ကျွန်တော်တို့  လက်ရှိ အသုံးပြူနေကြတဲ့ G-Mail 
အကောင့်တွေနဲ့ ပါတ်သတ်ပြီး လွယ်လွယ်ကူကူ Recovery 
ပြန်လုပ်လို့ ရမယ့် နည်းလမ်းလေးမို့ ရေးပေးချင်တာပါ .. ဘာပဲ ပြောပြော 
ဒီနည်းလမ်းလေးကို သိထားပြီ ဆိုတာနဲ့  G-Mail အကောင့် 
Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် Password မေ့သွားလို့ပဲ ဖြစ်ဖြစ် ကျွန်တော် အခုပြောတဲ့ 
နည်းလမ်းလေးအတိုင်း အလွယ်တကူ Recovery ပြန်လုပ်လို့ 
ရမှာဖြစ်ပါတယ် .. ဒါလေးတွေက ခက်ခက်ခဲခဲ နည်းလမ်း တစ်ခုတော့မဟုတ်ပါဘူး .. ပုံမှန် 
Password Recovery လုပ်တဲ့ နည်းလမ်းလေးပါပဲ .. ဒါပေမယ့် 
အများစုက မသိကြတော့ ခက်ခက်ခဲခဲတွေ လျောက်တွေး ကုန်ကြတာပါ .. ကျွန်တော် အခုပြောပြမဲ့ 
Recovery နည်းလမ်းလေးတွေကိုတော့ အားလုံးကို 
သိထားစေချင်ပါတယ် .. ဒါမှလည်း မိမိတို့ G-Mail အကောင့် 
Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် Password အချိန်းခံလိုက်ရရင်ပဲ ဖြစ်ဖြစ် အလွယ်တကူ Recovery ပြန်လုပ်လို့ ရမှာဖြစ်ပါတယ် .. 
အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို အလွယ်တကူ Recovey ပြန်လုပ် ပေးနိုင်ဖို့ အတွက် မိမိတို့ရဲ့ G-Mail အကောင့် Personal Setting 
လေးတွေကိုတော့ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးအတိုင်း သွားပြီး စိတ်ကြိုက် 
ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ် .. အရင်ဆုံး မိမိတို့ G-Mail အကောင့်ကိုဝင်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ 
ပြထားတဲ့အတိုင်း Account Setting ကိုသွားလိုက်ပါ 
..
ဒီအောက်က ပုံကတော့ Google 
+ အသုံးပြုသူတွေရဲ့ Personal Setting 
ပုံဖြစ်ပါတယ် .. အောက်ပုံမှာ ပြထားတဲ့ အတိုင်း Change Recovery 
Option ကိုသွားလိုက်ပါ ..
အောက်ပုံကတော့ ပုံမှန်အတိုင်း Google + အသုံးမပြုတဲ့ သူတွေရဲ့ Personal 
Setting ပဲဖြစ်ပါတယ် .. ပုံမှာပြထားတဲ့အတိုင်း Recover 
your password ကိုသွားလိုက်ပါ ..
အောက်ပုံမှာပြထားတဲ့အတိုင်း Verify လုပ်ပေးလိုက်ပါ ..
အောက်မှာ ကျွန်တော် 1 
နဲ့ 2 ဆိုပြီး ပြပေးထားပါတယ် .. နံပါတ် ( ၁ )ကတော့ ကျွန်တော်တို့ recovery email 
address ဖြစ်ပါတယ် .. Edit ကိုနှိပ်ပြီး 
မိမိတို့ စိတ်ကြိုက် အကောင့်တစ်ခုကို ပြောင်းလို့ရပါတယ် .. ဒါမှသာ Recovery ပြန်လုပ်တဲ့ အခါမှာ Recovery 
Email Address ကိုအလွယ်တကူ ပြန်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ..  နံပါတ် 
( ၂ ) ကတော့ ကျွန်တော်တို့ Security question ကို မိမိတို့စိတ်ကြိုက် ပြောင်းပေးဖို့ 
ဖြစ်ပါတယ် .. Edit ကိုနှိပ်ပြီး 
မိမိတို့စိတ်ကြိုက်ပြင်လို့ ရပါတယ် ..
အောက်ပုံအတိုင်း Recovery 
Email နဲ့ Security question ကို 
မိမိတို့စိတ်ကြိုက် ပြင်ဆင်ပြီးသွားပြီ ဆိုရင်တော့ Save 
လိုက်ယုံပါပဲ ..
ဒါကတော့ မိမိတို့ G-mail 
အကောင့် Password ပျောက်သွားလို့ ပဲဖြစ်ဖြစ် 
မေ့သွားလို့ပဲဖြစ်ဖြစ် အလွယ်တကူ Recovery 
ပြန်လုပ်နိုင်အောင် ကြိုတင်ပြင်ဆင် ထားခြင်း ဖြစ်ပါတယ် . အပေါ်မှာ ပြင်ခဲ့တဲ့ 
အချက်တွေကို ကျွန်တော်တို့ အကောင့်စဖောက်ထဲက ဖြည့်ခဲ့ရတာပါ .. ဒါပေမယ့်မဲ့ 
အကောင့်ဖောက်တဲ့ အချိန်မှာ အများစုက အမှု့မဲ့ အမှတ်မဲ့ပဲ ထည့်လိုက်ကြတာ 
ဖြစ်တဲ့အတွက် ပြန်လည် ပြင်ဆင်လို့ ရအောင် ဖော်ပြပေးတာ ဖြစ်ပါတယ် ..  ဒါဆိုရင်တော့ 
ပြင်ဆင်ခြင်း အပိုင်းပြီးပါပြီ ..
ဆက်ပြီးတော့ ကျွန်တော် Recovery ဘယ်လို လုပ်ရမယ် ဆိုတာကို ပြောပြပေးပါမယ် .. 
မိမိတို့ G-Mail အကောင့် Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် မေ့သွားလို့ပဲဖြစ်ဖြစ် 
Recovery ပြန်လုပ်ဖို့ အတွက် အရင်ဆုံး အောက်မှာ 
ဖော်ပြပေးထားတဲ့ လင့်လေးကို သွားလိုက်ပါ ..
ပြီးရင် အောက်ပုံမှာပြထားတဲ့အတိုင်း မိမိတို့ Recovery လုပ်ချင်တဲ့ အကောင့်ကို ရိုက်ထည့်ပြီး Submit ပေးလိုက်ပါ .. 
ပြီးရင် အောက်မှာ ဖော်ပြထားတဲ့အတိုင်း 
စာလုံးလေးတွေကို ဖြည့်ပေးလိုက်ပါ .. ပြီးရင်Continue 
ပေးလိုက်ပါ ..
ဒီအောက်က အဆင့်ကို ရောက်ပြီ ဆိုရင်တော့ ကျွန်တော်တို့ အပေါ်က Personal Setting မှာမိမိတို့ စိတ်ကြိုက် ပြင်ဆင်ခဲ့တဲ့ Recovery Email နဲ့ Security question ကိုဖြည့်ခိုင်းပါလိမ့်မယ် .. ကြိုက်တဲ့ တစ်ခုကို ဖြည့်ပေးလိုက်ပါ .. Recover Email ကိုရွေးချယ်တယ် ဆိုရင်တော့ Pessword Rest တဲ့လင့်ကို မေးလ်ထဲကို Recovery Email ဆိုပြီး ဖြည့်ခဲ့တဲ့ မေးလ်ထဲကို ပို့ပေးမှာဖြစ်ပါတယ် .. ပြီးရင်တော့ Continue ပေးလိုက်ပါ ..
အပေါ်က အဆင့်အတိုင်း ပြီးသွားပြီ ဆိုရင်တော့ အောက်က 
ပုံမှာ ပြထားတဲ့အတိုင်း မိမိတို့ စိတ်ကြိုက် Password 
အသစ်ကို ရိုက်ထည့်ပြီး  .. Rest Password 
ပေးလိုက်ယုံပါပဲ ..
ဒီလောက်ဆိုရင်တော့ မိမိတို့ရဲ့ Gmail Account Pasword ပျောက်သွားလို့ပဲ ဖြစ်ဖြစ် 
မေ့သွားလို့ပဲ ဖြစ်ဖြစ် အလွယ်တကူနဲ့ Recovery 
ပြန်လုပ်လို့ ရမဲ့ နည်းလမ်းလေးကို သိသွားပြီလို့ ထင်ပါတယ် .. 
အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ 










