လောကဓံသည်
 
 ၁။လာဘ =ပစ္စည်းဥစ္စာရခြင်း။
 
 ၂။အလာဘ=ပစ္စည်းဥစ္စာမရခြင်း။
 
 ၃။ယသ =အခြွေအရံများခြင်း။
 
 ၄။အယသ =အခြွေအရံမရှိခြင်း။
 
 ၅။နိန္ဒာ =အကဲ့ရဲ့ခံရခြင်း။
 
 ၆။ပသံသာ =ချီးမွမ်းခံရခြင်း။
 
 ၇။သုခ = ကိုယ် စိတ် ချမ်းသာခြင်း။
 
 ၈။ဒုက္ခ = ကိုယ် စိတ် ဆင်းရဲခြင်း။ 
 
 ဤသို့အားဖြင့် ရှစ်ပါးရှိပါ၏။
 
  ဓမ္မလရိပ် မှကူးယူဖော်ပြပါသည်။
 
 
 — Ko Ko Waizayantar 
 မြန်မာပြည်မှ မြန်မာလူမျိုးများ
 
 
 
 
၁။ မိမိရဲ့လောဘများကို ဒါနတရားဖြင့်အနိုင်ယူပါ။
 
 ၂။ မိမိတို့ရဲ့ ဒေါသများကို သီလတရားဖြင့်အနိုင်ယူပါ။
 
 ၃။ မိမိတို့ရဲ့ မောဟများကို ဝိပဿနာတရားဖြင့်အနိုင်ယူပါ။
 
 ၄။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် ယှဉ်ပြိုင်လိုမှု များကို မေတ္တာ တရားဖြင့် အနိုင်ယူပါ။
 
 ၅။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် အနိုင်ယူလိုမှုများကို ကရုဏာတရားဖြင့် အနိုင်ယူပါ။
 
 ၆။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် မနာလိုမှုများကို မုဒိတာတရားဖြင့် အနိုင်ယူပါ။
 
 ၇။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် ရန်လိုမှုများကို ဥပေက္ခာတရားဖြင့်အနိုင်ယူပါ။
 
 ၈။ မိမိတို့ရဲ့ သူတစ်ပါးအပေါ် အပြစ်ပြောလိုမှုများကို ကိုယ်ချင်းစာတရားဖြင့် အနိုင်ယူပါ။
 
 ၉။ မိမိတို့ရဲ့ မနောကံအကုသိုလ်များကို ဝစီကံကုသိုလ်များဖြင့်အနိုင်ယူပါ။
 
 ၁၀။ မိမိတို့ရဲ့ နိမ့်ကျနေတဲ့စိတ်များကို မိမိကိုယ်တိုင် မြှင့်တင်ခြင်းဖြင့် အနိုင်ယူပါ။
 
 ( ချမ်းအေးဆရာတော် )
 
 
အခမဲ့ကြော်ငြာ
 
 
 
 
 
 
ဂျပန်နိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်ပြီးတဲ့ နောက်တစ်နေ့မှာ ကယ်ဆယ်ရေးနဲ့ 
ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြပါတယ်..။ ကယ်ဆယ်ရေးသမားတွေဟာ 
ပျက်စီးနေတဲ့ အမျိုးသမီး တစ်ဦးရဲ့ အိမ်ကိုရောက်တဲ့အခါမှာ.. 
အဆောက်အဦအပုံပျက်များကြားထဲက သေဆုံးနေတဲ့ အမျိုးသမီး အလောင်းကို 
တွေ့ရှိခဲ့ရပါတယ်..။ ဒါပေမယ့် သူမသေဆုံးနေတဲ့ပုံစံက ထူးခြားလို့နေပါတယ်..။ 
သူမဟာ မြေပေါ်ကိုဒူးထောက်ထားပြီး ၀တ်
ပြုနေတဲ့ ပုံစံရှိပါတယ်..။ သူမရဲ့ ခန္ဓာကိုယ်ဟာ ရှေ့သို့ ညွှတ်ကိုင်းနေပြီး လက်နှစ်ဘက်ကတော့ ပစ္စည်းတစ်ခုကို ထောက်မထားပါတယ်..။ 
 
  အခက်အခဲပေါင်းများစွာနဲ့..၊ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ လက်တစ်ဝင်စာ 
အပေါက်ငယ်လေး ထဲကနေ အဆိုပါ အမျိုးသမီးအလောင်းကို ထုတ်ယူနိုင်ဖို့ 
ကြိုးစားပါတယ်..။ သူတို့ ဒီအမျိုးသမီး အသက်ရှင်နေလိမ့်အုံးမယ်လို့ 
မျှော်လင့်ဆဲပါ.။ ဒါပေမယ့် သူ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို ထိမိလိုက်တဲ့ 
အချိန်မှာတော့ အေးစက်ပြီးတောင့်ခဲနေတဲ့အမျိုးသမီးရဲ့
 ခန္ဓာကိုယ်က သူမသေဆုံးကြောင်းကို သက်သေပြလို့နေခဲ့ပါပြီ.။ သူတို့ဟာ 
လက်လျှော့လိုက်ပြီး တစ်ခြားမှာ ပိတ်မိနေတဲ့သူတွေကို အကူအညီပေးဖို့ 
ပြင်လိုက်ကြပါတယ်..။ ဒါပေမယ့်…. ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ တစ်စုံတစ် 
ယောက်က သူ့ကို သေချာပြန်ကြည့်ဖို့ ဆွဲဆောင်နေတယ်လို့ ထင်တာကြောင့် 
သေချာအောင် သေဆုံးနေတဲ့ အမျိုးသမီးကို အပေါက်ထဲကနေ ပြန် ကြည့်လိုက်ပါတယ်..။
 ရုတ်တရက်ပဲ… သူစိတ်လှုပ်ရှားစွာနဲ့ အော်လိုက်မိပါတယ်.. 
 
  "ကလေး… ဒီမှာ ကလေးတစ်ယောက် ရှိနေတယ်…"
 
 ကယ်ဆယ်ရေးအဖွဲ့တွေဟာ တက်ညီလက်ညီနဲ့ ပိတ်နေတဲ့ အဆောက်အဦပျက်တွေ 
အပိုင်းအစတွေကို ဖယ်ရှားကြပါတယ်..။ သေဆုံးနေတဲ့ အမျိုးသမီးရဲ့ အောက်မှာတော့
 ပန်းပွင့်တွေပါတဲ့ စောင်လေးနဲ့ ထုပ်ပိုးထားတဲ့ သုံးလအရွယ် 
ကလေးလေးတစ်ယောက်ရှိနေပါတယ်..။ အမေဖြစ်သူက သူ့ကလေးအသက်ရှင်ဖို့အတွက် 
နောက်ဆုံးအချိန်ထိ အသက်စွန့်ခဲ့တာပါ..။ အိမ်ပြိုကျတဲ့အချိန်မှာ.. သူမဟာ 
သူမရဲ့ခန္ဓာကိုယ်ကို ကလေးအတွက် အကာအကွယ်အဖြစ် ပြုလုပ်ပေးခဲ့တာပါ..။ 
ကယ်ဆယ်ရေး ခေါင်းဆောင်ဟာ ကလေးဖြစ်သူကို ကောက်ချီလိုက်ချိန်မှာတော့ ကလေးဟာ 
နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိပါတယ်..။
 
  ဆရာဝန်တွေ 
အပြေးအလွှားရောက်လာပြီး ကလေးငယ်ကို ပြုစုပေးကြပါတယ်..။ ကလေးကို 
ထုပ်ပိုးထားတဲ့ အနှီးကို ဖွင့်လိုက်တဲ့အခါမှာ.. အနှီးထဲမှာ 
ဖုန်းလေးတစ်လုံးကို တွေ့လိုက်ရတယ်..။ အဲ့ဒီဖုန်းမှာ မက်ဆေ့(စ်) 
တစ်ကြောင်းရှိနေပါတယ်..။ 
 
 "သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…"
 
 ဒီဖုန်းလေးဟာ တစ်ယောက်ကနေ တစ်ယောက်ဆီ လက်ဆင့်ကမ်းရောက်သွားပြီး ဖတ်မိသူတိုင်း မျက်ရည် မထိန်းနိုင်ခဲ့ကြပါဘူး..။
 
 "သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…" တဲ့….။ သြော်… အမေ့မေတ္တာ…. ကြီးမားလှချေလားဗျာ…။
 
 အောင်ထွန်းဦး 
I Love Myanmar 
 
 
 
 
 
လူတစ်ယောက်သည်ရင်းနှီးသော မိတ်ဆွေ တစ်ချို့ကို ခေါ် ၍ သူ၏ မွေးနေ့ပွဲကို ကျင်းပလေ သည်။ 
 ညစာကျွေးမွေးပီးနောက်.....မွေးနေ့ရှင်ဖြစ်သူ အိမ်ရှင်က သူဝါသနာပါသည့် အကော်ဒီယံ ကိုတီးပီး ဖျော်ဖြေ ၏။ 
 သီချင်းတစ်ပုဒ် ဆိုလိုက် ၊ အကော်ဒီယံ တီးလိုက် ဖြင့် ဖျော်ဖြေနေသော အိမ်ရှင်ကို သူ၏ သမီးဖြစ်သူကပါ သီချင်းကူ၍ဆိုပေးနေသည်။
 
 သီချင်း ပီးဆုံးသွားသောအခါ အားလုံးက လက်ခုပ်တီး ကာ အားပေးကြလေသည်။ 
 
 သို့သော် စိတ်ဝင်တစားနားထောင်နေသောဧည့်သည်တစ်ယောက်က.....
 
 " ဒီ သီချင်းကို ကျနော် မကြား ဘူးသေးဘူး....."..ဟုပြောလိုက်ရာ.....။
 
 အိမ်ရှင်မှ....." ..ကျုပ် ကိုယ်တိုင် ရေးထားတာဗျ.."  .........ဟု ဂုဏ်ယူ ၀င့်ကြွားစွာ ပြောလိုက်လေသည်။
 
 " ဒါဆို ရေဒီယိုမှာပဲဖြစ်ဖြစ်.......တီဗီမှာပဲ ဖြစ်ဖြစ် ဆို ရင်သိပ်ကောင်းမှာပဲ "....... ဟု ဆိုပြန်လေ၏။
 
 ထိုအခါ အိမ်ရှင်မှာ မှိုရသောမျက်နှာဖြင့်.......
 
 ဘာလဲ....ကျနော့် သီချင်းက တော်တော် ကောင်းနေလို့လားဗျ......ဟုဝမ်းသာအားရသံဖြင့် ပြန်မေးလေသည်။
 
 ထိုအခါ ဧည့်သည်မှ......မျက်မှောင်ကျုပ်ရင်း......ပြောလိုက်တာက.....
 
 " တီဗီမှာဆိုရင် ခလုပ် ပိတ်ထားလိုက်လို့ ရတယ်လေ.."....တဲ့
 
 တိန်
 
 ရီမောပျော်ရွှင်ပါစေ
 
 ကိုလုံ ( Lon Ely...) 
  
 
 
 
 
 
 
လေ့ကျင့်ခန်းတွေ လုပ်ပြီးတိုင်း ရေ ချိုးတာဟာ ခန္ဓာကိုယ်ကို သန့်ရှင်းစေရုံ  သာမက ကိုယ်အလေးချိန် ကိုပါ ကျစေ ပါတယ်။ စိတ်ဖိစီးမှုကို လျော့ကျတဲ့ အ ပြင် ကိုယ်ခံအား ကောင်းစေတာကြောင့် အားကစား လုပ်သူတွေ အတွက် ရေချိုး တာရဲ့ အကျိုးကို ဖော်ပြလိုက် ရပါတယ်။
 
 (၁) တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ကောင်းခြင်း
 
 ကိုယ်လက်လေ့ကျင့် လုပ်ပြီးတဲ့ အ ခါ ချွေးတွေထွက်တာမျိုး၊ အားကစား 
လုပ်တဲ့အခါ တခြားသူတွေနဲ့ ထိတွေ့ရ တာမျိုးတို့မှာ ရေချိုးပေးတာဟာလည်း 
တွေမှာလည်း ရေကူးပြီးတိုင်း ရေ ပြန်ချိုး ဖို့ မမေ့သင့်ပါဘူး။ 
ဘာလို့လဲဆိုတော့ ရေကူးကန်တွေဟာ ရေသန့်စင်ဖို့အတွက် ကလိုရင်းဒြပ်စင်တွေ 
ထည့်ထားတာ ကြောင့် အသားအရေနဲ့ ဆံပင်တွေကို ပျက်စီးစေလို့ပဲ ဖြစ်ပါတယ်။ 
ဒါကြောင့် ရေကူးကန်က ထွက်လာတိုင်းတဘက်နဲ့ ရေသုတ်ရုံ ပြီးစလွယ် 
အကျင့်ကိုတော့ တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက် ရှောင် သင့်ပါတယ်။
 
 (၂) နာကျင်မှုကို သက်သာစေခြင်း
 
 အားကစား အပြင်းအထန်လုပ်ပြီး တဲ့အခါ ကြွင်းသားတွေ နာကျင် ကိုက်ခဲ 
ပြီးကျန်ခဲ့တတ်ပါတယ်။ ဒါတွေကို သက် သာဖို့ ရေခဲရေနဲ့ နာနေတဲ့နေရာ တွေကို 
လောင်းချိုးပေးလို့ ရပါတယ်။ မနက်ပိုင်း အိပ်ရာထလို့