အိမ်ထောင်မှုသုခ အပြည့်အ၀ မရရှိဘူးဆိုရင် တလည်းသီးဖျော်ရည် တစ်ခွက်ကို သောက်လိုက်ပါလို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်..
 
 တလည်းသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်တွေအတွက် စိတ်ဆန္ဒကို လှုံဆော်ပေးနိုင်တဲ့ 
နံပါတ်တစ်ဖျော်ရည်ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တလည်းသီးဖျော်ရည်ဟာ 
အိမ်ထောင်ရှင်စုံတွဲတွေကိုပိုပြီး ချစ်ချစ်ခင်ခင်နေနိုင်စေကြောင်း လေ့လာမှုအရ သိရပါတယ်။
 အကြောင်းကတော့ တလည်းသီးဖျော်ရည်မှာ အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိ 
အပြည့်ပါဝင်တဲ့အပြင် တလည်းသီးရနံ့နဲ့ အရသာကြောင့် ဖြစ်ပါတယ်။ 
တလည်းသီးဖျော်ရည်နှာ ပါဝင်တဲ့ ဗီတာမင်စီက တစ်နေ့တာ လိုအပ်တဲ့ပမာဏရဲ့ ၁၆% 
နဲ့ ဗီတာမင် B3 ၊ ပိုတက်စီယမ်၊ သဘာဝဖီနောနဲ့ 
ဖေလးဗိုနွိုက်တို့လည်းပါဝင်နေပါတယ်။
 တလည်းသီးမှာ အမျှင်ဓာတ်ပါဝင်မှုလည်း မြင့်မားတာကြောင့် တလည်းသီးဟာ 
နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ကျစေပြီး သွားချေးဖတ်မဖြစ်အောင်လည်း 
ကာကွယ်ပေးတယ်လို့ သိရပါတယ်။
 
 Good Health ( ZKO )
မြ၀တီ 
 
 
 
 
 
ပုံမှာမြင်တွေ့ရတဲ့ တံတားကတော့ နော်ဝေနိုင်ငံရှိ ကျွန်းနှစ်ကျွန်းကို 
ဗဟိုကျွန်း (Main Land) နဲ့ ဆက်စပ်ထားပေးတဲ့ လမ်း (တံတား)ဖြစ်ပါတယ်။
၅.၂ မိုင်ရှည်လျားတဲ့ ယင်းတံတားကို ကျွန်းငယ်လေးတွေပေါ် အခြေပြုတည်  
ဆောက်ထားခြင်းဖြစ်ပါတယ်။ တံတားဟာ သာမန်နဲ့မတူပဲ ကွေ့ဝိုက်၊ နိမ့်မြင့်ရတဲ့ 
ရည်ရွယ်ချက်ကတော့ ပင်လယ်ရေလှိုင်း ရိုက်ခတ်မှဒဏ်ကို ခံနိုင်ရည်ရှိမဲ့ 
နည်းလမ်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
 
 နော်ဝေရေပိုင်နက် (Atlantic ပင်လယ်) အတွင်းမှာ တည်ဆောက်ထားတဲ့ ယင်းတံတားဟာ
 ၁၉၂၁ က စတင်တည်တင်ဆောက်ခြင်း ဖြစ်ပြီး တစ်ဖြည်းဖြည်းနဲ့ ပုံစံပြောင်း 
ရှည်လျားလာခြင်း ဖြစ်ပါတယ်။ ဒီဇိုင်းဆန်းနဲ့ တည်ဆောက်ထားတဲ့ ယင်းတံတားကို 
Atlantic Ocean Road လို့ လူသိများပါတယ်။
 
 Ref:wikiepdia
 
 အောင်ခမ်း (ရိုးရာလေး)  
 
 
 
 
 
 
ဘယ်တော့မှ ပြန်မရနိုင်သော အရာ (၃) မျိုး ၁။ ကုန်ဆုံး သွားသောအချိန်များ
 ၂။ ပြောပြီးသော စကားများ
 ၃။ အခွင့်အရေးကောင်းများ
 
 အကောင်းဆုံးကို ဖန်တီးနို်င်သော အရာ (၃) မျိုး
 ၁။ အလုပ် ကြိုးစားခြင်း
 ၂။ စိတ်ရင်း မှန်ဖြင့် လုပ်ဆောင်ခြင်း ၊ ရိုးသားခြင်း
 ၃။ စိတ်ရော ကိုယ်ပါ နှစ်မြုပ်ထားခြင်း ။
 
 တန်ဖိုး ကြီးဆုံး အရာ (၃) မျိုး
 ၁။ အချစ်
 ၂။ မိမိကိုယ် မိမိယုံကြည်မှု
 ၃။ မိတ်ဆွေ
 
 တစ်ကြိမ်ဆုံး ရှုံးပြီးနောက် ပြန်လည် တည်ဆောက်ရန် ခက်ခဲသောအရာ(၃)မျိုး
 ၁။ ရိုသေလေးစားမှု
 ၂။ ယုံကြည် စိတ်ချမှု
 ၃။ ခင်မင် ရင်းနှီးမှု
 
 ပျက်စီးစေသော အရာ (၃) မျိုး
 ၁။ အရက်သေ စာ ။
 ၂။ မာနကြီးခြင်း ၊ မိမိကိုယ်မိမိ အထင်ကြီးခြင်း နှင့် ၀င့်ကြွားခြင်း။
 ၃။ ဒေါသကြီး ခြင်း ။
 
 ဘယ်တော့မှ မသေချာသော အရာ (၃) မျိုး
 ၁။ အိမ်မက်
 ၂။ စိတ်ကူး ၊ ရည်ရွယ်ချက်
 ၃။ ကံကြမ္မာ
 
 
 
 မီးပြတိုက် ( mee-pya-tite ) 
 
 
 
 
 
ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ခေါင်းဘယ်လောက်ပဲ ကိုက်ကိုက်၊ ဘယ်လောက်ပဲ မူးမူး သဘာဝအတိုင်း ပျောက်စေတဲ့ နည်းလမ်း ရှိပါတယ်။
 ယင်းကတော့ သံပုရာသီးကို အသုံးပြုခြင်း ဖြစ်ပါတယ်။ သံပုရာသီးကို နှစ်ခြမ်း 
ခြမ်းပြီး အတွင်းသားကို နဖူးမှာ သာသာလေး ပွတ်ပေးရုံပဲ ဖြစ်ပါတယ်။ ယင်းသို့ 
ပွတ်သပ်ခြင်းဖြင့် တကယ်ပဲ ခေါင်းကိုက် သက်သာ ပျောက်ကင်းစေပါတယ်။
 
 သံပုရာသီးက အအေးဓာတ်နဲ့ အနံ့က ဦးနှောက်ကို လန်းဆန်းစေပြီး ခေါင်းကိုက်ဝေဒနာ ပျောက်ကင်းစေတယ်လို့ လေ့လာတွေ့ရှိထားကြောင်း သိရပါတယ်။
 --
 Ref: medic-facts
 Aung Kham ( International news for myanmar ) 
 
 
 
 
 
ထိပ်ဦးအသား၊ လှုပ်ဘိငြားမူ၊ မင်းများကြည်ညွတ်၊ ပူဇော်လတ်အံ့။ 
အမြတ်တင်ရာ၊ လယ်ယာဦးကင်း၊ လှုပ်ခြင်းတဖြာ၊ လက်ယာအက္ခိ၊ မျက်စိအပေါ်၊ 
လှုပ်သော်တကြောင်း၊ ခင်ပွန်းကောင်းနှင့်၊ ပေါင်းမိတတ်စွ၊ လာဘ်သော်ရလိမ့်။
 
 အောက်ကလှုပ်မူ၊ ချစ်သူရန်လို၊ မျက်ပိုစမြဲ။
 လက်ဝဲမျက်ခုံး၊ လှုပ်သည့်ထုံးကား၊ ကံဘုန်းထွန်းသစ်၊ ကြံတိုင်းဖြစ်လိမ့်။
 
 မျက်ရစ်အောက်သား၊ လှုပ်ခဲ့ငြားမူ၊ မြေး-သား-မျိုးဆွေ၊ ပျက်စီးလေ၍။
 
 မျက်ရည်ကျငြား၊ လက်ယာနားမူ၊ ရန်ပွားခိုက်ဆစ်၊ ဖြစ်အံ့တချက်၊ ရာထူးတက်လိမ့်။
 
 လက်ဝဲနားမှာ၊ လာဘ်များစွာ၏။
 နှာခေါင်းစင်စစ်၊ တုန်လှုပ်လစ်မူ၊ ချစ်သည်သူနှင့်၊ ကလူကျီစယ်၊ ပျော်ရဖွယ်တည့်။
 
 ထက်ဝယ်နှုတ်ခမ်း၊ လှုပ်ဆမ်းဘိငြား၊ စကားရန်စ၊ တွေ့လေရအံ့။
 အောက်ကလှုပ်လာ၊ ဝေးရပ်ရွာမှ၊ ရောက်လာစကား၊ သတင်းကြား၏။