သင့်နှလုံးကျန်းမာစေမည့် အလွယ်နည်း ငါးသွယ်နှလုံးရောဂါ ကင်းဝေးပြီး နှလုံး
 ကျန်း မာနေစေဖို့ အတွက် အရေးကြီးတဲ့ နည်း ငါးသွယ်ကို ဖော်ပြ လိုက်ပါတယ်။
 
 (၁) တီဗီကြည့်ချိန် လျှော့ချပါ
 
 အမေရိကန် နှလုံးကျန်းမာရေး ကော လိပ်က ပြုလုပ်တဲ့ လေ့လာမှုတစ်ရပ်အ ရ 
တစ်နေ့မှာ နှစ်နာရီကျော် တီဗီရှေ့ အ ချိန်ဖြုန်းတဲ့သူတွေက 
နှလုံးရောဂါထနိုင် ခြေ ၁၂၅ ရာခိုင်နှုန်း မြင့်တက်မှု ရှိတယ် လို့ သိရပါတယ်။
 
 (၂) ဖရက်တို့စ် များသော အစာကို ရှောင်ရှားပါ
 
 တာရှည်ခံအောင် ပြုပြင်ထားတဲ့ အ စားအသောက်တွေထဲမှာ ဖရက်တို့စ် (Fructose) 
ပါဝင်မှု မြင့်မားနေပါတယ်။ ဖရက်တို့စ်က သကြား၊ ဆူးခရို့စ် (Sucrose) တို့နဲ့
 ဓာတ်သဘာဝချင်းတူပေ မယ့် ဖရက်တို့စ်က ထရိုင်ဂလစ်စရိုက်အ ဆီပမာဏကို 
မြင့်တက်စေတာကြောင့် နှ လုံးရောဂါထနိုင်ခြေ မြင့်မားပါတယ်။
 
 (၃) ဆေးလိပ်နှင့် ဝေးဝေးနေပါ
 
 ဆေးလိပ်သောက်တာက သွေးလွှတ် ကြောလိုင်နင်ကို ထိခိုက်စေပြီး ပိုမိုကျဉ်း 
မြောင်းစေပါတယ်။ ဆေးရွက်ကြီးထဲက ကာဗွန်မိုနော့ဆိုက်ဟာ သွေးထဲက အောက် 
ဆီဂျင်ပမာဏကို လျော့ကျစေပြီး နှလုံးကို အောက်ဆီဂျင် ထောက်ပံ့မှု ပိုရအောင် 
ခက်ခက်ခဲခဲ ညှစ်ထုတ်ရတာကြောင့် နှ လုံးကျန်းမာရေး ထိခိုက်ရတာပါ။
 
 (၄) အိပ်ရေးဝ၀ အိပ်စက်ပါ
 
 အမေရိကန် ဆေးပညာအဖွဲ့အ စည်းရဲ့ လေ့လာမှုအရ အိပ်စက်ချိန် နည်း ပါးလွန်းတာက 
နှလုံးသွေးလွှတ်ကြောထဲ မှာ ကယ်လ်စီယမ် စုပုံမှုကို တိုးစေပြီး 
သွေးခဲဖတ်ဖြစ်စေကာ နှလုံးရောဂါထတာ နဲ့ လေဖြတ်တာတို့ကို ဖြစ်စေနိုင်ပါတယ်။
 
 (၅) လေ့ကျင့်ခန်းလုပ်ပါ
 
 ဗြိတိန်နှလုံးကျန်းမာရေးဖောင် ဒေး ရှင်းနဲ့ အမေရိကန်ဆေးဂျာနယ်ရဲ့ လေ့ 
လာမှုအရ တစ်နေ့ နာရီဝက်ခန့် လေ့ကျင့် ခန်းလုပ်တာဟာ နှလုံးရောဂါထပြီး သေ 
ဆုံးနိုင်ခြေကို ၆၀ ရာခိုင်နှုန်း လျော့ကျ စေတယ်လို့ သိရပါတယ်။ 
 
 ဇွန်
 အေးချမ်းမွန်မှGood Health တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ ည်။
 
သင့်နှလုံးကျန်းမာစေမည့် အလွယ်နည်း ငါးသွယ်နှလုံးရောဂါ ကင်းဝေးပြီး နှလုံး
 ကျန်း မာနေစေဖို့ အတွက် အရေးကြီးတဲ့ နည်း ငါးသွယ်ကို ဖော်ပြ လိုက်ပါတယ်။
 
(၁) တီဗီကြည့်ချိန် လျှော့ချပါ
 
အမေရိကန် နှလုံးကျန်းမာရေး ကော လိပ်က ပြုလုပ်တဲ့ လေ့လာမှုတစ်ရပ်အ ရ တစ်နေ့မှာ နှစ်နာရီကျော် တီဗီရှေ့ အ ချိန်ဖြုန်းတဲ့သူတွေက နှလုံးရောဂါထနိုင် ခြေ ၁၂၅ ရာခိုင်နှုန်း မြင့်တက်မှု ရှိတယ် လို့ သိရပါတယ်။
 
(၂) ဖရက်တို့စ် များသော အစာကို ရှောင်ရှားပါ
 
တာရှည်ခံအောင် ပြုပြင်ထားတဲ့ အ စားအသောက်တွေထဲမှာ ဖရက်တို့စ် (Fructose) ပါဝင်မှု မြင့်မားနေပါတယ်။ ဖရက်တို့စ်က သကြား၊ ဆူးခရို့စ် (Sucrose) တို့နဲ့ ဓာတ်သဘာဝချင်းတူပေ မယ့် ဖရက်တို့စ်က ထရိုင်ဂလစ်စရိုက်အ ဆီပမာဏကို မြင့်တက်စေတာကြောင့် နှ လုံးရောဂါထနိုင်ခြေ မြင့်မားပါတယ်။
 
(၃) ဆေးလိပ်နှင့် ဝေးဝေးနေပါ
 
ဆေးလိပ်သောက်တာက သွေးလွှတ် ကြောလိုင်နင်ကို ထိခိုက်စေပြီး ပိုမိုကျဉ်း မြောင်းစေပါတယ်။ ဆေးရွက်ကြီးထဲက ကာဗွန်မိုနော့ဆိုက်ဟာ သွေးထဲက အောက် ဆီဂျင်ပမာဏကို လျော့ကျစေပြီး နှလုံးကို အောက်ဆီဂျင် ထောက်ပံ့မှု ပိုရအောင် ခက်ခက်ခဲခဲ ညှစ်ထုတ်ရတာကြောင့် နှ လုံးကျန်းမာရေး ထိခိုက်ရတာပါ။
 
(၄) အိပ်ရေးဝ၀ အိပ်စက်ပါ
 
အမေရိကန် ဆေးပညာအဖွဲ့အ စည်းရဲ့ လေ့လာမှုအရ အိပ်စက်ချိန် နည်း ပါးလွန်းတာက နှလုံးသွေးလွှတ်ကြောထဲ မှာ ကယ်လ်စီယမ် စုပုံမှုကို တိုးစေပြီး သွေးခဲဖတ်ဖြစ်စေကာ နှလုံးရောဂါထတာ နဲ့ လေဖြတ်တာတို့ကို ဖြစ်စေနိုင်ပါတယ်။
 
(၅) လေ့ကျင့်ခန်းလုပ်ပါ
 
ဗြိတိန်နှလုံးကျန်းမာရေးဖောင် ဒေး ရှင်းနဲ့ အမေရိကန်ဆေးဂျာနယ်ရဲ့ လေ့ လာမှုအရ တစ်နေ့ နာရီဝက်ခန့် လေ့ကျင့် ခန်းလုပ်တာဟာ နှလုံးရောဂါထပြီး သေ ဆုံးနိုင်ခြေကို ၆၀ ရာခိုင်နှုန်း လျော့ကျ စေတယ်လို့ သိရပါတယ်။