ရဟန်းပျို
 တစ်စုဟာ ဂင်္ဂါမြစ်ကမ်း နဘေးမှာ ရေချိုးနေကြရင်း တစ်ယောက်နဲ့ တစ်ယောက် အငြင်းအခုံ
 ပြုလုပ်ရာကနေ ဒေါသနဲ့ အော်ဟစ် နေကြပါတယ်.။ ခေါင်းဆောင် ရဟန်းက အဆိုပါ ရဟန်းတွေကို 
  "အသင်တို့ ဘာလို့ ဒေါသဖြစ်တဲ့အခါမှာ တစ်ယောက်နဲ့
 တစ်ယောက် အော်ဟစ်နေကြတာလို့ ထင်လဲ…."
 ရဟန်းပျိုတွေဟာ
 တစ်ခါဏမျှ စဉ်းစားပြီး သူတို့ထဲက တစ်ဦးမှ.. "တပည့်တော်တို့ စိတ်လွတ် သွားလို့…
 အော်ဟစ်ကြတာပါဘုရား…"
 "ဒါပေမယ့်
 ကိုယ့်အနားမှာပဲ ရှိနေတဲ့သူကို ဘာလို့ အော်ဟစ်ပြောဆိုရတာလဲ… အသင်တို့ ပြောလိုတာကို
 အေးဆေးသက်သာစွာ ပြောလို့ ရတာပဲလေ…" ရဟန်းခေါင်းဆောင်က ပြန်မေးလိုက်တယ်…။
 ရဟန်းပျိုတွေက
 အဖြေ အမျိုးမျိုးပေးကြပေမယ့် တစ်ယောက်အဖြေကို ကျန်တဲ့သူတွေက မကျေနပ်တာနဲ့ပဲ
 နောက်ဆုံးတော့ ရဟန်းခေါင်းဆောင်က..
 "လူနှစ်ယောက်ဟာ
 တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးကြပြီဆိုရင်… သူတို့ရဲ့ နှလုံးသားတွေဟာ ဝေးကွာ
 သွားကြတယ်…ဒါကြောင့် ဝေးကွာသွားတဲ့ အကွာအဝေးအလျှောက်… တစ်ဦးပြောစကားကို တစ်ဦး ကြားရဖို့အတွက်
 တစ်ယောက်နဲ့ တစ်ယောက် အော်ဟစ်ကြခြင်းဖြစ်တယ်…"
 "သူတို့
 ပိုစိတ်ဆိုးလေလေ…၊ သူတို့ နှလုံးသားတွေက ပိုဝေးကွာလေလေဖြစ်ပြီး… သူတို့ ပိုမို
 ကျယ်လောင်စွာ အော်ဟစ်ပြောဆိုကြမှာ ဖြစ်တယ်…"
 "နောက်ဥပမာတစ်ခုနဲ့ပြောရရင်
 လူနှစ်ဦး ချစ်ကြိုက်သွားတယ်ဆိုပါဆို့… သူတို့နှစ်ဦးဟာ အော်ဟစ်ပြောဆိုခြင်း
 မပြုပဲ တိုးတိတ်ညှင်သာစွာပဲ ပြောဆိုကြတယ်..။ သူတို့နှလုံးတွေက အနီးဆုံးမှာ
 ရှိနေကြတယ်လေ…သူတို့နှလုံးသားကြားမှာရှိတဲ့ အကွာအဝေးက မရှိသလောက်ကို နည်းပါးတယ်…။ တစ်နည်းအားဖြင့်
 သူတို့ ပိုချစ်လာလေလေ…သူတို့ နှလုံးသားတွေ ပိုမိုနီးကပ်လာလေလေ ဖြစ်ပြီး နောက်ဆုံး သူတို့
 စကားတောင် ပြောဖို့ မလိုတော့ပဲ မျက်လုံးက အကြည့်ချင်းနဲ့တင်ကို
 စကားပြောလို့ရကြပါတယ်.။"
 "ဒါကြောင့်
 အသင်တို့ အငြင်းအခုံ လုပ်ကြတဲ့အချိန်မှာ..အသင်တို့ရဲ့ နှလုံးသားတွေကို အဝေးမရောက်
 စေပါနဲ့..၊ နှလုံးသားနှစ်ခု အဝေးရောက်စေမယ့် စကားတွေကို မပြောကြပါနဲ့…၊
 ဒါမှမဟုတ်ရင်.. လူနှစ်ယောက်ရဲ့ နှလုံးသားဟာ ဝေးကွာလွန်းသွားပြီး ပြန်လည်နီးကပ်ဖို့
 လမ်းစကို အသင်တို့ ရှာမတွေ့ပဲ ဖြစ်လိမ့်မယ်…"
 အောင်ထွန်းဦး
 ဧဒင်အချစ်ပုံပြင် 
Myanmar News Update 
တစ်ခါတုံးက တရုတ်ပြည်မှာ ရေထမ်းတဲ့လူ တစ်ယောက်ရှိတယ်။ သူဟာ ကြီးမားတဲ့ 
ရေအိုး နှစ်လုံး ကို ပခုံး တစ်ဘက် တစ်ချက်မှာ ထမ်းပြီး ရေသယ်လေ့ရှိတယ်တဲ့။
 အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်းကနေ သူ့အိမ်ဘက် 
ရေသယ်လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်ဝက်ပဲ ပါသတဲ့။
 ကျန်တဲ့ အိုးတစ်လုံးကတော့ အပြစ်အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်းကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။
 ဒီလိုနဲ့ အိမ်ရောက်ရင် အိုးတစ်လုံး နဲ့ တစ်ဝက် ပဲ... ရေသယ်လာလိုက်တာ 
နှစ်နှစ်လောက် ကြာ သွားသတဲ့။ ဒီတော့ အိုးအကောင်းလေး က သူ့ ကိုယ်သူ 
သိပ်ဂုဏ်ယူသတဲ့။ ငါက အပြစ်အနာအဆာမရှိဘူး... ဒါကြောင့် များများ သယ်နိုင်တယ်
 လို့ အထင်ရှိနေတယ်တယ် တဲ့။ အက်နေတဲ့ အိုးကလေးက စိတ်ထဲမှာ တော်တော်လေး 
သိမ်ငယ် နေရှာ တယ်။ အော်.. ငါ့မှာ အားနည်း ချက်ရှိတယ် ...သူများလို 
အပြည့်မသယ်နိုင်ဘူး... တစ်ဝက်ပဲ သယ်နိုင်တယ် ပေါ့။ ၀မ်းနည်းလဲဝမ်းနည်း 
နေတယ်တဲ့။
 ဒီလိုနဲ့ တရက်မှာ အက်နေတဲ့ အိုးကလေးက ရေထမ်းသမား ကို 
ရင်ဖွင့် ရှာတယ်။ သခင်ရယ်... ကျွန်တော် သခင့်ကို တောင်းပန်ချင်ပါတယ်။ 
အားစိုက်ပြီး ရေသယ် ရတယ်။ ဒါပေမဲ့ ကျွန်တော့် ဘေးဘက်မှာ ရှိတဲ့ 
အက်ကြောင်းလေး ကြောင့် သခင်သယ်သမျှ ရေတွေ အပြည့်မရဘူး... တစ်ဝက်က အလဟဿ 
ဖြစ်ရတယ်... လို့ ၀မ်းနည်း ပက်လက်နဲ့ ပြောမိတယ်။
 အဲဒီအခါမှာ 
ရေထမ်းသမားက ဘယ်လိုပြန်ပြောသလဲဆိုတော့... အိုးကလေး... 
မင်းကြည့်လိုက်စမ်း.... ရေခပ်လမ်း တလျှောက်မှာ မင်းရှိတဲ့ ဘက်ခြမ်း 
တစ်လျောက်လုံး ပန်းတွေပွင့်နေတာ မင်းသတိပြုမိရဲ့လား... တဲ့။ ငါက မင်း 
ရေစိမ့်နေ တယ်ဆိုတာ သိတာပေါ့။ ဒါကြောင့် မင်းရှိတဲ့ ဘက်ခြမ်းမှာ 
ပန်းမျိုးစေ့တွေ ချထားခဲ့တယ်။ နှစ်နှစ်လုံးလုံး ရေခပ်လမ်း ကအပြန်မှာ မင်း က
 ဒီပန်းပင်လေးတွေကို ရေမှန်မှန် လောင်းပေးခဲ့တယ်။ အခုဆိုကြည့်စမ်း ... 
လှပတဲ့ ပန်းတွေပွင့်နေပြီ။ အိမ်မှာလည်း ပန်းအိုးလေးတွေ မှာလည်း ပန်းတွေ နဲ့
 အလှဆင်နိုင်ပြီ... မင်းသာမရှိရင် ဒီလို ပန်းပွင့်လေးတွေနဲ့ ကျက်သရေ ရှိတဲ့
 အိမ် ဖြစ်လာပါ့မလား။ စဉ်းစားကြည့်စမ်း...
 သင်ခန်းစာ ။ ။ 
လူတိုင်းမှာ အားနည်းချက် လေးတွေ ကိုယ်စီ ရှိပါတယ်။ ဒါပေမယ့် ဒီအားနည်း 
ချက်ကလေး တွေ ရှိနေတာကြောင့်ပဲ ပိုပြီး unique ဖြစ်လာတယ်...ပိုပြီး 
ချစ်စရာလည်း ကောင်းပါတယ်။ ဒီအားနည်းချက်အတွက် သဘာဝတရားကြီးက 
အစားတစ်ခုခုလည်း ပြန်ပေးတတ်ပါတယ်။ ဒါပေမယ့် မြင်သာချင်မှ လည်း မြင်သာမယ်၊ 
ချက်ခြင်း ရချင်မှလည်းရမယ်။
 credit to original writer 
Myanmar News Update 
ရင်သားကင်ဆာနဲ.ပက်သက်ပြီး အများဆုံးကြားဖူးနားဝရှိတာကတော. 
 ရင်သားတွေမှာ အလုံးတွေပေါ်လာတာဟာ ရင်သားကင်ဆာရဲ.ကနဦး လက္ခဏာ ဖြစ်တယ်ဆိုတာပါပဲ။ဂျောခ်ျတောင်းတက္ကသိုလ်ကင်ဆာဌာနမှ
 ဒေါက်တာ အင်ဒရူးပွတ်နမ် ကတော. ရင်သားထဲမှာအလံ
ုးတစ်ခု စမ်းမိ
 တယ်ဆိုတာ ကင်ဆာရဲ.ပထမဆုံးလက္ခဏာ မဟုတ်တတ်ဘဲ အမျိုးသမီး
 တစ်ယောက် ပထမဆုံးတွေ.ရှိရတဲ.လက္ခဏာသာ ဖြစ်လေ.ရှိတယ်လို.ဆိုပါတယ်။တစ်ခါတစ်ရံမှာရင်သားထဲကအလုံးပတ်လည်ရှိ
 ကြွက်သားတွေက ထူထဲလွန်းတာကြောင်. စမ်းသပ်မတွေ.ရတာမျိုးလည်း ရှိ
 တတ်ပါတယ်။ဒါ.အပြင် ကင်ဆာမဟုတ်တဲ. တစ်ခြားအလုံးတွေကလည်း
 ရင်သားကင်ဆာနဲ.မှားတတ်ပါတယ်။ ဒါကြောင်. တစ်ခြားသော ရင်သား
 ကင်ဆာရဲ. လက္ခဏာ တွေကိုလည်း သိရှိထားသင်.ပါတယ်။အောက်ပါလူသိ
 နည်းတဲ. ရင်သားကင်ဆာလက္ခဏာတွေကို သတိပြုခြင်းဖြင်. သင်.ကို ဆရာဝန် ထံစောစီးစွာ ရောက်ရှိစေပြီး လိုအပ်တဲ.စစ်ဆေးမှု၊ကုသမှုတွေကို
 စောစောလုပ်စေနိုင်ပါလိမ်.မယ်။
 ရင်သားများယားယံခြင်း၊ နီရဲနာကျင်ခြင်း
 ပုံမှန်ရင်သားကင်ဆာများထက်ရှားပါးသော ရင်သားကင်ဆာတစ်မျိုး ဖြစ်တဲ.
 ရောင်ရမ်းသော ရင်သားကင်ဆာ (inflammatory breast cancer)ရဲ. လက္ခဏာတစ်ရပ်ဟာ ရင်သားအရေပြားယားယံခြင်း၊စမ်းကြည်.လျှင်ပူနေ
 ခြင်းတို. ဖြစ်ကြပါတယ်။ရောင်ရမ်းသော ရင်သားကင်ဆာဟာ ရင်သားတွေကို
 ရောင်ရမ်းခြင်း၊ယားခြင်း၊နာခြင်း တို.ကို ဖြစ်စေနိုင်ပါတယ်။ရင်သားအရေပြား
 ဟာ ပုံမမှန်စွာ နီရဲနေတာ၊ထူထပ်နေတာ၊ဒါမှမဟုတ် ရိုက်နှက်ခံထားရသလို 
 ညိုမည်းနေတာ ဖြစ်တတ်ပါတယ်။"လိမ္မော်သီးခွံ"ပုံသဏ္ဌန်အရေပြားဟာ 
 တစ်ချို.ရောင်ရမ်းရင်သားကင်ဆာရဲ. ၀ိသေသလက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။
 ပထမတော. ရင်သားတွေတင်းနေသလိုမျိုး ခံစားရတတ်သလို တစ်ခုခုနဲ.
 ဓာတ်မတည်.သလိုမျိုး နီရဲနာကျင်တာမျိုးလည်း ခံစားရတတ်ပါတယ်။ဒါပေမယ်. ရက်အနည်းငယ်ကြာသည်.တိုင်အောင် ပျောက်မသွားပါဘူး။
 ဘာကြောင်.ဖြစ်သလဲ
 လူသိပ်မသိကြသော်လည်း ကျောရိုးအထူးကုဆရာဝန်တွေဟာ ကျောရိုးမှာ
 အလုံးတွေရှိ၊ မရှိစစ်ဆေးကြည်.တတ်ပါတယ်။ဘာကြောင်.လဲဆိုတော.
 တစ်ချို.အမျိုးသမီးတွေမှာ တစ်ခြား ရင်သားကင်ဆာလက္ခဏာတွေထက် အရင်နောက်ကျောနာနာကျင်ခြင်းဝေဒနာကို ခံစားကြရတာကြောင်.ပါ။ပုခုံး
 ရိုးပြားနှစ်ခုကြား နောက်ကျောအလယ်ပိုင်း နာကျင်ခြင်းဟာ ကြွက်သားနာကျင်တာ၊အရွတ်နာတာ၊ကျောရိုးဆစ်ရောင်ရမ်းတာတွေနဲ.
 မှားယွင်းတတ်ပါတယ်။
 ရင်သားကင်ဆာ အလုံးအများစုဟာ ရင်ဘတ်နံရံနဲ.နီးတဲ. ရင်ခေါင်းအတွင်းပိုင်းနက်နက်နဲ. ဆက်စပ်နေလေ.ရှိတဲ. ရင်သားကြွက်သား
 အတွင်းမှာ ဖြစ်ပေါ်တတ်ပါတယ်။အကယ်လို. ကင်ဆာအလုံးကနံရိုးနဲ. ကျောရိုးမကြီးရှိရာ အနောက်ဘက်ကို ဦးတည်ကြီးထွားလို.ရှိရင် နာကျင်မှုက
 ရင်သားထဲမှာ ထက် နောက်ကျောမှာ ပိုခံစားရတတ်ပါတယ်။ ရင်သားကင်ဆာဟာ ကျောရိုးမကြီးနဲ. နံရိုးတို.ဆီကိုလည်း ကင်ဆာဆဲလ်တွေ
 ကိုပျံ.နှံ.စေနိုင်ပါတယ်။
 နို.သီးခေါင်းများ၏ပြောင်းလဲခြင်း
 ရင်သားကင်ဆာ အများစု ဖြစ်တည်ရာနေရာတစ်ခုဟာ နို.သီးခေါင်းအောက်
 ဘက်ကပ်ရက်မှာ ဖြစ်ပြီး နို.သီး ခေါင်းရဲ.ပုံသဏ္ဌန်ကို ပြောင်းလဲစေခြင်းဖြစ်
 တတ်ပါတယ်။ဒါ.အပြင် နို.သီးခေါင်းပုံသဏ္ဌန်ပြောင်းလဲခြင်းဟာ အမျိုးသားတွေမှာ ဖြစ်ပွားတဲ. ရင်သားကင်ဆာရဲ. လက္ခဏာတစ်ရပ်လည်း 
 ဖြစ်ပါတယ်။သင်.နို.သီးခေါင်းဟာ နဂို ကလို ကောင်းကောင်းမွန်မွန်ထောင်နေ
 တာမျိုးမဟုတ်ပဲ ဖြစ်နေတတ်ပါတယ်။ထူးထူးခြားခြား အပြင်ဘက်ကို လန်နေတာ 
အာရုံခံစားမှု မျိုးချို.ယွင်းနေတတ်တာမျိုး ခံစားရပြီး၊ လင်မယားအတူနေစဉ်မှာ
 သတိထားမိတတ်ကြပါတယ်။ တစ်ခြားသော 
 နို.သီးခေါင်းရဲ. ပြောင်းလဲမှုကတော. 
သွေား၊နို.၊အရည်ကြည် စတဲ. အရည်တွေ နို.တိုက်နေတဲ.အချိန်မဟုတ်ဘဲ 
ထွက်တတ်ပါတယ်။နို.သီးခေါင်းအရေးပြားကလည်း အက်ကွဲနေတာ၊ထူထဲနေတာ (သို.မဟုတ်)
 ရောင်ရမ်းတာတွေဖြစ်တတ်ပါတယ်။
 ဘာကြောင်.ဖြစ်သလဲ
 နို.သီးခေါင်းရဲ. နောက်ဘက်ကပ်ရက်ဒါမှမဟုတ် တစ်ဘက်တစ်ချက်မှာဖြစ်
 ပေါ်လေ.ရှိတဲ. နို.ရည်ပြွန် တွေထဲကကင်ဆာ အလုံးတွေဟာ နို.သီးခေါင်း
 ပတ်ဝန်းကျင် က အရေပြားကို အပြင်စူထွက်အောင်တွန်းတင်တတ်သလို 
 နို.သီးခေါင်း ကိုလည်း ဘေးရောက်အောင် တွန်းတင်တတ်ပါတယ်။ကင်ဆာ 
 အလုံးကလည်း ယားယံခြင်း၊ပိုးဝင်ခြင်း တို.ကို ဖြစ်စေပြီး အရည်တွေထွက်စေ
 နိုင်ပါတယ်။
 ရင်သားတစ်ဘက်တည်းကပုံသဏ္ဌန်(သို.မဟုတ်) အရွယ်အစားပြောင်းလဲ
 ခြင်း
 အများထင်ကြသလို ရင်သားကင်ဆာအလုံးအားလုံးဟာ သိသိသာသာ ထင်ရှားစွာ 
ဖြစ်ပေါ်တတ်တာမဟုတ်ပါဘူး။အသက် 42-နှစ် အရွယ်မှာ ရင်သားကင်ဆာရှိတာကို 
သိခဲ.ရတဲ. ကယ်လီဖိုးရီးယား က အမျိုးသမီး
 တစ်ယောက်ကတော. "ကျွန်မစသတိထားမိတာကတောအလုံးမဟုတ်ပါဘူး။
 ကျွန်မရင်သားတစ်ဖက်က တစ်ခြားတစ်ဖက်လိုလုံးဝန်းမနေပဲ ဘဲဥပုံဖြစ်နေပြီး အောက်ဘက်ကို တွဲကျနေကာ တစ်ဖက်မှာ ပိုချွန်ထွက်နေတယ်လို.ပဲသတိ
 ထားမိခဲ.တာပါ" လို. ရှင်းပြပါတယ်။အဆိုပါပြောင်းလဲမှုတွေကိုသိရှိဖို.
 အကော်းဆုံးနည်းလမ်းကတော. သင်.ရင်သားရဲ.အရွယ်နဲ. ပုံသဏ္ဌန်ကို 
 သိရှိဖို.မှန်ရှေ.မှာ လေ.လာစစ်ဆေးကြည်.ခြင်းပါပဲ။မှန်ရှေ.မှာထိုင်ပြီး ရင်သား
 နှစ်ဘက်လုံးကို စေ.စေ.ကြည်.ပါ။ရင်သားနှစ်ဘက်လုံးကအရွယ်ညီရဲ.လား၊
 ပုံသဏ္ဌန်၊အရွယ်အစားပြောင်းလဲမှုရှိသလားဆိုတာကိုရှာဖွေပါ။ 
စိတ်ဝင်စားစရာကောင်းတဲ.တစ်ချက်က တစ်ချို.အမျိုးသမီးတွေဟာ ဘရာစီယာ 
ဝတ်ရင်တစ်ဘက်က အရင်လိုမဟုတ်ပဲ တင်းနေသလိုခံစားရ
 တာကို သတိပြုမိရာကနေ ရင်သားကင်ဆာ ရှိ၊မရှိ စစ်ဆေးတဲ.စခန်းကို ရောက်လာကြတာပါ။ဒါမှမဟုတ် အိမ်ထောင်ဖက်က အတူနေစဉ်မှာ သတိ
 ထားမိပြီး ပြောပြရာကနေ သိရှိကြတာပါ။
 ဘာကြောင်.ဖြစ်သလဲ
 ရင်သားအတွင်းပိုင်းနက်နက်မှာဖြစ်ပေါ်တဲ.အလုံး၊ရင်သားကြွက်သားထူထူထဲမှာဖြစ်တဲ. အလုံးတွေဟာ သိသာထင်ရှားတဲ.
 အလုံးမဟုတ်ဘဲ ရင်သားအရွယ်အစား၊ပုံသဏ္ဌန်ကိုသာပြောင်းလဲမှုဖြစ်ပေါ်
 စေပါတယ်။သင်.ရင်သားကြွက်သားတွေ ထူထဲနေတယ်ဆိုရင် ဒီအချက်ကိုသတိထားသင်.ပါတယ်။
 ချိုင်းကြားတွင် နီရဲနာကျင်ကာ ရောင်ရမ်းခြင်း(သို.မဟုတ်) အလုံးထွက်ခြင်း
 တုပ်ကွေးဖြစ်တဲ.အခါ လည်ပင်းနဲ. လည်ချောင်းတစ်ဝိုက်က အကျိတ်ကလေးတွေ ရောင်ရမ်းနာကျင်တာကို ခံစားဖူးကြမှာပါ။အဲသည်လို
 ပဲ ရင်သားကင်ဆာဖြစ်လာရင်လည်း ကင်ဆာဆဲလ်တွေက ချိုင်းကြားက 
 အကျိတ်တွေဆီပထမဆုံးပျံ့နှံ့နေတဲ. အကျိတ်တွေဟာ ရင်သားထဲက ကင်ဆာ 
 အလုံးကို စမ်းသပ်မမိခင်ကတည်းက ရောင်နေတာ၊နာနေတာ၊ကြီးနေတာ 
 ဖြစ်နိုင်ပါတယ်။ချိုင်းထဲကနာနေရင် လက်ချောင်းတွေနဲ.သေချာစမ်းသပ်စစ်
 ဆေးသင်.ပါတယ်။ကင်ဆာကြောင်.ကြီးထွားလာတဲ.အကျိတ်လေးတွေဟာ 
 မာကျောပြီး ပတ်ဝန်းကျင်မှာရှိတဲ.ကြွက်သားတွေနဲ.တွဲကပ်နေတာကြောင်.
 လှုပ်ကြည်.ရင်  ရွေ.ရှားလေ.မရှိပါဘူး။အနားကအရေပြားတွေကို စမ်းကြည်.
 ရင်လည်းကျန်တဲ.တစ်ဘက်ကလို မဟုတ်ပဲ ထူထဲမာကျောနေတာကို တွေ.ရပါလိမ်.မယ်။
 ဘာကြောင်.ဖြစ်သလဲ
 ချိုင်းကြားထဲက အကျိတ်ကလေးတွေဟာရင်သားနဲ.အနီးဆုံးမှာ တည်ရှိတာ
 ကြောင်. ရင်သားတစ်ဝိုက်ကလာတဲ.လင်.မ်ရည်တေဟာ ဒီနေရာကိုပဲ အရင်ဆုံး ရောက်ပါတယ်။ရင်သားကင်ဆာပျံ့နှံ့ရင်ဒီအကျိတ်တွေဟာ ပထမ
 ဆုံးရောက်ရှိတဲ.နေရာဖြစ်တဲ.အတွက် ရင်သားကင်ဆာရဲ.အဆင်.တွေကို
 ခွဲခြားရာမှာတောင် ချိုင်းကအကျိတ်တွေကို ပျံ့နှံ့မှု ရှိ၊မရှိ ကိုမူတည်ပြီး ခွဲခြား
 ကြပါတယ်။
 ကြည်စေတနာ
 By-Health care Journal 
သောတာပန်တည်သွားသည်နှင့် ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်သတ်သွား၏။ 
  ရတနာသုံးပါးကို  အသက်နှင့်လဲပြီး ယုံကြည်ကိုးကွယ်သွား၏။
 ငါးပါးသီလကို အသက်နှင့်လဲပြီး လုံခြုံသွား၏။
 ဒိဋ္ဌိသံယောဇဉ်၊ သီလဗ္ဗတပရမာသသံယောဇဉ်၊ ၀ိစိကိစ္ဆာသံယောဇဉ်တို့ ကို ပယ်သတ်လိုက်၏။
 မိမိမှာရှိသော အပြစ်ကို မရှိဟန်ဆောင်သော မာယာနှင့် မိမိ၌ မရှိသည့်ဂုဏ်ကို ရှိဟန်ဆောင်သည့် 
 သာဌေယျတို့ ကိုလည်း ပယ်သတ်၏။
 သောတာပန် ပယ်သတ်သည့် ၀ိပလ္လာသ(၈)ပါး
 ----------------------------------------------
 - ခန္ဓာငါးပါးကို မြဲသည်ဟု အယူမှားမှု ဒိဋ္ဌိဝိပလ္လာသ၊
 - ခန္ဓာငါးပါးကို မြဲသည်ဟု အမှတ်မှားမှု သညာဝိပလ္လာသ၊
 - ခန္ဓာငါးပါးကို မြဲသည်ဟု အသိမှားမှု စိတ္တ၀ိပလ္လာသ၊
 - ခန္ဓာငါးပါးကို အစိုးရသည်ဟု အယူမှားမှု ဒိဋ္ဌိဝိပလ္လာသ၊
 - ခန္ဓာငါးပါးကို အစိုးရသည်ဟု အမှတ်မှားမှု သညာဝိပလ္လာသ၊
 - ခန္ဓာငါးပါးကို အစိုးရသည်ဟု အသိမှားမှု စိတ္တ၀ိပလ္လာသ၊
 - ခန္ဓာငါးပါးကို ချမ်းသာသည်ဟု အယူမှားမှု ဒိဋ္ဌိဝိပလ္လာသ၊
 - ခန္ဓာငါးပါးကို တင့်တယ်သည်ဟု အယူမှားမှု ဒိဋ္ဌိဝိပလ္လာသ။
 သောတာပန် မပယ်သေးသော ၀ိပလ္လာသလေးပါး
 ------------------------------------------------
 - ခန္ဓာငါးပါးကို ချမ်းသာသည်ဟု အသိမှားခြင်း စိတ္တ၀ိပလ္လာသ၊
 - ခန္ဓာငါးပါးကို ချမ်းသာသည်ဟု အမှတ်မှားခြင်း သညာဝိပလ္လာသ၊
 - ခန္ဓာငါးပါးကို တင့်တယ်သည်ဟု အသိမှားခြင်း စိတ္တ၀ိပလ္လာသ၊
 - ခန္ဓာငါးပါးကို တင့်တယ်သည်ဟု အမှတ်မှားခြင်း သညာဝိပလ္လာသ။
 ဤဖောက်ပြန်မှားယွင်းသော အသိမှား၊ အမှတ်မှား၊ ၀ိပလ္လာသလေးချက်
 ကျန်နေသောကြောင့် သောတာပန်၊ သကဒါဂါမ်များသည် 
 အိမ်ထောင်သားမွေး ပြုလုပ်ကြခြင်းဖြစ်၏။
 မြေတပြင်လုံး၌ ဧကရာဇ်မင်းဖြစ်ရသည်ထက်လည်းကောင်း၊ နတ်ပြည် ဗြဟ္မာ့ပြည်သို့  
ရောက်ရသည်ထက် လည်းကောင်း၊ တစ်လောကလုံးကို အစိုးရသည်ထက် လည်းကောင်း 
သောတာပန်ဖြစ်ရခြင်းသည် မြတ်၏။
 (ဓမ္မပဒ)
 အဘယ်ကြောင့်နည်း၊ 
စကြာမင်း သိကြားမင်း ဗြဟ္မာမင်းတို့ သည်သေလျှင် အပါယ်လေးပါးသို့  
ကျနိုင်သေးသော်လည်း သောတာပန်သည် ဘယ်သောအခါမျှ အပါယ်သို့  
မကျနိုင်သောကြောင့်တည်း။
 ဆရာတော် အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ) (သီလအစွမ်း အံ့မခန်း မှ)
 မေတ္တာဖြင့် စုစည်းဝေမျှသူ - အနှိုင်းမဲ့စာတိုပေစများ (www.infinitydhamma.com)
 Admin - Ko Ko Waizayantar 
သွေးဆုံး ချိန်မှာ ခံစား ရတတ်တဲ့ ချွေးထွက် လွန်ပြီး ပူနွေး တာ၊ အရိုး 
ပါးတာ နဲ့ နှလုံး တုန်တာ စတဲ့ဝေဒနာတွေ သက် သာစေဖို့ ဗီတာမင်နဲ့ 
သတ္တုဓာတ်တွေက အထောက်အပံ့ပေးပါလိမ့်မယ်။ သွေးဆုံး ချိန
်မှာ
 အီစထရိုဂျင်ဟော်မုန်းအဆင့်က လည်း လျော့ကျသွားတာကြောင့် အရိုး 
ကျန်းမာရေးထိခိုက်မှုကနေ နှလုံးရဲ့ လုပ် ငန်းဆောင်တာကို အားနည်းစေတဲ့ အထိ 
ဖြစ်တတ်ပါတယ်။ အရင်က ကယ်လ်စီ ယမ်လို အရိုးသန်မာစေတဲ့ သတ္တုဓာတ်ဖြည့် 
စွက်ဆေးတွေကို မှီဝဲခဲ့တဲ့ အမျိုးသမီးတွေ အနေနဲ့ သွေးဆုံးချိန်မှာ အောက်ပါ 
ဗီ တာမင်တွေကို ထပ်လောင်း မှီဝဲသင့်ပါ တယ်။ 
 (၁) ဗီတာမင် အေ
မျက်စိနဲ့ အသားအရေရဲ့ ပုံမှန် လုပ် ငန်းဆောင်တာတွေကို ကောင်းမွန်စေရုံ သာမက
 (သွေးဆုံးချိန်မှာ အီစထရိုဂျင် ဟော်မုန်းလျော့နည်းမှုကြောင့်) ဆီးလမ်း 
ကြောင်းပိုးဝင်မှုနဲ့ မိန်းမကိုယ်လမ်း ကြောင်း ပိုးဝင်မှုတို့ မဖြစ်အောင်လည်း
 ကာကွယ်ပေးနိုင်ပါတယ်။
 (၂) ဗီတာမင် စီ
 ဗီတာမင်စီက 
ကူးစက်ပိုးဝင်မှုကို တွန်းလှန်ပေးနိုင်သလို အင်တီအောက် ဆီးဒင့်အဖြစ် 
ဆောင်ရွက်ပေးတာကြောင့် သွေးဆုံးချိန် ပူနွေးတဲ့ ဝေဒနာကို လျော့ ကျစေရုံသာမက
 အရေပြားတင်းရင်းစေ တဲ့ ကော်လာဂျင်ထုတ်လုပ်မှုကိုလည်း အားကောင်းစေပါတယ်။
 (၃) မဂ္ဂနီဆီယမ်
 အမျိုးသမီးတွေက သွေးဆုံးချိန် ရောက်လာချိန်မှာ ပင်ပန်းနွမ်းနယ်ပြီး 
ညောင်းညာမှုကို ခံစားရတတ်ပါတယ်။ ဒီအချိန်မှာ မဂ္ဂနီဆီယမ်ကို မှီဝဲရင် စွမ်း 
အင်အဆင့်ကို တိုးစေနိုင်ရုံသာမက အရိုး တွေကိုလည်း ကျန်းမာစေပါတယ်။ ဒါ့အ 
ပြင် ခေါင်းတစ်ခြမ်းကိုက်ရောဂါကိုလည်း တွန်းလှန်ပေးနိုင်ပါတယ်။ 
ဒီဗီတာမင်နဲ့ သတ္တုဓာတ်တွေကို မှီ ဝဲတဲ့အပြင် လေ့ကျင့်ခန်းလုပ်တာနဲ့ အစား 
အသောက်ကို အာဟာရပြည့်ပြည့်ဝ၀ စားသောက်တာတွေကိုလည်း လုပ်ဆောင် ပေးရပါမယ်။ 
မှန်ကန်သင့်တော်တဲ့ အာ ဟာရဓာတ်ကို အလုံအလောက်စားတာ ကြောင့် 
ကျန်းမာရေးအန္တရာယ်တွေကို လျော့ကျစေရုံသာမက စိတ်ချမ်းသာမှုကို လည်း 
ရရှိစေပါတယ်။
 ဇွန်
 By Good Health