ပြည့်ဝဆီ ကြွယ်ဝစွာ ပါဝင်သော အစားအစာ 
များက ဦးနှောက် အတွင်းရှိ လူတစ်ယောက်၏ အစာစားချင် စိတ်ကို ထိန်းညှိပေးသော 
နေရာအား ပျက်စီးစေနိုင်ကြောင်း လေ့လာမှု တစ်ခုမှ တွေ့ရှိ ထားပါတယ်။
ဦးနှောက်ရဲ့ အောက်ခြေမှာ ရှိသော 
ဟိုက်ပိုသား လမတ်စ်လို့ ခေါ်တဲ့ နေရာက လူတွေ စားသုံးသော အစား အစာ၏ ပမာဏနှင့်
 စွမ်းအင် သုံးစွဲမှုကို ထိန်းချုပ် ပေးပါတယ်။ အဝလွန်သူ များတွင် 
ဤထိန်းချုပ်မှု ပျက်ပြား သွားပြီး အလုပ်မလုပ်တော့တဲ့အတွက် အစားတွေ 
ပိုစားမိခြင်း ဖြစ်ပါတယ်။
ကြွက်များဖြင့် စမ်းသပ်မှုအရ အဆီမြင့် 
မားသော အစားအစာများက ဟိုက်ပို သားလမတ်စ်ကို ထိခိုက် ဒဏ်ရာဖြစ် စေကြောင်း 
သိရပါတယ်။ ထိုမှတစ်ဆင့် စွမ်းအင်ထိန်းညှိမှု ပျက်ပြားသွား ပြီး 
ကိုယ်အလေးချိန် တက်လာကာ အဝလွန်ရခြင်း ဖြစ်ပါတယ်။
http://www.myawady.com.mm/health/preventing/item/3256-2013-01-01-09-54-56