စွဲစွဲလမ်းလမ်း ချစ်မိတာ သူ့ကို
 ဒါပေမယ့် ရူးရူးမူးမူး တမ်းတနေရုံကလွဲပြီး
 ငါ ဘာများ တတ်နိုင်ဦးမှာလဲ .....
 အဆိုးရွားဆုံး လက်ရှိဘ၀ထဲ
 အရိုးသားဆုံး ၀န်ခံချင်တာက
 မင်းကို အရမ်းချစ်တယ် ဆိုတာပါဘဲ .....
 အသုံးချခံ ကံတရားရဲ့ လှည့်ကွက်ထဲ
 အသုံးမကျတဲ့ ငါ့ကိုယ်ငါ အပြစ်တင်ရင်း
 အဆုံးဆမဲ့ ချစ်ခဲ့မိတာက ငါရူးဖို့သက်သက်အတွက်ဆိုတာ နားလည်ပါတယ် .....
 ဒါပေမယ့် ~~~~~
 အိပ်မရညတွေထဲ
 ငါ့နှလုံးသားက မင်းနာမည်တွေ ပဲ့တင်ခတ်လာချိန်မှာတော့
 စွန်းထင်းသွားတဲ့ ငါ့ဘ၀ကို ပြန်စဉ်းစားရင်း
 ပင့်သက်ရှိုက် မရဲတရဲဆုတောင်းမိတယ် ...
 ~~~ ချစ်ခွင့်ရှိပါစေလို့ ~~~
အောင်ကျော်မြင့်(akmyint.kooo@gmail.com)
မြေထဲပင်လယ်စတိုင် အစားအသောက်များက နှလုံးရောဂါ ဖောက်နိုင်ခြေကို 
လျော့နည်း ကျဆင်းစေကြောင်း  သုတေသီများက ပြောကြားလိုက်သည်။ 
မြေထဲပင်လယ်စတိုင် အစားအသောက် ဆိုသည်မှာ သံလွင်ဆီများမျာ
း၊
 မြေပဲများ၊ ငါး၊ ကြက်သား၊ ပဲသီး၊ ဆလတ်ရွက်၊ ခရမ်းချဉ်သီး အချဉ်ရည်၊ 
ဝိုင်နှင့် အကင်အချို့ကို ခြုံငုံဆိုလိုခြင်း ဖြစ်သည်။ နယူးအင်္ဂလန် ဆေးပညာ 
ဂျာနယ်က မြေထဲပင်လယ်စတိုင် စားသောက်မှု ပုံစံသည် ကျန်းမာရေး ကဏ္ဍအတွက် 
အထောက်အကူ ဖြစ်စေမည့် ရွေးချယ်သင့်သော စံနှုန်းတစ်ရပ်ဟု ဖော်ပြထားသည်။ 
ငါးအဆီ၊ သီးနှံနှင့် အရွက်များ ကြွယ်ဝစွာ ပါဝင်သော စားသောက်မှု ပုံစံသည် 
နှလုံးနှင့်ဆိုင်သော ရောဂါများကို ကာကွယ်ပေးပြီး အထူးသဖြင့် 
လေဖြတ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း သိရသည်။
အဆီဓာတ်နည်းသော အစားအစာများသည် ကျန်းမာရေးအတွက် အဓိက အထောက်အကူ 
ဖြစ်စေသည်ဆိုသော ယခင်ယူဆချက်နှင့် ယခုတွေ့ရှိချက်မှာ သိသိသာသာ 
ခြားနားနေသည်။ ယခုသုတေသန စစ်တမ်းအတွက် စပိန်နိုင်ငံမှ အသက် (၅၅) နှစ်မှ 
(၈၀) ကြား သက်ကြီးပိုင်း လူပုဂ္ဂိုလ် (၇၅၀၀) ၏ နေထိုင်စားသောက်မှု 
ပုံစံများကို (၅) နှစ်စာ အချိန်ယူ လေ့လာခဲ့ရသည်။ ယခု သုတေသန 
တွေ့ရှိချက်အတွက် ဦးဆောင်ခဲ့သည့် ပညာရှင် မာတီနက်ဇ်ဂွန်ဇာလက်ဇ်က ၎င်းနှင့် ၎င်း၏ 
လုပ်ဖော်ကိုင်ဖက်များသည် မြေထဲပင်လယ် အစားအစာများက နှလုံးသွေးကြောများနှင့်
 သက်ဆိုင်သော ထိခိုက်မှုများကိုလည်း သိသိသာသာ လျော့နည်းစေသည်ဟု 
လက်ခံထားကြောင်းပါ ပြောကြားသွားသည်။
 Source: Xinhua
 BY PLANET 
တီဗီရှေ့မှာ ဗီဒီယိုဂိမ်းများကို အချိန်နာရီ အကြာကြီးထိုင် ကစားလေ 
ကလေးများ၏ မျက်စိအမြင် အာရုံ ထိခိုက်မှုများလေဖြစ်ကြောင်း မကြာသေးမီက 
လေ့လာချက်အရ တွေ့ရှိဖော်ထုတ်နိုင် ပြီဖြစ်တယ်။ ဆစ်ဒနီြ
ပည်သူ့ကျန်းမာရေး
 တက္ကသိုလ်မှ ၅ နှစ်ကြာ လေ့လာ ချက်အရ အသက် ၆ နှစ်အောက် ကလေးတွေ အိမ်အပြင်ဘက်
 နေရောင် ခြည်အောက်မှာ အနည်းဆုံး တစ်ပတ် လျှင် ၁၀ နာရီခန့် ကစားခုန်စား 
လုပ်သင့်တယ်။ 
 သို့မှသာ အဝေးမှုန် ခြင်းမှ နည်းပါးလျှော့ချနိုင်တယ်လို့ 
ဆိုပါတယ်။ သုတေသနခေါင်းဆောင် မျက်စိ အထူးကုဆရာဝန် ကက်သရင်းရို့စ်၏ 
ပြောကြားချက်အရ အသက်ငယ်စဉ် ကလေးတွေဟာ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ပါက
 မျက်စိဖွံ့ဖြိုး ကြီးထွားမှုဖြစ်စေတယ်။ ထိုအခါ မျက်စိအိမ် (Eyeball) သည် 
လုံးဝန်း မနေဘဲ ဘဲဥပုံသွယ်လာပြီး မှန်ဘီလူး မှ ဝင်လာသည့် အလင်းဟာ မြင်လွှာ 
(Retina) ပေါ် ကျရောက်စေကာ ပုံရိပ်ကို မြင်စေပါတယ်လို့ ရှင်းပြပါ တယ်။
အမေရိကန်မျက်စိဆိုင်ရာ ဂျာနယ် မှာ ပုံနှိပ်ဖော်ပြထားတဲ့ သုတေသန အဖွဲ့က 
အကြံပေးတာကတော့ယနေ့ ခေတ်မှာ အဖြစ်များနေတဲ့ မျက်စိ အဝေးမှုန်ရောဂါဟာ 
ငယ်ရွယ်စဉ်က ပင် ပညာရေးထိပ်တန်း အောင်မြင်လို တဲ့ ကလေးများ ဥပမာ- စင်ကာပူ၊ 
တရုတ် (တိုင်ပေ) နှင့် ကိုရီးယားနိုင်ငံ တို့မှ လူတော်လေးများဖြစ်အောင် 
ကြိုးစားနေတဲ့ ကလေးတွေမှာ ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းထိ ဖြစ်ပွား 
နေကြောင်း တွေ့ရှိတယ်လို့ သိရပါ တယ်။ ပါမောက္ခ ရို့စ်ရဲ့ အကြံပေးချက် ကတော့ 
ကျောင်းတွေမှာ ကလေး တွေကို လေအေးပေးစက်နဲ့ မီးရောင် ရှိတဲ့ 
အလုံပိတ်အခန်းတွေထဲမှာချည်း စာသင်တာမျိုးမဟုတ်ဘဲ ကျောင်းခန်း အပြင်ဘက် 
နေရောင်အောက်မှာ စာသင်ပေးကြပါလို့ တိုက်တွန်းထား ပါတယ။ 
 မေ
 BY HEALTH DIGEST
ကျန်းမာရေးစာတိုများစုစည်းမှု(facebook) 
ဇာတ်ပါဠိတော်တွင် လာရှိသော မိန်းမပျက်အင်္ဂါ(၂၅)ချက် 
 ၁။ လင်ယောက်ျား အရပ်တစ်ပါးသွားတာကို ချီးမွမ်းတတ်ခြင်း။
 ၂။ အရပ်ဝေးသွားသော လင်ယောက်ျားအား အမှတ်မရတတ်ခြင်း။
 ၃။ လင်ပြန်ရောက်လာသည်ကို မနှစ်သက်ခြင်း။
 ၄။ လင်ယောက်ျား ဂုဏ်ကျေးဇူးမဲ့အောင် ပြောဆိုတတ်ခြင်း။
 ၅။ လင်ယောက်ျားအပေါ်တွင် ချီးမွမ်းစကား မပြောဆိုတတ်ခြင်း။
 ၆။ လင်ယောက်ျားအပေါ်တွင် အကျိုးမဲ့ကိုသာ ပြုတတ်ခြင်း။
 ၇။ လင်ယောက်ျားအပေါ်တွင် အကျိုးရှိသည်ကို မပြုတတ်ခြင်း။
 ၈။ လင်ယောက်ျားအပေါ်တွင် ပြုလုပ်ပေးရမည့်တာဝန်ကို မပြုလုပ်ပေးခြင်း။
 ၉။ လင်ယောက်ျားအပေါ်တွင် မပြုလုပ်ပေးသင့်တဲ့အမှုများသာ ပြုလုပ်ပေးခြင်း။
 ၁၀။ အ၀တ်ကို မြဲစွာဝတ်၍ အိပ်တတ်ခြင်း။
 ၁၁။ လင်ကို ကျောပေးအိပ်ခြင်း။
 ၁၂။ ကပြောင်းကပြန် အိပ်တတ်ခြင်း။
 ၁၃။ အသက်ရှု ကြမ်းတမ်းစွာ အိပ်တတ်ခြင်း။
 ၁၄။ လင်ယောက်ျား စိတ်ဆန္ဒကို ဆန့်ကျင့်ဘက်လုပ်ပြီး စိတ်ဆင်းရဲအောင် ပြုလုပ်တတ်ခြင်း။
 ၁၅။ ကျင်ကြီးကျင်ငယ်စွန့်ရန် ခဏခဏ သွားတတ်ခြင်း။
 ၁၆။ ဖောက်ပြန်သော အကျင့်ကို ကျင့်တတ်ခြင်း။
 ၁၇။ ကျန်းမာရေးဖောက်ပြန်ချင်ယောင် ဆောင်တတ်ခြင်း။
 ၁၈။ တခြားယောက်ျားအသံကို နားစွင့်ပြီး နားထောင်တတ်ခြင်း။
 ၁၉။ လင်ယောက်ျားရှာဖွေထားသော ပစ္စည်းဥစ္စာကို မတရားဖြုန်းတီးပစ်တတ်ခြင်း။
 ၂၀။ တဏှာကာမစိတ်နဲ့ အိမ်နီးချင်းယောက်ျားများကို အကျွမ်းဝင်တတ်ခြင်း။
 ၂၁။ အချိန်အခါမဲ့တွင် လင်ငယ်ရှာဖွေရန် လမ်းတကာသို့ ၀င်ထွက်သွားလာတတ်ခြင်း။
 ၂၂။ လင်ငယ်နေပြီး လင်ကြီးပေါ်တွင် ရိုသေခြင်းမရှိဘဲ မကောင်းကြံတတ်ခြင်း။
 ၂၃။ အိမ်တံခါးဝတွင် အမြဲလိုလို နေထိုင်တတ်ခြင်း။
 ၂၄။ ခန္ဓာကိုယ် အင်္ဂါကြီးငယ်တို့ကို ဖော်ပြတတ်ခြင်း။
 ၂၅။ အရပ်တကာ လျှောက်သွားတတ်ခြင်းတို့ ဖြစ်ပါပေတယ်။ (မဟာကုဏာလဇာတ်၊ ဇာတကပါဠိတော်၊ ဒုတိယအုပ်၊ စာမျက်နှာ(၁၂၁)
 အိမ်ထောင်သည်ဘ၀တွင် ယောက်ျားမိန်းမနှစ်ဦးတို့ မကွဲကွာအောင် 
ဘယ်လိုပြုမှုနေထိုင်ရမလဲလို့ မေးထားတဲ့မေးခွန်းကို မိန်းမသားဘက်က 
မိန်းမပျက်အင်္ဂါများမှ ရှောင်ကြဉ်နိုင်ပြီး ယောက်ျားသားဘက်ကလည်း 
မိမိဇနီးမယားကို စောင့်ကြည့်ကာ သတိပေးပြင်ဆင်ပေးနိုင်ဖို့ မိန်းမသားများ 
ရှောင်ကြဉ်ရမဲ့ အချက်အလက်တွေကို ရေးပေးလိုက်ပါတယ်။ မကြာခင် 
ယောက်ျားသားများရှောင်ကြဉ်ရမဲ့ အချက်တွေလည်း တင်ပေးပါဦးမယ်။
ဒီအချက်အလက်များကို ရေးသားပေးရခြင်းမှာ မိန်းမများကလည်း မိမိတို့ 
ဒီအချက်တွေထဲက တော်တော်များများ ဖြစ်နေပြီဆိုရင် မိမိကိုယ်ကို 
မိန်းမပျက်မဖြစ်အောင် စောင့်ထိန်းနိုင်ဖို့၊ ယောက်ျားများကလည်း 
မိမိဇနီးမယားဟာ မိန်းမပျက် ဟုတ်မဟုတ်ကို စိစစ်တတ်ပြီး နှစ်ဦးနှစ်ဘက် 
အကျိုးရှိစေလိုတဲ့ စေတနာနဲ့ ရေးသားပေးလိုက်တာပါ။
 မိန်းမသားများကလည်း မိန်းမပျက်ဘ၀မှ လွတ်ကင်းကြကာ ယောက်ျားသားများလည်း မိန်းမပျက်များနဲ့ ကင်းရှင်းကြပါစေလို့ ဆန္ဒပြုလျက်....။
 အရှင်ကောမလ ဆန်နီနေမင်း 
ပန်းသီးဟာ
 လူတွေအဆိုအရ တားမြစ်သီးလို့လည်း အမည်တွင်ခဲ့တာပါ။ အာဒံနဲ့ ဧ၀ ကို 
ရည်ညွှန်းပြီး ဒီ ပန်းသီးဆိုတာ ကို စားသုံးဖို့ တားမြစ်ခဲ့ရာက စခဲ့တယ် 
ထင်ပါတယ်။ 
  အခုတော့ ပန်းသီးကို တားမြစ်သီးအ
ဖြစ်ကနေ သတိထားစားရမည့် အသီးအဖြစ် ပြောင်းလဲ ခေါ်ဝေါ်ရမယ့် ကိန်း ဆိုက်နေပါတယ်။ 
 ဒါကတော့ ဈေးကွက်ထဲမှာ နိုင်ငံပေါင်းစုံက ပန်းသီးတွေကို တွေ့နေ၊ 
မြင်နေကြဖြစ်မှာပါ။ အရောင်အဆင်း စိုစိုပြေပြေ နဲ့ လှပပြီး 
ဆွဲဆောင်မှုအပြည့်နဲ့ စားချင်စဖွယ် ပန်းသီးတွေထဲမှာ တချို့ တံဆိပ်တွေနဲ့ 
ပန်းသီး တချို့ဟာ သတိထားပြီး စားရပါ့မယ်။ 
 ဘာကြောင့်လည်းဆိုတော့ ပန်းသီးတလုံးချင်းစီရဲ့ အပေါ်ယံပါးပါးမှာ ဓာတုဆေးနဲ့စီမံထားတဲ့ ဖယောင်းတွေ အုပ်ထား လို့ပါပဲ။ 
 အခုလို ဖယောင်းဖုံးအုပ်ထားရတာကလည်း ပန်းသီးကို ကြာကြာခံအောင် ပန်းသီးထဲက ရေဓာတ် မခမ်း
 ခြောက်သွားအောင် အထူး စီမံမှု တခုဖြစ်သလို အရောင်အဆင်း၊ အနံ့အရသာ 
မပျက်ဆီးပဲ ဈေးကွက် မှာ ဈေးပန်းလှအောင်အတွက်ဖြစ်တယ်လို့ သိရပါတယ်။ 
 အကယ်လို့ အဲဒီ ပန်းသီးကို အုပ်ကာထားတဲ့ ဖယောင်းကို စားသုံးလိုက်ရင်တော့ သင့် ကျန်းမာရေးအတွက် ဒုက္ခတွေ ဆင့်ကဲဖြစ်လာမှာပါ။ 
 ပန်းသီးစားရင်း ကျန်းမာရေးအတွက်အထောက်အကူ ကောင်းကျိုးတွေ အများကြီး ရှိတာမှာ သက်လုံ
 ကောင်းတာ၊ အဆုပ် အားကောင်းတာ၊ သွေးသန့်တာ၊ ကာမအားကောင်းတာ၊ 
မျက်လုံးကောင်းစေတာ၊ အသားအရေ စိုပြေလှပစေ တာ စတဲ့ကောင်းခြင်းတွေအပြင် 
အသက်ရှည်စေတဲ့ သစ်သီးလို့တောင် ဆိုကြပါတယ်။ 
 ဒါပေမယ့် 
ဖယောင်းအုပ်ထားတဲ့ ပန်းသီးစားတဲ့အခါ ဖယောင်းကိုပါ စားမိရင် 
ဖြစ်လာနိုင်တဲ့ရောဂါတွေက အူနဲ့ ပတ် သက်တဲ့ ဆိုးကျိုး၊ အစာအိမ်နဲ့ ပတ် 
သက်တဲ့ ဆိုးကျိုးတွေအပြင် သွေးနဲ့ပတ်သက်တဲ့ ဆိုးကျိုး လည်းဖြစ်လာနိုင်သလို 
ကင်ဆာရောဂါအထိပါ ဖြစ်နိုင်တယ် လို့ အနောက်နိုင်ငံက ဆေးသိပ္ပံ ပညာရှင်တွေ က 
ဆိုထားပါတယ်။ 
 ဒါကြောင့် ဖယောင်း အုပ်ထားတယ်၊ အုပ်မထားဘူးဆိုတာ 
သေချာ မသိနိုင်သလို တော်ရုံဆေးကြောရုံနဲ့ လည်း အဲဒီဖယောင်းဟာ သန့်ရှင်း 
စင်ကြယ် မသွားပါဘူး။ အန္တရာယ် ကင်းကင်း စားသုံး ချင်တယ်ဆို ရင်တော့ 
ပန်းသီးကို အခွံနွှာပြီး သေချာ ရေနဲ့ စင်ကြယ်အောင်ဆေးပြီးမှ စားသုံးတာ 
စိတ်ချရပါမယ် လို့  သတိပေး ရေးသားလိုက်တာပါ။ 
 ပန်းသီးနဲ့ ဖယောင်းအကြောင်းကို www.apal.org.au မှာလည်း အကျယ်တ၀ံ့ဖတ်နိုင်ပါတယ်။ 
 ဧရာဝတီblog 
အခု တွေ့မြင်ရတဲ့ပုံကတော့ အိမ်ရှင်မတွေအတွက်တော်တော်လေး
အဆင်ပြေစေမှာ ဖြစ်သလို စားဖိုမှုးတွေအတွက် သင့်တော်စေမယ့် ဒစ်ဂျစ်တယ် စနစ်နဲ့ချိန်ညှိပေးမယ့်ဇွန်းပဲဖြစ်ပါတယ်၊
 ဟင်းချက်ရာမှာ ဆီကိုချိန်ဆထည့်သွင်းရန် အခက်ခဲဖြစ်နေသူတွေအတွက် 
အထူးသင့်လျှော်စေမှာဖြစ်သလို မိမိထည့်သွင်း ချင်တဲ့ပမာဏကိုလည်း 
ကိန်းဂဏန်းနဲ့ တိတိကျကျဖော်ပြပေးသွားမှာဖြစ်ပါတယ်၊
 အလေးချိန် ၃၀၀၀ ဂရမ်အထိ တင်ဆောင်ချိန်ညှိနိုင်သလို အမျိုးအစား
 လိုက်အသုံးပြုလို့ရမယ့် ခွက်တွေဇွန်းတွေတပ်ဆင် ချိန်ဆပေးမှာဖြစ်ပါ
 တယ်၊amazon.com မှာ ၁၀.၇၉ ဒေါ်လာနဲ့ ရောင်းချပေးနေပြီဖြစ်ကြောင်း
 သိရပါတယ်၊
 Ref:techblog
 Khun Nay(stuff myanmar) 
အဘယ်ကြောင့် ဆိုသော ဒီရောဂါဟာ မျက်လုံးအတွင်း ကြိုးတစ်ချောင်း ဝင်နေသော ပုံသဏ္ဍန်နှင့် တူသောကြောင့် ဖြစ်ပါတယ်။ 
 မကြာသေးခင်က အမျိုးသမီး တစ်ယောက်၏ မျက်လုံးမှာ တွေ့ရှိခဲ့တာပါ။
 အဲဒီအမျို
းသမီး၏ မျက်လုံးကို ထိခိုက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။
 ထို့နောက် သူမ၏ မျက်လုံးမှာ ကြိုးတစ်ချောင်း ဝင်နေသကဲ့သို့ ထင်ရသော ကပ်ပါးကောင်ကို တွေ့ရှိခဲ့ပါတယ်။
 ဒီရောဂါဟာ လူတစ်ယောက်ကနေ တစ်ယောက်ကူးစက် နိုင်သောရော
 ဂါဖြစ်ပါတယ်။ ဒီရောဂါဟာ မျက်လုံးအတွင်း ပြင်းထန်သော ကိုက်ခဲမှုကို
 ဖြစ်စေလို့ တတ်ကျွမ်းသူတွေက ဆိုပါတယ်။
 ဒီရောဂါဟာ အာရှတိုက်မှာ စတင်ဖြစ်ပွားခဲ့တာပါ။ ရောဂါကူးစက် ခံရလျှင်
 မျက်လုံးကန်းသွား နိုင်ပါတယ်။ မျက်ကပ်မှန်ကို အချိန်အတော်ကြာ ဝတ်ဆင်သော သူများလည်း ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
 ဒီရောဂါကို ကာကွယ်ဖို့ ဆရာဝန်များ ကြိုးစားလျက် ရှိပါတယ်။
 Ref - Anuksa
 Kyaw Lin Naing (MM Social Sky)
 အေးချမ်းမွန် Copy & Cridet To > Myanmar International News 
ဒီစာအုပ် ကို ရေးသားတဲ့ " ခိုင်မြဲသာ" ကို ကျေးဇူးတင်ပါတယ်
ကဲ ကျွန်တော် Friends တွေ လည်း အဆင်ပြေပါစေ ဆိုပြီးးး ကျွန်တော်လည်း ရိုက်လိုက်ရတာ လ
ျှာထွက်နေပြီ
 NOTE Pad ထဲကို ပြောင်း SAVE လိုက်နော် အဆင်ပြေပါစေ.....H2
 Business is business - (စီးပွားရေးက စီးပွားရေးပဲ)
 Money talks - ( ပိုက်ဆံ စကားပြောတယ်)
 Tall that to the marines - ( တောမှာသွားပြော)
 Lead your own way - ( ကိုယ့်သမိုင်းကိုယ်ရေး)
 Are you nuts? - ( မင်းရူးနေလား)
 You are very talkative - (မင်းအရမ်းစကားများတာပဲ)
 Behave yourself - ( ယဉ်ယဉ်ကျေးကျေးပြုမူပါ)
 That's the beauty of it - ( အဲဒါလေးတွေချစ်ဖို့ ကောင်းတာ )
ဆိုဒါသောက်ခြင်း၏ ဆိုးကျိုးများဆိုဒါကို စွဲနေပါသလား။ ကာဗွန်ထည့်သွင်း 
ထားတဲ့ ဆိုဒါရည် အများကြီး သောက်ခြင်းသည် မက်သမ်ဖက် တမင်းနှင့် ခရက်ကိုကင်း
 သုံးသလိုပဲသွားတွေထိခိုက်ပျက်စီးနိုင်ကြောင်း 
လေ့လာချက်
 တစ်ခုမှ အံ့ဩဖွယ်ရာ တွေ့ရှိခဲ့ပါတယ်။ တရားမဝင် ဆေးဝါး များနှင့် ဆိုဒါကို 
မဟားတရား စား သောက်ခြင်းတို့ကသွားတွေ တစ်စတစ်စ 
တိုက်စားခံရသလိုဖြစ်ခြင်းဖြင့် ခံတွင်းကို ထိခိုက်ပျက်စီးစေနိုင်ပါသတဲ့။ 
အက်စစ်ဓာတ်က သွားများပေါ်ရှိြွေကသွားတွေကိုပါ ထိခိုက်ပျက်စီးစေပါတယ်။
 ကြွေသွားလွှာကို ကာကွယ်ထားခြင်းမရှိပါက သွားတွေဟာ ပိုပြီးအပေါက်တွေဖြစ် 
လွယ်ပါတယ်။ ဒီ့အပြင်သွားအက်ကွဲခြင်း၊ အရောင်မလှဖြစ်ခြင်းတွေ 
ရှိလာနိုင်ပါသတဲ့။
 မက်သမ်ဖက်တမင်း သုံးခဲ့တဲ့သူ၊ ကိုကင်းကို 
အကြာကြီးသုံးစွဲတဲ့သူနှင့် ဆိုဒါအလွန်အကျူးသောက်သူ သုံးဦး၏ 
သွားနှင့်ခံတွင်းထိခိုက်ပျက်စီးမှုကို
 လေ့လာနှိုင်းယှဉ်ကြည့်ခဲ့ရာ ထိုသူအားလုံးမှာ ခံတွင်းကျန်းမာရေးညံ့ဖျင်း လှကြောင်း တွေ့ခဲ့ရပါတယ်။ 
 အဓိက ကတော့သွားဆရာဝန်ထံ သွားရောက်
 ပြသခြင်းလည်းမရှိခဲ့ကြပါဘူးတဲ့။ သုတေသီများ တွေ့ရှိတာကတော့ ထိုလူသုံးဦး၏ 
ခံတွင်းမှာ သွားများတိုက်စားပျက်စီးမှုမှသည် ထိခိုက်ပျက်စီးမှု 
အတော်လေးဆိုးဝါးတာကတော့ အတူတူပင်ဖြစ်ကြောင်း တွေ့ခဲ့ကြပါ သတဲ့။ 
လူတစ်ဦးချင်းစီမှာ ပြင်းထန်ဆိုးဝါး တဲ့ သွားတိုက်စားခံရမှုဟာ အက်စစ် 
ဓာတ်ပမာဏ မြင့်မားမှုကြောင့်ဖြစ်ပြီး ၎င်းတို့သုံးစွဲတဲ့ မူးယစ်ဆေးဝါးတွေ 
အပေါ်မူတည်ပါသတဲ့။
 ပုံမှန်နှင့် အစားအသောက်ဆိုဒါ ထဲမှာ ပါလေ့ရှိသော
 စီးထရစ်အက်စစ် ကလည်း သွားတွေရှိြွေကသွားကို တိုက်စားရာတွင် မြင့်မားတဲ့ 
အာနိသင် ရှိပါတယ်။ ဆိုဒါအလွန်သောက်တဲ့လူဟာ တစ်နေ့လျှင် Diet Soda ၂ 
လီတာနှုန်းဖြင့် ၃ နှစ်မှ ၅ နှစ်ကြာအောင် သောက်သုံးခဲ့သူတွေဖြစ်ပါတယ်။ Diet 
Soda သောက်တာဟာ သူတို့ရဲ့ ခံတွင်းကျန်းမာရေးကို မထိခိုက်ပါဘူး လို့ 
ယူဆနေကြသူများအား ဤတွေ့ရှိချက်က တပ်လှန့်လိုက်ပါပြီ။ တာဝန် ရှိသူများက 
လူနာများအား ဆိုဒါ အနည်းငယ်သာသောက်ရန်နှင့်၎င်း အစား ရေပိုသောက်ပေးရန် 
နှိုးဆော် ခဲ့ပါတယ်။ 
 ဆိုဒါသောက်ပြီးပါက ခံတွင်းကို ရေဖြင့် 
နိုင်နိုင်ဆေး၊ ပလုတ် ကျင်းရန်နှင့် သကြားမပါ ပီကေဝါးပေး ရန် 
အကြံပေးခဲ့ပါတယ်။ ထိုသို့ပြုလုပ် ခြင်းဖြင့် တံတွေးပိုထွက်လာကာ 
အက်စစ်ဓာတ်လျော့ ပါးစေပြီး ခံတွင်းကို ပုံမှန်ဖြစ်စေ ပါတယ်လို့ ရှင်းပြပါ 
တယ်။
 Health Digest 
ကျောင်းသား၊ ကျောင်းသူများ၊ ရုံးဝန်ထမ်းများ၊ နံနက် စောစောထပြီး 
အလုပ်သွားရန် ပြင်ဆင်သူများနှင့် နံနက် စောစောထရာတွင် နှိုးစက် အသံမြည် 
သော်လည်း နှိုးစက်အား ပိတ်ပြီး ပြန်အိပ်တတ်သောသူများ
အတွက် အဆင်ပြေစေရန် နှိုးစက်နာရီပျံကို တီထွင်လိုက်ပြီ ဖြစ်သည်။
 နှိုးစက် နာရီပျံသည် သာမန်နာရီ တစ်လုံးကဲ့သို့ အသံမြည်နိုင်ပြီး နာရီအား အရှည် ၁ ဒသမ ၈ လက်မရှိ LCD ဒိုင်ခွက်တွင် ပြသနေသည်။ နှိုးစက်
 နာရီပျံအား မိမိနှိုးစက် ပေးလိုသောအချိန်ကို သာမန် နာရီ တစ်လုံးကဲ့သို့နှိုးစက် ပေးလိုက်ပါက သတ်မှတ်နာရီ အချိန်ရောက်လျှင် နှိုးစက် နာရီပျံမှ 
အသံကျယ်လောင်စွာ အချက်ပေးပြီး နာရီ အပေါ်ဘက်တွင် တပ်ထားသည့် ပန်ကာ 
ဒလက်သော့မှာ လည်ပတ်ပြီး နာရီမှ ဝေးရာသို့ ပျံထွက်သွားသည်။ 
တိတ်သွားမည် ဖြစ်သည်။ အဆိုပါ နာရီတွင် AA အရွယ်အစား ဓာတ်ခဲ ငါးလုံး 
အသုံးပြု ထားပြီး တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆ ဒသမ ၄၃ ဒေါ်လာ ဖြစ်သည်။ 
 မွန်ကြီး