ကိုမဲလုံးတယောက် ရုံးတက်လာတော့ မျက်လုံးနှစ်ဖက်လုံး ညိုမဲရောင်ကိုင်းလို့။
 လုပ်ဖော်ကိုင်ဖက်တွေက မေးတာပေါ့... 
 'ဟ... မဲလုံး၊ ဘာဖြစ်လာတာတုန်း'
 'မနေ့က ရုံးအပြန်၊ ဘတ်စ်ကားပေါ်မှာ မိန်းမတယောက်က လက်သီးနဲ့ထိုးလိုက်တာ'
 
 'ဘာဖြစ်လို့ထိုးတာလဲ'
 'သူကငါ့ရှေ့မှာ ရပ်နေတာ၊ သူ့စကပ်နောက်က ဇစ်ကြီးကပွင့်နေတာလေ၊ ငါက 
အမြင်မတော်လို့ ဆွဲပိတ်ပေးလိုက်မိပါတယ် လှည့်လာပြီး လက်သီးနဲ့ 
ငါ့ညာဖက်မျက်လုံးကို ထိုးချလိုက်တာ'
 
 'ဒါဆို ဘယ်ဖက်မျက်လုံးကရော ဘာဖြစ်တာလဲ'
 
 'အော်.... ဇစ်ပိတ်ပေးလို့ စိတ်ဆိုးတာနေမှာဘဲလေ ဆိုပြီး၊ သူလည်း ဟိုဖက်လှည့်ရော ဇစ်ကို ပြန်ဆွဲဖွင့်လိုက်တာနဲ့ ...'
 
 
 သန်၎ကို-ဘာသာပြန်သည် 
 
 
 
 
 
 
 
 
 ကိုကျေးညို အရက်မူးပြီး ကားမောင်းလာတယ်။
 ခဏနေတော့ ရဲကားတစ်စီး လိုက်လာပြီး သူ့ကို အရပ်ခိုင်းတယ်
 ယာဉ်ထိန်းရဲနှစ်ယောက် ဆင်းလာပြီး သူ့ကိုစစ်ဆေးတယ်... ... 
 'လူကြီးမင်း အရက်သောက်လာသလား'
 'သောက်ပါဝူးဂျ'
 'ဒါဆို အောက်ခဏဆင်းပြီး လမ်းလျှောက်ပြပါ'
 'ရတာပေါ့'
 ... ဆိုပြီး လမ်းလျှောက်ပြတယ်
 
 အဲဒီအချိန်မှာဘဲ 
 သူတို့နဲ့မလှမ်းမကမ်းမှာ ဝုန်းဒိုင်း ဆိုပြီး ယာဉ်တိုက်မှု ဖြစ်ပါလေရော...
 သူ့ကိုစစ်နေတဲ့ ရဲတွေလည်း ပြသနာပိုကြီးတဲ့ အဲဒီနေရာကို ပြေးတော့တာပေါ့
 တော်တော်ကြာတဲ့အထိ အဲဒီရဲတွေ ပြန်ပေါ်မလာတာနဲ့ ကိုကျေးညိုလည်း ဆက်စောင့်မနေတော့ဘဲ ကားပေါ်တက် မောင်းထွက်ခဲ့တယ်။
 
 နောက်ရက်မနက် အိမ်တံခါးလာခေါက်လို့ ကြည့်လိုက်တော့ မနေ့ကရဲနှစ်ယောက် ဖြစ်နေတယ်
 မသိချင်ယောင်ဆောင်ပြီး မေးလိုက်တယ်....
 
 'ဘာကိစ္စလဲ ဗျာ'
 'မနေ့ညက အရက်မူးပြီး ကားမောင်းမိပါသလား'
 'ကားမောင်းပါတယ်၊ အရက်လုံးဝမသောက်ပါဘူး'
 
 ဟွင်း ငြင်းလို့ရပြီလေ ခုချိန်ကျမှ ဘာနဲ့မှ စစ်လို့မရတော့ဘူး
 ရဲက ဆက်ပြောတယ်... ...
 
 'မနေ့ညက ကျနော်တွေ့တာတော့ တော်တော်မူးနေသလားလို့'
 'စွပ်စွပ်စွဲစွဲဗျာ'
 
 'လူကြီးမင်း မနေ့ညက မောင်းလာတဲ့ ကားရော'
 'ဂိုထောင်ထဲမှာ ရှိပါ့'
 
 'ကြည့်လို့ ရမလား'
 'ရတာပေါ့'
 
 ကားကို ဆယ်ခါပြန်တောင် စစ်လို့ရတယ်
 ကျေးညိုပါနော် မှတ်မိတယ် မနေ့က ဘယ်မှ မတိုက်ခဲ့ဘူး
 
 ခပ်တည်တည်ဘဲ ဂိုထောင်တံခါးကို ဖွင့်ပြလိုက်တာ
 အထဲမှာ ရပ်ထားတာက... ...
 ရဲကားကြီးတစ်စီး
 အမိုးပေါ်က မီးလေးတွေတောင် တဖျပ်ဖျပ်နဲ့ ရှိနေဆဲ
 
 
  သန်၎ကို-ဘာသာပြန်သည် 
  
 
 
 
 
 
 
 
တစ်ခါတုန်းက အဖိုးအိုတစ်ဦး ဟာ ရွာမှာ တစ်ယောက်တည်းအထီးကျန်ဆန်စွာနေရတယ် ။ 
တစ်နေ့တော့အဖိုးအိုက သူ့ သားနဲ့ သူ့ချွေးမ သူ့မြေးလေးတွေရှိတဲ့နေရာမှာ 
သွားနေမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွာကနေထွက်လာခဲ့တယ် ..။ ဒီလိုနဲ့ 
ခရီးရှည်ကြီးက
ိုဖြတ်သန်းပြီးတော့ သူ့သား ချွေးမနဲ့ မြေးကလေးတို့နေတဲ့အိမ်ကိုရောက်လာပါတယ် ။
 
 စစရောက်ခြင်းမှာ သားဖြစ်သူတို့မိသားစုက ၀မ်းပမ်းတသာကြိုဆိုကြတယ် ။ 
အိမ်ဦးခန်းမှာ နေရာပေးကြတယ် ။ ဒီလိုနဲ့ အဖိုးအိုဟာ သူ့သားမိသားစုနဲ့အတူ 
နေထိုင်ရင်း တစ်ပတ်တိတိ အချိန်ကိုရောက်လာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ 
မိသားစုထမင်းဝိုင်းမှာ အားလုံးအတူဝိုင်းစားကြတယ်။ 
အဖိုးအိုရဲ့မျက်လုံးတွေဟာ မှုန်ရီနေပါပြီ ။ အဖိုးအိုရဲ့လက်တွေက 
အသက်အရွယ်ကြောင့် တုန်ယင်နေခဲ့တယ် ။
 
 တခါတခါ ဇွန်းနဲ့ 
ခက်ရင်းတွေလွတ်ကျသလို ..တခါတခါမှာလည်း ပန်းကန်ထဲက ထမင်းတွေဟာ 
ဘေးနားကိုဖိတ်လို့ဖိတ်ကြမ်းပြင်ပေါ်ကျလို့ကျနဲ့ ပေပွနေခဲ့ရတယ် ။ 
တစ်ပတ်တိတိရှိလာတဲ့အခါ သားဖြစ်သူနဲ့ချွေးမတို့က မခံနိုင်တော့ပါဘူး ။ 
သူတို့တိုင်ပင်ကြတယ် ။
 
 “ အဖေ့ရဲ့ ထမင်းစားတဲ့အခါ 
ဟိုဖိတ်ဒီဖိတ်ဒါဏ်ကိုမခံနိုင်တော့ဘူး အဖေက ထမင်းစားရင်လည်းအသံမြည်တယ် 
ညစ်ပတ်နေတာပဲ ကြမ်းပြင်ပေါ်မှာလဲ ပေပွနေရော ငါတို့တစ်ခုခုလုပ်ရအောင် ” လို့ 
မိန်းမဖြစ်သူကိုတိုင်ပင်တယ် ။ ဒီလိုနဲ့ သူတို့ဟာ အဖိုးအိုကို 
ထမင်းတစ်ဝိုင်းတည်းအတူစားခွင့်မပေးတော့ပဲ အခန်းထောင့်လေးမှာ 
စားပွဲခုံသေးသေးလေးနဲ့ ကျွေးပါတော့တယ် ။
 
 အဖိုးအိုဟာ 
ကြွေပန်းကန်နဲ့စားတဲ့အခါ မှာလည်း ခဏခဏ ပန်းကန်တွေကျကွဲတဲ့အတွက် သားဖြစ်သူက 
သစ်သားခွက်ကလေးလုပ်ပြီး အဖိုးအိုကိုကျွေးတယ် ။ အဲဒီအချိန်ကစလို့ အဖိုးအိုဟာ
 တိတ်ဆိတ်စွာပဲ အခန်းထောင့်လေးက ထမင်းစားပွဲလေးမှာ စားရပါတယ် ။ တခါတခါ 
သားဖြစ်သူနဲ့ချွေးမဖြစ်သူရဲ့ 
ဒေါသတကြီးဆူပူကြိမ်းမောင်းသံတွေကိုလည်းခံရသေးတယ် ။
 
 
ဒီလိုနဲ့တစ်နေ့တော့ သူတို့သားကလေးဖြစ်သူဟာ အိမ်ရှေ့မှာ 
ငြိမ်ငြိမ်ကလေးထိုင်ပြီး တစ်ခုခုကို စိတ်ဝင်တစားလုပ်နေတာတွေ့လိုက်ရတယ် ။ 
ဒီတော့ သားဖြစ်သူဆီသွားပြီး မိဘတွေကချိုသာတဲ့စကားနဲ့မေးလိုက်တယ် ။
 
 “ သား ဘာလုပ်နေတာလဲ ဟင် ”
 
 သားဖြစ်သူက သူ့ဖခင်နဲ့မိခင်ကို ပြုံးပြီးကြည့်လိုက်တယ် ပြီးတော့ ပြောလိုက်တယ် ..။
 
 “ သားလည်း အဖေ့တို့အမေတို့လိုပဲ အဖေအမေတို့ကြီးလာရင်ကျွေးဖို့ သစ်သားခွက်ကလေးလုပ်နေတာပါ ”
 
 အဲဒီလိုပြောပြီး သားဖြစ်သူက သူ့အလုပ်သူဆက်လုပ်နေခဲ့တယ် ။မိဘတွေဟာ 
သားဖြစ်သူစကားကိုကြားပြီးအလွန်ပဲထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ် ။ သူတို့ 
ဘာစကားတစ်ခွန်းမှ မပြောနိုင်ဘူး တုန်လှုပ်ခြောက်ခြားသွားပြီး ပါးပြင်ပေါ်ကနေ 
မျက်ရည်တွေ စီးကျလာခဲ့ရတယ် ။ သူတို့အမှားကို သူတို့ ထင်းကနဲ 
မြင်သွားခဲ့ရတယ် ။ အိမ်ထဲကိုလှမ်းကြည့်လိုက်တော့အဖိုးအိုက တိတ်ဆိတ်စွာ 
သူတို့ကို ငေးနေတာတွေ့လိုက်ရပါတော့တယ် ။
 
 ===================================
 
 သင်လည်းတစ်နေ့ အဖိုးအိုဖြစ်လာမှာပါပဲ ။ မိဘတွေကို 
ချစ်ခင်ကြင်နာယုယပြီးကိုယ့်မျိုးဆက်တွေအတွက် မေတ္တာတရားကိုပြသပါ ။ ကလေးတွေဟာ
 သင်တို့အပြုအမှုတွေကို မြင်တယ် .. ကြားတယ် ..လိုက်မှတ်သားတယ် ..။ 
သင်တို့ပြုသမျှဟာ သင်တို့ထံပြန်လာပါလိမ့်မယ် ။
 
 တစ်နေ့နေ့မှာ 
ကိုယ်ဟာ သားတစ်ယောက် 
ပြီးတော့ဖခင်တစ်ယောက်ပြီးတော့အဖိုးအိုတစ်ယောက်ဖြစ်လာဦးမှာပါပဲ ။ မသေခင်လေး 
ကျွေးရတဲ့ မိဘအတွက် ထမင်းဟာ သူတို့မြိုချလိုက်တိုင်း မနင် ..ပါစေနဲ့ ။ 
လျောလျောရှူရှုဝင်ပါစေ ..။
 
 “ မိဘကျေးဇူးဆပ်နိုင်ကြပါစေ ”
 
 ( သက်တန့်ချို ဘာသာပြန်ရေးဖွဲ့သည် )
 မူရင်း - "The Wooden Bowl" 
  
 
 
 
 
 
 
 
ကိုမိုးကြီးက ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ နယ်ဘက်မှာ တံတားဆောက်ဖို့ တာဝန်ကျတယ်။
 သူ့မိန်းမက ကျောင်းဆရာမ၊ မြို့ပေါ်မှာ တာဝန်ကျတယ်။
 ဒီတော့ မိန်းမလုပ်သူက ယောက်ျားတာဝန်ကျရာကို လိုက်နေလို့ မရဘူး 
 သီတင်းကျွတ်မှာ ကျောင်းက တပတ်ပိတ်တော့ ကိုမိုးကြီးရှိရာကို သူ့မိန်းမ လိုက်လာတယ်
 ကျန်တာက ပြသနာမရှိပေမယ့် အိမ်ဖော်ကောင်မလေး ခေါ်ထားတာက ပြသနာဖြစ်နေတယ်... ....
 'ရှင့် အိမ်ဖော်ကလဲ ချောလှချည်လား ကိုမိုးကြီးရဲ့'
 'ချောလား မချောလား မသိပါဘူးကွာ၊ အဝတ်လျှော် ထမင်းချက်တတ်ရင် ပြီးတာဘဲ ဆိုပြီး ခေါ်ထားလိုက်တာပါ'
 'ရှင်နဲ့ရော ကင်းရှင်းရဲ့လား'
 'ရှင်းပါ့'
 'တအိမ်လုံးမှာ ရှင်တို့နှစ်ယောက်ထဲ ဆိုတော့'
 'ဘာဆိုင်လဲကွာ၊ ညမိုးချုပ်တာနဲ့ သူ့အခန်းသူအိပ်၊ ငါ့အခန်းငါအိပ် သီးခြားဆီပါ'
 'ပြီးတာပါပဲ'
 
 ဒီလိုနဲ့ ကျောင်း ပြန်ဖွင့်တော့ သူ့မိန်းမလည်း ပြန်သွားတယ်။
 နှစ်ရက်၊ သုံးရက်နေတော့ အိမ်ဖော်လေးက သတင်းပို့တယ်
 ဟင်းချက်တဲ့ ဒယ်အိုးကြီး ပျောက်နေတယ်တဲ့
 ဆရာမ ပြန်သွားကတည်းက ပျောက်တာ၊ မှားများပါသွားလေသလား မေးကြည့်ပါအုံး ဆိုတော့....
 
 ကိုမိုးကြီးလည်း သူ့မိန်းမဆီ စာရေးပြီး မေးရတာပေါ့... ...
 
 'မိန်းမရေ... 
 မင်းယူတယ်လို့ မစွပ်စွဲပါဘူး
 မင်းပြန်သွားကတည်းက ဒယ်အိုးကြီး ပျောက်နေလို့' 
 
 သူ့မိန်းမဆီက စာပြန်လာတယ်... ...
 
 'ယောက်ျားရေ...
 ရှင်တို့ အတူအိပ်တယ်လို့ မစွပ်စွဲပါဘူး
 သူသာ သူ့အိပ်ယာမှာ သူအိပ်ရင် ဒယ်အိုးကို ပြန်တွေ့တာ ကြာပြီ၊ 
 ဒယ်အိုးက သူ့ခေါင်းအုံးအောက်မှာ'
 
 
 သန်၎ကို-ဘာသာပြန်သည်
 https://www.facebook.com/thanlayko 
  
 
 
 
 
 
 
 
တနေ့က... ...
 ကျနော်တို့ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်(Site) ထဲက ဆေးခန်းမှာ တွေ့ခဲ့တာလေးပါ 
 ဆောက်လုပ်ရေး လုပ်သား၊ ဘင်္ဂလားတစ်ယောက် ဆရာဝန်လာပြတယ် 
 "ကျနော်ဝမ်းချုပ်နေလို့ ဆရာ၊ ဗိုက်နာပြီး ဝမ်းသွားလို့ မရဘူးဖြစ်နေတာ"
 "ဘယ်လောက်ကြာပြီလဲ"
 "နှစ်ရက် သုံးရက်လောက် ရှိပြီ ဆရာ"
 
 ဒါနဲ့ ဆရာဝန်က စစ်ဆေးကြည့်တယ်... ...
 ပြီးတော့ အဲဒီဘင်္ဂလားကို ကုတင်ပေါ်မှာ ဖင်ကုန်းခိုင်းလိုက်တယ်၊ စအိုအဝကို ရေနဲ့လောင်းပြီး တူနဲ့လေးငါးချက် ထုလွတ်လိုက်တယ်။
 
 ပြီးတာနဲ့ ဆရာဝန်က ပြောတယ်... ...
 
 "ကဲ... ခု အိမ်သာသွားတက်ကြည့်စမ်း"
 "ဟုတ်ကဲ့"
 
 ... ဆိုပြီး အိမ်သာဘက် ထွက်သွားတယ်
 တော်တော်လေးကြာတော့ ကိုဘင်္ဂလားတယောက် ပြုံးပြုံး ပြုံးပြုံးနဲ့ ပြန်လာတယ်။
 ပြီးတော့ ဆရာဝန်ကို ပြောတယ်... ...
 
 "ဟား.... ခုမှ ပေါ့သွားတယ်ဆရာ"
 "အင်း.."
 "ဝမ်းမချုပ်အောင် ဘာလုပ်ရမလဲ ဆရာ"
 
 ဒီတော့ ဆရာဝန်က ပြောတယ်... ...
 
 "နောက်ကို ဘိလပ်မြေအိတ်ခွံနဲ့ အီးမကုန်းနဲ့"... တဲ့။
 
 
 
 သန်၎ကို-ဘာသာပြန်သည်
 https://www.facebook.com/thanlayko