မျက်ရည်အမျိုးအစား (၃) မျိုးရှိပါတယ်... 
 ပထမတစ်မျိုးက basal tear လို့ခေါ်ပါတယ်... သင့်မျက်လုံးတွေကို သန့်ရှင်းဖို့နဲ့ ချောမွတ်စေဖို့လုပ်ပေးတဲ့ မျက်ရည်အမျိုးအစား
ဖြစ်ပါတယ်...
 
 ဒုတိယတစ်မျိုးကတော့ reflex tear လို့ခေါ်ပါတယ်... ကြက်သွန်နီတို့ ဝတ်မှုန်တို့ကြောင့် ကျဆင်းလာရတဲ့ မျက်ရည်မျိုးဖြစ်ပါတယ်...
 
 နောက်ဆုံးတစ်မျိုးကိုတော့ emotional tear လို့ခေါ်ပါတယ်... ဒါကတော့ 
စိတ်ခံစားမှုကြောင့်ကျဆင်းလာတဲ့မျက်ရည်ဖြစ်ပြီး 
ကျွန်တော်တို့အသုံးအများဆုံးမျက်ရည်အမျိုးစားဖြစ်ပါတယ်...
 ----------------------------------------------------------------
 Ref: dailypix.me
 
 နှိုင်းရင့်နွေ 
မြ၀တီ 
  
 
 
 
 
 
 
 
 စွမ်းအားဖြည့် အချိုရည်များသည် သွေးတိုးမှုကို မြင့်တက်စေနိုင်ကြောင်း 
သုတေသီများက သတိပေး ပြောကြားလိုက်သည်။ စွမ်းအားဖြည့် အချိုရည် အများအပြား 
သောက်သုံးခြင်းသည် နှလုံး၏ စည်းချက်ကျကျ 
လှုပ်ရှားမှုကို အနှောင့်အယှက် ဖြစ်စေကာ သွေးစီးဆင်းမှုအပေါ် သက်ရောက်နိုင်ပြီး
 သွေးတိုးရန် အခြေအနေ များလာစေကြောင်း အမေရိကန် နှလုံးဆိုင်ရာ အဖွဲ့ချုပ် 
သိပ္ပံနည်းကျ လေ့လာမှုဌာန၏ သုတေသီများက ဖော်ထုတ် တွေ့ရှိခဲ့သည်။
 
 
ကြာသပတေးနေ့က အဆိုပါ တွေ့ရှိချက်နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို
 ကျန်းမာရေးဌာန တာဝန်ရှိသူများက Presentation တစ်ခုဖြင့် ပြသခဲ့သည်။ 
သုတေသီများက ယခင်တွေ့ရှိမှု အခြေအနေများကိုပါ ပြန်လည် ဆန်းစစ်ကာ 
အချက်အလက်များ စုဆောင်းပြီး အားဖြည့်အချိုရည်များ အလွန်အကျွံ 
သောက်သုံးခြင်းကြောင့် နှလုံးကို ထိခိုက်နိုင်ကြောင်း အသိပေးခဲ့ခြင်း 
ဖြစ်သည်။ 
 
 Planet Myanmar Network
  
 
 
 
 
 
 
 
ဂျပန် နိုင်ငံမှ Big Daddy အမည်ရှိ ကြီးမားသော ပင့်ကူ ကဏန်းကြီးသည် 
ဗြိတိန် နိုင်ငံ ဘလက်ပူးလ်မြို့ ပင်လယ် သတ္တဝါ ထိန်းသိမ်းရေး ဌာနရှိ Scott 
Blacker ကန်အတွင်းသို့ ရောက်ရှိ နြေ
ပီ ဖြစ်ပြီး ၎င်းသည် နေရာ
 သစ်တွင် အသား တကျ နေထိုင်လျက် ရှိကြောင်း သိရ သည်။
 
 အဆိုပါ ဧရာမ ပင့်ကူ ကဏန်း ကြီး၏ လက်တံ များသည် ၉ ပေ (၂ ဒသမ ၇ မီတာ) 
ရှိပြီး အေးမြ နေသော Scott Blacker ကန် အတွင်း လိုက်လျော ညီထွေစွာ 
နေထိုင်လျက် ရှိကြောင်း ဘလက်ပူးလ်မြို့ ပင်လယ် သတ္တဝါ ထိန်းသိမ်းရေး ဌာနမှ 
ထိပ်တန်း ပြတိုက်မှူး ခရစ် ဘရောင်းက ပြောကြားသည်။
 
 http://bit.ly/13s7oZt 
 
မြ၀တီ 
  
 
 
 
 
 
 
  
Bus ကားပေါ်က ဆင်းပြီးတဲ့အချိန်မှာ သူ့ရဲ့ပိုက်ဆံအိတ် အခိုးခံလိုက်ရပြီဆိုတာ သူသိလိုက်တယ် ..
 
 အိတ်ထဲမှာ အရေးကြီးတာတွေတော့မပါပါဘူး … ပိုက်ဆံတစ်သောင်းခွဲလောက်ရယ် … သူ့အမေဆီ ပို့ဖို့စာတစ်စောင်ပါတဲ့ စာအိတ်တစ်အိတ်ရယ်ပဲပါတယ် …
 
 စာထဲမှာတော့ “ကျွန်တော်အလုပ်ဖြုတ်ခံလိုက်ရပြီ … ဒါကြောင့်ဒီတစ်လ အမေ့ဆီပိုက်ဆံပို့နိုင်မှာမဟုတ်ဘူး” ဆိုတာပဲရေးထားတာပါ …
 
 သူ့အိတ်ထဲမှာ အဲ့ဒီစာ ရှိနေတာ တစ်ပတ်လောက်ရှိပြီ … သူ့အမေစိတ်မကောင်းဖြစ်မှာသိလို့ မပို့ဖြစ်ဘဲ သောင်တင်နေတာပါ …
 
 တစ်သောင်းခွဲဆိုတာတော့ များပြားလှတဲ့ငွေပမာဏမဟုတ်ပေမယ့် 
ဒီလိုအလုပ်မရှိတဲ့အချိန်မှာ မိသားစုကို ပြန်ကြည့်နေရတဲ့ သူ့အဖို့တော့ 
တစ်သောင်းခွဲဟာ တစ်သိန်းခွဲလိုပါပဲ …
 
 ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာ သူ့အမေဆီက စာတစ်စောင်ရောက်လာခဲ့တယ် ..
 
 သူပိုက်ဆံမပို့လို့ သူ့အမေများငွေလိုနေပြီလားဆိုပြီး စိုးရိမ်သွားခဲ့ပေမယ့် စာကိုဖတ်လိုက်ရတဲ့အချိန်မှာတော့ သူထိတ်လန့်သွားခဲ့တယ် ..
 
 စာထဲမှာ “ကျေးဇူးပါပဲသားရယ် .. သားပို့လိုက်တဲ့ ငွေငါးသောင်းအမေရတယ်” လို့ရေးထားတာပါ။
 
 သူ့အမေဆီဘယ်သူပိုက်ဆံပို့လိုက်လဲဆိုတာ သူစဉ်းစားမရဖြစ်နေခဲ့တယ် ..
 
 ရက်အချို့ကုန်လွန်သွားပြီးတဲ့အခါ သူ့အမေဆီက နောက်ထပ်စာတစ်စောင်ရောက်လာတယ် ..
 
 “သားရေ … အရမ်းသေးလွန်းတဲ့လက်ရေးနဲ့စာတစ်စောင် အမေ့ဆီရောက်လာတယ်၊ ဒါပေမယ့်
 အမေ့မျက်မှန်ကကျိုးနေတော့ မဖတ်နိုင်တာနဲ့ သားဆီကိုပြန်ပို့လိုက်တယ်”
 
 သူဟာ စာကိုဖွင့်လိုက်တယ်၊ စာထဲမှာရေးထားတာက …
 
 “ငါမင်းပိုက်ဆံ တစ်သောင်းခွဲကို သုံးသောင်းခွဲထပ်ပေါင်းပြီး မင်းအမေဆီကို 
ပိုက်ဆံငါးသောင်းပို့ပေးလိုက်တယ် … တကယ်တော့ အမေအားလုံးဟာ အမေပါပဲ … သူမ 
ဆာလောင်မွတ်သိပ်နေစရာအကြောင်းမရှိဘူးလို့ငါထင်တယ် … ငါ့အမေသာရှိနေသေးရင် 
ငါလည်း ငါ့အမေကို ဒီလိုဖြစ်စေချင်မှာ မဟုတ်ဘူး ... ဘာပဲဖြစ်ဖြစ် 
မင်းတတ်နိုင်သမျှ အလုပ်မြန်မြန် ရအောင်ရှာပြီး မင်းအမေကိုစောင့်ရှောက်ပါ …
 (မင်းပိုက်ဆံအိတ်ကို ခိုးသွားတဲ့သူ)”
 
 +++++++++++++++++++++++++++++++++++++++
 
 ♥ ကောင်းတဲ့အလုပ်နဲ့ အသက်မွေးတဲ့လူဖြစ်ဖြစ်၊ မကောင်းတဲ့အလုပ်နဲ့ 
အသက်မွေးတဲ့လူဖြစ်ဖြစ် အမေတစ်ယောက်အပေါ်မှာထားတဲ့ ခံစားချက်ကတော့ 
လူသားတိုင်း အမြဲ အတူတူပါပဲ … ♥
 
 ( Admin >> TT )
 
 By Heart Canteen
  
 
 
 
 
 
 
  
 အသက်ရှင်ရန် အိပ်ပါ
 အသက် ရှင်ဖို့ အစာစား ရသလို အိပ်တာ ဟာလည်း အရေးကြီး ပါတယ်။
 အစား အစာ ချိုတဲ့ရင် ဖြစ်တတ် သလိုမျိုး အအိပ် ချို့တဲ့တဲ့ တိရစ္ဆာန်
 တွေဟာ နှစ်ပတ်မှ သုံးပတ် အတွင်း သေဆုံး သွားတယ်လို့ သိပ္ပံပညာ
 ရှင် တွေက တွေ့ရှိ ခဲ့ပါတယ်။
 
 အိပ်ပျော်စေရန် ဖျော်ရည်သောက်ပါ
 ပန်းသီး သုံးလုံး၊ လိမ္မော်သီး နှစ်လုံး၊ ရှောက်သီး တစ်စိတ်၊ ဆလတ်
 ရွက် လက်နှစ် ဆုပ်စာကို ရောစပ်ထားတဲ့ ဖျော်ရည် တစ်ခွက်ကို အိပ်
 ရာ မဝင်ခင် သောက်ပေးရင် ကလေး ငယ်လိုမျိုး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် နိုင်ပါတယ်။ အဲဒီ အစားအစာ တွေမှာ သဘာဝ အိပ်ဆေး
 ဖြစ်တဲ့ လက်တုန်းတွေ ပါဝင်လို့ပါ။
 
 နွားနို့သောက်ပါ
 Tryptophay ဆိုတာဟာ ပရိုတင်း အစားအစာမှ ရရှိတဲ့၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့
 အမိုင် နိုအက်စစ် ရှစ်မျိုးထဲက တစ်မျိုး ဖြစ်ပြီး နွားနို့နဲ့ အသားမှာ 
များစွာ ပါဝင်ပါတယ်။ အိပ်စက်မှုကို ကောင်းမွန်စေပြီး ဦးနှောက်တွင်း 
အိပ်စက်မှု ကောင်းစေတဲ့ ဟော်မုန်းတွေ ထွက်လာအောင် လှုံ့ဆော် နိုင်လို့ပါ။
 
 ငှက်ပျောသီး စားပါ
 ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ အုတ်စပါးနဲ့ ဆန်လိုမျိုး တချို့ အစားအစာ
 တွေမှာ မက်လတိုနင် ပါဝင်တဲ့ အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ထိန်းညှိ ပေးပါတယ်။
 
 သမ်းဝေတာ ပျောက်အောင် များများအိပ်ပါ အိပ်ရေးမဝတဲ့ ရက်တွေ များလာရင် 
လည်ချောင်း တွင်းရှိ ကြွက်သားတွေ တွဲကျလာ ကာ သမ်းဝေတာ များလာပြီး အအိပ်နည်း
 သွားပါတယ်။ သမ်းဝေတာ ရပ်
 အောင် အ နည်းဆုံး တစ်ညကို ခုနစ်နာရီ အိပ်ပေးပါ။
 
 ကြံ့ခိုင်မှုပြည့်ဝအောင် အိပ်ရေးဝ၀အိပ်ပါ
 
 အိပ်ရေး မဝတဲ့ ရက်တွေ များလာရင် နှလုံးသွေးကြောရဲ့ လုပ်ငန်း
 ဆောင်တာဟာ ၁၁ ရာခိုင်နှုန်းထိ ကျဆင်း သွားပါတယ်။ အဓိပ္ပာယ် 
 ကတော့ ကြံ့ခိုင်ပြီး ကျန်းမာလိုရင် အိပ်ဖို့ အရေးကြီး ပါတယ်။
 
 ခြေထောက်ကို နွေးနွေးထွေးထွေးထားပါ
 
 ခြေထောက်နဲ့ လက်တွေမှာ သွေးရှောက်ရှိမှု နည်းသွားရင် အိပ်ရာက
 နိုးလာတတ် ပါတယ်။ ဆောင်းရာသီမှာ ခြေထောက်နွေးအောင် ခြေစွပ်
 ဝတ်အိပ်ပါ။
 
 အအိပ်ကို ဦးစားပေးပါ
 
 အိပ်ရေး မဝတာကြောင့် ခုခံအား စနစ်နဲ့ ဆုံးဖြတ်နိုင်မှု စွမ်းရည်တွေ ကျဆင်းတတ် တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကျန်းမာတဲ့ 
 ဘဝရဖို့ အအိပ်ကို ဦးစားပေး ရပါမယ်။ ညစဉ် ညတိုင်း အိပ်ချိန်တူ ညီအောင် လေ့ကျင့်ပါ။
 
 လှပစေရန် အိပ်ပါ
 
 သင်အိပ်ပျော် နေစဉ်အတွင်း သင့်အရေပြား၊ ဆံပင်နဲ့ လက်သည်းတွေရဲ့ ဆဲလ်တွေ 
အသစ် ပြန်လည် ဖြစ်ပေါ် လာတဲ့ အတွက်ဟာလည်း အိပ်စက် တာကြောင့် ပြန်ကောင်းမွန် 
လာစေ နိုင်ပါတယ်။
 
 အိပ်ရာမဝင်ခင် ရေချိုးပါ
 
 
အိပ်ရာမဝင်ခင်မှာ ရေနွေးနဲ့ ရေချိုးတာကြောင့် ကြွက်သားတွေကို Relax 
ရရှိစေပြီး အိပ်ပျော် စေနိုင်ပါတယ်။ အမှောင်သန်းချိန်မှ စပြီး ကဖင်းကို
 ရှောင်ပါ အိပ်ရာ မဝင်ခင် ကဖင်း သောက်ရင် အိပ်စက်မှု အရည်အသွေး
 ကို ကျဆင်းစေနိုင် ပါတယ်။ ကော်ဖီသာမက ချောကလက် မှာလည်း က
 ဖင်း ပါဝင်တာကြောင့် ချော ကလက်ကို ညအချိန်မှာ မစားပါနဲ့။
 
 ခေါင်းချတာနဲ့ အိပ်ပျော် သလို မဖြစ်ပါ စေနဲ့
 
 သင်ဟာ ခေါင်းအုံးပေါ်မှာ ခေါင်းတင် လိုက်ရုံနဲ့ အိပ်ပျော် သူဖြစ်ရင် 
အအိပ်ချို့တဲ့ တတ်သူ ဖြစ်ပါတယ်။ ကျန်းမာသူ တစ်ယောက်အနေနဲ့ အိပ်ပျော်ဖို့ ၁၀
 မိနစ်လောက် အချိန် ယူရတယ်။
 
 ဒေါက်တာခင်မိုးမိုး
 Myawady News 
  
 
 
 
 
 
 

 အသက် အရွယ် အိုမင်းမှုကို အောင်နိုင်ပြီး ၁၅၀ နှစ် အထိ အသက် ရှည်နိုင်တဲ့ 
ဆေးဝါးဟာ  ငါးနှစ် အတွင်း ပေါ်ပေါက် လာတော့ မယ်လို့ Landmark မှ သုတေသီတွေက 
ဆိုပါတယ်။ အနီရောင်ဝိုင်မှာ တွေ့ရှိရတတ်တဲ့ Resveratrol သူ ကို ပြု
ပြင်ထားတဲ့
 ဆေးဝါး အသစ်ဖြစ်ပြီး SIRT 1 ခေါ်တဲ့ ပရိုတင်းရဲ့ လုပ်ဆောင်မှုကို မြင့်မား 
စေကာ အရွယ် နုပျိုနိုင် မယ့် အကျိုး သက်ရောက် မှုကို ရရှိ စေတယ်လို့ 
ဆိုပါတယ်။ ဒီဆေး ဝါးကို ကင်ဆာ ရောဂါ၊ ဆီးချို ရောဂါနဲ့ နှလုံး ရောဂါ 
အပါအဝင် ရောဂါ ခံစားရတဲ့ လူနာတွေ အပေါ်မှာ Glaxo Smith Klineဆေးကုမ္ပဏီက 
စမ်းသပ်မှုပြုလုပ်ပြီးပြီလို့ သိရပါတယ်။ အယ်လ်ဇိုင်း မားရောဂါ၊ 
ပါကင်ဆန်ရောဂါ၊ အသည်း အဆီဖုံး ရောဂါ၊ အတွင်း တိမ်ရောဂါ၊ အရိုးပါး ရောဂါ၊ 
ကြွက်သား သိမ်တာ၊ အိပ်ရေး ပျက်ခြင်း တာနဲ့ ဂျွတ်၊ အဆစ် ရောင် ရောဂါနဲ့ 
အူမကြီး ရောင်ရမ်းတဲ့ ရောဂါ လိုမျိုး ရောင် ရမ်းမှု ရောဂါတွေ အတွက်လည်း 
စမ်းသပ် နေပြီလို့ သိရပါ တယ်။ အခုပေါ်တဲ့ ဆေးဝါး အသစ်ဟာ ဝိုင်အနီ တစ်ခွက် 
သောက် တာထက် အဆ ၁၀ဝ ခန့် အကျိုး သက်ရောက်မှု ပို ကောင်းတယ်လို့ ဆိုပါတယ်။ 
ဒီဆေးကို သောက်ဆေး အဖြစ် အသုံးပြု နိုင်သလို လိမ်းဆေး အနေနဲ့လည်း အသုံးပြု 
နိုင်တော့ မယ်လို့ ဆိုပါတယ်။ နှလုံးသွေး ကြောရောဂါကို ကာကွယ်ဖို့ အတွက် 
Statin ဆေးဝါးကို အသုံးပြု သလိုမျိုး ဒီဆေးဝါးကို အသက် ရှည်ဖို့ အသုံးပြု 
နိုင်တော့ မယ်လို့ ဆိုပါတယ်။  
 
 Re-Post By ACM 26-3-2013
 အေးချမ်းမွန် Credit & Copy From >>GOOD HEALTH<< Thank