ယခုလိုမျိုး ပူပြင်းတဲ့ ရာသီမှာ ရေဓာတ် 
ဆုံးရှုံးမှု များတာကြောင့် ကုန်ဆုံးသွားသော ရေဓာတ် များကို ပြန်လည် 
ဖြည့်တင်းရန် မှန်ကန်သမ မျှတတဲ့ အရည် သောက်သုံးမှု လိုအပ်လှပါတယ်။ စာဖတ်သူ 
မိတ်ဆွေများကို ပြန်လည် ဝေငှလိုတဲ့ သောက်သုံးသင့်သော အရည်များကတော့...
 
 (၁) ရေ
 
 နွေရာသီမှာ သောက်သင့်ဆုံး ကတော့ “ရေ” ဖြစ်ပါတယ်။ လူတစ်ဦးဟာ နေ့စဉ် 
ရေခြောက်ခွက်မှ ရှစ်ခွက်အတွင်း သောက်သုံးသင့်ကြောင်း နိုင်ငံတကာ ကျန်းမာရေး
 ပညာရှင် များက ထောက်ပြ ပြောဆိုပါတယ်။ ရေသောက် နည်းသူတွေ အနေနဲ့လည်း 
ထမင်းစားစဉ်၊ Snack လို အစားအစာတွေ စားစဉ်တွေမှာ ရေကိုတွဲဖက် 
သောက်သုံးခြင်းဖြ**့ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်အားဖြည့် 
နိုင်ပါတယ်။
 
 (၂) သဘာဝ အချိုရည်
 
 သဘာဝ သစ်သီး အချိုရည်တွေ 
ကတော့ နွေမှာ သောက်သုံး သင့်ပေမယ့် သကြား များများဖြ**့ ဖျော်ထားလျှင်၊ 
ကယ်လိုရီ ပါဝင်မှု များလျှင်တော့ ခန္ဓာကိုယ်ကို ထိခိုက် စေတာကြောင့် သဘာဝ 
ဖျော်ရည် သောက်သုံး တတ်သူတွေ အနေနဲ့လည်း အချို မကြိုက်ဘဲ သဘာဝ အရသာကို 
မှီဝဲပါလို့ အကြံ ပြုပါရစေ။ ဒါကြောင့် သကြားမဲ့ သစ်သီး ဖျော်ရည်သာ 
သောက်သုံး သင့်ပါတယ်။ ပိန်သွယ်လိုသူ၊ အချို ရှောင်လိုသူများ အနေနဲ့ ကတော့ 
သဘာဝ လိမ္မော် ဖျော်ရည်ထက် လိမ္မော်သီး တစ်လုံး စားလိုက်ခြင်း က ရေငတ်လည်း 
ပြေပြီး ဖျော်ရည် သောက်သလို ခံစား ရစေပါတယ်။
 
 (၃) နွားနို့
 
 ကယ်လ်ဆီယမ်၊ မဂ္ဂနီ ဆီယမ်နဲ့ ဗီတာမင်ဒီ စတဲ့ အာဟာရတွေ ပါဝင်တဲ့ 
နွားနို့ကတော့ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်း ပေးတာကြောင့်
 သောက်သုံးသင့်တဲ့ အရည်ထဲမှာ ပါဝင်ပါတယ်။ အဆီ ပါဝင်မှု နည်းတဲ့ သို့မဟုတ် 
အဆီ မပါဝင်တဲ့ နွားနို့တွေ ကတော့ အချိုဓာတ် ရှောင်ကြဉ်လိုတဲ့ ယနေ့ 
ပျိုမေများ အကြိုက်ပါ။
 
 (၄) ပဲနို့
 
 ပဲနို့ဖျော်ရည် 
အေးအေးလေးတွေ ကတော့ အာဟာရ လည်းဖြစ်၊ အမောလည်း ပြေစေတဲ့ အရည်တွေ ပါပဲ။ 
သကြားဓာတ် ပါဝင်ပေမယ့် ကျန်းမာရေးနှင့် ညီညွတ်သော ပဲနို့ဘူးလေး တွေကို 
ဈေးကွက်ထဲမှာ အလွယ်တကူ ရနိုင် နေပါပြီ။
 
 (၅) ရေနွေး
 
 
ရေခဲရေ သောက်သုံးခြင်းက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတယ် ဆိုတာကို 
စာရှုသူ မိတ်ဆွေများ သိရှိကြ ပေမယ့် ရေခဲရေကို ရှောင်ဖယ်ရန် ခက်ခဲကြ ပါတယ်။ 
ရေခဲရေ အစား အစားထိုး သောက်သုံးသင့်တာ ကတော့ ရေနွေးပါပဲ။ ယနေ့ လက်ဖက်ရည် 
ဆိုင်နှင့် စားသောက်ဆိုင် ယဉ်ကျေးမှုမှာ ရေနွေး သောက်ခြင်းက ခေတ်စားလျက် 
ရှိပြီး ယခုလို ပူအိုက်သော ရာသီတွင် ရေနွေး သောက်ခြင်းသည် ကျန်းမာရေးကို 
တစ်ဖက် တစ်လမ်းက အထောက်အကူ ပြုနေကြောင်း တင်ပြလိုက်ရ ပါတယ်။
 
 Ref:Yatanarpo
   
      
    !-kp-3နည်းပညာ-http:>
Subscribe to:
Post Comments (Atom)
No comments:
Post a Comment