နင်ပျော်ဖို့ အကြိမ်ကြိမ်အခါအခါ
အနွံတာခံပြီး ပေးဆပ်ထားပေမယ့်
ငါငိုဖို့ 
ဒီရင်ခွင်ကို နင်စုံကန်ပြီး
အခြားတစ်ယောက်ဆီကို ပြေးထွက်သွားလေရဲ 
့
ငါတစ်ယောက်တည်း သွေးပျက်ခဲ့တဲ့ည
နင်တကယ်ပဲ အခြားတစ်ယောက်နဲ 
့
အိပ်ပျော်နေမှာလား .....
အွန်လိုင်းပေါ်ကိုလည်း
ငါအချိန်မှန်မှန်တက်ပါတယ်
ကော်နက်ရှင်ကျတဲ့နေ့တိုင်း
ငါအရမ်းစိတ်ပျက်ပါတယ်
မင်းလေး 
offline ဖြစ်နေရင်တော့
ငါ့အတွက် ခက်ပါတယ်
နောက်ကျလို့ 
စိတ်ကောက်သွားပြီလား
ဒါဆိုရင်တော့ ပြဿနာပဲ
busy ဖြစ်နေရင် 
ငါ့ရဲ့စိတ်များဂယောက်ဂယက် ဖြစ်ပါတယ်
တခြားတစ်ယောက်နဲကများ 
ပြောနေမလား
ငါ့ရဲ့အတွေးစိတ်များ ၀င်္ကပါလည် ....
မဖြတ်ပါနဲ့ စိတ်မချဘူး 
ငါတို့နှစ်ယောက်ကဝေးနေလို့
လက်ချိုးပြီးရေတွက်နေဆဲ 
နင်ပြန်လာမဲ့နေ့တွေကို
နားလည်ပါကွာ သ၀န်တိုငါ့ရဲ့အတွေးတွေကို
နင်မရှိတဲ့ 
ရန်ကုန်မြို့မှာ ဒီချာတိတ်ကဆွေးနေလို့
ကုသိုလ်ရဖို့အတွက်လည်း 
ဘုရားအတူတူသွားခဲ့ဖူးတယ်
လှည်းတန်းကမုန့်ဆိုင်မှာ 
အတူတူထိုင်ခဲ့ဖူးတယ်
ရည်းစားဆိုတဲ့နင်က ငါလက်မောင်းမှာ မှီခဲ့ဖူးတယ်
ငါ့ကိုသာ 
သတ်လိုက်ပါတော့ ခုတော့ ဘာမှမဆိုင်တော့ဘူးတဲ့ .... 
နင်ပျော်အောင် 
ငါဖြည့်ဆည်းမယ်
မင်းတစ်ယောက်တည်းပဲချစ်နေလို့
အစားထိုးပြီးလည်းမချစ်နိုင်ဘူးကွာ
အဆင်ပြေမယ်ဆို 
ပြန်လာခဲ့လို့
နာကျင်စရာတွေရှိလည်းပဲ
မင်းအတွက် 
အမြဲအသင့်ရှိနေမဲ့သူ
ခွင့်လွှတ်ပြီးတော့ချစ်နေမဲ့လူ
လူတွေမမြင်အောင်ငါချစ်အုံးမယ် .... 
ဟိုးတုန်းကလို 
နင်စိတ်မဆိုးနဲ့
ဒီမှာနင်မကြိုက်တဲ့ ငါ့ရဲ့အကျင့်တွေ 
အကုန်ပြင်ထားပြီးလို့
မင်းမကြိုက်တဲ့ဆေးလိပ်တွေ 
ဘယ်တော့မှမသောက်တော့ပါ
မင်းစိတ်ထဲမုန်းသွားမှာ 
ငါလေးအရမ်းကြောက်လို့
ငါကိုယ်တိုင်ပျိုးထားတဲ့ပန်းလေးတစ်ပွင့်လို
အမြတ်တနိုးထိန်းသိမ်းခဲ့ပြီ
နင်နဲ့မှ 
ရင်ထဲက အချစ်တွေက အစပျိုးခဲ့ပြီ
အချိန်မှန်ဖုန်းပြောခဲ့တဲ့ 
အမှတ်တရညတွေ
ဘယ်တော့မှ ပျောက်လို့မသွားပြီ
နင်နဲ့မှ ရင်ထဲက အချစ်တွေက 
လေးနက်ခဲ့ပြီ .... 
ရှင်မွှေးလွန်းနဲ့ မင်းနန္နာလိုမျိုး
ရိုမီယိုနဲ့ 
ဂျူးလိယက်လိုမျိုး
မင်းနဲ့ငါ ကမ္ဘာကျော်အောင်ချစ်မယ်
စိတ်ဆိုးစိတ်ကောက်တတ်တဲ့ 
မင်းရဲ့အကျင့်များ
ငါချစ်လို့ ပြောတာမင်းလေးယုံပါ
မင်းရင်မှာခံစားခဲ့ရရင်တော့ 
တောင်းပန်ပါတယ် ကောင်မလေးရယ်
အမြဲတမ်းငါချစ်ရသူမင်လေးဘေးက
တစ်စက္ကန့်လေးတောင် 
ခွဲမသွားချင်ဘူးကွာ
နှလုံးသားမှာ 
ရေးဆွဲထားတဲ့ပုံရိပ်လေးမင်းပါပဲ
ငါ့အတွက်တော့မင်းက အရာရာနံပါတ် 
(၁)ပဲ
မင်းကငါ့ဘ၀ရဲ့ 
မျှော်လင့်ချက်အလင်းရောင်လေး
မင်းကငါ့ရဲ့တန်ဖိုးထားရသူလေးပါ
ကျန်တာဘာမှစိတ်မ၀င်စား 
ဂရုမစိုက်ဘူးကွာ ....
ယုံကြည်ပေးပါ ကောင်မလေးရာ
.....
(ကိုဇော်)