သာယာ ပျော်ရွှင်မှုရှိသော အိမ်ထောင်ရေးကို 
ပိုင်ဆိုင်ထားသော ယောက်ျားများသည် အိမ်ထောင်မပြုသူ သို့မဟုတ် အိမ်ထောင်ရေး 
အဆင်မပြေသူ ယောက်ျားများထက် ပို၍ လေဖြတ်ရောဂါ ဖြစ်ပွားမှုနည်းပါးကြောင်း 
အစ္စရေး တက္ကသိုလ်ဆရာဝန်များ၏ သုတေသန ပြုချက်တစ်စောင်အရ သိရသည်။
နှလုံးရောဂါလေ့လာရေးဌာနမှ လူပေါင်း 
၁၀၀၅၉ ဦးအား ၁၉၆၃ခုနှစ်မှစ၍ လေ့လာသုတေသနပြုချက်အရ တစ်ကိုယ်တည်း 
အိမ်ထောင်မပြုသူ ယောက်ျားများနှင့် အိမ်ထောင်ရေး မပြေလည်သူ ယောက်ျားများသည်
 အိမ်ထောင်ရေး ပျော်ရွှင်မှုရှိသော ယောက်ျားများထက် ၆၄ရာခိုင်နှုန်း ဆီးချိုမှတစ်ဆင့် လေဖြတ်ခံရနိုင်ဖွယ်ရှိကြောင်း တင်ပြထားသည်။
တဲလ်အဗစ် တက္ကသိုလ်မှ ဒေါက်တာ 
ယူရီဂိုးလ်ဘောတ်ခ်က သူ၏သုတေသနပြုချက်တွင် လူနေမှု အဆင့်အတန်း၊ ဆေးလိပ် 
သောက်သုံးသည့်အကျင့်၊ သွေးတိုးနှုန်းနှင့် မိသားစု အရေအတွက် စသည့်ကဏ္ဍများကို 
ထည့်သွင်းတွက်ချက်ပြီး ကောက်ချက်ချထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ၎င်း၏သုတေသနပြုချက်တွင် 
အိမ်ထောင်ရှင်အမျိုးသမီး များကို ထည့်သွင်း မှတ်တမ်းမယူခဲ့ပေ။ 
ပင်ပန်းနွမ်းနယ်မှုသည် လူများအား နှလုံးရောဂါနှင့် လေဖြတ် ရောဂါများ 
ဖြစ်နိုင်ခြေများကြောင်း၊ ပင်ပန်းနွမ်း နယ်မှုမခံနိုင်သူများတွင် 
သွေးကြောများ မာတင်းလာတတ်ပြီး စိတ်ငြိမ်မှုရှိသူများတွင် မည်သည့်ရောဂါမျှ 
မပြကြောင်းကို ပျမ်းမျှအသက်(၆၂)နှစ်အရွယ် အမျိုးသား၊ အမျိုးသမီး ၅၁၄ ဦးအား 
သုတေသနပြုချက်မှ သိရှိရသည်။
 http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1424724&xgs=1&xg_source=msg_share_post 
No comments:
Post a Comment