၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။ပုရွက်ဆိတ်တို့သည် သခွားသီးကို 
မုန်း၏။ထို့အတွက် ပုရွက်ဆိတ်များလာလျှင် 
သူတို့လမ်းကြောင်းတွင်သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။
 ၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ 
အလိုရှိပါသလား။ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ ဆိုလိုသည်မှာ 
ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။
 
 ၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ ။
 
 ၄။ အင်္ကျီမှာ ပီကေတွေပေနေလား။အဲဒီအင်္ကျီကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။အိုကေမှာ စိုပြေသွားပါလိမ့်မယ် ။
 
 ၅။ အစ်ကိုတို့ရဲ့ ရှပ်အင်္ကျီအဖြူလေးတွေကို 
ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။အင်္ကျီ ကို သံပုရာသီးခြမ်းနဲ့အတူ 
ရေပူထဲမှာ၁၀ မိနစ်လောက် စိမ်ပါ။
 သံပုရာသီးထဲက အရည်တွေကို အကုန်ညှစ်ထုတ်လိုပါသလား။သံပုရာသီးတွေကို ရေနွေးနဲ့ တစ်နာရီကြာစိမ်ပြီးမှ ညှစ်ပါ အဆင်ပြေသွားပါလေမယ်။
၆။မျက်စိပြန်လည်ကြည်လင်
 ချင်ပါက   ပတ်စံမကုန်တဲံ့နည်းလေးပါ   အိပ်ရာထတိုင်း   မျက်နာမသပ်ခင်  
ခနွ့ာကိုယ်တခုလုံးရေမထိခင် ဒူဆက် ကို ရေ အရင်လောင်းပါ....။လေး ငါးခွက်လောက်
 လောင်းပေးပါ. ၁၅ မိနစ်လောက်ကြာမှ.ရေချိုးခြင်းမျက်နာသက်ချင်းလုပ်ပါ.  
။ဒါဆိုရင် မျက်စိ မှုန်ခြင်း  တွေမှကင်းဝေးနိုင်ပါသည်။
 
 ၇။ ဂေါ်ဖီထုပ်ကြော်ရင် အနံ့မနံအောင် -ကြော်နေတုံး အိုးထဲကို ပေါင်မုံ့လေးတစ်ဖဲ့ ပစ်ထည့်လိုက်ပါ ။
 
 ၈။ ကြက်သွန်လှီးရင် မငိုရအောင် -ပီကေ၀ါးပါ ။
 
 ၉။ အာလူးပြုတ်တာ အမြန်နူးချင်ရင် -အားလူးတစ်ခြမ်း(တစ်လုံးလုံး မဟုတ်) ကို အခွံနွှာပြီးမှ ပြုတ်ပါ  အဆင်ပြေသွားပါမယ်။
 
 ၁၀။ ရှပ်အင်္ကျီမှာ မှင်တွေစွန်းနေပါက အလွယ်လေးပါ။မင် (“မှင်” မဟုတ်ပါ။) 
စွန်းသောနေရာကို သွား တိုက်ဆေးဖြင့် ကျ ကျ န နပွတ်ပေးပါ။နောက်ပြီး 
သွားတိုက်ဆေး လုံးဝ ခြောက်သွားပြီ ဆိုမှပွတ်လျှော်ပါ။
 
 ၁၁။ ကစွန်းဥပြုတ် အခွံနွှာရတာ ခက်နေပါသလား။ပြုတ်ပြီးပြီးချင်း ရေအေးနဲ့ ချက်ခြင်း စိမ်ပါ ။
 
 ၁၂။ ကြွက်တွေလာလို့ စိတ်ညစ်နေပါသလား။သူတို့လာမဲ့လမ်းမှာ ငြုပ်ကောင်းမှုံ့ ဖြူးထားပါ။
၁၃။ကင်း ကိုက်ပါက အလွယ်တကူ ပြောက်စေနိုင်သည် အထူး ကင်းကိုက်ရ်ျ ဝေဒနာခံစားရနေရပါက ကြေး ဖလား သိုမဟုတ် ကြေးစည် ခေါင်းလောင်း စသည်များတီးပါက ပျောက်ကင်းနိုင်သည်။
၁၄။လမ်းသွားရာတွင်မတော်တဆ သံစူးပါက အလွယ်ကူဆုံးပျောက်ကင်းနိုင်သည့် နည်းလမ်း သံပရားသီကို ညှပ်ပြီးထည့်ပါ ပျောက်းနိုင်ပါသည်။သံဆိပ်မတတ်နိုင်တောပါ။နောက်တခု ဒဏ်ပြန်ကုနည်း ကိုစီးထားသောဖနပ်ဖြင့် သံစူးသောနေရာကို..နာနာလေးရှိက်ပေးပါ...။ပျောက်သွားပါလေမယ်။
နွေညhttp://alinkabar.ning.com/

အသုံးတည့်တာလေးတွေမို့
ReplyDeleteကျေးဇူးပါနော်