ဆံပင်စတိုင်နဲ့ ဆံကေသာ 
ကျန်းမာ လှပမှုဟာ လူတစ်ယောက်ကို ကြည့် အကောင်းဆုံး ဖြစ်အောင် 
ပံ့ပိုးပေးနိုင်စွမ်း ရှိပါတယ်။ သန်စွမ်း ကျန်းမာတဲ့ ဆံပင်ပုံ 
ရှိဖို့ဆိုရင် သင်ခေါင်းလျှော်တဲ့ ပုံစံ၊ ဆံပင်သား လှပအောင် ကွန်ဒီရှင်နာ 
လိမ်းတဲ့ ပုံစံအပေါ်မှာလည်း မူတည်နေသလို စားသောက်တဲ့ အာဟာရ အပေါ်မှာလည်း 
မူတည်နေပါတယ်။ သင်ရဲ့ ဆံကေသာ ကျန်းမာ လှပစေဖို့ အဓိက စားသင့်တဲ့ ထိပ်တန်း 
အာဟာရ ဓာတ်တွေကို အကြံပြုလိုက်ပါတယ်။
၁)နို့နှင့် နို့ထွက်ပစ္စည်း
အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း တွေဟာ 
ကိုယ်အလေးချိန်ကို မမြင့်တက် စေဘဲ ဆံကေသာ ကျန်းမာရေးကို ကောင်း မွန်အောင် 
ပံ့ပိုးပေးနိုင်စွမ်း ရှိပါတယ်။ ဒိန်ချဉ်နဲ့ ဒိန်ခဲလို နို့နဲ့ 
နို့ထွက်ပစ္စည်း တွေမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်တွေဟာ ဆံကေသာကို 
သန်စွမ်းကျန်းမာစေပါ တယ်။
၂) ငါး
ဆယ်လ်မွန်နဲ့ မက်ကရယ်လို အဆီ များများ 
ပါဝင်တဲ့ ငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်တာကြောင့် ဆံ 
ပင်ကျွတ်နှုန်းနှေးစေပါတယ်။ ငါးမှာ သံ ဓာတ်နဲ့ ဗီတာမင်B12 တို့ ပါဝင်တဲ့အ 
တွက် ဆံကေသာနဲ့ အသားအရေကို လှ ပကျန်းမာစေပါတယ်။ ဆံခြည်မျှင်အိတ် ထဲမှာ 
သံဓာတ်တွေကို သိုလှောင်ထား ပြီး ဆံပင်ထိခိုက်မှုဖြစ်လာရင် ပြန်လည် 
အသုံးပြုနိုင်တာကြောင့်ပါ။
၃) အခွံချွတ်မထားသော ကောက်နှံတို့ဖြင့် လုပ်ထားသည့်အစာ
ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစာတွေမှာ 
ဆံကေသာအတွက် အရေး ပါတဲ့ သွပ်(ဇင့်)ဓာတ်၊ ဗီတာမင် ဘီအုပ် စုနဲ့ သံဓာတ်တို့ 
ပါဝင်နေပါတယ်။ သွပ် ဓာတ်ဟာ ဆံကေသာကြီးထွားသန်စွမ်း ထူထဲမှုတို့ကို 
တိုက်ရိုက်သက်ရောက်မှု ရှိ စေတဲ့ ဟော်မုန်းတွေကို ဟန်ချက်ညီမျှ စေပါတယ်။ 
စားတဲ့ အစားအသောက် ထဲမှာ သွပ်ဓာတ်ကို အလုံအလောက် ထည့်စားပေးတာက ဆံကေသာကို 
ကျန်း မာစေပါတယ်။