လူငယ်လေးတစ်ယောက်ဟာ သူ့ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့မှာ ဘာလက်ဆောင် 
ပေးရမှန်းမသိဘူးဖြစ်နေလို့ သူ့အဖေဆီမှာ အကြံဥာဏ်တောင်းကြည့်တယ်... 
 "ဖေဖေ၊ နေအိမ်တိုက်တာ ဓနဥစ္စာ စည်းစိမ်ရတနာတွေနဲ့ အစစအရာရာ ပြည့်စုံနေတဲ့ လူတစ်ယောက်အတွက် ဘာလ
ိုအပ်မလဲဟင်"
 
 "မိန်းမတစ်ယောက်..."
 
 "ဗျာ... ဘာလို့လဲ ဖေဖေ"
 
 "သူ့မှာရှိတဲ့ဟာတွေကို ဘယ်လိုကုန်အောင်သုံးရတယ်ဆိုတာ ပြသပေးမယ့်သူ လိုတယ်လေကွာ"
 
 
 သန်၎ကို-ဘာသာပြန်သည် 
  
 
 
 
 
 
 
အမျိုးသား: မင်းငါ့ကို လက်ထပ်နိုင်မလား ..
 အမျိုးသမီး: ရှင့်မှာ ကိုယ်ပိုင်ခြံနဲ့တိုက်နဲ့ရှိလား။
 အမျိုးသား: ဟင့်အင်း။
 အမျိုးသမီး: ဒါဆို BMW ကားကော ရှိလား။
 အမျိုးသား: ဟင့်အင်း။
 အမျိုးသမီး: ဒါဆို ရှင့် တစ်လ လစာဘယ်လောက်ရလဲ။
 အမျိုးသား: လစာရယ်လို့တော့မရှိဖူး ဒါပေမဲ့ .......
 အမျိုးသမီး: ဘာ ဒါပေမဲ့လည်း ......!!!! ရှင်မှာ ကျွန်မ မေးတာ ဘာတစ်ခုမှ 
မရှိပဲ ကျွန်မ ကို လက်ထပ်ချင်သေးတယ် :x အံ့ပါရဲ့ နောက်တစ်ခါ လာပြောကြည့် 
ပါးကျိုးမယ်။:M9
 ထိုအမျိုးသမီး ထွက်သွားပြီးနောက် တစ်ကိုယ်တည်း ရေရွတ်သံ ...
 
 အမျိုးသား:ငါ့မှာ အပိုင်စားရတဲ့ ရွာတစ်ရွာရယ် ၊ အပန်းဖြေစရာ 
ကျွန်သုံးကျွန်းရယ် ၊ ဖရာရီကား သုံစီး နဲ့ ကားကုမ္ပနီ နှစ်ခုရှိနေတာကို 
ထပ်ပြီး BMW ၀ယ်ရအုန်းမှာလားဟာ ၊ လစာတဲ့ ငါကိုယ်တိုင် လစာပေးရတဲ့ 
သူဌေးပါဆို ဘယ်သူ့စီက လစာတောင်းရဦးမှာလဲဟာ လေပါတယ် ကောင်မလေးရယ် .... ။
 
 တစ်ထောင်.တစ်ညပုံပြင်ကြိုက်သူများ
  
 
 
 
 
 
 
 
1.နာမည်ခေါ်ဝေါ်သုံးစွဲတာမလုပ်ပါနှင့်
 2.ချစ်သူရဲ့ခန္စာကိုယ်အလေးချိန်နှင့်အခြားအစိတ်အပိုင်းများကိုမလှောင်ပါနှင့်
 3.အပြုအမူကိုဝေဖန်ပြီးအကျင့်စာရိတ္တကိုမဝေဖန်ပါနှင့်
 4.စကားပြောနေစဉ်အခြား
တစ်ဦးနာမည်ကိုမကြာခဏမပြောမိစေနဲ့
 5.စိတ်ကောက်နေစဉ်အခြားသူတစ်ယောက်နှင့်လုံးဝမတွဲပြပါနှင့်
 6.ဘာမဟုတ်သည့်ကိစ္စကိုမငြင်းပါနှင့်
 7.ဖြစ်ပြီသားပြသနာများကိုးပြန်မပြောဖြစ်အောင်ကြိုးစားပါ
 8.ဖြစ်ပျက်သမျှကိုသူငယ်ချင်းများကိုမပြောပါနှင့်
 9.သူကြိုက်သူအရာများကိုမမုန်းပါနှင့်
 10.အချို့ကိစ္စများကိုမသိချင်ယောင်ဆောင်ပါ
 11.ဒေါသနှင့်စကားမပြောပါနှင့်
 12စကားများတိုင်းသူပြောတာကိုနားထောင်ပေးပြီစဉ်းစားပါ
 13.သူစကားပြောနေစဉ်မကြာခဏဖြတ်မပြောပါနှင့်
 14. ကိစ္စရပ်တစ်ခုကိုပြီးဆုံသည့်အထိမဖြေရှင်းဘဲမနေပါနှင့်
 15.ဘာအကြောင်းနဲ့မှမအော်ပါနှင့်
 16.သူသာသင့်အတွက်အလိုအပ်ဆုံဆိုတာသူသိပါစေ
 17.ချစ်သူကချောလား။လှလားမေးတိုင်းပြုံးသာပြလိုက်ပါ
 18.အကြောင်းတိုက်ဆိုငိတိုင်း သင့်ကသာငွေရှင်းလိုက်ပါ
 19.သူ၏ရှေ့မှောက်တွင်အခြားသူများကိုလိုက်မကြည့်ပါနှင့်
 20.အမှတ်တရဖြစ်ရပ်များကိုသတိရတိုင်းပြောပါ
 21.ဖြစ်နှိုင်လျှင်ချစ်သူ၏မွေးနေ့နှင့်ရည်းစားစဖြစ်သည့်နေ့ကိုမှတ်ထားပါ(ပြန်မေးတတ်လို့ပါ)
 22.တကယ်အရေးကြုံမှပိုက်ဆံချေးပါ
 23.ဖြစ်ပျက်သမျှအားလုံးကိုသင်ကဦးဆောင်တောင်းပန်လိုက်ပါ
 24. အခွင့်အရေးရတိုင်းမယူပါနှင့်
 25.လက်ဆောင်အသေးအမွှားလေးများမကြာခဏပေးပါ။
 
 
 ချစ်သောသူနဲ့  အားလုံးပေါင်းဖက်နိုင်ကြပါစေ ။
 
 လမင်း ခင် 
  
 
 
 
 
 
 
 
သာအေး နဲ့ စာဥ ရွာပြင်မှာ တွေ့ကြတော့၊ စာဥက အဆိုပြုတယ်... ... 
 'ပျင်းလိုက်တာ သာအေးရာ၊ တူတူပုန်းတမ်း ကစားကြရအောင်'
 'ကစားလေ'
 
 'ဒါပေမယ့် ငါ့စည်းကမ်းချက်တွေကို လိုက်နာနိုင်မှ ကစားမှာ'
 'နင့် စည်းကမ်းချက်တွေက ဘာတွေလဲ စာဥရဲ့ ' 
 
 'ငါက ပုန်းမယ်၊ နင်က လိုက်ရှာ'
 'အင်း...'
 
 'ငါ့ကိုရှာတွေ့ရင် ငါ့တစ်ကိုယ်လုံး နင်စိတ်ကြိုက်''
 'အင်း...'
 
 'ငါ့ကို ရှာမတွေ့ရင်၊ နင်သိထားဖို့က ဟောဟိုက ကောက်ရိုးပုံကြီးဘေးမှာ ငါပုန်းနေမယ်ဆိုတာဘဲ….'
 'ဝိုး... ကောင်းမှကောင်း'
 
 
 သန်၎ကို-တူတူပုန်းသည် 
  
 
 
 
 
 
 
 

 
စွန့်စားလိုစိတ်ရှိသော အမျိုးသမီး များသည် လိင်မှု ကိစ္စတွင် ပိုမိုပြင်းပြစွာ ဆောင်ရွက် လိုစိတ် ရှိကြောင်း သိရှိ ရသည်။
 
 ရှီကားဂိုး တက္ကသိုလ်မှ ပညာရှင် များသည် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ 
အယောက် (၅၀၀) ၏ တံတွေးမှ တဆင့် လိင်မှု အာရုံကို လှုံ့ဆော်ပေးသော 
Testosterone ပမာဏကို တိုင်းတာ မှတ်သားခဲ့ရာ လိင်ဆိုင်ရာ ဆန္ဒပြင်းပြ သည့် 
အမျိုးသမီး များသည် အများအားဖြင့် လောင်းကစား ဆန်ဆန် စီးပွားရေး 
လုပ်ငန်းများကို လုပ်ကိုင် တတ်သူများ ဖြစ်နေသည်ကို တွေ့ရှိ ခဲ့ရသည်။
 
 ပညာရှင်များက လူတဦး ( အထူးသဖြင့် အမျိုးသမီး တဦး ) ၏ လိင်မှု စွမ်းရည်သည်
 အလုပ်အကိုင်၊ ငွေကြေး အခြေအနေ နှင့် ဆက်စပ်လေ့ ရှိကြောင်း ဖော်ပြခဲ့သည်။
 
 ထီထိုးခြင်း ကဲ့သို့ ကံစမ်းမှုမျိုး နှင့် သေမြေကြီး၊ ရှင်ရွှေထီး 
စွန့်စားရသော အလုပ်အကိုင် များကို ခုံမင်လေ့ ရှိသည့် အမျိုးသမီးများ၏ 
Testosterone မှာ အမြင့်ဆုံး အနေအထား ရောက်ရှိ နေတတ်သလို ထို 
အမျိုးသမီးများသည် လိင်မှု ကိစ္စတွင်လည်း အရဲကိုး ဆောင်ရွက်မှုများ ပြုလုပ်လေ့
 ရှိကြောင်း ပညာရှင်များက ဆိုသည်။
 
 ရှီကားဂိုး တက္ကသိုလ်မှ ပါမောက္ခ 
ဒါရီယို မာစထရီပီရီ က အမျိုးသမီးတဦး၏ လုပ်ရဲကိုင်ရဲ၊ ဆုံးဖြတ်ရဲသော 
စိတ်သည် လိင်မှု ဘ၀တွင်ပါ အကျုံးဝင် နေလေ့ရှိပြီး လိင်ဆိုင်ရာ 
စွမ်းဆောင်မှုကို ဖော်ဆောင်သည့် Testosterone ကို အမြင့်မားဆုံး တွန်းတင် 
ပေးတတ်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။ 
 
 credit: myanmar news update