မနက်အိပ်ယာထထခြင်း ရေသောက် တတ်တဲ့အကျင့်များ ရှိသလို နွားနို့သောက် တဲ့ အကျင့်ရှိသူများလည်း ရှိနေပါတယ်။
အမှန်စင်စစ် အိပ်ယာထထ ခြင်းအသောက်သင့်ဆုံး က ရေသာဖြစ်တယ် လို့ 
ဆေးပညာရှင်တို့
 လေ့လာအကြံပေး ပြီးသား ဖြစ်ပါတယ်။ သာမန်လူ တစ်ယောက်ဟာ ညတစ်ညတာ အိပ်စက်ပြီး 
မနက်အိပ်ယာထတဲ့အခါ ဝမ်းထဲမှ အစာချေဖျက်ထားတဲ့အတွက် ရှင်းလင်းနေတတ်ပါတယ်။ 
အရှင်းကြီးမဟုတ်ပဲ ချေဖြတ်ရန် မလွယ်ကူတဲ့ စားကြွင်း စားကျန်များ 
ကျန်ရှိနေတတ်ပါတယ်။ ဒါကြောင့် မနက် အိပ်ယာထချိန်မှာ ရေတစ် ခွက် သောက်ရုံတင်
 လုံလောက်ပါတယ်။ ရေလည်း အလွံ့အကျွံမသောက်ရ ပါဘူး။
 နွားနို့ဆိုရင် 
ပိုလို့တောင် မသောက်သင့်ပါဘူး။ ညအိပ်စက်ပြီး အစာချေဖျက်ပြီးနောက် 
အူလမ်းကြောင်းဟာ ညမှာ တော်တော်လေး အလုပ်လုပ်ထားပါတယ်။ နွားနို့ဆိုတာ 
အများစုသိထားတာက ပရိုတိန်းကြွယ်ဝတယ် 
     
 
 
 
 
Wi-Fi ဆက်သွယ်မှု နည်းစနစ်အသစ် 802.11ac သည် ၂၀၁၃ ခုနှစ်အတွင်း ဈေးကွက်ထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။  
 မြန်နှုန်းမြင့် Wi-Fi လို့ ခေါ်ဆိုနေတဲ့ ဤနည်းပညာအသစ်ဟာ ရှိရင်းစွဲ router တွေမှာ အသုံးပြုနေတဲ့
 802.11n နည်းပညာထက် များစွာလျင်မြန် ပါလိမ့်မယ်။ ဘယ်လောက်မြန်သလဲ ဆိုတာကိုတော့ အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။ 
 
 ဒီ 802.11ac စနစ်သုံး router တွေဟာ ၂ နာရီစာ HD တီဗီစီးရီး တစ်ခုကို 
စက္ကန့် ၄၀ အတွင်းမှာ ဒေါင်းလုပ်ဒ် လုပ်နိုင်မယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် 
စိတ်မလောပါနဲ့ဦး။ စနစ်အသစ်က မြန်သလောက် မိမိသုံးစွဲနေတဲ့ အင်တာနက်လိုင်း 
မကောင်းရင်လည်း အလကားပါပဲ။
 
 ပုံမှာ ပြထားတဲ့အတိုင်းပါပဲ 802.11n 
စနစ်သုံး router တွေဟာ အမြန်နှုန်း 300 Mbps အထိ ရရှိနိုင်ပြီး ယခု 802.11ac
 က တော့ အမြင့်ဆုံး အမြန်နှုန်း 1 Gbps အထိ ရရှိနိုင်မှာ ဖြစ်သော်ငြားလည်း 
အင်တာနက် ချိတ်ဆက်မှုလိုင်းတွေမှာ အမြဲဖြစ်ပေါ်လေ့ရှိတဲ့ ပုလင်းဝတစ်ဆို့မှု 
ပြဿနာ (bottle neck issues) ကြောင့် ဒီအမြန်နှုန်းတွေကို ဘယ်လိုမှ 
ရရှိနိုင်မှာ မဟုတ်ပါဘူး။ 
 
 သေချာတာကတော့ မိမိအသုံးပြုတဲ့ 
အင်တာနက်လိုင်းရဲ့ ထွက်ရှိလာတဲ့ အမြန်နှုန်းဟာ Google ရဲ့ Fiber Optic 
အင်တာနက်လိုမျိုး 1 Gbps (ကြော်ငြာထားသည့် အမြန်နှုန်း) ထွက်မယ်ဆိုရင်တော့ 
802.11ac Wi-Fi သုံးမှာသာ အဆင်ပြေမှာ ဖြစ်ပါတယ်။ 
 
 Samsung Galaxy 
S4 နဲ့ HTC One တို့ အပါအဝင် နောက်ဆုံး ထွက်ရှိလာတဲ့ စမတ်ဖုန်းများမှာလည်း 
802.11ac စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် LTE နည်းပညာရဲ့ 
အမြန်နှုန်းကို အပြည့်အဝ အသုံးချနိုင်မှာ ဖြစ်ပါတယ်။ 
  
 
 
 
 
 
 
ပခုံးကပ်တာ၊ ပခုံးနာတာ၊ ပခုံးခိုင်တာ စတဲ့ လက္ခဏာတွေ ပြတတ်တဲ့ Frozen 
Shoulder ဟာ အဖြစ်များပါတယ်။ အသက် ၄၀-၆၀ ကြား အရွယ်တွေမှာ ဖြစ်တတ်ပြီး 
အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါ
တယ်။
 တစ်ခါတစ်ရံ ပခုံးတင်မက လက်မောင်းတွေ အထိပါ ပျံ့နှံ့ပြီး နာတတ်ပါတယ်။ 
ဒီရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိကြပါဘူး။ အများယူဆတာကတော့ 
ပခုံးအရွတ် (Capsule) က ရောင်လာပြီး ကျုံ့သွားတော့ လှုပ်ရှားမှုက ပုံမှန် 
မဖြစ်တော့တာလို့ ပြောကြပါတယ်။ ပခုံးနာတာက အတော် ဆိုးပါတယ်။ တစ်ခါတလေ 
ညအိပ်လို့တောင် မရအောင် နာတတ်ပါတယ်။ 
 
 
 လက်က ကောင်း 
ကောင်းလှုပ်ရှားလို့ မရတော့ ကျောကုတ်လို့လည်း မရ၊ ခေါင်းဖြီးလို့လည်း 
မရပါဘူး။ အမျိုးသမီး တွေ ဆိုတော့ ဆံပင်တွေ ထုံးလို့မရ၊ ပြင်လို့မရနဲ့ 
ပိုဆိုးပါတယ်။ အင်္ကျီဝတ်ပြီ ဆိုရင်လည်း 
     
 
 
 
 =====
 အတို (၁) 
 =====
 “ဘယ်အချိန်လဲ”
 
 လူတစ်ယောက်ကို တရားသူကြီးက အမိန့်ချနေတယ်... ...
 "စတိုးဆိုင်ကို နေ့အချိန် ဖောက်ထွင်းတဲ့အတွက် ထောင်ဒဏ် ၁၈ လ ကျခံစေ"
  ဒီတော့ တရားခံက ပြန်မေးတယ်... ....
 "လူကြီးမင်းခင်ဗျား၊ အရင်တခါက စတိုးဆိုင်ကို ညအချိန်ဖောက်ထွင်းလို့ဆိုပြီး ထောင် ၁၈ လချတာ မှတ်မိလား"
 "အေး... မှတ်မိတယ်"
 "နေ့ဘက် ဖောက်လည်းထောင်ချ၊ ညဘက် ဖောက်လည်း ထောင်ချဆိုတော့ ကျနော်က ဘယ်အချိန် လုပ်စားရမှာတုန်း ကဲ"
 
 =====
 အတို (၂)
 =====
 “လုံခြုံရေး”
 
 ကားကို ရပ်ထားခဲ့တဲ့နေရာမှ မတွေ့တော့လို့ လုံခြုံရေးကို မေးကြည့်တယ်... ...
 "ကျနော့်ကား ဒီနားမှာရပ်ထားတာ မရှိတော့ဘူး"
 "ဟုတ်တယ်၊ လူတစ်ယောက် မောင်းပြေးတာ မြင်လို့ ပြေးလိုက်သေးတယ် မမှီဘူး"
 "ဒါဆို  သူမျက်နှာကို မှတ်မိလိုက်လား"
 "ဟင့် အင်း"
 "ဟာဗျာ"
 "မပူပါနဲ့ဗျ၊ ကားနံပတ်တော့ မှတ်ထားလိုက်ပါတယ်"
 
 =====
 အတို (၃)
 =====
 “ယောက်ျားကောင်း”
 
 ယောက်ျားကောင်းဆိုတာ... ...
 1. -အရက်မသောက်ဘူး
 2. -ဆေးလိပ်မသောက်ဘူး
 3. -ဖဲမရိုက်ဘူး
 4. -ဘောလုံးပွဲမလောင်းဘူး
 5. -မိန်းမ မလိုက်စားဘူး
 6. -လောကမှာ မရှိဘူး
 
 သန်၎ကို-ဘာသာပြန်သည်
 https://www.facebook.com/thanlayko