ပထမဦးဆုံး လက်ဖက်ခြောက် ပုဇွန်ကောင်လုံးမွှေးကြော်ဖို့က 
လက်ဘက်ခြောက် လက်တစ်ဆုပ်စာလောက်ကို ပန်းကန် တစ်ခုထဲထည့်ပြီး 
ပွလာအောင် ရေနွေးနဲ့ အချိန်ကြာကြာ စိမ်ထားရအောင်နော်။ 
ပြီးရင်ရေနွေးနဲ့ စိမ်ထားလို့ ပွနေတဲ့ လက်ဖက်ခြောက်တွေကို 
 အရသာဝင်အောင် နယ်ထားတဲ့ပုဇွန်များ
ပုဇွန်တွေကို ခေါင်းဖြတ် ရေစင်အောင်ဆေးကြောပြီး 
ဆား၊ အသားမှုန့်၊ အချိုမှုန့်၊ အရက်အနည်းငယ်တို့နဲ့ နယ်ထားပြီး 
အရသာများ အသားထဲသို့ဝင်သွားအောင် အချိန်အနည်းငယ် ထားလိုက်ပါတယ်.. 
 ပုဇွန်ကောင်လုံးကြော်
နှပ်ထားတဲ့ပုဇွန်တွေကို ဆီနဲ့ ကျက်အောင် ကြော်ထားလိုက်ပါတယ်.. 
ဆားအချိုမှုန့် အရသာဟာ အသားထဲဝင်အောင် နှယ်ပြီး နှပ်ထားတာမို့ 
ခုတိုင်းတောင် အတော်စားကောင်းနေပြီ ဖြစ်ပါတယ်.. 
လ္ဘက်ခြောက်ကြော်
ကြော်ထားတဲ့လက်ဖက်ခြောက်
ရေစစ်ထားတဲ့ လက်ဘက်ခြောက်တွေကို ခြောက်ပြီး ကျွတ်လာအောင် ဆီနဲ့ကြော်ပါမယ်.. 
ကျွတ်လာရင် ပန်းကန်တစ်ခုထဲကို ထည့်ထားလိုက်ရအောင်နော်။
ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူနီ
ကြက်သွန်ဖြူ၊နီ၊ ခရမ်းချဉ်သီးတောက်တောက်စင်းတို့ကို 
နှမ်းဆီ၊ အရက်၊ ပဲငံပြာရည်အကြည် (အနည်းငယ်စီ) တို့ကို ရောနှယ်ထားပြီး 
ဆီသတ်ဖို့ အသင့်ပြင်ဆင်ထားပါတယ်..
ခရမ်းချဉ်သီးကြက်သွန် ဆီသတ်
ပြီးတော့ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူနီတို့ကို ဆီသတ်ပြီး ခရမ်းချဉ်သီးတွေလိပ်အောင် ကြော်ပါတယ်..
ပုဇွန်ကြော်ကို ထည့်မွှေပါတယ် 
 ခရမ်းချဉ်သီး လိပ်သွားပြီဆိုတာနဲ့ အစောကြော်ထားတဲ့ လက်ဖက်ကြော်ထားတာနဲ့ 
ပုဇွန် ကြော်ထား တာတွေကို ရောမွှေပြီး ထည့်ကြော်လိုက်ရင် အင်မတန်မှ မွှေးပြီး 
ဆိမ့်သက်သက်လေးနဲ့ အရသာထူးသော ပုဇွန်လက်ဖက် ကောင်လုံးမွှေးကြော်ကို ရပါတယ်.. 
လက်ဖက်ကို ကြော်ထားတဲ့ အရသာလေးက ခါးသက်သက်လေးပေမဲ့ အတော်ကို မွှေးပါတယ်.. 
ပုံထဲမှာ အမဲရောင်လေးတွေက လက်ဖက်ကြော်ပါ။   
လက်ဖက်ခြောက် ပုဇွန်ကောင်လုံးမွှေးကြော်ပါ
ကျွန်မက အဲဒီလို နည်းနည်းထူးခြားတဲ့ ဟင်းချက်နည်းလေးတွေကို စိတ်ဝင်စားပြီး 
ချက်နည်းလေးကို သိရရင် ကိုယ်တိုင် ပြန်ချက်စားချင်သူပါ။ 
ချက်ကြည့်တော့လည်း စားလို့ကောင်းတာမို့ မိတ်ဆွေများကိုလည်း 
မလောက်ရင် နောက်တစ်ခွက် ယူစားနော်
လက်ဖက်ခြောက် ပုဇွန် ကောင်လုံးမွှေးကြော်နည်းလေးကတော့
လက်ဖက်ခြောက် ပုဇွန် ကောင်လုံးမွှေးကြော်နည်းလေးကတော့
ဒီတစ်ပတ် စားစရာလက်ဆောင်ပါ။ ပျော်ရွှင်စွာ စားသောက်နိုင်ကြပါစေ....
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1729938&xgs=1&xg_source=msg_share_post 
No comments:
Post a Comment