ကြောက်စ၇ာကောင်းသည်. ရုပ်၇ှင်ကြည်.ခြင်းကြောင့် နာရီဝက်လမ်းလျှောက်သကဲ့သို. ကယ်လို၇ီလောင်ကွှမ်းနိုင်
ဝက်မင်စတာတက္ကသိုလ်မှ
 သိပ္မံပညာရှင်တွေက ကြောက်စရာကောင်းတဲ့ ရုပ်ရှင်ကားတွေကိုကြည့်တာဟာ 
ကယ်လိုရီတွေ လောင်ကျွမ်းနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ကြောက်စရာကောင်းတဲ့ 
ရုပ်ရှင်ကားတွေကို ကြည့်တာကြောင့် နှလုံးခုန်နှုန်းတွေ မြန်ဆန်လာပြီး 
ဆိုဖာထိုင်ခုံပေါ်မှာ တီဗီကြည့်နေစဉ်အတွင်း နာရီဝက်လမ်းလျှောက်သလိုမျိုး 
ကယ်လိုရီလောင်ကျွမ်းနိုင်တယ်လို့ သိရပါတယ်။ ပျမ်းမျှအားဖြင့် နာရီဝက်စာ 
ရုပ်ရှင်ကြည့်တာဟာ နာရီဝက်လမ်းလျှောက်သလိုမျိုး 
၁၁၃ကယ်လိုရီလောင်ကျွမ်းနိုင်ပါတယ်။ ဒီကယ်လိုရီဟာ ချောကလက်ဘား 
တစ်ချောင်းမှာပါဝင်တဲ့ ကယ်လိုရီနဲ့ ညီမျှပါတယ်။ စတီဗင်စပီးဘက် ရိုက်ကူးတဲ့ 
Jawsရုပ်ရှင်ကားလိုမျိုးကြည့်ရင် ၁၆၁ကယ်လိုရီထိ လောင်ကျွမ်းနိုင်တယ်လို့ 
သိရပါတယ်။ ကြောက်စရာကောင်းတာကြောင့် ခန္ဒာကိုယ်မှ အဒရီနယ်လင် ဟော်မုန်းတွေဟာ
 စိတ်ဖိစီးမှုများရင် ထွက်လာသလိုမျိုး အများကြီးထွက်လာတာကြောင့် 
အစာစားချင်စိတ် လျော့နည်းတာနဲ့ ခန္ဒာကိုယ်ဇီဝဖြစ်ပျက်နှုန်း 
မြင့်မားလာတာဖြစ်တဲ့အတွက် ကယ်လိုရီတွေများစွာ လောင်ကျွမ်းနိုင်တယ်လို့ 
သိပ္မံပညာရှင်တွေက ရှင်းပြပါတယ်။
 ကိုးကား - ပြည်မြန်မာဂျာနယ်
 
 
 
          
      
 
  
No comments:
Post a Comment