ဂျင်ဆင်း
 (Ginseng)မြစ်၏ လူ့ကျန်းမာရေးကို အကျိုးပြု စေမှုမှာ အံ့မခန်းပင် ဖြစ်သည်။ 
တရုတ် နိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ခန့်မှ ယနေ့ အချိန်ထိ ဆေးဝါး 
 အဖြစ် သုံးစွဲ နေသော အပင် တစ်မျိုးလည်း ဖြစ်သည်။ ယင်းကို လိုက်လျောညီထွေ 
ဖြစ်စေသော ပစ္စည်း “Adaptogen” ဟုလည်း ခေါ်ဆိုကြသည်။ ကိုယ်ခန္ဓာကို 
စိတ်ဖိစီးမှုနှင့် အခြား ရောဂါများမှ ကာကွယ်ရန် လိုက်လျော ညီထွေ 
ဖြစ်စေသောကြောင့် ခေါ်ဆိုခြင်း ဖြစ်သည်။
 
 ဂျင်ဆင်းမြစ်ကို ရေနွေးထဲသို့ လက်ဖက်ခြောက် ကဲ့သို့ခတ်ခြင်းသို့ 
မဟုတ်ပြုတ်ပြီး သုံးဆောင်လေ့ ရှိသည်။ ယနေ့ခေတ်တွင် ဆေးပြား၊ ဆေးတောင့်၊ 
အရည် ပုံစံများနှင့်လည်း ရရှိနိုင် နေပြီ ဖြစ်သည်။
 
 ၁။ဂျင်ဆင်းသည် 
စိတ်ဖိစီးမှုကို သက်သာ စေပါသည်။ စိတ်ဖိစီးမှု ပမာဏကို လျော့ပါး 
သွားအောင်လှုံ့ဆော် ပစ္စည်း (stimulant) အဖြစ် ဆောင်ရွက် ပေးပြီး 
ဇီဝကမ္မဆိုင်ရာ ဖြစ်ပျက်မှု များနှင့် စွမ်းအင်