နေပြည်တော် - တပ်ကုန်း အမှတ် (၁) 
လမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် ခြောက်မိုင် ငါးဖာလုံတွင် ထူးဆန်း သည့် 
ဆင်ခြေလျှော ကုန်းဆင်းလေးတစ်ခု ရှိနေပါသည်။
ဆင်ခြေလျှော ကုန်းဆင်းလေး ၏ အဆင်းပိုင်းနေရာသို့ရောက်ပါက တံတောင်ဆစ် ကွေ့ငယ်လေးတစ်ခု ရှိ သည်။
ထို့အတွက် 
မော်တော် ယာဉ်များအနေဖြင့် ကုန်းအဆင်း ဆင်ခြေလျှောဖြစ် သည့် ထိုနေရာ 
သို့ရောက် လျှင် ဂီ ယာဖြုတ် ကာ အရှိန်ဖြင့် အသာ အယာ လှိမ့်ဆင်းမောင်းနှင် 
သွားနိုင်ပေသည်။
သို့သော် အဆိုပါမိုင်တိုင်နှင့် တည့်တည့် ကျသည့် နေရာတွင် (ဓါတ်ပုံပါနေရာ) ကားကိုခေတ္တ ရပ်၍ စက် ပိတ်
 ရပ် တန့်ပါက ယင်းမော်တော် ယာဉ်သည် ကုန်းအဆင်း ဆင်ခြေလျှော အတိုင်း 
ထိုးဆင်း သွားရမည့် အ စား  ကုန်း အတက်ဘက်ဆီသို့ နောက်ပြန် ( 
ဘက်ဂီယာမထိုးဘဲ) အရှိန်နှင့် ပြန်ဆုတ်သွားသည်ကို မျက်မြင် ကိုယ်ေ တွ့ 
ကြုံခဲ့ရပါသည်။
အများပြောသည်ကိုမယုံကြည်သောယဉ်မောင်းများစွာ
 ထိုနေရာတွင်လာရောက် စမ်းသပ် ကြည့်ရှုကြ သည်ကို လည်း တွေ့မြင်ခဲ့ရသည်။ 
အချို့ က လူကိုယ်တိုင်ကားပေါ်မှ ဆင်းကာကား လမ်းမပေါ်မှ မတ် တတ် ရပ်ကြည့် 
ရှုကြသည်။ အံ့ သြဖွယ်ရာ ကောင်းလောက်အောင်ပင် အနည်း ဆုံး ပေ ၅၀ မှ ၁၀၀ ခန့် 
အထိ ကုန်း အတက် ဘက်ဆီ နောက်ပြန် ထိုးတက် သွားသည့် 
ကားများကိုတွေ့မြင်ရပေသည်။
Credit: ကိုပေါက် ( နေပြည်တော်)
 မြန်မာ့အလင်း
 သတင်းစာ ၂၄-၅-၂၀၁၃ တွင်လည်း အဆိုပါ သတင်းပါရှိပြီး ဂျာနယ် အချို့တွင်လည်း 
ပါ ပါသည်။ နေပြည်တော်သို့ သွားရောက်၍ စမ်းသပ်ကြပါလေ။

No comments:
Post a Comment