅)မီလီမီတာ ပြဒါးအထက် တောက်လျှောက်ဖြစ်စေ၊ အချိန်ကြာမြင့်စွာ မြင့်တက်ခြင်းကို သွေးတိုးရောဂါ-ဟု ခေါ်သည်။
သွေးတိုးရောဂါ ဖြစ်တတ်သူ---
သွေးတိုးရောဂါသည် အဝလွန်သူ၊ မျိုးရိုး၌ သွေးတိုးရှိသူ၊ အဆီအဆိမ့် အချိုနှင့် အငန်အရသာရှိသော အစားအစာများကို အလွန်စားသောက်သူ၊ ဆေးလိပ်သောက်သူ၊ အရက်သောက်သူများနှင့်
ကျောက်ကပ်ရောဂါ၊ ဆီးရောဂါရှိသူများ၌ ဖြစ်တတ်သည်။
သွေးတိုးရောဂါလက္ခဏာများ---
သွေတိုးရောဂါလက္ခဏာများမှာ အပေါ်သွေး ပေါင်ချိန်(၁၆၀)မီလီမီတာ ပြဒါးနှင့်
အောက်သွေးပေါင်ချိန်(၉၅)မီလီမီတာ ပြဒါးအထက် သွေးပေါင်ချိန် မြင့်တက်ခြင်း၊ ခေါင်းမူးခြင်း၊ ဇက်ကြောတက်ခြင်း၊ အကြောတပ်ခြင်းတို့ ဖြစ်သည်။
သွေးတိုးရောဂါကို တိုင်းရင်းဆေးဖက်ဝင် အပင်များဖြင့် ကာကွယ်ကုသခြင်း---
(၁) ဒန့်သလွန်ရွက် သတ္တုရည် ဟင်းစားဇွန်း(၂)ဇွန်း၊ တနေ့ ၃-ကြိမ် သောက်ပါ။
(သတ္တုရည်ဆိုသည်မှာ ထုထောင်းကြိတ်ညှစ်၍ ရရှိသောအရည် ဖြစ်သည်)။
(၂) ဧကရာဇ်ရွက် သတ္တုရည် ဟင်းစားဇွန်း(၂)ဇွန်း၊ တနေ့ ၃-ကြိမ်သောက်ပါ။ 
(သို့မဟုတ်) ဧကရာဇ်အမြစ်ကို ရေဖြင့်သွေး၍ တခါသောက်လျှင် ဟင်းစားဇွန်း ၁-ဇွန်း၊ တနေ့ ၃-ကြိမ် သောက်ပါ။
(၃) သံပုရာသီးတလုံးကို ထက်ခြမ်းခွဲ၍ ရေနွေးကျွက်ကျွက်ဆူ တဖန်ခွက်တွင် တနာရီခန့် စိမ်ပြီး သောက်ပါ။
(၄) ကြက်သွန်ဖြူ (၃-၄)မြွှာကို ထမင်းစားတိုင်း စားပါ။ 
(သို့မဟုတ်) ဥတလုံး ကြက်သွန်ဖြူကို နေ့စဉ် စားပါ။
သွေးတိုးရောဂါရှင်များ လိုက်နာရန်---
* အချို၊ အဆိမ့်၊ အငန်၊ အဆီနှင့် ဆီပါသော အစားအစာများ အလွန်အကျူး စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ။
* အရက်၊ ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။
* စိုးရိမ်သောက ကင်းဝေးပါစေ။
* ကိုလက်လေ့ကျင့်ခန်း နေ့စဉ်မှန်မှန်ပြုလုပ်ပါ။
* အနည်းဆုံး တနေ့ နာရီဝက်ခန့် လမ်းလျှောက်ပါ။
* သွေးပေါင် မှန်မှန်ချိန်ပါ။
ဥက္ကာကျော်(ပုသိမ်)
ကိုးကား။ ။ သိမှတ်ဖွယ်ရာ တိုင်းရင်းဆေးပညာ။
(ဂမ္ဘီရ ၂၀၀၈-၉)

အစွမ်းထက်မြက် ဒန့်သလွန်ရွက်


နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။
ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။
အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်။
ဒန့်သလွတ်ပင်လုံးဟာ ဆေးဖက်ဝင်လှပါတယ်။ ဒန့်သလွန်ရွက်၊ အပွင့်၊ အသီး၊ အခေါက်နှင့် အမြစ်တို့ဟာ တိုင်းရင်းမြန်မာဆေးပညာမှာ သူ့နေရာနှင့်သူ အသုံးဝင်လှပါသည်။ အထူးသဖြင့် ဒန့်သလွန်ရွက်ကို
နေ့စဉ်မှန်မှန် စားပေးခြင်းကြောင့် လူ့ခန္ဓာကိုယ်ရှိ ပျစ်နေသောသွေးကို ကျဲစေတယ်။ တက်နေသောသွေးကို ကျစေတယ်။ ဆီးနှင့်ဝမ်းကို ရွှင်စေပါတယ်။ အဲဒီလို ဂုဏ်ထူးဝိသေသအပေါင်းပြည့်သော ဒန့်သလွန်ရွက်ပါ။
ဒါ့အပြင် ဒန့်သလွန်ရွက်ကို မည်သည့်ဝေဒနာရှင်ကိုမဆို မြိန်စေတယ်။ အစာကို ကြေညက်စေတယ်။ နှုတ်ကို မြိန်စေတယ်။ မျက်စိကို အကျိုးပြုတယ်။
ဒေါသသုံးပါးလုံးကို နိုင်တယ်လို့ ဆေးကျမ်းတွေမှာ ဖွင့်ဆိုထားပါတယ်။

ဒန့်သလွန်၏စွမ်းပကား---
(၁) ဒန့်သလွန်ရွက် ဟင်းခါးကို ကြက်သွန်ဖြူခတ်၍ နေ့, ည သောက်ပေးပါက မိုးဥတုတွင် ဖြစ်ပေါ်တတ်သည့် နှာစေးခြင်း၊ နှာမွှန်ခြင်း၊ အအေးပတ်ဖွဲ့ဖျားခြင်းတို့ကို သက်သာပျောက်ကင်း စေပါတယ်။

သွေးတက်နှင့်သွေးတိုး--
(၂) နေ့စဉ် ဒန့်သလွန်ရွက်ကို ဟင်းခါး (ငရုတ်ကောင်းနှင့်ကြက်သွန်ဖြူပါသည်) ချက်သောက်ပေးပါက သွေးတိုးနှင့် သွေးတက်ရောဂါဝေဒနာရှင်များ သက်သာပျောက်ကင်းပါသည်။


သန်ကောင်နှင့် ဒန့်သလွန်သီး---
(၃) သန်ရှိပြီး ဗိုက်ပူနံကားဖြစ်နေသော ကလေးများအား ဒန့်သလွန်သီးကို ရက်ဆက် ချက်ကျွေးပေးပါ။ ဒန့်သလွန်သီးရဲ့ စွမ်းပကားကြောင့် ကလေးငယ်များ ဝမ်းတွင်းရှိ သန်ကောင်၊ တုတ်ကောင်များ
သေကြေကုန်ကြပါတယ်။ ဒီနည်းဟာ ကလေးငယ်များအတွက် အန္တရာယ်ကင်းသော ရိုးရာနည်းဖြစ်ပါတယ်။


ဆီးလွန်ရောဂါ (မကြာခဏဆီးသွားခြင်း)
(၄) ဒန့်သလွန်သီးခြောက် အတွင်းသား (အစေ့ပါ) ကို အမှုန့်ပြုပြီး နေ့စဉ် သကြားနှင့် ရောသောက်ပေးပါက ဆီးများခြင်းကို သက်သာပျောက်ကင်းပါတယ်။


နားကိုက်၊ နားအူ---
(၅) အစေ့မှုန့်ကို နားနာ၊ နားကိုက်၊ နားပြည်ယိုရောဂါများအတွက် အုန်းဆီနှင့်ရောစပ်ပြီး ကြက်တောင်သန့်သန့်ဖြင့် နားကျပ်ပေးပါက အထက်ပါရောဂါများကို ပျောက်ကင်းသက်သာစေပါတယ်။


ပါးစပ်မှ နံခြင်းအတွက်---
(၆) ပါးစပ်မှ အနံ့ဆိုးများ နံခြင်း၊ သွားဖုံးများမှ သွေးယိုခြင်းများအတွက် ဒန့်သလွန်ပင်စည်ကို ဓားဖြင့်ထစ်၍ ထွက်လာသောအစေးကို ရေနွေးဖြင့်ရောစပ်ကာ ပါးလုတ်ကျင်းပေးရပါတယ်။ ဒီလို မကြာခဏ ပြုလုပ်ပေးပါက ပါးစပ်နံခြင်း၊ သွားဖုံးသွေးယိုခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။


ခေါင်းအုံ၊ ဇက်လေး---
(၇) ဒန့်သလွန်အပင်မှ အခေါက်ကိုခွါပြီး အဝတ်သန့်သန့်ဖြင့်ထုပ်ကာ ထုခြေပြီး နာနာရှူပေးပါက ခေါင်းအုံ၊ ဇက်လေးရောဂါများ ပျောက်ကင်းစေတယ်။


နို့ထွက်ဆေး---
(၈) မီးနေသည် အမျိုးသမီးများအတွက် ဒန့်သလွန်ရွက် ဟင်းခါးချက်သောက်ပေးခြင်း (သို့မဟုတ်) ဒန့်သလွန်သီးကို ငါးကင်ဖြင့် ချက်ကျွေးပါက မထွက်သောနို့မှ နို့ရည်များ ဖြိုင်ဖြိုင်ထွက်လာပါတယ်။


ပန်းသေ၊ ပန်းညှိုး---
(၉) ဒန့်သလွန်သီး မနုမရင့်ကို ငါးကြင်းသားနှင့်ချက်ပြီး မကြာခဏစားပေးပါက ပန်းသေ၊ ပန်းညှိုးခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။


ကျား,မ မရွေး အားဆေး---
ပရန္နဝါ, ပါးပါးလွှာ
သကာများနှင့်ဖက်၊
ဒန့်သလွန်ပွင့်, အုန်းဆံရင့်
ချိန်သင့်ညီမျှစွက်၊
မင်းတုန်းမင်းခေါင်, သူသုံးဆောင်
ဘုန်းခေါင်နေသို့လက်။
အထက်ပါဆေးနည်းကဗျာကို ကုန်းဘောင်ခေတ်တွင် နန်းတွင်းသမားတော်ကြီး ဆရာခဲမှ အားဆေးအဖြစ် ဖော်စပ်ပြီး မင်းတုန်းမင်းတရားကြီးကို ဆက်သခဲ့ပါတယ်။ ဒါကြောင့် မင်းတုန်းမင်းတရား ကြီးသည် ကျန်းမာခြင်း ကာယ-စိတ္တသုခ နှစ်ဝတို့ဖြင့် ပြည့်စုံကြောင်းကဗျာက ဖော်ညွှန်းဖွင့်ဆိုထားပါတယ်။
အထက်ပါဆေးနည်းကို ဖော်စပ်မည်ဆိုပါက
(၁) ပရန္နဝါပင် ပဉ္စငါးပါးကို ပါးပါးလှီးထားရမယ်။
(၂) ဒန့်သလွန်ပွင့်ကို အသင့်စုဆောင်းထားရမယ်။
(၃) အုန်းသီးဆံရင့်ရင့်ကို အသင့်ခြစ်ထားရပါမယ်။
(၄) နောက် ပျားရည်တဆ၊ သကာ (မရလျှင် သကြား) တို့ကို အလေးချိန်အညီအမျှရောထည့်ပြီး ရေလေးခွက်ထည့်ကာ တခွက်သာကျန်အောင် ကြိုရပါမယ်။

စားသုံးနည်း---
အထက်ပါဆေးရည်ကို ပိတ်စိမ်းပါးနဲ့ စစ်ယူပြီး ပုလင်းသန့်သန့်မှာထည့်ထားပေးပါ။ အဲဒီဆေးရည်ကို ည-မနက် ဟင်းစားဇွန်း တဇွန်းစီ သောက်ပေးသွားခြင်းဖြင့် မောပန်းအားနည်းသောရောဂါ၊ သွေးလေမမှန်သောရောဂါ၊ ပန်းသေ၊ ပန်းညှိုးရောဂါ၊ နှလုံးအားနည်းခြင်း ရောဂါနှင့် ဒူလာပိန်၊ မီးယပ်ကြောင့်ပိန်သူများ အပျိုစင်ကဲ့သို့ နဂိုယဉ်ကာ လှပလာစေမည် ဖြစ်ပါတယ်။
ဆေးကုန်လျှင် အထက်ပါနည်းအတိုင်း ဖော်စပ်သောက်သုံးနိုင်ကြောင်း တင်ပြအပ်ပါတယ်။
မှတ်ချက်။ ။ အထက်ပါ အားဆေးရည်သည် အစွမ်းသတ္တိဖြင့် ပြည့်စုံသည်။ ဆေးကို အညွှန်းထက်ပိုပြီး မသောက်ရန် သတိပြုပါ။ (စာရေးသူ)
ဝေဝေနွယ်(တိုင်းရင်းဆေး)
(ဂမ္ဘီရ ၂၀၀၇-၁၂)

သံပရာပင် ဆေးဖက်ဝင်

သံပရာပင် ဆေးဖက်ဝင်

လူကြီးသူမများသည် ခရီးသွားလျှင်  သံပရာသီးကို အမြဲဆောင်လေ့ရှိသည်။ ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်လျှင် သံပရာသီးကို ပွတ်ခြေ၍ရှူရှိုက်သည်။ သံပရာရည် အေးအေးတစ်ခွက် ကလည်း အလွန်အမောပြေစေသည်။ သံပရာသီး၊ သံပရာရွက်၊ သံပရာပွင့်၊ သံပရာစေ့၊ သံပရာခွံ၊ သံပရာခေါက်၊ သံပရာအမြစ် အား လုံး ဆေးဖက်ဝင်သည်။

သံပရာသီး
ခေါင်းကိုက်ရောဂါကို လက်ဖက် ရည်ကျကျကျိုပြီး သံပရာရည် ညှစ် သောက်ရသည်။ ဆီးအောင့်ခြင်းဖြစ်လျှင် ကြွေမီးဖုတ်နှင့်   သံပရာရည်ဖျော် သောက်ရသည်။သရက်ရွက်ကြီးသောရောဂါ ပျောက်စေရန် သံပရာသီးသနပ် ကို အမြဲစားရသည်။ သံပရာသီး  လတ်လတ်ဆတ် ဆတ်အရည်ကို နှာခေါင်းအတွင်းသို့ညှစ်ထည့်ပေးလျှင် နှာခေါင်း
သွေးယိုခြင်း ပျောက်စေသည်။ လည်ပင်းတွင်ဖြစ်သောရောဂါ များအတွက် သံပရာရည်ကို အနည်းငယ် ပူအောင်လုပ်ပြီးပျား ရည်သင့်အောင်ရောစပ်၍ တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ်သောက် ပေးရသည်။ သံပရာသီးကို  ထက်ခြမ်းခွဲ၊ ယင်းအခြမ်းနှင့် ယားနာ၊ ပွေးနာ၊ အရေပြားတွင်ပေါက်သော အမည်း ကွက်များကို နာနာပွတ်ပေးရသည်။

လျှာကွဲခြင်း၊ လျှာအကွက်ထ ခြင်းများဖြစ်လျှင် သံပရာရည် ကို ရေနွေးနှင့်စပ်၍ငုံပေးရသည်။ လှေ၊ သင်္ဘော စီး၍လှိုင်းမူးလျှင်  သံပရာသီးကိုခွဲ၍ သကြားဖြူးပြီး သောက်ပေးရသည်။ ပျို့အန်လျှင် သံပရာသီးကို    နှစ်ခြမ်းခွဲ၍   ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူးပြီး သောက်ပေးရသည်။

ပါးစပ် အနံ့အသက် မကောင်းလျှင် သံပရာရည်တစ်ဆ၊ နှင်းဆီ ရည်နှစ် ဆရော၍ နံနက်တိုင်းငုံပေး ရသည်။ နှာစေးလျှင် သံပရာသီးကို ခွဲ၍ ရှူပေးရသည်။

သံပရာစေ့
သံပရာစေ့ကိုကြိတ်ပြီး နားသယ် တွင်လိမ်းပေးလျှင် ခေါင်းတစ်ခြမ်း ကိုက်ရောဂါပျောက်စေသည်။ ဆီးရွှင်စေရန်  သံပရာစေ့ကို ကြိတ်၍ ချက်တွင်အုံပေးရသည်။ ယင်းပေါ်တွင်   ဆန်ဆေးရည်    သို့မဟုတ် ဆန်ပုံးရည် ဆွတ်ဖျန်းပေး ရသည်။ ဆီးရွှင်စေပါသည်။
ဆံပင်ပြန်ပေါက်လိုလျှင် သံပရာ စေ့ကိုရေနှင့်ကြိတ်၍ နေ့စဉ်ဆံပင် ကိုလိမ်းပေးရသည်။ အဆိပ်ရှိသော  သတ္တဝါများ ကိုက်မိလျှင်  အဆိပ်ပြယ်စေရန် သံပရာစေ့ ခုနစ်စေ့ကို ကြိတ်၍ စားရသည်။

သံပရာပွင့်
အမူးအမော်၊ ဇက်ကြောတက်၊ နောက်ကြောတက်၊ သည်းခြေ ရောဂါများ ပျောက်ကင်းလိုလျှင် သံပရာပွင့်နှင့်အညှာကို ဆွတ်၍ လက်ဝါးနှင့်ပွတ်ခြေပြီး ရှူရှိုက်ပေး ရသည်။

သံပရာရွက်
ပွေးရောဂါများနှင့် ဝဲစို၊ဝဲ ခြောက်၊ ရေယုန်ရောဂါတို့ကို ပျောက်ကင်းလိုလျှင် သံပရာရွက် ကိုပြာချပြီး  နှမ်းဆီ သို့မဟုတ် အုန်းဆီနှင့်ရောစပ်၍ လိမ်းပေးရ သည်။ သွားဖုံးရောင်၊ သွားပိုးစားရောဂါ၊ သွားကိုက်ရောဂါ၊ သွားယိုင် နဲ့ရောဂါတို့အတွက် သံပရာရည်ကို သုံးခွက်တစ်ခွက်တင်ပြုတ်ကျိုပြီး အရည်ကိုအအေးခံပြီး ပါးစပ်တွင် ငုံပေးရသည်။

သံပရာမြစ်
အနာဝင်လျှင် သံပရာအမြစ်ကို ဆန်ဆေးရည်နှင့် သွေးသောက်ရသည်။ ကင်းမြီးကောက် အဆိပ် အတောက်မိလျှင် သံပရာအမြစ်မှုန့်ကို  ရှာလပတ်ရည်နှင့် သောက်ရသည်။

သံပရာအခွံနှင့်သံပရာအခေါက်
သံပရာအခွံကိုစားလျှင် လေနာ၊ ရင်နာပျောက်သည်။ မူးဝေရောဂါအတွက် အရိပ်တွင် အခြောက်လှမ်းထားသော သံပရာ အခွံကိုရေနှင့်ထည့်စိမ်ပြီး သကြား သင့်ရုံရောစပ်၍  သောက်ပေးရ သည်။
သံပရာအခေါက်ကို ရေနှင့်ထက် ဝက်ခန့်အောင်ကျိုပြီး နံနက် တစ်ကြိမ်၊ ညတစ်ကြိမ်သောက် ပေးလျှင် အဖျားရောဂါပျောက်စေသည်။ ယင်းသို့ဖြစ်၍ သံပရာပင်သည် တစ်ပင်လုံး ဆေးအသုံးတည့် လှပါကြောင်းတင်ပြ လိုက်ရပါသည်။ ။
လူကြီးသူမများသည် ခရီးသွားလျှင် သံပရာသီးကို အမြဲဆောင်လေ့ရှိသည်။ ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်လျှင် သံပရာသီးကို ပွတ်ခြေ၍ရှူရှိုက်သည်။ သံပရာရည် အေးအေးတစ်ခွက် ကလည်း အလွန်အမောပြေစေသည်။ သံပရာသီး၊ သံပရာရွက်၊ သံပရာပွင့်၊ သံပရာစေ့၊ သံပရာခွံ၊ သံပရာခေါက်၊ သံပရာအမြစ် အား လုံး ဆေးဖက်ဝင်သည်။

သံပရာသီး
ခေါင်းကိုက်ရောဂါကို လက်ဖက် ရည်ကျကျကျိုပြီး သံပရာရည် ညှစ် သောက်ရသည်။ ဆီးအောင့်ခြင်းဖြစ်လျှင် ကြွေမီးဖုတ်နှင့် သံပရာရည်ဖျော် သောက်ရသည်။သရက်ရွက်ကြီးသောရောဂါ ပျောက်စေရန် သံပရာသီးသနပ် ကို အမြဲစားရသည်။ သံပရာသီး လတ်လတ်ဆတ် ဆတ်အရည်ကို နှာခေါင်းအတွင်းသို့ညှစ်ထည့်ပေးလျှင် နှာခေါင်း
သွေးယိုခြင်း ပျောက်စေသည်။ လည်ပင်းတွင်ဖြစ်သောရောဂါ များအတွက် သံပရာရည်ကို အနည်းငယ် ပူအောင်လုပ်ပြီးပျား ရည်သင့်အောင်ရောစပ်၍ တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ်သောက် ပေးရသည်။ သံပရာသီးကို ထက်ခြမ်းခွဲ၊ ယင်းအခြမ်းနှင့် ယားနာ၊ ပွေးနာ၊ အရေပြားတွင်ပေါက်သော အမည်း ကွက်များကို နာနာပွတ်ပေးရသည်။

လျှာကွဲခြင်း၊ လျှာအကွက်ထ ခြင်းများဖြစ်လျှင် သံပရာရည် ကို ရေနွေးနှင့်စပ်၍ငုံပေးရသည်။ လှေ၊ သင်္ဘော စီး၍လှိုင်းမူးလျှင် သံပရာသီးကိုခွဲ၍ သကြားဖြူးပြီး သောက်ပေးရသည်။ ပျို့အန်လျှင် သံပရာသီးကို နှစ်ခြမ်းခွဲ၍ ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူးပြီး သောက်ပေးရသည်။

ပါးစပ် အနံ့အသက် မကောင်းလျှင် သံပရာရည်တစ်ဆ၊ နှင်းဆီ ရည်နှစ် ဆရော၍ နံနက်တိုင်းငုံပေး ရသည်။ နှာစေးလျှင် သံပရာသီးကို ခွဲ၍ ရှူပေးရသည်။

သံပရာစေ့
သံပရာစေ့ကိုကြိတ်ပြီး နားသယ် တွင်လိမ်းပေးလျှင် ခေါင်းတစ်ခြမ်း ကိုက်ရောဂါပျောက်စေသည်။ ဆီးရွှင်စေရန် သံပရာစေ့ကို ကြိတ်၍ ချက်တွင်အုံပေးရသည်။ ယင်းပေါ်တွင် ဆန်ဆေးရည် သို့မဟုတ် ဆန်ပုံးရည် ဆွတ်ဖျန်းပေး ရသည်။ ဆီးရွှင်စေပါသည်။
ဆံပင်ပြန်ပေါက်လိုလျှင် သံပရာ စေ့ကိုရေနှင့်ကြိတ်၍ နေ့စဉ်ဆံပင် ကိုလိမ်းပေးရသည်။ အဆိပ်ရှိသော သတ္တဝါများ ကိုက်မိလျှင် အဆိပ်ပြယ်စေရန် သံပရာစေ့ ခုနစ်စေ့ကို ကြိတ်၍ စားရသည်။

သံပရာပွင့်
အမူးအမော်၊ ဇက်ကြောတက်၊ နောက်ကြောတက်၊ သည်းခြေ ရောဂါများ ပျောက်ကင်းလိုလျှင် သံပရာပွင့်နှင့်အညှာကို ဆွတ်၍ လက်ဝါးနှင့်ပွတ်ခြေပြီး ရှူရှိုက်ပေး ရသည်။

သံပရာရွက်
ပွေးရောဂါများနှင့် ဝဲစို၊ဝဲ ခြောက်၊ ရေယုန်ရောဂါတို့ကို ပျောက်ကင်းလိုလျှင် သံပရာရွက် ကိုပြာချပြီး နှမ်းဆီ သို့မဟုတ် အုန်းဆီနှင့်ရောစပ်၍ လိမ်းပေးရ သည်။ သွားဖုံးရောင်၊ သွားပိုးစားရောဂါ၊ သွားကိုက်ရောဂါ၊ သွားယိုင် နဲ့ရောဂါတို့အတွက် သံပရာရည်ကို သုံးခွက်တစ်ခွက်တင်ပြုတ်ကျိုပြီး အရည်ကိုအအေးခံပြီး ပါးစပ်တွင် ငုံပေးရသည်။

သံပရာမြစ်
အနာဝင်လျှင် သံပရာအမြစ်ကို ဆန်ဆေးရည်နှင့် သွေးသောက်ရသည်။ ကင်းမြီးကောက် အဆိပ် အတောက်မိလျှင် သံပရာအမြစ်မှုန့်ကို ရှာလပတ်ရည်နှင့် သောက်ရသည်။

သံပရာအခွံနှင့်သံပရာအခေါက်
သံပရာအခွံကိုစားလျှင် လေနာ၊ ရင်နာပျောက်သည်။ မူးဝေရောဂါအတွက် အရိပ်တွင် အခြောက်လှမ်းထားသော သံပရာ အခွံကိုရေနှင့်ထည့်စိမ်ပြီး သကြား သင့်ရုံရောစပ်၍ သောက်ပေးရ သည်။ သံပရာအခေါက်ကို ရေနှင့်ထက် ဝက်ခန့်အောင်ကျိုပြီး နံနက် တစ်ကြိမ်၊ ညတစ်ကြိမ်သောက် ပေးလျှင် အဖျားရောဂါပျောက်စေသည်။ ယင်းသို့ဖြစ်၍ သံပရာပင်သည် တစ်ပင်လုံး ဆေးအသုံးတည့် လှပါကြောင်းတင်ပြ လိုက်ရပါသည်။ ။
facebook မှ

Saturday, December 1, 2012

မိဘ

Photo: မိဘ

အဝေးရောက်နေရင် ပိုသိသာတယ်...
မိဘရဲ့ ရပ်တည်မှု

အားငယ်ရင် ပို သိသာတယ်
မိဘရဲ့ ဖြစ်တည်မှု

ဝမ်းနည်းရင် ပိုသိသာတယ်
မိဘရဲ့  ပြုံးရွှင်မှု

ဝမ်းသာရင် ပိုသိသာတယ်
မိဘရဲ့  ဆူပူမှု

တယောက်တည်းနေရင် ပိုသိသာတယ်
မိဘရဲ့  နွေးထွေးမှု

ငိုချင်ရင် ပိုသိသာတယ်
မိဘရဲ့  အားပေးမှု

အထီးကျန်ရင် ပိုသိသာတယ်
မိဘရဲ့  ကြင်နာမှု

မွေးနေ့ ရောက်ရင် ပိုသိသာတယ်
မိဘရဲ့  ပင်ပန်းမှု

အစားထိုးမရတဲ့ အရာတွေမှာ မိဘဆိုတာ နံပတ်၁ပါ

ကိုယ့်ကိုလူလားမြောက်အောင် မွေးဖွားပေးလို့ 
အခုလို စာတွေတတ်လာခဲ့တာ

ကိုယ့်ကိုလူလားမြောက်အောင် မွေးဖွားပေးလို့ 
အခုလို သူငယ်ချင်းတွေရခဲ့တာ

ကိုယ့်ကိုလူလားမြောက်အောင် မွေးဖွားပေးလို့ 
အခုလို လုပ်ကျွေးခွင့်ရခဲ့တာ

ဝမ်းမနည်းပါဘူး...

အခုချိန်ခွဲရတယ် ဆိုတာ နောက်တချိန် လုပ်ကျွေးခွင့်ရဖို့ အခွင့်အရေးစောင့်နေတာပါ

အခုချိန်ဝမ်းနည်းတယ်ဆိုတာ နောက်တချိန် ပျော်ရွှင်ရဖို့ အခွင့်အရေးစောင့်နေတာပါ

အခုချိန် ငိုကြွေးတယ်ဆိုတာ နောက်တချိန် ပြုံးရွှင်ရဖို အခွင့်အရေးစောင့်နေတာပါ

အရိပ်ကိုလိုချင်ရင် အရင်နေပူထဲက လျှောက်လှမ်းရပါတယ်.....

မိဘရဲ့ မျက်နှာနဲ့ အပြုံးကို စဉ်းစားမိတာနဲ့ အရာအားလုံးပြန်ပြုံးပြနိုင်ပါတယ်.....

( ဇင်နှင်း)
အဝေးရောက်နေရင် ပိုသိသာတယ်...
မိဘရဲ့ ရပ်တည်မှု

အားငယ်ရင် ပို သိသာတယ်
မိဘရဲ့ ဖြစ်တည်မှု

ဝမ်းနည်းရင် ပိုသိသာတယ်
မိဘရဲ့  ပြုံးရွှင်မှု

ဝမ်းသာရင် ပိုသိသာတယ်
မိဘရဲ့  ဆူပူမှု

တယောက်တည်းနေရင် ပိုသိသာတယ်
မိဘရဲ့  နွေးထွေးမှု

ငိုချင်ရင် ပိုသိသာတယ်
မိဘရဲ့  အားပေးမှု

အထီးကျန်ရင် ပိုသိသာတယ်
မိဘရဲ့  ကြင်နာမှု

မွေးနေ့ ရောက်ရင် ပိုသိသာတယ်
မိဘရဲ့  ပင်ပန်းမှု

အစားထိုးမရတဲ့ အရာတွေမှာ မိဘဆိုတာ နံပတ်၁ပါ

ကိုယ့်ကိုလူလားမြောက်အောင် မွေးဖွားပေးလို့ 
အခုလို စာတွေတတ်လာခဲ့တာ

ကိုယ့်ကိုလူလားမြောက်အောင် မွေးဖွားပေးလို့ 
အခုလို သူငယ်ချင်းတွေရခဲ့တာ

ကိုယ့်ကိုလူလားမြောက်အောင် မွေးဖွားပေးလို့ 
အခုလို လုပ်ကျွေးခွင့်ရခဲ့တာ

ဝမ်းမနည်းပါဘူး...

အခုချိန်ခွဲရတယ် ဆိုတာ နောက်တချိန် လုပ်ကျွေးခွင့်ရဖို့ အခွင့်အရေးစောင့်နေတာပါ

အခုချိန်ဝမ်းနည်းတယ်ဆိုတာ နောက်တချိန် ပျော်ရွှင်ရဖို့ အခွင့်အရေးစောင့်နေတာပါ

အခုချိန် ငိုကြွေးတယ်ဆိုတာ နောက်တချိန် ပြုံးရွှင်ရဖို အခွင့်အရေးစောင့်နေတာပါ

အရိပ်ကိုလိုချင်ရင် အရင်နေပူထဲက လျှောက်လှမ်းရပါတယ်.....

မိဘရဲ့ မျက်နှာနဲ့ အပြုံးကို စဉ်းစားမိတာနဲ့ အရာအားလုံးပြန်ပြုံးပြနိုင်ပါတယ်.....

( ဇင်နှင်း)
facebook မှ

အမေ့ထံမှ ပြန်စာ(ဟာသ)

Photo: ချစ်သော အမေ..
သားမိုက် စာရေးလိုက်ပါတယ်
အမေ့သားမိုက် မိုက်မဲခဲ့တဲ့အပြစ်တွေအတွက် လောကကြီးက AIDS ဆိုတဲ့ရောဂါဆိုးကြီးကို
သားကိုလက်ဆောင်ပေးလိုက်ပြီ အမေ....
သားဘ၀နောက်ဆုံးအချိန်တွေမှာ မိုက်ကျွေးမိုက်ပြစ်တွေ ပေးဆပ်ရင်း
အမေ့ အေးရိပ်မှာခေါင်းချ ပါရစေ...သားမကြာခင်ရွှာကိုပြန်လာခဲ့မယ်အမေ...

အမေ့သားမိုက်
မောင်မောင်
မိခင်ထံမှ ပြန်စာ
သားရေ သားစာကိုဖက် ရလို့ အမေ ရင်တွေကွဲမတက် ခံစားရပါတယ်
ဒါပေမဲ့အမေ တရွာလုံးကောင်းစားရေးအတွက် အမေသားကိုတားပါရစေ သားရယ်

အကြောင်းက တော့သားရေ ....
ငါ့သားသာပြန်လာခဲ့ရင် ပထမ အမေတို့အိမ်က အိမ်ဖော်မလေး ဒီရောဂါ ကူးစက်ပါလိမ့်မယ်
သူသာကူးစက်ခဲ့ရင် မင်းအဖေ စီသေချာပေါက် ကူးစက်မှာပါ
မင်းအဖေသာ ဒီရောဂါရ ရင်အမေ့စီရောက်လာပြီပေါ့..အမေ့စီ ကိုဒီရောဂါရောက်လာရင်
သနားစရာကောင်းလှတဲ့ မင်းဦးလေး(မင်းအဖေရဲ့ညီ) ဒီရောဂါရသွားတော့မယ်...မင်းဦးလေးမိန်းမ လဲ ဒီရောဂါရတော့မှာပဲ
သူ့စီသာရောက်သွားခဲ့ရင်တော့ အမေတို့တရွာလုံးတော့ AIDS ရွာကြီးဖြစ်သွားတော့မှာပေါ့သားရယ်..
အားလုံးကိုကယ်တင်တဲ့အနေနဲ့သားအဲဒီမှာပဲ သားနောက်ဆုံးအချိန်တွေကိုဖြက်သန်းလိုက်ပါတော့

အချစ်များစွာဖြင့်

မေမေ 

Like Like Like Like Like Like Like Like Like Like Like Like Like Like

ချစ်သော အမေ..
သားမိုက် စာရေးလိုက်ပါတယ်
အမေ့သားမိုက် မိုက်မဲခဲ့တဲ့အပြစ်တွေအတွက် လောကကြီးက AIDS ဆိုတဲ့ရောဂါဆိုးကြီးကို
သားကိုလက်ဆောင်ပေးလိုက်ပြီ အမေ....
သားဘ၀နောက်ဆုံးအချိန်တွေမှာ မိုက်ကျွေးမိုက်ပြစ်တွေ ပေးဆပ်ရင်း
အမေ့ အေးရိပ်မှာခေါင်းချ ပါရစေ...သားမကြာခင်ရွှာကိုပြန်လာခဲ့မယ်အမေ...

အမေ့သားမိုက်
မောင်မောင်

မိခင်ထံမှ ပြန်စာ
သားရေ သားစာကိုဖက် ရလို့ အမေ ရင်တွေကွဲမတက် ခံစားရပါတယ်
ဒါပေမဲ့အမေ တရွာလုံးကောင်းစားရေးအတွက် အမေသားကိုတားပါရစေ သားရယ်

အကြောင်းက တော့သားရေ ....
ငါ့သားသာပြန်လာခဲ့ရင် ပထမ အမေတို့အိမ်က အိမ်ဖော်မလေး ဒီရောဂါ ကူးစက်ပါလိမ့်မယ်
သူသာကူးစက်ခဲ့ရင် မင်းအဖေ စီသေချာပေါက် ကူးစက်မှာပါ
မင်းအဖေသာ ဒီရောဂါရ ရင်အမေ့စီရောက်လာပြီပေါ့..အမေ့စီ ကိုဒီရောဂါရောက်လာရင်
သနားစရာကောင်းလှတဲ့ မင်းဦးလေး(မင်းအဖေရဲ့ညီ) ဒီရောဂါရသွားတော့မယ်...မင်းဦးလေးမိန်းမ လဲ ဒီရောဂါရတော့မှာပဲ
သူ့စီသာရောက်သွားခဲ့ရင်တော့ အမေတို့တရွာလုံးတော့ AIDS ရွာကြီးဖြစ်သွားတော့မှာပေါ့သားရယ်..
အားလုံးကိုကယ်တင်တဲ့အနေနဲ့သားအဲဒီမှာပဲ သားနောက်ဆုံးအချိန်တွေကိုဖြက်သန်းလိုက်ပါတော့

အချစ်များစွာဖြင့်
မေမေ
facebook မှ

ခြင်ဆေးခွေနဲ့ ကျန်းမာရေး

Photo: ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ သတင်းလေးကတော့ ခြင်ဆေးခွေတစ်ခွေကထွက်တဲ့ ခြင်ဆေးငွေ့တွေဟာ စီးကရက် အလိပ်တစ်
ရာနဲ့ ညီမျှတယ်ဆိုတဲ့ သတင်းလေးဖြစ်ပါတယ် ။

ခြင်ဆေးခွေတစ်ခွေကထွက်တဲ့ ခြင်ဆေးငွေ့တွေဟာ စီးကရက် အလိပ်တစ်ရာ နဲ့ ညီမျှတဲ့အတွက် အိန္ဒိယမှာရှိတဲ့လူတွေတော်တော်များများရဲ့ကျန်းမာရေးကို ထိခိုက်စေခဲ့ပါတယ် လို့ ပညာရှင်တွေကပြောကြားခဲ့ပါတယ် ။

“ လူတော်တော်များများ မသိကြသေးပါဘူး ဒါပေမယ့် အဆုတ်ကို ခြင်ဆေးခွေတစ်ခွေက ထိခိုက်စေနှုန်းဟာ အဆုတ်ကို ဆေးလိပ်အလိပ် တစ်ရာက ထိခိုက်စေနှုန်းနဲ့ညီမျှပါတယ် .. ဒါဟာ မလေးရှားမှာ လတ် တလောပြုလုပ်ထားတဲ့လေ့လာစမ်းသပ်မှုတွေကနေ ဖော်ပြနေခြင်းဖြစ်ပါတယ် ” လို့ Chest Research Foundation director တစ်ဦးဖြစ်သူ ဆန်ဒိဆယ်ဗီ က ပြောကြားခဲ့ပါတယ် ။

From; သက်တန့်ချို

ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ သတင်းလေးကတော့ ခြင်ဆေးခွေတစ်ခွေကထွက်တဲ့ ခြင်ဆေးငွေ့တွေဟာ စီးကရက် အလိပ်တစ်
ရာနဲ့ ညီမျှတယ်ဆိုတဲ့ သတင်းလေးဖြစ်ပါတယ် ။

ခြင်ဆေးခွေတစ်ခွေကထွက်တဲ့ ခြင်ဆေးငွေ့တွေဟာ စီးကရက် အလိပ်တစ်ရာ နဲ့ ညီမျှတဲ့အတွက် အိန္ဒိယမှာရှိတဲ့လူတွေေ
တ်ာတော်များများရဲ့ကျန်းမာရေးကို ထိခိုက်စေခဲ့ပါတယ် လို့ ပညာရှင်တွေကပြောကြားခဲ့ပါတယ် ။

“ လူတော်တော်များများ မသိကြသေးပါဘူး ဒါပေမယ့် အဆုတ်ကို ခြင်ဆေးခွေတစ်ခွေက ထိခိုက်စေနှုန်းဟာ အဆုတ်ကို ဆေးလိပ်အလိပ် တစ်ရာက ထိခိုက်စေနှုန်းနဲ့ညီမျှပါတယ် .. ဒါဟာ မလေးရှားမှာ လတ် တလောပြုလုပ်ထားတဲ့လေ့လာစမ်းသပ်မှုတွေကနေ ဖော်ပြနေခြင်းဖြစ်ပါတယ် ” လို့ Chest Research Foundation director တစ်ဦးဖြစ်သူ ဆန်ဒိဆယ်ဗီ က ပြောကြားခဲ့ပါတယ် ။

From; သက်တန့်ချို
facebook

Friday, November 30, 2012

နှစ်မိနစ်ဖြင့် ဘ၀အမောပြေစေမည့် နည်းလမ်းများ


အရမ်းကို ပင်ပန်းနွမ်းနယ်နေ တယ်လို့ ခံစားနေရချိန်မျိုးမှာ ပင်ပန်းမှုနဲ့ မောပမ်းမှုတွေကို ပြေပျောက်စေဖို့ အချိန် နှစ် မိနစ်နဲ့ သက်သာစေမယ့် နည်းလမ်းလေး တွေရှိပါတယ်။
အကြင်နာပေးပါ
နှစ်မိနစ်လောက် နှုတ်ခမ်းချင်းအကြင်နာပေးတာဟာတခြားနှခေါင်း၊လက်နဲ့ပါးတွေကို အကြင်နာပေးတာ ထက် ပျော်ရွှင်မှုကို ပိုစေကာခံစားမှုကောင်းတဲ့ဟော်မုန်းထွက်လာပြီး၊ ၁၀ကယ်လိုရီလောက်လောင် ကျွမ်းစေတယ်တယ်လို့Stanford တက္ကသိုလ်မှ လေ့လာမှုတွေအရ ဆိုပါတယ်။
သာယာလှပသော ကားချပ်များကို ကြည့်ပါ
ရေတံခွန်လို၊စမ်းချောင်းလေးတွေလို၊တောတောင်လေးတွေလို၊ကြယ်တံခွန်လေးတွေလိုကားချပ်တွေကိုစက္ကန့် ၆၀ လောက်စိုက်ကြည့်နေရုံနဲ့ သင့်စိတ်ကို ကြည်လင်လာ စေတယ်လို့ ဆိုပါတယ်။
ဖိအားပေးပါ
မျက်လုံးနှစ်လုံးကြားက မျက်ခုံးနေ ရာကို သင့်လက်ချောင်းလေးတွေနဲ့ ဖိနှိပ် ပေးတာကြောင့် သင့်စိတ်ကို သက်သာ ရာ ရစေတယ်လို့ဆိုပါတယ်။ တစ်ကြိမ်မှာ တစ်မိနစ်၊ တစ်နေ့ကို နှစ်ကြိမ်လောက် ဖိနှိပ်ပေးပါ။
သန့်ရှင်းသပ်ရပ်သော အိပ်ရာ ဖန်တီးပါ
သေးငယ်တဲ့အိပ်ရာမျိုးလေးပဲဖြစ်ပါစေသန့်ရှင်းသပ်ရပ်ပြီးဓာတ်မတည့်မှုကင်းအောင်ပြင်ဆင်ထားတာကြောင့်အဲ လိုအိပ်ရာမျိုးမှာ နှစ်မိနစ်လောက် လဲ လျောင်းလိုက်ရင် စိတ်ကြည်လင်ကာ၊ အမောပြေစေပါတယ်။
အိမ်မွေးတိရစ္ဆာန်လေးများနှင့် ကစားပါ
ကိုယ်ချစ်တဲ့ အိမ်မွေးတိရစ္ဆာန်လေး တွေနဲ့ နှစ်မိနစ်လောက် ကစားလိုက်တာ ကြောင့် သင့်စိတ်ကို ပျော်ရွှင်လာစေပါ တယ်။
ခြေထောက်ကို နှိပ်နယ်ပါ
လက်ဖဝါးနှစ်ဖက်နဲ့ သင့်ခြေဖဝါးတွေကို နှစ်မိနစ်လောက် နှိပ်နယ်ပေးရင် စိတ်ဖိစီးမှုဖြစ်စေတာကို သက်သာစေနိုင် တယ်လို့ ဆိုပါတယ်။
ယုံကြည်မှုကို မှတ်သားပါ
ဘာသာရေးအရဖြစ်စေသင်ယုံကြည်အားထားရာကျေးဇူးတော်တစ်ခုခုကိုမှတ်သားလိုက်ပြီး၊အဲဒီ့အတိုင်းလိုက် နာလိုက်တာကြောင့် ဘဝအမောကိုပြေ စေတယ်လို့ Harvard ဆေးတက္ကသိုယ် မှ လေ့လာမှုတွေက ဆိုပါတယ်။
ပခုံးကို နှိပ်နယ်ပါ
ပခုံးနေရာကိုသင့်လက်ချောင်းတွေနဲ့နှစ်မိနစ်လောက်နှိပ်နယ်ပေးတာကြောင့်စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို ပြေပျောက်စေနိုင်ပါတယ်။
အချဉ်ဓာတ်သုံးပါ
အရမ်းကိုပျင်းရိငြီးငွေ့နေတယ်လို့ခံစားနေရချိန်မျိုးမှာသံပရာသီးတစ်လုံးကိုခြမ်းလိုက်ပြီးသင့်ပါးစပ်ထဲကိုအရည်ညှစ်ချလိုက်ပါ။
အခန်းတွင်း အစိမ်းရောင်အပင်စိုက်ပါ
ရုံးခန်းမှာဖြစ်စေ၊သင့်အိပ်ခန်းမှာဖြစ်စေအစိမ်းရောင်အပင်လေးတွေစိုက်ထားတာကြောင့်သင့်စိတ်ကိုကြည်လင်လန်းဆန်းစေတယ်လို့ လေ့လာမှုတွေအရ တွေ့ရှိခဲ့ပါတယ်။အခန်းတွင်းမှာ အပင်လေးနှစ်ပင် လောက်တော့ စိုက်ထားပါ။
ခုန်ပါ
လေ့လာမှုတွေအရ၁၅စက္ကန့်လောက်ဆက်တိုက်ခုန်ပေါက်လိုက်တာကြောင့်စွမ်းအင်ပါဝင်တဲ့အချိုရည်တစ် လုံးသောက်လိုက်သလိုပဲ လူကိုလန်းဆန်း သွားစေတယ်လို့ဆိုပါတယ်။
ထမင်းမစားမီ ရေသောက်ပါ
ရေသောက်တာကြောင့်ရေဓာတ်ခန်းခြောက်မှုကြောင့်ဖြစ်တဲ့ပင်ပန်းနွမ်းနယ်မှုကိုပြေပျောက်စေနိုင်ပါတယ်။ဗာဂျီးနီးယားမှ လေ့လာမှုအရ ထမင်းအနပ်ကြီးမစားခင်မှာရေနှစ်ခွက်လောက်သောက်ပေးတာကြောင့်ခန္ဓာကိုယ်အလေးချိန်ထိန်းကာစားနေသူတွေအတွက် ပိုထိ ရောက်တယ်လို့ ဆိုပါတယ်။
လက်ဆေးပါ
စိတ်ထဲမှာ ပင်ပန်းနွမ်းနယ်နေပြီလို့ ခံစားနေရချိန်မျိုးမှာ လက်ဆေးတဲ့ ဘေစင် ကိုသွားပြီး ဆပ်ပြာနဲ့ရေကိုသုံးကာ အမြှုပ် များများထအောင်လက်ကိုပွတ်သပ်ပြီးဆေးကြောလိုက်ပါ။နှစ်မိနစ်လောက် စိတ်ကျေနပ်တဲ့အထိ လက်ကို ဆေးလိုက်တာ ကြောင့် သင့်လက်ကို သန့်စင်စေတဲ့အပြင် စိတ်ကိုပါ လန်းဆန်းသွားစေပါတယ်။
လှေကားထစ် အနည်းငယ် တက်ပါ
လေကားထစ်အနည်းငယ်ကိုတက်ပေးတာဟာ သင့်ခြေထောက်ကသွေးလည်ပတ်မှုကိုကောင်းစေတဲ့အပြင်ခေါင်းကြည်စေတဲ့ အာနိသင်လည်းရှိပါတယ်။နှစ်မိနစ်လောက်လှေကားထစ်မှာလမ်းလျှောက်ပေးတာကြောင့်သင့်စိတ်ကိုကြည်လင်သွားစေပါတယ်။ တစ်ပတ်မှာ မိနစ် ၁၅၀ လောက် လှေကားတက်ပေးသင့်ပါတယ်။
လမ်းလျှောက်ပေးပါ
လေ့လာမှုတွေအရလူတွေဟာသူတို့ရဲ့အချိန်တွေထဲက၇၀ရာခိုင်နှုန်းဟာထိုင်နေတာနဲ့အချိန်ကုန်တတ်ကြတယ်လို့ဆိုပါတယ်။အလုပ်ကြမ်းလုပ်နေရသူတွေသာလှုပ်ရှားမှုရှိကြပြီးအထိုင်များတဲ့သူတွေက တစ်နေ့ကို နှစ်မိနစ်လောက် ခြေကျင် လမ်းလျှောက်ပေးတာကြောင့် စိတ်ဖိစီးမှုတွေကို လျော့ပါးစေတယ်လို့ ဆိုပါ တယ်။

ပင်စိမ်းရွက်နဲ့ပျောက်စေမဲ့ရောဂါအမျိုးလေးဆယ်


ပင်စိမ်းပင်သည် မြန်မာနိုင်ငံနှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်းဒေသတွင် ပိုမို၍ ပေါက်တတ်ကြသည်။
ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင်ဖြစ်သည်။ စိုက်ပျိုး၍လည်းရသည်။ မျိုးစေ့မှတဆင့်အပင်စိုက်ရန် လွယ်ကူသောအပင် ဖြစ်သည်။ မြေသြဇာ အထူးမလိုအပ်လှပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။ နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ်လှပေသည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။



ပင်စိမ်းပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြင့်နှစ်ပေမှ သုံးပေခန့်အထိ ရှိ၏။ အရွက်မှာ သေးပြီးစိမ်းလျက် နူးညံ့၏။ရွက်နားမှာ လွှသွားပုံရှိသည်။ အပွင့်ဖြူကလေးများပွင့်တတ်ကာ ရနံ့မှာ အလွန်မွှေးသဖြင့် အချို့သူများမှာ ယင်းချက်ရာတွင် အမွှေးနံ့ရစေရန် ဟင်းခတ်၍ အုပ်ကာ ချက်စားကြသည်။ အပွင့်များသည် အခိုင်လိုက်ပွင့်၍ ပွင်ချပ်များပေါ်တွင်အမွေးနုကလေးများ ရှိသည်။ တပေါင်း တန်ခူးလများ၌ ပွင့်တတ်ကြသည်။ အရသာမှာ ပူစပ်သော အရသာဖြစ်ကာ
ပင်စိမ်းမျိုးအနေဖြင့် ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်းနက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင်ကင်ဟူ၍ ပင်စိမ်အမျိုးမျိုးရှိကြသည်။



မြန်မာဆေးကျမ်း အလိုအရ ပင်စိမ်းသည် ပူ၏၊ စပ်၏၊ အနည်းငယ်ခါး၏၊ လေသလိပ်ကို နိုင်၏၊ ဆီးကိုနိုင်၏၊ လေကိုသက်စေပြီး သွေးကို တက်စေနိုင်သည်၊ ရင်ကျပ်နာ၊ အစာမကြေ၊ ချွဲကျပ်နာတို့ကို နိုင်၏၊ ချောင်းဆိုးနာ၊ ပိုးနာ၊ထိုးကျင်သောအနာကို ပယ်နိုင်၏။



အစာကြောခြင်း၊ ခံတွင်းကောင်းခြင်း၊ အနံပကောင်းခြင်း၊ အသံသာခြင်း၊ အသက်ရှည်ခြင်းကို ရရှိစေသည်။
လူကို အကျိုးပွားစေသည်။ ပင်စိမ်းရွက် ပင်စိမ်းအစေ့များကို မြန်မာ့ဆေးဝါးအဖြစ် အသုံးပြုပုံများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။




(၁) နားကိုက်= ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက်ကျအောင် ညှစ်ထည့်ပေးပါ။


(၂) သွားကိုက်= ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများလုံး၍ သွားပိုးစားသည့် သွားအခေါင်းထဲသို့ ထည့်ပေးပါ။ ပျောက်ကင်းသွားပါမည်။


(၃) ကလေး ကျောပူ ခေါင်းပူ= ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်းငယ်ဖြင့်
ရောကြိတ်ပြီး လိမ်းပေးပါ။ (တကိုယ်လုံး ခပ်ပါးပါး လိမ်းပေးပါ)


(၄) ခေါင်းတခြမ်းကိုက်= ပင်စိမ်းရွက်သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကိုယူ၍ နားထင်နှင်
့ နဖူးတွင် လိမ်းပေးပါ။


(၅) ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါ= နှမ်းစေ့နှင့် ပင်စိမ်းစေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့
တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများ ပျောက်၏။


(၆) သားသမီး ဝေးလိုသော်= ပင်စိမ်းရွက် လက်တွင်းတဆုပ် ပြုတ်ရည်တပန်းကန်ကို ဥတုသွေးလာပြီးသည့်နောက်
သုံးရက်ဆက်တိုက် သောက်ပေးပါ။


(၇) အဖျားနာတာရှည်= နံနက်စောစော ပင်စိမ်းရွက်သတ္ထုရည် ကြွေဇွန်းသတ္ထုရည် တဇွန်းကျ သောက်ပေးပါ၊အဖျားကျသွားပါမည်။


(၈) ငှက်ဖျား= ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို ငရုတ်ကောင်းစေ့အနက် သုံးစေ့၊ တပတ်လျှင်နှစ်ကြိမ် မှန်မှန်သောက်ပေးပါ။


(၉) ပွေးနာ၊ အရေပြား ယားနာ= ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ၊
ထိုထောင်းထားသည့် အရွက်ဖြင့် ပွတ်တိုက်ပေးပါ အုံပေးပါ။


(၁၀) အစာမကြေ၊ ဝမ်းကိုက်= ပင်စိမ်းရွက်ပြုတ်ရည်ကို သောက်ပေးပါ။ သတ္ထုရည်သောက်ပေးပါ။


(၁၁) လည်ချောင်းနာ၊ အသံဝင်= ပသ်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍ ထိုရေကို သောက်ပေးပါ။


(၁၂) အိုင်းအနာ၊ အဖုအနာ= ပင်စိမ်းရွက်ပြုတ်ရည်ကို အဖုအနာများနှင့် အိုင်းနာများအပေါ် ဖန်ရည်ဆေးပေးပါ။အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက်ခြောက်မှုန့်ကို ဖြူးပေးပါ။


(၁၃) အရေပြားအနာများ= (အရေပြားရောဂါဟူသမျှ) ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ (၁၅)ကျပ်သားရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည်အထိ ချက်ပေးပါ။ ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။ယင်းဆီသည် ရေနွေးအကြမ်းပန်းကန် တလုံးထဲသို့ ဆီနှစ်စက် သုံးစက်ချပေးပြီး ပူပူလေး မှုတ်၍ သောက်ပေးပါကနှာစေး အအေးမိ ချောင်းဆိုးရောဂါများကိုပင် ပျောက်စေပါသည်။ ထိုဆီဖြင့် လိမ်းထားပါက မှက် ဖြင်များ မကိုက်ပါ။


(၁၄) ဗိုက်ကြောပြတ်= (ကိုယ်ဝန်ဆောင်) ဗိုက်ကြောပြတ်ပြီး ယားယံနေပါက ပင်စိမ်းရွက်ခြောက်မှုန့် ဖြူးပြီး
ပွတ်သပ်ပေးပါ။


(၁၅) ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို လိမ်းပေးပါ။


(၁၆) ကလေး သန်ကျ= ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။


(၁၇) နားအူ၊ နားကိုက်၊ နားပြည်ယို= ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်းဖြင့်ထည့်၍ မီးဖြင့်အပူပေးပါ။
ထိုသတ္ထုရည် နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။


(၁၈) နှာခေါင်းနှာပိတ်၊ နှာခေါင်းအတွင်းမြှေးရောင်= ပင်စိမ်းရွက်ကို အခြောက်လှန်းပြီး ညက်နေအောင် အမှုန့်ထောင်းပါ။ နှာဆေးအဖြစ် အသုံးပြုပါ။


(၁၉) ငှက်ဖျားတုန်ချမ်း= ပင်စိမ်းအမြစ်ကို ရေသုံးခွက်တခွက်တင် ကျိုပြီး သောက်ပေးပါ။ ချွေးထွက်လာပြီး
အဖျားကျသွားပါမည်။


(၂၀) ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင်=ပင်စိမ်းပင် ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။


(၂၁) လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုး=ပင်စိမ်းပွင့် အတ့လိုက်ကို ချင်းခြောက်၊ ကြက်သွန်နီနှင့်
ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။ သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်းစေပါသည်။


(၂၂) သားသမီး ဝေးလိုသော= အမျိုးသားများ ပင်စိမ်းရွက်ဆယ်ရွက်ကို နေ့စသ်စားပေးပါ။ ကျန်းမာရေးကို လုံးဝ
မထိခိုက်စေဘဲ ပိုမို၍ သွက်လက်ထက်မြက်စေကြောင်း အိန္ဒိယဆေးသုတေသနမှ ထုတ်နုတ်ဖော်ပြခဲ့၏။


(၂၃) ချောင်းဆိုးပျောက်= ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့် ဆတူရောပြီး တနေ့သုံးကြိမ် သောက်ပေးပါ။
သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက်စေ၏။


(၂၄) အစာအိမ်အချဉ်ပေါက်လေနာ= ပင်စိမ်းရွက်ခြောက်ကို ရေနွေးစိမ်၍ ရေနွေးကြမ်းသောက်သလို သောက်ပေးပါ၊
ကလေးများ လေထိုး၊ လေအောင့်ရောဂါပါ ပျောက်ကင်းစေနိုင်ပါသည်။


(၂၅) အအေးမိ၊ နှာစေး၊ ချောင်းဆိုး= ပင်စိမ်းရွက်အစိုကို သုံးခွက်တခွက်တင်ကျိုပြီး ပူပူလေးသောက်ပေးပါ။တုပ်ကွေးရောဂါများကိုပင် ပျောက်ကင်းစေနိုင်ပါသည်။


(၂၆) အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ=မျောက်သားကိုကင်၍ ပင်စိမ်းနိုင်နိုင်နှင့်ကြော်စားပါ။


(၂၇) လေငန်း၊ လေဖြတ်၊ အဆစ်ရောင်= ပင်စိမ်းပဉ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ကိုရှူပေးပါ။


(၂၈) မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက= ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ်ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့်နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့် ဒဏ်ရာတွင် ကြိတ်ဖတ်ကို အုံ၍ အဝတ်ဖြင့် စည်းပေးပါ။


(၂၉) သူငယ်နျာ ကျောပူခေါင်းပူ= ပင်စိမ်းရွက်၊ ကွမ်းရွက်၊ နနွင်းမှုန့်၊ ကျပ်ခိုး အနည်းငယ်ရောကြိတ်၍ ကလေးကိုခပ်ပါးပါး လိမ်းပေးပါ။ ဦးခေါင်းမှ ခြေဖျားအထိ သပ်ချပေးပါ။


(၃၀) မီးဖွားပြီးစ အပုပ်ဆန်= ပင်စိမ်းရွက် ကြော်စားပါ။


(၃၁) ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်= ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေ
ကြော်စားပေးပါ။(သို့) ငါးပနော်နှင့် ကြော်စားပါ။


(၃၂) ဆီးရောဂါ= ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး အဆိပ်ကို ကြေစေသည်။


(၃၃) ကင်းမြီးကောက်ကိုက်= ပင်စိမ်းရွက်ကြိတ်၍ အုံပေးပါ။


(၃၄) ချောင်းဆိုးနပန်းနာ= ပင်စိမ်းပွင့်၊ ချင်းခြောက်၊ ကြက်သွန်ဖြူ ထုထောင်း၍ ပျားရည်နှင့် လျက်ပေးပါ။


(၃၅) သလိပ်ကပ် ချွဲကျပ်= ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍ အရည်ထွက်စေရန် ကြိတ်ခြေညှစ်ပေးပါ။
ထွက်လာသည့် အရည်အား ရေကျက်အေးနှင့် သောက်ပေးပါ။ တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။
နေ့လယ်မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။


(၃၆) ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊ သလိပ်ပုပ်=ပင်စိမ်းအစေ့ကို အခြောက်လှန်းပြီး
အနည်းငယ်ထောင်းပါ၊ နွားနို့ သကြားတို့နှင့် ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမက
သွေးအကျိတ်အခဲ ရောဂါများပင် ပျောက်ကင်းစေပါသည်။


(၃၇) ဆီးအောင့်၊ အမောသက်သာ=ပင်စိမ်းစေ့ကို သကြားရည်နှင့် ဖျော်ရည်ပြု၍ သောက်ပေးပါ။


(၃၈) မစားချင်၊ မသောက်ချင်၊ အစာအိမ်လေနာ၊ ဝမ်းနာ=ပင်စိမ်းရွက် သတ္ထုရည်ပြု၍ သောက်ပေးပါ။


(၃၉) နှလုံး၊ ကျောက်ကပ်ရောဂါ၊ နှမ်းစေ့=ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တလုံး၊ညအိပ်ရာဝင်တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်းများအပြင်ပွေး၊ ဝဲ၊ နှင်းခူနာနှင့် မြင်းသရိုက်ရောဂါများကိုပါ ပျောက်ကင်းစေပါသည်။


(၄၀) သားကျည်းကိုက်၊ သားအိမ်လျှော၊ နို့ချောင်းပိတ်၊ ဆီးအောင့်=ပင်စိမ်းရွက်ကို ငါးကျည်းခြောက်နှင့်
ကြော်စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် မီးဖွားပြီးစ အပုပ်ဆန်တတ်သော ရောဂါများပင် ပျောက်ကင်းစေ ပါသည်။အစားမှား၍ ဆေးမှား၍ အော့အန်ခြင်းများကိုပင် ပျောက်ကင်းစေ၏။


ပင်စိမ်း၏ ဂုဟ်အစွမ်းအကျိုးများကား များပြားလှပါသည်။ ဉာဏ်ရှိသလို စားသုံးပေးခြင်းဖြင့် ရောဂါများကို ပျောက်ကင်း
စေသည့် ပင်စိမ်းရွက်များ ဖြစ်ပါသည်။

http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1875918&xgs=1&xg_source=msg_share_post

အဆုတ် ရောဂါကာကွယ်ရန်အတွက် အစိမ်းရောင် ပန်းဂေါ်ဖီစားသုံးသင့်

 
အစိမ်းရောင်ပန်းဂေါ်ဖီစားသုံးခြင်းသည် အဆုတ်အတွက် အထောက်အကူပြုကြောင်းသိရှိရသည်။ နောက်ဆုံးတွေ့ရှိသော သုတေသနရလဒ်များအရ အစိမ်းရောင်ပန်းဂေါ်ဖီတွင်ပါရှိသော ဓာတ်တစ်မျိုးမှာ အဆုတ်၏ခံနိုင်ရည်အားကို တိုးမြှင့်ပေးသည်ဟု ဖော်ပြလျက်ရှိသည်။ ဗြိတိန်နိုင်ငံတွင် နှစ်စဉ်လူ(၃၀၀၀၀)ခန့်မှာ စီးကရက်အလွန်အမင်း သောက်သုံးမှုကြောင့် အဆုတ်ရောဂါများဖြစ်ပွားပြီး သေဆုံးလျက်ရှိနေသည်။ အမေရိကန်နိုင်ငံမှ သိပ္ပံပညာရှင်များက ဆာလ်ဖိုရာပိန်းခေါ် ဓာတ်တစ်မျိုးမှာ အဆုတ်အတွင်းရှိ ရောဂါကာကွယ်သောဆဲလ်များကို ပိုမိုလှုပ်ရှားအသက်ဝင်စေသည်ဟု တွေ့ရှိခဲ့သည်။ ထိုဓာတ်မှာ အစိမ်းရောင် ပန်းဂေါ်ဖီတွင် ကြွယ်ဝစွာပါရှိသည်။ NRF2ဟုခေါ်သော မျိုးဗီဇဆဲလ်မှာ အဆုတ်အတွင်း အဆိပ်အတောက် ဖြစ်ပွားစေနိုင်သော ပမာဏကို လျော့ကျစေနိုင်ပြီး ထိုဆဲလ်များကို နိုးကြားစေမည့် လှုံ့ဆော်မှုမျိုးအား အစိမ်းရောင်ပန်းဂေါ်ဖီတွင်ပါဝင်သည့် ဆာလ်ဖိုရာပိန်းက လုပ်ဆာင်ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်မှ သုတေသနအဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့သည်။ အမေရိကန်နိုင်ငံထုတ် Respiratory and Critical Care ဆေးပညာဂျာနယ်တွင် ရေးသားဖော်ပြထားမှုအရ အဆုတ်တွင်းညစ်ညမ်းမှုများနှင့် အဆုတ်ကင်ဆာရောဂါများအား ကာကွယ်နိုင်ရန်အတွက် အစိမ်းရောင်ပန်းဂေါ်ဖီအား များများစားသုံးရန် တိုက်တွန်းထားကြောင်း ပါရှိသည်။ သိပ္ပံပညာရှင်များအနေနှင့် အစိမ်းရောင်ပန်းဂေါ်ဖီဖြင့် အဆုတ်ရောဂါများ၏ ခြိမ်းခြောက်လာမှုအား တွန်းလှန်သွားနိုင်မည်ဟု ယုံကြည်မျှော်လင့်နေကြသည်။ ဗြိတိန်နိုင်ငံ အဆုတ်ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ယခုတွေ့ရှိမှုမှာ အလွန်အရေးပါသော စွမ်းဆောင်မှုတစ်ခုဟု ပြောဆိုသွားသည်။ ၎င်းက အစိမ်းရောင်ပန်းဂေါ်ဖီတွင် လူသားတို့၏ကျန်းမာရေးအား အထောက်အကူပြုစေနိုင်သော သဘာဝဒြပ်ပေါင်းများ ပါရှိသည်ကို ယျေဘူယသိရှိပြီးဖြစ်သော်လည်း အဆုပ်ရောဂါများအတွက် အလွန်အစွမ်းထက်သည့် အခြေအနေတစ်ရပ် ဖန်တီးနိုင်မည်ဟု သဘောမပေါက်ခဲ့ကြောင်း ပြောကြားသွားသည်။

http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1134336&xgs=1&xg_source=msg_share_post

အား(၈)မျိုး

လောကကြီးမှာ လူတိုင်း လူတိုင်း အားသာချက် ၊အားနည်းချက်ဆိုတာ ရှိကြပါ တယ်။ အဲတာကို သိချင်လို့ ကျွန်တော်စာအုပ် လိုက်ဖတ်တယ် အဲဒီမှာ အား (၈) မျိုးကို သွားတွေ့ တယ်ဗျာ့ မိတ်ဆွေတို့ သိအောင် တင်ပြလိုက်ပါတယ် -

အား(၈)မျိုး -

၁။ ရုဏ္ဏဗလာဒါရကာ = သူငယ်တို့၏ အားကား ငိုခြင်း ။။

၂။ ကောဓဗလာ = မိန်းမတို့၏ အားကား အမျက်ထွက်ခြင်း။။

၃။ အာဝုဓဗလာစောရာ = ခိုးသူဓားပြတို့၏ အားကား လက်နက်ဖြစ်ခြင်း။။

၎။ က္ကုဿရိယဗလာရာဇာနော = ဘုရင်မင်းမြတ်တို့၏ အားကား အစိုးရခြင်း။။

၅။ ဥဇတ္တိဗလာဗာလာ = သူမိုက်တို့၏ အားကား ကဲ့ရဲ့ခြင်း။။

၆။ နိဇ္ဈတ္တိဗလာပဏ္ဍိတာ = ပညာရှိတို့၏ အားကား သတိထားခြင်း။။

၇။ ပဋိသင်္ခါနဗလာဗဟုဿုတာ = အကြားအမြင်များသော ပုဂ္ဂျိလ်တို့၏ အားကား အရာရာ၌ ကောင်းစွာဆင်ခြင်ခြင်း။

၈။ခန္တီဗလာသမဏဗြဟ္မဏာ = ၇သေ့ရဟန်းတို့၏ အားကား သီးခံခြင်း ဖြစ်သည်။

အရှင်တေဇ၀န္တ(စလင်း)၏ သေမင်းကို ဘယ်လိုရင်ဆိုင်မလဲ စာအုပ်မှ
ကောက်နုတ် ပူဇော်ပါသည်။

You'realways Onmymind

စိတ်ဓာတ်အားနည်းခြင်း (၂၅) မျိုး

စိတ်သည် အလွန်လျှင် သိမြင်နိုင်ရန် ခဲယဉ်းခြင်း၊ သိမ်မွေ့နူးညံခြင်း၊ ဟိုပြေးသည်ပြေးတပြေးတည်းပြေးလျက်ရှိခြင်းး ၊အလွန်လှုပ်ရှား လျှင်မြန်သော သဘောရှိခြင်း၊ ထိန်းချုပ်ရန်ခဲယဉ်းခြင်းး ၊ လျှပ်ပေါ်လော်လည်ခြင်း စသည်တို့ကို ဖြစ်စေနိုင်သောကြောင့်စိတ်၏ ယောက်ယက်ခတ်မှု သဘောကိုမထိန်းချုပ်နိုင်သည်မှာ သဘာဝပင်ဖြစ်သည်။ စိတ်ကို မထိန်းချုပ် နိုင်သောအခါ စိတ်ဓာတ်အားနည်းခြင်းဖြစ်လာ၏ ။

စိတ်ဓာတ်အားနည်းခင်း(၂၅)မျို
၁။ဒေါသထွက်ခြင်းး

၂။သဝန်တိုခြင်း


၃။သူတပါးကျေးဇူးကိုဖျက်ဆီးတတ်ခြ
င်း

၎။ကောက်ကျစ်ခြင်းး


၅။သီလကိုဖျက်ဆီးခြင်း


၆။အလွန်အမင်းစိတ်ကြီးဝင်ခြင်း


၇။မေ့လျော့ခြင်း


၈။ငိုက်မျဉ်းခြင်း


၉။(အဆွေ)ခင်ပွန်းယုတ်နှင့်ပေါင်
းခြင်း

၁၀။အသံ၌ တပ်မက်လွန်းခြင်း


၁၁။အရသာ၌ တပ်မက်လွန်းခြင်း


၁၂။မက်မောလွန်းခြင်း


၁၃။အနံ၌ တပ်မက်လွန်းခြင်း


၁၄။မွတ်သိပ်ခြင်း


၁၅။အတွေ့၌ တပ်မက်လွန်းခြင်း


၁၆။ပျင်းရိခြင်း


၁၇။ငေးမောခြင်း


၁၈။မာန်ယစ်ခြင်း


၁၉။မာနဝင်ခြင်း


၂၀။မိုက်မဲခြင်း


၂၁။လှည့်ပတ်ခြင်း


၂၂။ငြူစူခြင်း


၂၃။ချုပ်ချယ်ခြင်း


၂၄။ရန်ငြိုးဖွဲ့ခြင်း


၂၅။တရားဓမ္မ၌ မမွေ့လျော်ခြင်း ............ ဟူ၍ ဖြစ်ပေသည်။


ထို(၂၅)မျိုးတွင် တမျိုးအကျုံးဝင်လျင် ထိုသူသည် စိတ်ဓာတ်အားသူပဲဖြစ် သည်။ မိမိစိတ်ကို ထိန်ချုပ်နိုင်အောင် ကျိုးစားခြင်းသည် ဗုဒ္ဓ၏အလိုကျ လိုက်နာကျင့်သုံးခြင်း ဖြစ်ပေသည်။


ref;You'realways Onmymind

Stick တွေကို Desktop ပေါ်ကဆွဲထုတ်မယ့်USB Safely Remove v5.1.2


Computer တွေ့မှာတွေ့ဖူး တယ်မလား....Stick တွေထုတ်ခါနီးကျရင်....
ညာဘက်အောက်ထောင့်က.. စိမ်းစိမ်းလေးကိုသွားသွားနှိပ်ရတာလေ.....
မျက်စိမကောင်းတဲ့သူဆို.... ဟိုနှိပ်ဒီနှိပ်နဲ့ရှူပ်ကုန်ရော.......... 
အဲ့လိုမဖြစ်အောင်..ဒီSoftware က အကူအညီပေးပါတယ်........
Desktop ပေါ်က Icon ကို Double Click လိုက်တာနဲ့....စိတ်ချစွာဆွဲဖြုတ်လို့ရပါတယ်...
တစ်ခြားလုပ်ဆောင်ချက်တွေလည်း..ရှိပါသေးတယ်...
ကလိချင်ရင်တော့ယူသွားပေါ့.....

           Download ပြုလုပ်ရန်

http://koaungmyotun.ning.com/profiles/blog/show?id=2879352%3ABlogPost%3A879771&xgs=1&xg_source=msg_share_post

ကြောက်စ၇ာကောင်းသည်. ရုပ်၇ှင်ကြည်.ခြင်းကြောင့် နာရီဝက်လမ်းလျှောက်သကဲ့သို. ကယ်လို၇ီလောင်ကွှမ်းနိုင်

  
ဝက်မင်စတာတက္ကသိုလ်မှ သိပ္မံပညာရှင်တွေက ကြောက်စရာကောင်းတဲ့ ရုပ်ရှင်ကားတွေကိုကြည့်တာဟာ ကယ်လိုရီတွေ လောင်ကျွမ်းနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ကြောက်စရာကောင်းတဲ့ ရုပ်ရှင်ကားတွေကို ကြည့်တာကြောင့် နှလုံးခုန်နှုန်းတွေ မြန်ဆန်လာပြီး ဆိုဖာထိုင်ခုံပေါ်မှာ တီဗီကြည့်နေစဉ်အတွင်း နာရီဝက်လမ်းလျှောက်သလိုမျိုး ကယ်လိုရီလောင်ကျွမ်းနိုင်တယ်လို့ သိရပါတယ်။ ပျမ်းမျှအားဖြင့် နာရီဝက်စာ ရုပ်ရှင်ကြည့်တာဟာ နာရီဝက်လမ်းလျှောက်သလိုမျိုး ၁၁၃ကယ်လိုရီလောင်ကျွမ်းနိုင်ပါတယ်။ ဒီကယ်လိုရီဟာ ချောကလက်ဘား တစ်ချောင်းမှာပါဝင်တဲ့ ကယ်လိုရီနဲ့ ညီမျှပါတယ်။ စတီဗင်စပီးဘက် ရိုက်ကူးတဲ့ Jawsရုပ်ရှင်ကားလိုမျိုးကြည့်ရင် ၁၆၁ကယ်လိုရီထိ လောင်ကျွမ်းနိုင်တယ်လို့ သိရပါတယ်။ ကြောက်စရာကောင်းတာကြောင့် ခန္ဒာကိုယ်မှ အဒရီနယ်လင် ဟော်မုန်းတွေဟာ စိတ်ဖိစီးမှုများရင် ထွက်လာသလိုမျိုး အများကြီးထွက်လာတာကြောင့် အစာစားချင်စိတ် လျော့နည်းတာနဲ့ ခန္ဒာကိုယ်ဇီဝဖြစ်ပျက်နှုန်း မြင့်မားလာတာဖြစ်တဲ့အတွက် ကယ်လိုရီတွေများစွာ လောင်ကျွမ်းနိုင်တယ်လို့ သိပ္မံပညာရှင်တွေက ရှင်းပြပါတယ်။

 ကိုးကား - ပြည်မြန်မာဂျာနယ်

ကင်ဆာကုသနိုင်မည့် ဆေးရွက်ကြီးပင်အကြောင်း

ဆေးလိပ်နှင့်ဆေးရွက်ကြီးသည် ကင်ဆာရောဂါဖြစ်စေသော အဓိကအကြောင်းရင်း ဖြစ်သည်။ နစ်ကိုတင်း
ကတ္တရာ၊ ကာဘွန်မိုနော့ဆိုက်စသည်ဖြင့်ဆေးလိပ်တွင်လူတို့အား အန္တရာယ်ပြုသည့် ဓါတ်ပစ္စည်း၄၀ကျော်ပါဝင် သည်ဟုဆိုပါသည်။ ကင်ဆာ ဖြစ်စေနိုင်သော ဆေးရွက်ကြီးပင်မှာ ကင်ဆာကိုကုသနိုင်မည့် ဆေးကိုထုတ်ဖော် ရန် သုတေသနပညာရှင်များက ကြိုးပမ်းခဲ့ကြသည်။အမေရိကန်သိပ္ပံရှင်များသည် ဆေးရွက်ကြီးပင်ကိုကင်ဆာ
ကာ ကွယ်ဆေးဖော်ထုတ်ရန်စိုက်ပျိုးခဲ့ကြသည်။ Stand ford University in California မှသုတေသနပညာရှင် များက ဆေးရွက်ကြီးပင်မှ ထုတ်လုပ်သော အင်တီဘော်လီပဋိ ပစ္စည်း (Antibody) သည် လင့်ကျိတ် ကင်ဆာ (Folliculor B-Cell Lymphoma or Non-Hodgkin's Lymphoma) ကို တိုက်ဖျက်နိုင်စွမ်းရှိကြောင်း ထုတ်ဖော် တင်ပြခဲ့ကြသည်။ လင့်ကျိတ်ကင်ဆာရောဂါများ ဆိုးဝါးပြင်းထန်သော ကင်ဆာရောဂါတစ်မျိုးဖြစ်ပြီးကုသရာ၌ အခက်အခဲ များစွာရှိသည်။ ယင်းကင်ဆာကို ကုသပေးနိုင်မည့် ပဋိပစ္စည်း ကိုဆေးရွက်ကြီးပင်မှ ထုတ်လုပ်နိုင်မည် ဆိုခြင်းမှာ ဆေးပညာအတွက် အောင်မြင်မှု တစ်ရပ်ဟုဆိုရမည် ဖြစ်သည်။

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A515034&xgs=1&xg_source=msg_share_post