လူကြီးသူမများသည် ခရီးသွားလျှင်  သံပရာသီးကို အမြဲဆောင်လေ့ရှိသည်။ 
ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်လျှင် သံပရာသီးကို 
ပွတ်ခြေ၍ရှူရှိုက်သည်။ သံပရာရည် အေးအေးတစ်ခွက် ကလည်း အလွန်အမောပြေစေသည်။ 
သံပရာသီး၊ သံပရာရွက်၊ သံပရာပွင့်၊ သံပရာစေ့၊ သံပရာခွံ၊ သံပရာခေါက်၊ 
သံပရာအမြစ် အား လုံး ဆေးဖက်ဝင်သည်။
 
 သံပရာသီး
 ခေါင်းကိုက်ရောဂါကို လက်ဖက် ရည်ကျကျကျိုပြီး သံပရာရည် ညှစ် သောက်ရသည်။ 
ဆီးအောင့်ခြင်းဖြစ်လျှင် ကြွေမီးဖုတ်နှင့်   သံပရာရည်ဖျော် 
သောက်ရသည်။သရက်ရွက်ကြီးသောရောဂါ  ပျောက်စေရန် သံပရာသီးသနပ် ကို အမြဲစားရသည်။ သံပရာသီး  လတ်လတ်ဆတ် ဆတ်အရည်ကို နှာခေါင်းအတွင်းသို့ညှစ်ထည့်ပေး လျှင် နှာခေါင်း
 သွေးယိုခြင်း ပျောက်စေသည်။ လည်ပင်းတွင်ဖြစ်သောရောဂါ များအတွက် သံပရာရည်ကို
 အနည်းငယ် ပူအောင်လုပ်ပြီးပျား ရည်သင့်အောင်ရောစပ်၍ တစ်နေ့ နှစ်ကြိမ်၊ 
သုံးကြိမ်သောက် ပေးရသည်။ သံပရာသီးကို  ထက်ခြမ်းခွဲ၊ ယင်းအခြမ်းနှင့် ယားနာ၊
 ပွေးနာ၊ အရေပြားတွင်ပေါက်သော အမည်း ကွက်များကို နာနာပွတ်ပေးရသည်။
 
 လျှာကွဲခြင်း၊ လျှာအကွက်ထ ခြင်းများဖြစ်လျှင် သံပရာရည် ကို 
ရေနွေးနှင့်စပ်၍ငုံပေးရသည်။ လှေ၊ သင်္ဘော စီး၍လှိုင်းမူးလျှင်  
သံပရာသီးကိုခွဲ၍ သကြားဖြူးပြီး သောက်ပေးရသည်။ ပျို့အန်လျှင် သံပရာသီးကို   
 နှစ်ခြမ်းခွဲ၍   ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူးပြီး သောက်ပေးရသည်။
 
 ပါးစပ် အနံ့အသက် မကောင်းလျှင် သံပရာရည်တစ်ဆ၊ နှင်းဆီ ရည်နှစ် ဆရော၍ 
နံနက်တိုင်းငုံပေး ရသည်။ နှာစေးလျှင် သံပရာသီးကို ခွဲ၍ ရှူပေးရသည်။
 
 သံပရာစေ့
 သံပရာစေ့ကိုကြိတ်ပြီး နားသယ် တွင်လိမ်းပေးလျှင် ခေါင်းတစ်ခြမ်း 
ကိုက်ရောဂါပျောက်စေသည်။ ဆီးရွှင်စေရန်  သံပရာစေ့ကို ကြိတ်၍ 
ချက်တွင်အုံပေးရသည်။ ယင်းပေါ်တွင်   ဆန်ဆေးရည်    သို့မဟုတ် ဆန်ပုံးရည် 
ဆွတ်ဖျန်းပေး ရသည်။ ဆီးရွှင်စေပါသည်။
 ဆံပင်ပြန်ပေါက်လိုလျှင် သံပရာ 
စေ့ကိုရေနှင့်ကြိတ်၍ နေ့စဉ်ဆံပင် ကိုလိမ်းပေးရသည်။ အဆိပ်ရှိသော  သတ္တဝါများ 
ကိုက်မိလျှင်  အဆိပ်ပြယ်စေရန် သံပရာစေ့ ခုနစ်စေ့ကို ကြိတ်၍ စားရသည်။
 
 သံပရာပွင့်
 အမူးအမော်၊ ဇက်ကြောတက်၊ နောက်ကြောတက်၊ သည်းခြေ ရောဂါများ 
ပျောက်ကင်းလိုလျှင် သံပရာပွင့်နှင့်အညှာကို ဆွတ်၍ လက်ဝါးနှင့်ပွတ်ခြေပြီး 
ရှူရှိုက်ပေး ရသည်။
 
 သံပရာရွက်
 ပွေးရောဂါများနှင့် 
ဝဲစို၊ဝဲ ခြောက်၊ ရေယုန်ရောဂါတို့ကို ပျောက်ကင်းလိုလျှင် သံပရာရွက် 
ကိုပြာချပြီး  နှမ်းဆီ သို့မဟုတ် အုန်းဆီနှင့်ရောစပ်၍ လိမ်းပေးရ သည်။ 
သွားဖုံးရောင်၊ သွားပိုးစားရောဂါ၊ သွားကိုက်ရောဂါ၊ သွားယိုင် 
နဲ့ရောဂါတို့အတွက် သံပရာရည်ကို သုံးခွက်တစ်ခွက်တင်ပြုတ်ကျိုပြီး အရည်ကိုအအေးခံပြီး ပါးစပ်တွင် ငုံပေးရသည်။
 
 သံပရာမြစ်
 အနာဝင်လျှင် သံပရာအမြစ်ကို ဆန်ဆေးရည်နှင့် သွေးသောက်ရသည်။ ကင်းမြီးကောက် 
အဆိပ် အတောက်မိလျှင် သံပရာအမြစ်မှုန့်ကို  ရှာလပတ်ရည်နှင့် သောက်ရသည်။
 
 သံပရာအခွံနှင့်သံပရာအခေါက်
 သံပရာအခွံကိုစားလျှင် လေနာ၊ ရင်နာပျောက်သည်။ မူးဝေရောဂါအတွက် အရိပ်တွင် 
အခြောက်လှမ်းထားသော သံပရာ အခွံကိုရေနှင့်ထည့်စိမ်ပြီး သကြား သင့်ရုံရောစပ်၍
  သောက်ပေးရ သည်။ သံပရာအခေါက်ကို ရေနှင့်ထက် ဝက်ခန့်အောင်ကျိုပြီး 
နံနက် တစ်ကြိမ်၊ ညတစ်ကြိမ်သောက် ပေးလျှင် အဖျားရောဂါပျောက်စေသည်။ 
ယင်းသို့ဖြစ်၍ သံပရာပင်သည် တစ်ပင်လုံး ဆေးအသုံးတည့် လှပါကြောင်းတင်ပြ 
လိုက်ရပါသည်။ ။
 
လူကြီးသူမများသည် ခရီးသွားလျှင်  သံပရာသီးကို အမြဲဆောင်လေ့ရှိသည်။ 
ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်လျှင် သံပရာသီးကို 
ပွတ်ခြေ၍ရှူရှိုက်သည်။ သံပရာရည် အေးအေးတစ်ခွက် ကလည်း အလွန်အမောပြေစေသည်။ 
သံပရာသီး၊ သံပရာရွက်၊ သံပရာပွင့်၊ သံပရာစေ့၊ သံပရာခွံ၊ သံပရာခေါက်၊ 
သံပရာအမြစ် အား လုံး ဆေးဖက်ဝင်သည်။
 
သံပရာသီး
သံပရာသီး
 ခေါင်းကိုက်ရောဂါကို လက်ဖက် ရည်ကျကျကျိုပြီး သံပရာရည် ညှစ် သောက်ရသည်။ 
ဆီးအောင့်ခြင်းဖြစ်လျှင် ကြွေမီးဖုတ်နှင့်   သံပရာရည်ဖျော် 
သောက်ရသည်။သရက်ရွက်ကြီးသောရောဂါ  ပျောက်စေရန် သံပရာသီးသနပ် ကို အမြဲစားရသည်။ သံပရာသီး  လတ်လတ်ဆတ် ဆတ်အရည်ကို နှာခေါင်းအတွင်းသို့ညှစ်ထည့်ပေး လျှင် နှာခေါင်း
သွေးယိုခြင်း ပျောက်စေသည်။ လည်ပင်းတွင်ဖြစ်သောရောဂါ များအတွက် သံပရာရည်ကို အနည်းငယ် ပူအောင်လုပ်ပြီးပျား ရည်သင့်အောင်ရောစပ်၍ တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ်သောက် ပေးရသည်။ သံပရာသီးကို ထက်ခြမ်းခွဲ၊ ယင်းအခြမ်းနှင့် ယားနာ၊ ပွေးနာ၊ အရေပြားတွင်ပေါက်သော အမည်း ကွက်များကို နာနာပွတ်ပေးရသည်။
 
လျှာကွဲခြင်း၊ လျှာအကွက်ထ ခြင်းများဖြစ်လျှင် သံပရာရည် ကို ရေနွေးနှင့်စပ်၍ငုံပေးရသည်။ လှေ၊ သင်္ဘော စီး၍လှိုင်းမူးလျှင် သံပရာသီးကိုခွဲ၍ သကြားဖြူးပြီး သောက်ပေးရသည်။ ပျို့အန်လျှင် သံပရာသီးကို နှစ်ခြမ်းခွဲ၍ ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူးပြီး သောက်ပေးရသည်။
 
ပါးစပ် အနံ့အသက် မကောင်းလျှင် သံပရာရည်တစ်ဆ၊ နှင်းဆီ ရည်နှစ် ဆရော၍ နံနက်တိုင်းငုံပေး ရသည်။ နှာစေးလျှင် သံပရာသီးကို ခွဲ၍ ရှူပေးရသည်။
 
သံပရာစေ့
သံပရာစေ့ကိုကြိတ်ပြီး နားသယ် တွင်လိမ်းပေးလျှင် ခေါင်းတစ်ခြမ်း ကိုက်ရောဂါပျောက်စေသည်။ ဆီးရွှင်စေရန် သံပရာစေ့ကို ကြိတ်၍ ချက်တွင်အုံပေးရသည်။ ယင်းပေါ်တွင် ဆန်ဆေးရည် သို့မဟုတ် ဆန်ပုံးရည် ဆွတ်ဖျန်းပေး ရသည်။ ဆီးရွှင်စေပါသည်။
ဆံပင်ပြန်ပေါက်လိုလျှင် သံပရာ စေ့ကိုရေနှင့်ကြိတ်၍ နေ့စဉ်ဆံပင် ကိုလိမ်းပေးရသည်။ အဆိပ်ရှိသော သတ္တဝါများ ကိုက်မိလျှင် အဆိပ်ပြယ်စေရန် သံပရာစေ့ ခုနစ်စေ့ကို ကြိတ်၍ စားရသည်။
 
သံပရာပွင့်
အမူးအမော်၊ ဇက်ကြောတက်၊ နောက်ကြောတက်၊ သည်းခြေ ရောဂါများ ပျောက်ကင်းလိုလျှင် သံပရာပွင့်နှင့်အညှာကို ဆွတ်၍ လက်ဝါးနှင့်ပွတ်ခြေပြီး ရှူရှိုက်ပေး ရသည်။
 
သံပရာရွက်
ပွေးရောဂါများနှင့် ဝဲစို၊ဝဲ ခြောက်၊ ရေယုန်ရောဂါတို့ကို ပျောက်ကင်းလိုလျှင် သံပရာရွက် ကိုပြာချပြီး နှမ်းဆီ သို့မဟုတ် အုန်းဆီနှင့်ရောစပ်၍ လိမ်းပေးရ သည်။ သွားဖုံးရောင်၊ သွားပိုးစားရောဂါ၊ သွားကိုက်ရောဂါ၊ သွားယိုင် နဲ့ရောဂါတို့အတွက် သံပရာရည်ကို သုံးခွက်တစ်ခွက်တင်ပြုတ်ကျိုပြီး အရည်ကိုအအေးခံပြီး ပါးစပ်တွင် ငုံပေးရသည်။
 
သံပရာမြစ်
အနာဝင်လျှင် သံပရာအမြစ်ကို ဆန်ဆေးရည်နှင့် သွေးသောက်ရသည်။ ကင်းမြီးကောက် အဆိပ် အတောက်မိလျှင် သံပရာအမြစ်မှုန့်ကို ရှာလပတ်ရည်နှင့် သောက်ရသည်။
 
သံပရာအခွံနှင့်သံပရာအခေါက်
သံပရာအခွံကိုစားလျှင် လေနာ၊ ရင်နာပျောက်သည်။ မူးဝေရောဂါအတွက် အရိပ်တွင် အခြောက်လှမ်းထားသော သံပရာ အခွံကိုရေနှင့်ထည့်စိမ်ပြီး သကြား သင့်ရုံရောစပ်၍ သောက်ပေးရ သည်။ သံပရာအခေါက်ကို ရေနှင့်ထက် ဝက်ခန့်အောင်ကျိုပြီး နံနက် တစ်ကြိမ်၊ ညတစ်ကြိမ်သောက် ပေးလျှင် အဖျားရောဂါပျောက်စေသည်။ ယင်းသို့ဖြစ်၍ သံပရာပင်သည် တစ်ပင်လုံး ဆေးအသုံးတည့် လှပါကြောင်းတင်ပြ လိုက်ရပါသည်။ ။
သွေးယိုခြင်း ပျောက်စေသည်။ လည်ပင်းတွင်ဖြစ်သောရောဂါ များအတွက် သံပရာရည်ကို အနည်းငယ် ပူအောင်လုပ်ပြီးပျား ရည်သင့်အောင်ရောစပ်၍ တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ်သောက် ပေးရသည်။ သံပရာသီးကို ထက်ခြမ်းခွဲ၊ ယင်းအခြမ်းနှင့် ယားနာ၊ ပွေးနာ၊ အရေပြားတွင်ပေါက်သော အမည်း ကွက်များကို နာနာပွတ်ပေးရသည်။
လျှာကွဲခြင်း၊ လျှာအကွက်ထ ခြင်းများဖြစ်လျှင် သံပရာရည် ကို ရေနွေးနှင့်စပ်၍ငုံပေးရသည်။ လှေ၊ သင်္ဘော စီး၍လှိုင်းမူးလျှင် သံပရာသီးကိုခွဲ၍ သကြားဖြူးပြီး သောက်ပေးရသည်။ ပျို့အန်လျှင် သံပရာသီးကို နှစ်ခြမ်းခွဲ၍ ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူးပြီး သောက်ပေးရသည်။
ပါးစပ် အနံ့အသက် မကောင်းလျှင် သံပရာရည်တစ်ဆ၊ နှင်းဆီ ရည်နှစ် ဆရော၍ နံနက်တိုင်းငုံပေး ရသည်။ နှာစေးလျှင် သံပရာသီးကို ခွဲ၍ ရှူပေးရသည်။
သံပရာစေ့
သံပရာစေ့ကိုကြိတ်ပြီး နားသယ် တွင်လိမ်းပေးလျှင် ခေါင်းတစ်ခြမ်း ကိုက်ရောဂါပျောက်စေသည်။ ဆီးရွှင်စေရန် သံပရာစေ့ကို ကြိတ်၍ ချက်တွင်အုံပေးရသည်။ ယင်းပေါ်တွင် ဆန်ဆေးရည် သို့မဟုတ် ဆန်ပုံးရည် ဆွတ်ဖျန်းပေး ရသည်။ ဆီးရွှင်စေပါသည်။
ဆံပင်ပြန်ပေါက်လိုလျှင် သံပရာ စေ့ကိုရေနှင့်ကြိတ်၍ နေ့စဉ်ဆံပင် ကိုလိမ်းပေးရသည်။ အဆိပ်ရှိသော သတ္တဝါများ ကိုက်မိလျှင် အဆိပ်ပြယ်စေရန် သံပရာစေ့ ခုနစ်စေ့ကို ကြိတ်၍ စားရသည်။
သံပရာပွင့်
အမူးအမော်၊ ဇက်ကြောတက်၊ နောက်ကြောတက်၊ သည်းခြေ ရောဂါများ ပျောက်ကင်းလိုလျှင် သံပရာပွင့်နှင့်အညှာကို ဆွတ်၍ လက်ဝါးနှင့်ပွတ်ခြေပြီး ရှူရှိုက်ပေး ရသည်။
သံပရာရွက်
ပွေးရောဂါများနှင့် ဝဲစို၊ဝဲ ခြောက်၊ ရေယုန်ရောဂါတို့ကို ပျောက်ကင်းလိုလျှင် သံပရာရွက် ကိုပြာချပြီး နှမ်းဆီ သို့မဟုတ် အုန်းဆီနှင့်ရောစပ်၍ လိမ်းပေးရ သည်။ သွားဖုံးရောင်၊ သွားပိုးစားရောဂါ၊ သွားကိုက်ရောဂါ၊ သွားယိုင် နဲ့ရောဂါတို့အတွက် သံပရာရည်ကို သုံးခွက်တစ်ခွက်တင်ပြုတ်ကျိုပြီ
သံပရာမြစ်
အနာဝင်လျှင် သံပရာအမြစ်ကို ဆန်ဆေးရည်နှင့် သွေးသောက်ရသည်။ ကင်းမြီးကောက် အဆိပ် အတောက်မိလျှင် သံပရာအမြစ်မှုန့်ကို ရှာလပတ်ရည်နှင့် သောက်ရသည်။
သံပရာအခွံနှင့်သံပရာအခေါက်
သံပရာအခွံကိုစားလျှင် လေနာ၊ ရင်နာပျောက်သည်။ မူးဝေရောဂါအတွက် အရိပ်တွင် အခြောက်လှမ်းထားသော သံပရာ အခွံကိုရေနှင့်ထည့်စိမ်ပြီး သကြား သင့်ရုံရောစပ်၍ သောက်ပေးရ သည်။ သံပရာအခေါက်ကို ရေနှင့်ထက် ဝက်ခန့်အောင်ကျိုပြီး နံနက် တစ်ကြိမ်၊ ညတစ်ကြိမ်သောက် ပေးလျှင် အဖျားရောဂါပျောက်စေသည်။ ယင်းသို့ဖြစ်၍ သံပရာပင်သည် တစ်ပင်လုံး ဆေးအသုံးတည့် လှပါကြောင်းတင်ပြ လိုက်ရပါသည်။ ။
facebook မှ
No comments:
Post a Comment