ချိစ်တွေကို စားသုံးပေးခြင်းဟာ သွားတွေအခေါင်းပေါက်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒီလေ့လာမှုမှာ အသက် ၁၂နှစ်ကနေ
 ၁၅နှစ်အတွင်း ဆယ်ကျော်သက် ၆၈ဦး ပါဝင်ခဲ့ပြီး ပါဝင်သူတွေမှာ 
နို့ထွက်အစားအစာတွေ မစားသုံးမီ နဲ့ စားသုံးအပြီး 
ခံတွင်းစံကိုတိုင်းတာခဲ့ပါတယ်။
 
 ကလေးငယ်တွေမှာ ခံတွင်း pH ဟာ 
၅.၅ထက်နည်းနေတယ် ဆိုရင် သွားပိုးစားခြင်း၊ သွားအခေါင်း ပေါက် 
ဖြစ်ခြင်းတွေကို ခံစားရနိုင်ပြီး သွားအပေါ်ယံကြွေလွှာ enamel ကို 
ပျက်စီးစေနိုင်ပါတယ်။ ဒါပေမယ့် ခံတွင်း pH ဟာ ၅.၅ထက်များမယ်ဆိုရင်တော့ 
အဲဒီရောဂါတွေ မဖြစ် နိုင်ပါဘူး။
 
 သုတေသီတွေဟာ ပါဝင်တဲ့က 
လေးငယ်တွေကို အုပ်စုသုံးစုခွဲခဲ့ပြီး ပထမအုပ်စုကိုချိစ်၊ ဒုတိယအုပ်စုကို 
နွားနို့နဲ့ တတိယအုပ်စုကို သကြားမ ပါဝင်တဲ့ ဒိန်ချဉ်တွေကို ကျွေးခဲ့ပါ တယ်။
 အစားအစာတွေကို သုံးမိနစ် ကြာစားသုံးစေပြီး ချက်ချင်းပဲရေနဲ့ 
အာလုပ်ကျင်းခိုင်းပါတယ်။
 
 အဲဒီ နောက်မှာ စားသုံးပြီး ၁၀မိနစ်၊မိနစ် ၂၀နဲ့၃၀အကြာမှာ ပါဝင်သူ
 ကလေး တွေရဲ့ ခံတွင်း pHကို တိုင်းတာခဲ့ပါ တယ်။ တွေ့ရှိရတာကတော့
 နို့နဲ့ ဒိန်ချဉ်သောက်တဲ့ ကလေးတွေမှာ ဘာမှပြောင်းလဲမှုမရှိပါဘူး။ ဒါပေ မယ့်
 ချိစ်ကို စားသုံးပေးသူတွေမှာ တော့ ခံတွင်း pHတွေ ရုတ်တရက် တက်လာပြီး 
သွားအခေါင်းပေါက် မဖြစ်စေတဲ့ အာနိသင်ကို ရရှိခဲ့တာ
 တွေ့ခဲ့ရပါတယ်။
 
 ဒီလေ့လာမှုမှာ တွေ့ရှိခဲ့တဲ့ သွားအခေါင်းပေါက် မဖြစ်စေတဲ့ချိစ်ရဲ့ 
အာနိသင်ဟာ ခံတွင်းမှာတံတွေးကို ထွက်စေတာ ကြောင့်ဖြစ်ပါတယ်။ တံတွေးဟာ 
ခံတွင်းမှာရှိသင့်တဲ့ အက်ဆစ်ပမာဏကို ထိန်းညှိပေးနိုင်ပါ
 တယ်။နောက်ပြီး ချိစ်မှာပါဝင်တဲ့ ဓာတ်တွေဟာ သွားအပေါ်ယံကြွေလွှာကို
 လည်း အက်ဆစ် ဓာတ်ကနေ ကာကွယ်ပေးပါတယ်။
 
 ဒီလေ့လာမှုကို Journal of the Academy General Dentistry (AGD) မှာ ဖော်ပြထားတာဖြစ်ပါတယ်။
 
 သက်ကို
 ref:ANI
 Health Updates Journal
 
 
 
 
 
 
တစ်နေ့မှာ ချမ်းသာတဲ့မိသားစုက ဖခင်တစ်ဦးဟာ သားဖြစ်သူနဲ့အတူ 
ကျေးလက်ဒေသကို ထွက်ခွါသွားတယ်။ ဆင်းရဲတဲ့မိသားစုတွေ ဘယ်လိုနေထိုင်ရတယ်ဆိုတာ
 သားဖြစ်သူကို သိစေချင်လို့ပါ။ သူတို့သားအဖဟာ အလွန်ဆ
င်းရဲပုံရှိတဲ့ မိသားစုရဲ့လယ်ထဲမှာ နှစ်ရက်တာ ကုန်လွန်ခဲ့ကြတယ်။ အပြန်ခရီးမှာတော့ ဖခင်က သားဖြစ်သူကို မေးလာပါတယ်။
 "သားရေ..ခရီးထွက်ရတာ ဘယ်လိုနေလဲ"
 "သိပ်ပြီး ပျော်စရာကောင်းပါတယ်..ဖေဖေ"
 "ဆင်းရဲသားတွေ ဘယ်လိုနေထိုင်ရတယ်ဆိုတာ သားမြင်တွေ့ခဲ့တယ်မို့လား"
 "မြင်ခဲ့တာပေါ့ဖေဖေ"
 "ဒါဆို..ဖေဖေကိုပြောပါဦး။ ဒီခရီးကနေ သားဘာတွေ သိရှိလာခဲ့တာလဲ"
 "သားတို့မှာ ခွေးတစ်ကောင်တည်းရှိပေမဲ့ သူတို့မှာတော့ 
ခွေးလေးကောင်ရှိနေတယ်။ သားတို့မှာ ဥယျာဉ်အလယ်ထိရောက်တဲ့ 
ရေကန်တစ်ကန်ရှိနေပေမဲ့ သူတို့မှာတော့ အဆုံးအဆမဲ့ စမ်းချောင်းလေးရှိနေတယ်။ 
သားတို့ဥယျာဉ်ထဲမှာ ညအခါ နိုင်ငံခြားကလာတဲ့ မီးသီးတွေနဲ့ လင်းနေပေမဲ့ 
သူတို့မှာတော့ ကြယ်တွေနဲ့လင်းနေပါတယ်။ သားတို့အိမ်ရှေ့ ပေါ်တီကိုက 
ရှေ့ဘက်ခြံဝန်းအထိသာ ရှိနေပေမဲ့ သူတို့မှာတော့ မိုးကုတ်စက်ဝိုင်းတစ်ခုလုံး 
ရှိနေပါတယ်။ သားတို့မှာ နေထိုင်စရာ မြေအနည်းငယ်သာရှိနေပေမဲ့ သူတို့မှာ 
မျက်စိတစ်ဆုံး လယ်ကွင်းပြင်တွေ ရှိနေပါတယ်။ သားတို့ကို ပြုစုလုပ်ကျွေးမဲ့ 
အစေခံတွေ ရှိနေပေမဲ့ သူတို့ကတော့ အခြားသူတွေကို ပြုစုလုပ်ကျွေးကြတယ်။ 
သားတို့က အစားအစာတွေ ဝယ်စားရပေမဲ့ သူတို့ကတော့ 
ကိုယ်တိုင်စိုက်ပျိုးစားကြတယ်။ သားတို့ရဲ့ ဥစ္စာဓနတွေကို ကာကွယ်ဖို့ 
အုတ်နံရံတွေရှိနေပေမဲ့ သူတို့မှာ အကာအကွယ်ပေးမဲ့ မိတ်ဆွေကောင်းတွေ 
ရှိနေပါတယ်"
 သားဖြစ်သူရဲ့စကားတွေကြောင့် ဖခင်မှာ ဘာမှမပြောနိုင် ဖြစ်နေရပါတယ်။
 သားဖြစ်သူက ဆက်လက်ပြီး ပြောဆိုပါသေးတယ်။
 "ဖေဖေကို သား ကျေးဇူးတင်ပါတယ်။ ဆင်းရဲမှုဟာ ဘယ်လိုဟာမျိုးလဲဆိုတာ သားကို သိစေတဲ့အတွက်ကြောင့်ပါ"
 
 စဉ်းစားဆင်ခြင်စရာ
 ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတာ လူတွေရဲ့ 
သတ်မှတ်ချက်မျှသာ…။ချမ်းသာတဲ့မိသားစုက ဆင်းသက်လာတဲ့ ကလေးတစ်ယောက်ဟာ 
ဆင်းရဲမှုဆိုတာ ဘာမှန်းမသိသလို ဆင်းရဲတဲ့မိသားစုက ဆင်းသက်လာတဲ့ 
ကလေးတစ်ယောက်ကလည်း ချမ်းသာမှုဆိုတာ ဘယ်လိုဟာမျိုးလဲလို့ သိချင်မှသိမှာပါ။ 
ဒီပုံပြင်ထဲမှာဆိုရင် ချမ်းသာတဲ့မိသားစုက ကလေးငယ်ဟာ ဆင်းရဲမှုဆိုတာ 
ပျော်စရာအကောင်းသားလို့ ထင်နေမိပါတယ်။
 ကျွန်တော် ကာတွန်းတစ်ပုဒ် 
ဖတ်ဖူးပါတယ်။ ဆင်းရဲတဲ့လူကပြောတယ်-"ကျွန်တော်ကတော့ နဖူးကချွေး ခြေမကျမှ 
ထမင်းစားရတဲ့ ဘဝပါ"တဲ့။ ချမ်းသာတဲ့ လူကပြောပြန်တယ်-"ကျွန်တော်ကတော့ 
ကိုယ့်ခြေမတောင် မမြင်ရတဲ့ ဘဝပါဗျာ"တဲ့။ သူဟာ ဘီယာဗိုက်ကြောင့် 
ကိုယ့်ခြေမကို မမြင်ရတာ ညည်းညူနေတာပါ။ ကျွန်တော် ပြောချင်တာကတော့ 
ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ လူတိုင်းဟာ မိမိဘဝကို ကြံဖန်ပြီး 
ညည်းနေတတ်တယ် ဆိုတာပါပဲ။ တစ်ကယ်တော့ ချမ်းသာမှုအားလုံးထဲမှာ 
စိတ်ချမ်းသာမှုကသာ အရေးအကြီးဆုံးပါ။
 
 How the poor life by Unknown စာအုပ်မှ ဘာသာပြန်ဆိုသည်။
 
 Ref: လယ်တောသူ 
  
 
 
 
 
 
 
 
အိုမင်းတာ၊ ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်တာနဲ့ ပတ်ဝန်းကျင် အကြောင်း
 အချက်တွေကြောင့် ရရှိလာတဲ့ ဓာတ်တိုး ပစ္စည်းတွေက အသား အရေကို ထိခိုက် 
စေနိုင် ပါတယ်။ ဒါကြောင့် အသက် ကြီးလာပေမယ့် အသား အရေ တောက်ပမြဲ 
တောက်ပနေအောင် မိခင်တွေ ထိန်းသိမ်းလေ့ ရှိတဲ့ သဘာဝ အသားအရေ ထိန်းသိမ်းနည်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။
 ၁) သင်္ဘောသီး
 သင်္ဘောသီးမှာ ကယ်ရိုတင်း၊ ဗီတာမင်စီ၊ မရှိမဖြစ် သတ္တုဓာတ်နဲ့ ပက်ပိန်း 
အင်ဇိုင်း ပါဝင်မှု များတာကြောင့် သဘာဝ အသားအရေ ချောမွေ့စေတဲ့ အစိုဓာတ်ထိန်း
 ခရင်မ်ပဲ ဖြစ်ပါတယ်။ သင်္ဘောသီးကို ပါးပါးလှီးပြီး ပုံမှန် လိမ်းပေးတာက 
အသားအရေကို တောက်ပစေပြီး သက်ကြီး အစက် အပြောက်တွေကို လျော့ကျစေပါတယ်။ 
သင်္ဘောသီးဟာ ချွေးပေါက်ပိတ် ဆို့တာကို ပွင့်စေတာကြောင့် အရေပြားကို 
နူးညံ့ပြီး ချောမွေ့ တောက်ပစေပါ တယ်။
 
 ဘယ်လို လိမ်းသင့်သလဲ
 
သင်္ဘောသီးက အသုံးပြုရ လွယ်ပါတယ်။ သင်္ဘောသီး အနှစ်ကို ကြေညက် အောင် ချေပြီး 
မျက်နှာပြင်ပေါ်ကို စက်ဝိုင်းပုံစံ လှည့်ပြီး တိုက်ရိုက် လိမ်းပေးပါ။ 
လိမ်းတဲ့အခါ နည်းနည်းပဲ ကုန်မှာ ဖြစ်တာကြောင့် ကျန်တဲ့ သင်္ဘောသီးကို စားပေး 
နိုင်ပါတယ်။ အမျှင်ဓာတ်၊ ပိုတက် စီယမ်နဲ့ ဗီတာမင်အေ၊ စီတို့ ပါဝင် 
တာကြောင့် အကျိုးရှိပါတယ်။
 
 ၂) ထောပတ်သီး
 အသားအရေ နူးညံ့ 
ချောမွတ်နေစေဖို့ အတွက် ဗီတာမင်တွေ လိုအပ်နေပါ တယ်။ ထောပတ်သီးမှာ 
ဗီတာမင်အေ၊ ဘီ၊ ဒီနဲ့ အီးတွေ ပါဝင်မှု များပါတယ်။ ငှက်ပျောသီး တစ်လုံးမှာထက်
 ပိုတက်စီယမ် ပါဝင်မှု ပိုများပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ 
ပါတာကြောင့် သဘာဝ အစိုဓာတ်ထိန်း ပစ္စည်းအဖြစ် သုံးနိုင်ပါတယ်။ ထောပတ်သီးဟာ 
အရေးကြောင်းတွေ ထင်တာနဲ့ ပါးရေ တွန့်တာတွေလို အိုမင်းတဲ့ လက္ခဏာတွေကို 
လျော့ကျ စေပါတယ်။ ထောပတ် သီးမှာ ပါတဲ့ သဘာဝ အဆီဓာတ်က မျက်နှာပြင်က 
အညစ်အကြေးတွေကို ကင်းဝေးစေပြီး နှင်းခူ၊ အနီရောင် အစက်အပြောက်နဲ့ ထိလွယ် 
ခိုက်လွယ်တဲ့ အသားအရေအတွက် အကောင်းဆုံး ကုသနည်း ဖြစ်ပါတယ်။
 
 ဘယ်လို လိမ်းသင့်သလဲ
 ထောပတ်သီးကို မျက်နှာပေါင်းတင် ပစ္စည်းအဖြစ် အသုံးပြုတာက ဆိုးကျိုး မရှိဘဲ 
အဆင်ပြေတဲ့ နည်းပါ။ ပြုလုပ်နည်းကတော့ ထောပတ်သီး အမှည့် တစ်လုံးကို 
နုညက်တဲ့အထိ ကြိတ်ခြေပြီး မျက်နှာပေါ်ကို ညင်ညင်သာသာ လိမ်းပေးပါ။ အချိန် ၁၀ 
မိနစ်လောက် ကြာမှ အေးမြစိုစွတ်တဲ့ ပိတ်စသန့်သန့်နဲ့ သုတ်ပေးပါ။ ပိုပြီး 
အစိုဓာတ် ရစေဖို့အတွက် နွားနို့ အနည်းငယ် ဒါမှမဟုတ် ပျားရည် 
လက်ဖက်စားဇွန်းရဲ့ လေးပုံတစ်ပုံလောက် ထည့်ပြီး မျက်နှာပေါ် လိမ်းပေး 
နိုင်ပါတယ်။
 
 ၃) ပျားရည်
 ပျားရည်ထဲမှာ အရေပြားကို ပြန်လည် 
ကောင်းမွန် စေနိုင်တဲ့ အင်တီအောက် ဆီးဒင့်တွေ ပါဝင်တဲ့အပြင် 
ဘက်တီးရီးယားကို ကင်းစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါကြောင့် ပျားရည်ကို 
မျက်နှာသန့်စင် ပစ္စည်းအနေနဲ့ နေ့စဉ် သုံးပေးသင့်တာ ဖြစ်ပါတယ်။
 
 ဘယ်လို သုံးသင့်တာလဲ
 ပျားရည် အနည်းငယ်ကို ရေနွေးအနည်းငယ် ရောထည့်ကာ ချောမွတ်တဲ့အထိ မွှေပါ။ 
ဆံပင်တွေကို အကုန်စု သိမ်းပြီး မျက်နှာပေါ်ကို ပျားရည်လိမ်းကာ သန့်စင် 
ပေးပါ။ ကြေးချွတ်တဲ့ အာနိသင် ရလိုရင် အဆိုပါ အရည်ထဲကို အညို ရောင်သကြား 
ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပြီး သန့်စင် သင့်ပါတယ်။ ပြီးမှ ရေနဲ့ 
ဆေးကြောချလိုက်ပါ။
 
 သော်တာမောင် 
Myanmar News Update 
  
 
 
 
 
 
 
GOOGLE >>> Global Organisation Of Oriented Group Language of Earth
APPLE >>> Asian Passenger Payload Experiment
HP >>> Hewlett-Packard
 IBM >>> International Business Machines Corporation
 HCL >>> Hindustan Computer Limited
 WIPRO >>> Western India Product Limited
 GE >>> General Electronics
 INFOSYS >>> Information System
 TCS >>> Tata Consultancy Services
 AOL >>> American Online
 BPL >>> British Process Laboratory
 INTEL >>> Integrated Electronics
 CISCO >>> Computer Information System Company
 DELL >>> Michael DELL
 SONY >>> Sound Of New York
 AMD >>> Advance micro devices
 LENOVO >>> LE(Legend), NOVO (New)
 COMPAQ >>> Compatibility And Quality
 ---------------------------------------------------------------
 Source: Computer & Mobile (٠ Hacking Tips & Trick ٠)
 
 
 နှိုင်းရင့်နွေ 
 
 
 
 
Like · 
 
 
 
post By Myawady News, on July 12, 2013
အမေရိကန် 3M က ထုတ်တဲ့ လုံခြုံရေးမှန် တစ်မျိုးလို့ ဆိုပါတယ်။ ယင်း 
မှန်ကို ကြော်ငြာဖို့အတွက် လူစည်ကား ဘတ်စ်ကား မှတ်တိုင် တစ်ခုမှာပေါ့။
 အမေရိကန်ဒေါ်လာ ၃ သန်း ကို ယင်းမှန်ထဲ ဒီတိုင်းထားပြီး ဘာလုံခြုံရေးမှ 
ရှိမနေစေပါဘူး။ ဒါကို မယုံတဲ့သူများက လက်တည့်စမ်းပါတယ်။ အမျိုးမျိုး 
ရိုက်ခွဲ၊ ကန်ခွဲပါတယ်။ ကုမ္မဏီက မှန်အောက်တည့်တည့် ဗုံးထားခွဲတောင် 
မကွဲဘူးလို့ အာမခံထားတယ်လေ။ မှန်တင်မကပဲ ဘေးအနား သံနဲ့မှန်ကြား 
ချိတ်ဆက်မှုကအစ လေတောင် မဝင်စေပါဘူး။ ရာသီသုံးမျိုးဒဏ်ခံသတဲ့။
 
 
ဒါကို လူသိများ စိတ်ဝင်စားလာအောင် ကြော်ငြာလိုက်တဲ့ နည်းလမ်းကလည်း 
ကြောက်ဖို့တောင် ကောင်းပါတယ်။ အမေရိကန်ဒေါ်လာ ၃ သန်းကို မှန်ထဲထည့်ပြီး 
မှန်ကွဲရင် အလကားယူ ပါတဲ့။ ဘယ်သူ စမ်းကြည့် ချင်ပါသလဲ။ 
 
 -
 
 Ref: compfreak 
 
 
 
 
 
 
 
 
ကော်လိုရာဒို ကင်ဆာ လေ့လာရေး တက္ကသိုလ်မှ လေ့လာမှု တစ်ခုအရ ကြက်ဟင်းခါးသီး 
အရည်က ပန်ကရိယင်ဆာ ဆဲလ်များအား သေဆုံး သွားစေနိုင်ကြောင်း သိရသည်။ 
 လွန်ခဲ့သော သုံးနှစ်
ခန့် ကလည်း လေ့လာသူများက ကြက်ဟင်းခါးသီး ထွက်ကုန်များက ရင်သား ကင်ဆာအပေါ် ကောင်းကျိုး သက်ရောက်ပုံများအား ပြသခဲ့သည်။ 
 
 ယခုလေ့လာမှုအား ကော်လိုရာဒို တက္ကသိုလ်မှ ကင်ဆာ ကာကွယ်ရေးနှင့် 
ထိန်းချုပ်ရေးဌာန နှင့် Skaggs ဆေးဝါးကျွမ်းကျင်မှု သိပ္ပံမှ ပါမောက္ခ Rajesh 
Agerwal က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ကြက်ဟင်းခါးသီးအား 
အိန္ဒိယနှင့် တရုတ် ရိုးရာ ဆေးကျမ်းများ၌ အမျိုးအစား (၂) ဆီးချို ကုသရာ၌ 
အသုံးပြုခဲ့သည်မှာ ရာစုနှစ်ပေါင်း များစွာ ကြာပြီဖြစ်သည်။ 
 
 
Agarwal က ကြက်ဟင်းခါးသီးက ပန်ကရိယ ကင်ဆာဆဲလ်များ၏ လုပ်ငန်း ဆောင်တာကို 
ပြောင်းလဲ သွားစေရုံသာမက ကင်ဆာဆဲလ်များ စွမ်းအင်ရရှိမှု နည်းစေသော အင်ဇိုင်း
 တစ်မျိုးကို လှုံ့ဆော်ပေးသည့် အပြင် ပန်ကရိယ ဆဲလ်များမှ အင်ဆူလင် 
ထုတ်မှုအားလည်း မှန်ကန်စေသည်။ ကြွက်များတွင် စမ်းသပ်ခဲ့ရာ ကြက်ဟင်းခါးသီး 
အရည်တိုက်ကျွေး ထားသော ကြွက်များတွင် ပန်ကရိယကင်ဆာဖြစ်ပွား နိုင်ချေ 
၆၀%ခန့် ပိုနည်းကြောင်း သိရသည်။
 
 အပိန်လေး
 credit to; Health Updates Journal
 မြ၀တီ