ဒီစနစ်ကတော့ G-Talk သုံးစွဲသူ User များအနေနဲ့ သိရှိပြီး 
ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လုံးဝမသိသေးတဲ့ မိတ်ဆွေများအတွက် ရည်ရွယ်ပြီး 
ရေးသားဖော်ပြလိုက်ပါတယ်။
အင်တာနက်ကို အသုံးပြုပြီး ဆက်သွယ်တဲ့နေရာမှာ 
အသုံးအများဆုံး Program လေးတစ်ခုကတော့ Google Talk (သို့) G-Talk လို့ခေါ်တဲ့ 
Program လေးပဲ ဆိုတာကို မိတ်ဆွေတို့အနေနဲ့ သိပြီးသားပါ။ ဒါပေမယ် အဲဒီလို 
ဆက်သွယ်ပြောဆိုကြတဲ့ နေရာမှာ လူမျိုး၊ ဘာသာစကား နဲ့ ယဉ်ကျေးမှုတွေ လူအချင်းချင်း 
မလွဲသာမရှောင်သာ ဆက်သွယ်ပြောဆိုကြတဲ့အခါမှာ အဓိက ကြုံတွေ့ရတဲ့ အခက်အခဲကတော့ 
Language လို့ခေါ်တဲ့ ဘာသာစကားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အခက်အခဲကို 
ကျော်လွှားနိုင်ဖို့အတွက် G-Talk ဘာသာပြန်စနစ် ဆိုတာက ပြေလည်အောင်ကူညီဆောင်ရွက် 
ပေးထားပါတယ်။
G-Talk ဘာသာပြန်စနစ် လုပ်ဆောင်ချက်ကတော့ Bot လို့ခေါ်တဲ့ 
အလိုအလျောက် တုံ့ပြန်ပေးတဲ့ စနစ်ကိုသုံးပြီး ကျွန်တော်တို့ G-Talk မှာ 
ရိုက်လိုက်တဲ့ စာတွေကို အလိုအလျောက် ဘာသာပြန်ပေးသွားမှာပါ။ ဒါပေမယ့် 
မိတ်ဆွေတို့အနေနဲ့ ကိုယ့်ရဲ့ G-Talk မှာ ဒီစနစ်ကို သုံးချင်တယ်ဆိုရင်တော့ 
ဘာသာပြန်ပေးတဲ့ Bot Account တွေကို Add လုပ်တားဖို့တော့ လိုပါလိမ့်မယ်။ 
   
      
    !-kp-3နည်းပညာ-http:>
Sunday, April 1, 2012
Subscribe to:
Comments (Atom)