ဟိုးယခင်ကတည်းက
 ကော်ဖီကို လန်းဆန်းတက်ကြွဖို့နဲ့ ထိုင်းမှိုင်းမှုတွေကို ပြေပျောက်ဖို့အတွက်
 သုံးစွဲခဲ့ကြပါတယ်။ အခုခေတ်အခါမှာတော့ 
ကော်ဖီဟာတော်တော်လေးရေပန်းစားလာပြီဖြစ်ပါတယ်။ သို့ပေမယ့် 
ကျန်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင် 
ကောင်းကျိုးထက်ဆိုးကပိုများတယ်လို့ကျန်းမာရေးသုသေသီများကဆိုကြပါတယ်။ 
ကော်ဖီက ဘယ်လို ဆိုးကျိုးတွေပေါ်သက်ရောက်နေလဲဆိုတော့-  ၁။ စွဲလမ်းခြင်း   ဒီမကောင်းတဲ့အချက်ကတော့
 လူတိုင်းသတိထားသင့်တဲ့အချက်ပါပဲ လေ့လာစမ်းသပ်မှုတွေအရ coffee ကိုတစ်နေ့ 
၃၊၄ ခွက်သောက်သုံးသူတွေဟာ ကြာလာတော့ coffee ကိုမသောက်ရမနေနိုင်ဖြစ်လာပါတယ် 
ဒီလိုဆိုရင်တော့ coffee ရဲ့ bad effects တွေကို တစ်နေ့မဟုတ်တစ်နေ့ 
ကြုံတွေ့ဖို့ chance များလာပါတယ်  ၂။ လေဖြန်းခြင်း(stroke)  caffeine
 ဓာတ်က သွေးလည်ပတ်မှုနှေးစေတဲ့အတွက် 
ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုသွေးရောက်ရှိမှုနည်းသွားပါတယ် 
အထူးသဖြင့်ဝသောသူတွေမှာ coffee အလွန်အမင်းသောက်သုံးပါက လေဖြန်းခြင်းကို 
အားပေးစေပါတယ်  ၃။ နှစ်ခြိုက်စွာအိပ်မပျော်တော့ပီ  အထက်မှာဖော်ပြခဲ့တဲ့အတိုင်း
 coffee မှာပါတဲ့ caffeine ဓာတ်က adenosine နဲ့သွားတူတဲ့အတွက် 
အိပ်စက်ခြင်းကိုအနှောက်အယှက်ပေးပါတယ်။ 
နှစ်ခြိုက်စွာအိပ်ပျော်ခြင်းအလျင်းမရှိတော့ပဲ အအိပ်ဆတ်လာပါတော့တယ်  ၄။ မွေးကင်းစကလေးပေါ်မှာသက်ရောက်မှု  ကိုယ်ဝန်ဆောင်မိခင်တွေဟာ
 coffee သောက်သုံးခြင်းကိုရှောင်ရှားသင့်ပါတယ် coffee မှာပါတဲ့ caffeine 
ဓာတ်က ဗိုက်ထဲမှာရှိတဲ့ကလေးအတွက် အန္တ္တရာယ်ဖြစ်ပါတယ် 
အလွန်အမင်းသောက်သုံးမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်  ၅။ ကော်ဖီနဲ့ အာရုံကြော အဖွဲ့အစည်း  ပုံမှန်ဖြစ်စဉ်မှာ
 ဦးနှောက်က အဒီနိုစင်း(adenosine) 
ထုတ်ပြီးအာရုံကြောဆိုင်ရာလုပ်ငန်းတာဝန်တွေကို လုပ်ဆောင်စေပါတယ်။ 
ကော်ဖီမှာပါတဲ့ caffeine ဓာတ်က adenosine အရွယ်အစားနဲ့ပုံသဏ္ဍန်တူညီတဲ့အတွက် 
adenosine ယောင်ဆောင်ပြီး (molecular mimicry) ဦးနှောက်ကို 
ပုံမှန်လုပ်ငန်းစဉ်တွေလုပ်ဆောင်ခိုင်းပါတယ်။ အဲဒီအခါမှာ 
ကောင်းစွာအိပ်စက်အနားယူလို့မရတော့ပါဘူး။ 
လုံလောက်တဲ့အိပ်စက်အနားယူမှုမရှိတာကြာလာတော့မှတ်ဥာဏ်ကိုယိုယွင်းထိခိုက်စေနိုင်ပါတယ်။  ၆။ ရေဓါတ်ဆုံးရှုံးစေနိုင်တယ်  လူ့ခန္ဓာကိုယ်ရဲ့
 ၂/၃ ကိုရေနဲ့ ဖွဲ့စည်းထားပါတယ်။ ကော်ဖီသောက်သုံးမှုများရင် 
ဆီးရွှင်စေတဲ့အတွက် ရေဓါတ်ဆုံးရှုံးစေပါတယ်။ ရေဓါတ်ဆုံးရှုံးတဲ့အခါ 
အစားစားချင်စိတ်လျော့နည်းစေတယ်။ မောပန်းခြင်းနဲ့ ပင်ပန်းနွမ်းနယ် 
ခြင်းဖြစ်စေပါတယ်။  ၇။ စိတ်လှုပ်ရှားလွယ်ပြီးဂဏှာမငြိမ်ဖြစ်စေခြင်း(anxiety and restlessness)  စိတ်အတက်အကျ ပြောင်းလဲမှု မြန်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ caffeine ကြောင့်ပါ။  ၈။ ကိုလက်စ်စတော(ch***sterol) ကိုတက်စေတယ်  ကော်ဖီမှာပါတဲ့
 Cafestol က ကိုလက်စ်တော(ch***sterol) ကိုတက်စေတယ်။ ch***sterol 
ပြဿနာရှိတဲ့လူ တွေဆိုရင် တနေ့မှာ ကော်ဖီ ၂ ခွက်ထက်ပိုမသောက်သင့်ပါဘူး။  ၉။ နှလုံးနဲ့ သွေးကြောများအပေါ်သက်ရောက်မှု  ကဖင်းဓါတ်က
 အဒီနိုစင်း(adenosine) ကို သွားပိတ်တဲ့အတွက် သွေးကြောပိတ်ဆို့မှု 
ဖြစ်စေပါတယ်။ သွေးလွှတ်ကြောပိတ်တဲ့အခါမှာ သွေးပေါင်ချိန်တွေ တက်လာမယ်။ 
နှလုံးခုန်မြန်လာမယ်။ အလွယ်တကူမောပန်းနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ 
လုပ်နိုင်စွမ်းတွေထိခိုက်လာနိုင်ပါတယ်။ မကြာသေးမီကလေ့လာထားချက်အရ 
ကော်ဖီပမာဏများစွာသောက်သုံးခြင်းဟာ နှလုံးထိခိုက်စေမယ့်အလားအလာ ၁၂% 
ရှိနိုင်ပါတယ်။  ၁၀။ အရိုးများအပေါ်မှာ   ကော်ဖီက
 အရိုးမှာရှိတဲ့ ကယ်လ်ဆီယမ်(calcium)ကို ပွတ်တိုက်စားစေပြီး 
သတ္တုသိပ်သည်းဆကိုလျော့နည်းစေတယ်။ ကော်ဖီမှာ ပါဝင်တဲ့ ကဖင်း(caffeine) ဟာ 
ဆီးရွှင်စေတဲ့အတွက် ဆီးသွားတဲ့ကြိမ်ဖန်များလာတဲ့အခါမှာ 
ပွတ်တိုက်ခြင်းခံထားရတဲ့ calcium တွေဆီးနဲ့ အတူပါသွားပါတယ်။ အဲဒီအခါမှာ 
Osteoporosis လို့ခေါ်တဲ့ အရိုးပွခြင်းကိုဖြစ်ပေါ်စေပြီး 
အရိုးများအလွယ်တကူကျိုးစေနိုင်ပါတယ်။ credit by >>>internet new
source>>>http://thabawaarrin.blogspot.com/2013/03/blog-post_4049.html#more
             
 
 
 
 
ကျွန်တော့်အမေက မျက်လုံးတစ်ဖက်ပဲ ရှိတယ် … သူ့ကိုကြည့်ရတာ ကသိ ကအောက် 
ဖြစ်လွန်းလို့ ကျွန်တော် သူ့ကိုမုန်းတယ် … အမေဟာ အိမ်ရဲ့ ၀င်ငွေ အတွက် 
ပျံကျဈေးမှာ ဟင်းသီး ဟင်းရွက်တွေ ရောင်းရုံမက သူများ အိမ်တွေမှာပါ 
လုပ်လို့ရသမျှ တိုလီမိုလီ အလုပ်တွေလည်း အကုန်လိုက် လုပ်တယ် …
မှတ်မိပါသေးတယ်
 … ကျွန်တော် မူလတန်း ကျောင်းသား ဘ၀ တုန်းကပေါ့ … ကျောင်းစုံညီပွဲနေ့မှာ 
အမေကျောင်းကို ရောက်လာခဲ့တယ် … အဲ့ဒီမှာ ကျွန်တော် အရမ်းရှက်ပြီး အမေ့ကို 
မုန်းတီးတဲ့ အကြည့်နဲ့ ကြည့်ပြီး ပြေးထွက် လာခဲ့တယ် … နောက်နေ့ 
ကျောင်းရောက်တဲ့ အခါ သူငယ်ချင်းတွေက “ 
   
 
 
 
 
 
 အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံ သို့ ချဉ်းကပ်၍ " 
အရှင်မြတ်ဘုရား အကျွန်ုပ်သည် မည်သည့်အရာကိုပဲ လုပ်လုပ် မအောင်မမြင် 
ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်နေရပါသနည်း ဘုရား " 
ဟုမေးလျှောက်၏။
 
 " ချစ်သားသည် 
အလှူဒါန မပြုတတ်၍ ဖြစ်သည် " ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။ " 
ငွေကြေးတစ်ပြား တစ်ချပ်မျှ မရှိသော အကျွန်ုပ်အဖို့  မည်ကဲ့သို့ သော အလှူဒါန
 ပြုနိုင်ပါမည်နည်း " ဟု လူငယ်က မေးလျှောက်သည်တွင် မြတ်စွာဘုရားက " ချစ်သား
 ဤသို့ မဟုတ် သည်ကိုမှတ်သားလော့။ တစ်ဦးတစ်ယောက် သောသူသည် 
ငွေကြေးမရှိသော်လည်း သူတစ်ပါးကို ပေးကမ်းနိုင်သော အလှူဒါန (၇) မျိုးရှိသည် "
 ဟု မိန့် တော်မူခဲ့လေ၏။ ထို (၇) မျိုးမှာ -
 
 (၁) မျက်နှာ ဟန်ပန်အမူအရာဖြင့် အလှူဒါနပြုခြင်း
 အပြုံးဖြင့် ဖေါ်ရွေစွာ ဆက်ဆံခြင်း ကိုဆိုလိုပါသည်။
 
 (၂) နှုတ်ဖြင့် အလှူဒါနပြုခြင်း
 အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသော စကားများ ပြေဆိုခြင်းကို ဆိုလိုပါသည်။
 
 (၃) စိတ်ဖြင့် အလှူဒါနပြုခြင်း
 စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်းကို ဆိုလိုပါသည်။
 
 (၄) အမြင်ဖြင့် အလှူဒါနပြုခြင်း
 ကောင်းသောစေတနာ အမြင်ဖြင့် သူတစ်ပါးကို ကြည့်မြင်တတ်ခြင်း ကိုဆိုလိုပါသည်။
 
 (၅) ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း
 ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကိုကူညီပေးခြင်း ကိုဆိုလိုပါသည်။
 
 (၆) နေရာထိုင်ခင်းဖြင့် အလှူဒါနပြုခြင်း
 လှေစီး၊ ကားစီး သည့်အခါ အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူနှင့် ကလေးသူငယ် 
တို့ အား မိမိထိုင်ခုံနေရာကို ပေးကမ်း၍ ထိုင်စေခြင်းကို ဆိုလိုပါသည်။
 
 (၇) နေအိမ်တည်းခိုရာ အခင်းအကျင်းဖြင့် အလှူဒါနပြုခြင်း
 မိမိ၏ နေအိမ်နေရာကို သူတစ်ပါးတို့ အား ခေတ္တသော်လည်းကောင်း တည်းခိုရာနေရာ ပေးခြင်းကို ဆိုလိုပါသည်။
 
 မည်သူမဆို၌ ဤအလှူဒါန (၇) မျိုးသော ကောင်းမှုကုသိုယ်ကို ပေးကမ်းလေ့ရှိသည့် 
အကျင့်ကောင်းရှိလျှင် အောင်မြင်ခြင်းသည် ထပ်ကြပ်မကွာ လိုက်ပါလာမည်သာ 
ဖြစ်ပေသည်။
 
 ပါမောက္ခ ဒေါ်ခင်ဖြူ ( မြင်းခြံ ) ဘာသာပြန်ဆိုပေးပါသည်။
 
 မြန်မာပြည်မှမြန်မာလူမျိုး 
 
 
 
 
 
 ဂျပန် Hitachi ကုမ္မဏီက ထုတ်တဲ့ တစ်ယောက်စီး ကားငယ်လေး ဖြစ်ပါတယ်။ 
ထူးခြားချက်ကတောန့ မောင်းနှင်ရန် ဒရိုင်ဘာ မလိုအပ်ခြင်း ဖြစ်ပါတယ်။ 
 
 ကားက စက်ရုပ်မှာ သူလုပ်ရမယ့် Function တွေကို ပရိုဂရမ်အတိအကျ ထည့်သွင်းရေးဆွဲထားပြီးသား
 ဖြစ်ပါတယ်။ သွားချင်တဲ့နေရာကို အထဲမှာပါတဲ့ touch screen ကနေ 
စေခိုင်းလိုက်ရင် သူ့ပါသူ အလိုအလျောက် ခရီးသွားမှာ ဖြစ်ပါတယ်။ 
ဘေးဘယ်ညာထိန်းချုပ်မှု၊ အနိမ့်အမြင့်သွားလာမှုတို့က 
အစလူထိန်းစရာမလိုအပ်ပါဘူး။ 
 
 ဂျပန်နိုင်ငံမှာ GPS နဲ့ ဂြိုလ်တုသုံး
 Navigation ဟာ မြန်ဆန်တိကျတဲ့အတွက် အသုံးပြု၍ ရရှိခြင်း ဖြစ်ပါတယ။် 
အခြားနိုင်ငံမှာဆိုရင်တော့ မပြောတတ်ပါဘူး။ ဂျပန်မှာတော့ ကားတွေကြပ်ထဲ မြို 
့လမ်းတွေထဲမှာလည်း အလွယ်တကူ သွားလာ ပြခဲ့ပါတယ်။ 
 
 Smart Driverless
 Taxi လို့အမည်ပေးထားတဲ့ ဟီတာချီ တစ်ယောက်စီး ကားငယ်လေးများကို 
ယခုနှစ်ကုန်ပိုင်းအတွင်း ထုတ်လုပ်နိုင်ရန် ယာထားကြောင်း သိရပါတယ်။ 
 --
 Ref: techblog
 ColayOnline:Automobile
  
 
 
 
 
 
 
 
 ကော်ဖီဆိုင်မှာ ထိုင်လိုက်ပြီး အရသာရှိတဲ့ ကော်ဖီတစ်ခွက် ပေးပါဆိုရင် 
တကယ်ပဲ အရသာရှိတဲ့ ကော်ဖီတစ်ခွက်ဖြစ်စေဖို့ ကော်ဖီအပြင် တခြားဖြည့်စွက်တဲ့ 
နွားနို့ ဒါမှမဟုတ် နို့မှုန့်၊ သကြား စတာတွေနဲ
့ ရောစပ်ပြီး ကယ်လိုရီတွေ ပြည့်ဝနေတဲ့ ကော်ဖီ တစ်ခွက်ကို သင်သောက်ရမှာပဲ ဖြစ်ပါတယ်။
 
 ဒီကော်ဖီခွက်ထဲမှာ ကယ်လိုရီများစွာ ပါဝင်နေပါပြီ။ ကျန်းမာရေးအတွက် ကော်ဖီ 
သောက်မယ်ဆိုပေမယ့် ဒီလို ကယ်လိုရီများတဲ့ ကော်ဖီဆိုရင်တော့ ကြာရင် 
သင့်ခန္ဓာကိုယ် အလေးချိန် တက်လာတော့မှာပါ။ ဒီတော့ ဘယ်လို ထိန်းချုပ်မလဲလို့ 
သင်တွေးနေမှာပေါ့။ ဒါကတော့ လွယ်ပါတယ်။ သင်ဟာ ကော်ဖီ သောက်မယ်လို့ 
ဆုံးဖြတ်တိုင်း ဘာမှရောမထားတဲ့ သီးသန့် ကော်ဖီ တစ်ခွက်ကိုသာ မှာယူပါ။ အဲ့ဒီ
 ကော်ဖီကို အဆီ လျှော့ထားပြီးသား ဖြစ်တဲ့ နို့မှုန့်မျိုးနဲ့ တွဲပြီး 
သောက်ဖို့ပါပဲ။
 
 ကော်ဖီ စစ်စစ်ကို ကြိုက်နှစ်သက်တဲ့ သူတွေက 
သကြားနဲ့ နို့မှုန့် ထည့်တာဟာ ကော်ဖီအရသာကို ပျက်စေတယ်လို့ ဆိုပါတယ်။ 
ကော်ဖီကြိုက်သူတွေဟာ ကော်ဖီ စစ်စစ် အနည်းငယ်ကို သောက်ရရုံနဲ့ တကယ်ကို 
စိတ်ကျေနပ်မှုရစေပြီး ကော်ဖီ သောက်ချင်နေတဲ့စိတ်ကို တကယ်ပဲ အာသာပြေစေတယ်လို့
 ဆိုပါတယ်။ တစ်နေ့ ကော်ဖီ သုံးခွက်ထက်ပိုပြီး သောက်သူတွေဟာ တကယ့် ကော်ဖီ 
စစ်စစ် (ဘာမှ ရောမထားတဲ့) ကို သောက်မယ်ဆိုရင်တော့ ကယ်လိုရီ တိုးမလာဘဲ 
ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။
 
 အမေရိကန် နိုင်ငံမှ လေ့လာမှုတွေအရ 
ကော်ဖီ သောက်ခြင်းကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ကော်ဖီမှာ 
သဘာဝ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ၊ရောဂါ ကာကွယ်နိုင်စွမ်းအင်နဲ့ 
နေမကောင်းမှုတွေကို လျှော့ချပေးနိုင်တဲ့ အစွမ်းတွေ ရှိပါတယ်။ ကော်ဖီ 
သောက်ခြင်းကြောင့် သွားအရောင်စွန်းခြင်း ကင်းဝေးချင်တယ်ဆိုရင် ကော်ဖီကို 
ပိုက်နဲ့ စုပ်သောက်တာဟာ သင့်သွားနဲ့ ခံတွင်း ကျန်းမာရေးအတွက် အကောင်းဆုံး 
ဖြစ်ပါတယ်။
 
 အမျိုးသမီးတွေမှာ နှလုံးရောဂါ အန္တရာယ်ကို လျှော့ချပေးနိုင်ခြင်း
 
 အသက် ၅၅ နှစ်ကနေ ၆၉ နှစ်အရွယ် အမျိုးသမီး ၂၇၀၀၀ အထက်ကို လေ့လာမှုတွေအရ 
တစ်နေ့ကို ကော်ဖီ စစ်စစ် သုံးခွက် သောက်ခဲ့ရာ နှလုံးရောဂါ အန္တရာယ်ကို ၂၄ 
ရာခိုင်နှုန်း လောက် ကျသွားစေတယ်လို့ ဆိုပါတယ်။
 
 အမျိုးအစား (၂) ဆီးချို၊ သွေးချိုကို ကာကွယ်နိုင်ခြင်း
 
 ဟားဗတ်တက္ကသိုလ်မှ လေ့လာမှုတွေအရ တစ်နေ့ကို ကော်ဖီ ခြောက်ခွက် သောက်တဲ့ 
အမျိုးသမီးတွေမှာ အမျိုးအစား (၂) ဆီးချို သွေးချိုရောဂါကို ၂၂ ရာခိုင်နှုန်း
 လျှော့ချနိုင်ပြီး အမျိုးသားတွေမှာဆိုရင် ၅၄ ရာခိုင်နှုန်းအထိ 
လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
 ပါကင်ဆန်ရောဂါကို တားဆီးနိုင်ခြင်း
 
 အနည်းဆုံး ခြောက်ကြိမ်လောက် လေ့လာမှုတွေအရ ပုံမှန် ကော်ဖီ 
သောက်သုံးသူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ ပါကင်ဆန်ရောဂါ ဖြစ်နှုန်း 
နည်းတာကို တွေ့ရှိခဲ့ရပါတယ်။
 
 ခေါင်းကိုက်ခြင်း
 
 
ကဖင်းဓာတ်ကို သဘာဝ ကိုက်ခဲပျောက်ဆေးလို့တောင် ဆိုနိုင်လောက်အောင် တစ်ခါတလေ 
ခေါင်းကိုက်တာမျိုးတွေမှာ ကော်ဖီ တစ်ခွက်လောက် သောက်လိုက်ရုံနဲ့ 
ကိုက်ခဲပျောက် ဆေး တစ်လုံး သောက်လိုက်သလို ခေါင်းကိုက်ခြင်းတွေ 
ပြေပျောက်သွားစေတယ်ဆိုတာ လူအများ လက်ခံထားကြပါတယ်။
 
 အသည်းကင်ဆာအန္တရာယ် လျှော့ချနိုင်ခြင်း
 
 ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှုတွေအရ ကော်ဖီ ပုံမှန်သောက်သူတွေဟာ အသည်းကင်ဆာ 
ဖြစ်နှုန်း ၂၃ ကနေ ၅၅ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
 တစ်နေ့ ကော်ဖီ တစ်ခွက် ပုံမှန်သောက်သူတွေမှာတောင် ၂၃ ရာခိုင်နှုန်းအထိ 
အသည်း ကင်ဆာ အန္တရာယ်ကို လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကော်ဖီ 
စစ်စစ် ကြိုက်သူတွေ အတွက်တော့ သတင်းကောင်းပဲဖြစ်ပါတယ်။
 
 သဲသဲ 
မြ၀တီ 
  
 
 
 
 
 
 
 
 သင့်မှာ ချစ်သူ ရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူး ပါသလား။
 ပြီးတော့ ချစ်သူကို နမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုတာ 
ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စား တယ်ဆိုရင် အောက်မှာ ရေးထားတဲ့ အနမ်း
နဲ့ ကျန်းမာရေး ဘယ်နည်း ဘယ်ပုံ ဆက်စပ်နေတယ် ဆိုတာကို ဆက်ပြီး ဖတ်ကြည့် ပေါ့နော်။
 
 တကယ်တော့ လူတစ်ယောက်နဲ့ တစ်ယောက် နမ်းတယ် ဆိုတာ ခံစားချက် အရရော၊ 
ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အရပါ ချစ်ခင် နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို 
ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံ 
ရတဲ့သူကို ချစ်ပါတယ် ဆိုတဲ့ အဓိပ္ပါယ် ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ 
ပတ်သတ်တဲ့ Definiton လေး တစ်ခုလောက် ထုတ်ကြည့် ရအောင်။ သင်ကရော ဘယ်လိုမျိုး
 ဖွင့်ဆိုမှာလဲ။ အနောက်တိုင်း ယုံကြည်မှု အရတော့ နမ်းတယ် ဆိုတာ “နှစ်လိုဖွယ်
 ခံစား ဆက်ယှက်မှုကို ပါးစပ်က မပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ ပူးကပ်ပြီး 
ဖော်ပြတဲ့ ချစ်ခြင်းရဲ့ သင်္ကေတ” လို့ ဖော်ပြ ထားပါတယ်။
 
 
နောက်ပြီးတော့ တစ်ယောက်ကို တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ 
စုံတွဲတွေတိုင်း ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလို 
ရရှိနိုင် တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …
 
 ၁။ တစ်ယောက်ကို 
တစ်ယောက် နမ်းနေကြတဲ့ အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့သွေးကြော တွေဟာ 
ပြန့်ကားသွားပြီး သွေးခုန်နှုန်း ကိုလည်း မြန်လာ စေပါတယ်။ ဒါ့ကြောင့် 
သွေးကြောတွေ ထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့
 ကိုလက်စထရော ပမာဏကိုလည်း ကျဆင်း စေပါတယ်။
 
 ၂။ နမ်းနေတဲ့ အချိန်မှာ
 စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာ ပေါ်မှာရှိတဲ့ ကြွက်သားမျှင် 
အခု(၃၀)လောက်ကို လှုပ်ရှား လာအောင် ဦးနှောက်က လှုံ့ဆော် ပေးပါသတဲ့။ 
ဒါကြောင့်လဲ မျက်နှာမှာ ရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ 
အညစ်အကြေးတွေကို ဖယ်ရှား သန့်စင်စေပြီး မျက်နှာ တစ်ပြင်လုံး ပိုမို 
ချောမွေ့ လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင်
 သွေးလွှတ်ကြော တွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီး ကောင်းလာ စေပါတယ်။
 
 ၃။ နောက်တစ်ခု ကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့် 
ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ 
(၁၂)ကီလိုရီ လောင်ကျွမ်း စေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို 
များများ နမ်းကြပါ။
 
 ၄။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ 
နမ်းခြင်းဟာ စိတ်ထဲမှာ ရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှု တွေကို 
ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော် ပေးတဲ့ 
ဟိုမုန်းဓာတ် တစ်မျိုး ဦးနှောက်က ထုတ်ပေးတာ ကိုလည်း တားဆီး ပေးပါတယ်။ 
နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် 
ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီး တွေလို့ ထင်မှတ်လာတတ် တယ်လို့
 သုတေသီတွေက အတည်ပြု ထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော 
စိတ်ပိုင်းဆိုင်ရာ
 
 ကုထုံး တစ်ခုပါပဲ။
 
 ၅။ ပြီးတော့ 
အနမ်းဆိုတာ သဘာဝ ရောဂါ ကာကွယ်ဆေး တစ်မျိုး ပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦး 
ဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝ ကိုယ်ခံစွမ်းအား တွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် 
ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့ တစ်ယောက်ချင်းစီမှာ ရှိတဲ့ ကိုယ်ခံပဋိဇီဝ
 စွမ်းအားတွေဟာ တံတွေးကနေ တဆင့် ပေါင်းစပ် သွားပါတယ်။ အဲဒီကနေ တဆင့် 
ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ 
ကိုယ့်ခန္ဓာ ကိုယ်ထဲ ပေါင်းစပ် ရောက်ရှိ လာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ 
ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင် 
တွေက နာမည် ပေးထား ပါတယ်။
 
 ၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် 
စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွ ပေးပါတယ်။ ဘယ်လို 
အချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံး အကြိမ် နမ်းဖူးတဲ့ 
အခါ ပေါ်ပေါက် လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား
 တွေ့နိုင် ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက် 
အရည်အသွေးဟာ ထိပ်ဆုံး အဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည် ကိုယ်သွေးကလည်း 
အမြင့်မားဆုံး ဖြစ်နေတတ် တယ်လို့ ဆိုပါတယ်။
 
 ၇။ နောက်ဆုံး 
တစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ …
 ချစ်သူကို နမ်းရတာ ရင်ခုန် ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ
 ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား၊၊၊ အခု ရေးသား ဖော်ပြချက် 
အနမ်းကို ပြုစုရေးသားသူ ကမ္ဘာကျော် အချစ် သုတေသန ဆရာကြီး ဒေါက်တာ 
ဝီလျံစတိုင်းဘတ်၏ ကိုယ်တွေ့များ ဖြစ်ကြောင်းပါ ခင်ဗျား။ 
  
 
 
 
 
 
 
  
သံလွင်ဆီဟာတခြားဆီတွေထက်ကျန်းမာရေးနဲ့ညီညွတ်တာကြောင့်သံလွင်ဆီစားတဲ့သူတွေက
 ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။ သံလွင်ဆီမှာ ဗီတာမင် 
အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓ
ာတ်တွေ
 ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီဟာ 
ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ 
သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ 
အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။
 
 
 (၁) ချက်ပြုတ်ခြင်း
 
 ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တခြားဟင်းချက်ဆီအစား ဒါမှမဟုတ် ထောပတ်အစား 
အသုံးပြုပေးရင် ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။
 
 (၂) အသားအရေ
 
 ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ကို သံလွင်ဆီနဲ့ ညင်ညင်သာသာ လိမ်းပေးပါက 
အစိုဓာတ်ထိန်းတဲ့ အာနိသင်ကို ရရှိစေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ 
မျက်နှာကို လိမ်းပေးပါ။ အမွေးရိတ်ရာမှာ ဒါမှမဟုတ် မျက်ဝန်းအပါအဝင် 
မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ရာမှာ သံလွင်ဆီက အသုံးဝင်ပါတယ်။
 
 (၃) ဆံပင်သား၊ လက်သည်းခြေသည်း
 
 ဆံပင်သားပေါ် သံလွင်ဆီ လိမ်းပေးရင် ဆံပင်သား ထိခိုက်ပျက်စီးတာ၊ ဖွာတာ၊ 
ကျိုးပဲ့တာ စတာတွေကို သက်သာစေပါတယ်။ ခေါင်းမလျှော်ခင်မှာ ညကတည်းက 
သံလွင်ဆီကို တစ်ခေါင်းလုံးအနှံ့ လိမ်းပေးပါ။ နောက်တစ်နေ့ 
နံနက်ခေါင်းလျှော်ပြီးချိန်မှာ ဆံပင်သား နူးညံ့ တောက်ပြောင်ပြီး 
သန်စွမ်းကျန်းမာ နေပါလိမ့်မယ်။ ဒါမှမဟုတ် သံလွင်ဆီ ထည့်သွင်း ပြုလုပ်ထားတဲ့
 ခေါင်းလျှော်ရည်ကို သုံးပြီး ခေါင်းလျှော်ပါ။ သံလွင်ဆီကို ဆံပင်သားနဲ့ 
ဦးရေပြားပေါ် လိမ်းပေးတဲ့အခါ ကွန်ဒီရှင်နာလို အာနိသင် ပေးနိုင်ရုံသာမက 
ဗောက်ပျောက်စေတဲ့ အစွမ်းလည်း ရှိပါတယ်။ ဒါကြောင့် သံလွင်ဆီပါတဲ့ 
ခေါင်းလျှော်ရည်ကို သုံးသင့်သလို ခေါင်းလျှော်ပြီးချိန်မှာလည်း 
သံလွင်ဆီနဲ့ရေကို ဆတူရောပြီး ဆံပင်သားပေါ် လိမ်းပေးသင့်ပါတယ်။ 
ဒီလိုလုပ်ပေးတာကြောင့် ဆံပင်သားက ပိုတောက်ပြောင်သန်စွမ်းကာ လှပကြည့်ကောင်း 
နေပါလိမ့်မယ်။ လက်သည်း၊ ခြေသည်းတွေကို သံလွင်ဆီ လိမ်းပေးပါက သဘာဝကျကျ 
ကြည်လင် တောက်ပစေပါတယ်။
 
 (၄) ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း
 
 သံလွင်ဆီ ထမင်းစားဇွန်း တစ်ဇွန်း စားပေးပါက ချောင်းခြောက်ဆိုးတာနဲ့ လည်ချောင်းနာတာတို့ကို သက်သာစေပါတယ်။
 
 (၅) ဟင်းချက်အိုးများ
 
 သံလွင်ဆီဟာ ဟင်းချက်အိုးတွေ အစင်းထင်တာ၊ ပွန်းပဲ့တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
 
 (၆) နှုတ်ခမ်းဆိုးဆေး
 
 သံလွင်ဆီဟာ ခြောက်သွေ့ကွဲအက်နေတဲ့ နှုတ်ခမ်းသားတွေအတွက် အကောင်းဆုံး 
နှုတ်ခမ်းဆိုးဆေး ဖြစ်ပါတယ်။ အေးမြတဲ့ ရာသီမှာ လက်လိမ်းလိုးရှင်းအဖြစ် 
အသုံးပြုနိုင်ပါတယ်။
 
 (၇) ရေချိုးဆီ
 
 ရေထဲကို သံလွင်ဆီ အစက်အနည်းငယ် ထည့်ပြီး ရေချိုးပေးပါ။ အသားအရေက သိသိသာသာ တောက်ပြောင် လာပါလိမ့်မယ်။
 
 Tip!
 သံလွင်ဆီဟာ သွေးဖိအားကို လျော့ကျစေပါတယ်။
 ကင်ဆာရောဂါ တချို့ရဲ့ ကြီးထွားမှုကို တားဆီးပေးနိုင်ပါတယ်။
 ဆီးချိုသွေးချို ဖြစ်နိုင်ခြေ များသူတွေအတွက် သင့်တော်ပါတယ်။
 ပန်းနာရင်ကျပ်ရောဂါနဲ့ အဆစ်ရောင်နာ ရောဂါပြင်းအားကို လျော့ကျစေပါတယ်။
 ကိုယ်အလေးချိန် လျော့ကျအောင် ထိန်းထားနိုင်ပါတယ်။
 
 သော်တာမောင် 
မြ၀တီ 
  
 
 
 
 
 
 
သင်္ဘောသီး၏ အစွမ်းသတ္တိများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
 - အားအင်ပြည့်စေသည်။
 - ကိုယ်အလေးချိန်ချရာတွင် ကူညီပေးသည်။
 - အရောင်အရမ်းကျစေသည်။
 - ကိုယ်ခံအားကောင်းစေသည်။
 - အဆစ်အမျက်ရောင်ခြင်း၏ ဝေဒနာများကို သက်သာစေသည်။
 - အတွင်းတိမ်ဖြစ်ခြင်းကို ကာကွယ်ပေးသည်။
 - အစာခြေစနစ်ကို ကျန်းမာစေသည်။
 - နှလုံးနှင့်သွေးကြော ကျန်းမာရေးအတွက် အထောက် အကူပြုသည်။
 -အချို့သော ကင်ဆာရောဂါ များကိုကာကွယ်ရာနှင့် တိုက်ခိုက်ရာတွင် အသုံးဝင်သည်။
 -ကြွက်သားတစ်သျှူးများ အသစ်ဖြစ်ပေါ် ဖွဲ့စည်းရာတွင် အထောက်အကူပြုပေးသည်။
 
 
 Re-Post By ACM 28-3-2013
 အေးချမ်းမွန် Credit & Copy From >>  HEALTH DIGEST<< Thank