!-kp-3နည်းပညာ-http:>
Wednesday, December 4, 2013
ရသကောင်းလေးတစ်ပုဒ်
ဘတ်စ် ကားစောင့်နေတုန်း ဘေးနားက အသံကြားလို့ လှည့်ကြည့်လိုက်မိတယ်။
*ရေခဲမုန့် ဘယ်လောက်လဲ။
*500
*ဒီထက် ဈေးပေါတာမရှိဘူးလား
*ရှိတယ်။300 တန် ရှိတယ်။
ရေ ခဲမုန့်ရောင်းနေတဲ့ကောင် လေးကစိတ်မရှည်သလိုပြောလိုက်တယ်။
ရေခဲမုန့်ဝယ်တဲ့ကောင် လေးကိုကြည့်လိုက်တော့ ၁၃ နှစ် အရွယ် ကောင်လေးတယောက်။
ငွေကြေးတတ်နိုင် တဲ့အသိုင်းအဝိုင်းကမှန်းသိသာပါတယ်။
ဒါပေမယ့် ကပ်စီးအိုးထင် ပါရဲ့။
ဈေးပေါတာကို မေးနေတယ်ဆိုတော့။
မဆီမဆိုင် ဘေးကနေကျွန် မ အကဲဖြတ်နေမိတယ် ။
ရေခဲမုန့်ရောင်းတဲ့ကောင် လေးကတော့ ခပ်နွမ်းနွမ်းရယ်ပါ။
နောက်အရောင်းအဝယ်ကတည့်သွားပါတယ်။
ကောင် လေးက 300 တန်ရေခဲမုန့်ကိုယူလိုက်တယ်။
ပြီးတော့ ဘောင်းဘီအိတ်ထဲက 500 တန်တရွက် ထုတ်ပေးတယ်။
ပြီးတော့ ကောင် လေးကစကားတခွန်းပြောတယ်။
ရော့ 500 ။200 ကိုပြန်မအမ်းနဲ့ မင်းယူလိုက်တော့ငါတို့ကစားနေချိန်မှာမင်းက ဈေးရောင်းနေရတော့
ငါ ကိုယ်ချင်းစာပါတယ်။
ငါရတဲ့ မုန့်ဖိုးကိုတခုခုမဝယ်စားရင် လည်းအမေက ငါ့ကိုဆူလိမ့်မယ်။
ဒါ့ကြောင့် ငါကဈေးပေါတာကိုမေးပြီးဝယ်စားတာပါ။
မင်းလည်း 200 ဖိုးလောက်ရေခဲမုန့်စားခြင် စားပေါ့။
ဒါမှမဟုတ်တခုခု ဝယ်စားပေါ့
ကျွန်မ နဲနဲလေးရှက်သွားတယ်။
မျှဝေပေးတယ်ဆိုတာကိုလည်း
ကျွန်မ ခုမှသဘောပေါက်လိုက်မိတယ်………
ပြီးတော့ ကိုယ်ချင်းစာတယ်ဆိုတာကိုရောပေါ့…………
ငြိမ်းလဲ့

လောကတွင် မယားကောင်း မယားမြတ်တို့ ၏ အင်္ဂါအရည်အချင်းများ
၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ စားသောက် နေထိုင်လေ့ရှိခြင်း..။
၂။ ယောက်ျားတစ်ပါးသို့ စိတ်နှစ်လုံးမကူးခြင်း..။
၃။ လင် ရှာဖွေရသော ဥစ္စာပစည်းတို့ကို ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းခြင်း..။
၎။ လင်နောက်မှ အိပ်လေ့ရှိခြင်း..။
၅။ လင်၏ အလုပ်အကြံ အစီအမံကို ခံယူ၍ ကူညီရခြင်း..။
၆။ လင့်အာဏာကို မဖီဆန် လင်၏အလိုသို့လိုက်၍ ပြုရခြင်း..။
၇။ လင်အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။
၈။ အပူအချမ်းတို့ လျော်စွာ လင်အား ဝတ်ဆင်ပေးရခြင်း..။
(သုတေသနသရုပ်ပြ အဘိဓာန်ကျမ်း)
“လောကနီတိကျမ်း အလိုအရမူ”
၁။ စားသောက်သောအခါတို့၌ လည်းကောင်း အဝတ်တန်ဆာ ပြုပြင် စီရင်သောအခါ၌ လည်းကောင်း အမိကဲ့သို့ နှစ်သက်ဖွယ်ပြုပြင် တတ်ခြင်း..။
၂။ လျှို့ဝှက်အပ်သော မကျစ်မလျစ်သော အရာတို့၌ နှမကဲ့သို့ ရှက်တတ်ခြင်း..။
၃။ အမှုကိစ္စ ဆောင်ရွက်သောအခါ၌ လည်းကောင်း လင်အနီးအပါးသို့ သွားသောအခါ၌ လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုမူသွားတတ်ခြင်း..။
၎။ ဘေးဒုက္ခ ကြုံတွေ့သောအခါ တိုင်ပင်ဖော်ရခြင်း..။
၅။ အိပ်သောအခါလင်ကို မွေ့ လျှော်စေတတ်ခြင်း..။
၆။ အရောင်အဆင်း ပြုပင်ခြင်း၌ တင့်တယ်စွာ ပြုတတ်ခြင်း..။
၇။ အမျက်ထွက်ရန် ရှိသောအခါ အမျက်ကို သည်းခံထိန်းသိမ်းထား တတ်ခြင်း..။
ဤမယားသည် မယားကောင်း မယားမြတ်ဖြစ်၍ သေသည့်အခါ နတ်ပြည့်သို့သွားရသည်…..။
ဗဟုသုတတိုးပွားနိုင်ကြပါစေ
Royal Hero Media

Tuesday, November 26, 2013
ကြက်သွန်နီနဲ့ အချစ်စစ် ရှာလိုက်ကြရအောင်

ကမ္ဘာပေါ်မှာလူမျိုးဘာသာဓလေ့တွေများစွာ ကွဲပြားသလိုပဲ ဗေဒင်ဟောတဲ့
နည်းစနစ်တွေကလည်းဓလေ့ထုံးတမ်းအလိုက် အမျိုးမျိုးအဖုံဖုံရှိနေပါတယ်။
အဲဒီအထဲမှာထူးခြားဆန်းပြားပြီးလွယ်လည်းလွယ်ကူ အသုံးလည်း အသုံးပြုတဲ့ဗေဒင်နည်းတွေရှိပါတယ်။နမူနာအားဖြင့် ဂျာမန်လူမျိုးတွေ သုံးတဲ့ ဗေဒင်ဟော
နည်းကို တင်ပြချင်ပါတယ်။
တိတိကျကျဆိုရရင် ဂျာမန်အမျိုးသမီးငယ်တွေ၊ အိမ်ထောင်မကျသေးတဲ့ အပျိုတွေအတွက် အချစ်ရေး အချစ်ရာ ဗေဒင်တစ်ခုဖြစ်ပါတယ်။
အဲဒါက ကြက်သွန်နီကို အသုံးပြုပြီး အချစ်စစ် အချစ်မှန်ကို ရှာဖွေတာပါ။
ဒီနည်းက လွယ်ပြီး အသုံးလည်း တည့်တဲ့အပြင် လူမသိ၊ သူမသိ
ကိုယ်တိုင်လျှို့ဝှက်တွက်ချက်နိုင်တဲ့နည်းဖြစ်ပါတယ်။
မိန်းကလေးတွေ အနေနဲ့ မိမိကိုချစ်ရေးချစ်ရာအတွက် ကမ်းလှမ်းလာသူကို တစ်ဘ၀တာ
အရေးတွေးပြီး လက်ခံဖို့ ဆုံးဖြတ်ရာမှာ ဒီနည်းကို သုံးနိုင်ပါတယ်။ မိမိကို
ကမ်းလှမ်းလာတဲ့ အမျိုးသားတွေထဲမှာ ဘယ်သူ
ဆေးလောက ဖြစ်ရပ်မှန် ငါးရပ်
ဖြစ်ရပ်မှန်(၁)။ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာ ဖြစ်စေတယ်။
ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာ ဖြစ်စေကြောင်း ၁၉၃၉ ခုနှစ်များ ကတည်းက တွေ့ရှိထားခဲ့ကြတယ်။ ဒါပေမဲ့ ဆရာဝန်အများစုနဲ့ ဆေးလိပ် ကုမ္ပဏီများက လက်မခံခဲ့ကြဘဲ ၁၉၆ဝ ပြည့်နှစ်ရောက်မှ လေထုညစ်ညမ်းမှုကြောင့် ကင်ဆာဖြစ်ပွားတတ်ကြောင်း တွေ့ရှိခဲ့တဲ့ အတွက် ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာ ဖြစ်စေကြောင်း အားလုံး လက်ခံလာကြတာ ဖြစ်တယ်။
ဖြစ်ရပ်မှန်(၂)။ ဗက်တီးရီးယားကြောင့် အစာအိမ်အနာ ဖြစ်စေတယ်။
သြစတြေးလျ သမားတော်များဖြစ်တဲ့ ဒေါက်တာ ရော်ဘင်ဝါရင်နဲ့ ဒေါက်တာ ဘာရီမာရှဲတို့ဟာ အစာအိမ်အနာနဲ့ ဟယ်လီကိုဘက်တာ ပိုလိုရီ ဆက်စပ်မှုရှိကြောင်း ၁၉၈၂

နဂါးမောက်သီး၏ အစွမ်း
နဂါးမောက်သီး ( Dragon fruit) သည့် သွေးတိုး ရှိသောသူများ ဆီးချိုရှိသောသူများအတွက် စားသင့်သော အသီးနှံများစွာထဲ့မှ အသီးဖြစ်ပါသည် ။
ပင်ကိုယ် အသီး၏ အစွမ်းမှာ သွေးအတွင်းရှိ သကြားဓာတ်ကို လျော့ချနိုင်စွမ်းရှိသည့်အပြင် ကင်ဆာဖြစ်စေနိုင်ခြင်းကိုလည်း ကာကွယ်မှု့ ပေးသောအသီးလည်း ဖြစ်ပါသည် ။
အဆီအဆိမ့်များသောအစားသောက်များများ စားမိပါက ဌင်းအသီးကို စားပေးခြင်းဖြင့် ဝစေနိုင်သော ကိုလက်စထရော့များကို ခြေဖျတ်လျှော့ချပေးနိုင်သဖြင့် ဝခြင်းကို ကာကွယ်နိုင်ပါတယ် ။
အသားအရည်ခြောက်နေသူများ၊အသားရည်လှပလိုသူများအတွက် အရည်ရွှမ်းသောအသီးဖြစ်သောကြောင်း အသားအရေကို စိုပြေချောမွတ်စေနိုင်ပါတယ်
။
ကိုယ်ဝန်ဆောင်မိခင်များလည်း စားသုံးသင့်သည် ။

အမျိုးသမီးတွေနှစ်သက်တဲ့ အမျိုးသား
မိန်းကလေးတွေနှစ်သက်တာ ဗလတောင့်တောင့် ခပ်မိုက်မိုက် ကောင်လေး တွေလား။
ဒါမှမဟုတ် ဥာဏ်ပညာကြီးတဲ့သူကိုလား ။ တကယ်တမ်းတော့ အများစုက
နှစ်လိုဖွယ်ကောင်းတဲ့ ဟာသဥာဏ်သမားတွေကို နှစ်သက်ကြတာပါတဲ့။ မကြာသေးခင်က လေ့လာတွေ့ရှိချက်အရ သိပ္ပံပညာရှင်တွေက တကယ်တမ်းမှာတော့ အမျိုးသမီးတွေက ဟာသကို အမျိုးသားတွေထက် ပိုနှစ်သက်ပါတယ်တဲ့။
အမျိုးသမီးတွေက အမျိုးသားတွေရဲ့စွမ်းရည်ကို သူတို့ကိုပျော်ရွှင်အောင်လုပ်တဲ့ နည်းလမ်းမျိုးနဲ့ အသုံးပြုစေချင်ကြပါတယ်။ ပြီးတော့ တန်ခိုးရှင်တစ်ယောက်လိုမျိုးလဲ စွမ်းဆောင်နိုင်စေချင်ကြတယ်။ Daily Mailမှ “ပထမဆုံးအနေနဲ့ ဖော်ပြပေးချင်တဲ့ အချက်ကတော့ လိင်ပိုင်းဆိုင်ရာကြောင့် ဟာသအပေါ်ဆုံးဖြတ်မှု

Saturday, November 16, 2013
ချစ်စံဝင်း - ဓမ္မစေတီခေါင်းလောင်းကြီး၏ လျှို့ဝှက်ချက်များ
Download ~ ~ ~
http://www.mediafire.com/?dxzy2d6vfxvx4d2

မိဘရဲ့  စည်းစိမ်တွေနဲ့  နေပြီး အစေခံ ကျွန်တစ်ယောက်လို ပစ်မထားပါနဲ့ 
သားသမီးတွေဟာ မိဘနှစ်ပါးသေးသွားမှ ရည်စူးပြီး ကောင်းမှု့ ကုသိုလ်ပြုတာ တွေထက် ယခုပစ္စပ္ပန် အချိန် ကျွေးတာက ပိုပြီးတန်ဖိုးရှိပါတယ် ။
အမျှဝေလို့ရတဲ့ ဘုံဟာ သုံးဆယ့်တစ်ဘုံမှာ တစ်ဘုံဘဲရှိတယ် ။
ကိုယ့်မိဘဟာ ဒီဘုံကို ရောက်လိမ့်မယ်လို့  ဘယ်သူမှ တပ်အပ်သေချာပြောလို့ မရပါဘူး ၊ စိတ်မချရပါဘူး ၊ ဒါကြောင့်မသေချာတဲ့ အလုပ်ကိုမလုပ်ဘဲ သေချာတဲ့ အလုပ်ကို လုပ်ပါ ၊ သေချာတဲ့ အလုပ်နဲ့ ပဲ ကျေးဇူးဆပ်ကြပါ ။
စာရေးသူရဲ့ ရပ်ကွက်ထဲမှာရှိပါတယ် ။ မိဘနှစ်ပါးက အသက် ( ၆၀ ၊ ရ၀ ) အရွယ်ရောက်လာပြီဆိုတော့ သားသမီး မြေးမြစ်တွေက အဘိုးကြီး အဘွားကြီးတွေနှင့် ထမင်းအတူစားရတာ ရွံစရာကောင်းတယ်ဆိုပြီး အတူတူမစားကြပါဘူး ၊ဒါကြောင့် မိအိုဖအိုနှစ်ပါးကို ထမင်းလေးတွေ ပန်းကန်ထဲထည့် ဟင်းလေးတွေပုံ
ပြီး အရင်ကျွေးထားနှင့်ပါတယ် ။
မသိရင်တော့ ဦးဦးဖျားဖျားကျွေးတာပေါ့ အမှန်တော့ ထိုသို့မဟုတ်ပါ ၊
ကဲ ....... စဉ်းစားကြည့်ကြပါ ၊ကောင်းကြသေးရဲ့လား နောက်ပြီး မိဘနှစ်ပါးဟာသားသမီးတွေရဲ့ ထားရာနေ စေရာသွားရတဲ့ဘဝ အသက်အရွယ်ကလည်း ကြီးလာပြီဆိုတော့ အလုပ်ကလည်း မယ်မယ်ရရမလုပ်နိုင် ၊ ဒီသားသမီးတွေကိုဘဲ မှီခိုပြီး မိမိတို့ ဘဝအသက်ရှင်ရေး အတွက် ကြိုးစားနေထိုင်ကြရပါတယ် ။
ဟို တစ်ချိန်တုန်းက ဒီစီးပွားဥစ္စာ စည်းစိမ်တွေကို ကိုယ်ရှာဖွေခဲ့တာ မှန်ပါသော်လည်းယခုအချိန်မှာတော့ သားသမီးတွေကို လွန်ဆန်လို့ မရတဲ့ အခြေအနေကို ဆိုက်ရောက်ခဲ့ရပြီဆိုတော့ သူတို့သဘော အတိုင်းပဲ နေထိုင်ပေးကြရပါတော့တယ် ။
ဒါကြောင့် ရှေးယခင်တုန်းက ပိုး ၊ ဖဲ ၊ ကတ္တီပါတွေဖြင့် နှစ်ခြိုက်စွာအိပ်ခဲ့ရသော်လည်း ယခုအချိန်အခါမှာ နောက်ဖေးချောင်က အခန်းကျဉ်းလေးထဲမှာ စောင်စုတ် ပုဆိုးစုတ်တို့  အထပ်ထပ်ခင်းပြီး ကျင်ကြီး ကျင်ငယ်သွားလည်း ဒီနေရာ ၊ စားလဲဒီနေရာ ၊ အိပ်လဲဒီနေရာ ၊ ဝင်လေထွက်လေကမကောင်းတော့ အနံအသက်တွေနဲ့ ညစ်ပတ်နံစော်နေတော့တာပေါ့ ။
သားသမီးများသည် အသက်အရွယ် အိုမင်းရင့်ရော်နေသော မိဘများအား မသေရုံတမယ် ကျွေးထားကြပေသည် ။
တချို့ ဆိုလျှင် ထားစရာနေရာမရှိသဖြင့် ဘိုဘွားရိပ်သာကို မျက်နှာလွှဲခဲပစ်ပို့ထားလိုက်ကြပြန်တော့တယ် ။
တစ်ချို့ ဆိုလျှင် ဘေးပတ်ဝန်းကျင် ပြောမှာစိုးသည့်အတွက်ကြောင့် မဖြစ်သာလို့ အိမ်ပေါ်ခေါ်တင်ထား ကြရတာပါ ။
သားသမီးဖြစ်သူက အမေအဖေကို တစ်လကြာလို့ တစ်ခါဝင်မကြည့် စကားမပြောဖြစ်
မိမိသားကဒီလိုနေမှတော့ ချွေးမကလည်း ဘယ်ပြောကောင်းတော့မလဲ ကျွေးမွေးတာကအစ အကျန်မကျွေးယုံတမယ် ဆက်ဆံတာကလည်း အိမ်ဖော်မတစ်ယောက်လို အိမ်ပေါ်မှာနေလို့ဆိုပြီး ကျွန်တစ်ယောက်လို ပန်းကန်ခွက်ယောက် ဆေးကြောခိုင်း ၊ ဒီလိုနဲ့ ကျေးဇူးဆပ်တယ်ဆိုပြီး အိမ်ပေါ်ခေါ်ထားတာလား ၊ ကိုယ့်ဟာကိုယ်စဉ်းစား
ကြည့်ကြပါ ၊ ဒီအဖြစ်မျိုးက ဘယ်လိုမှ မထားကောင်းပါဘူးးး
သားသမီး ဖြစ်သူများ ဒီစာလေးဖတ်မိပြီး စဉ်းစား ဆင်ချင် နိုင်ကြပါစေလို့  ...........
( သားသမီးနှင့် မိဘ ဖြစ်ရပ်မှန်စာအုပ်မှ )
Hla Sabai
http://myawadynews.blogspot.com/2013/11/blog-post_3722.html

စိတ်ဖိစီးမှုက အသက် ပိုကြီးစေ

စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်းတို့က လူတွေကို အသက် ပိုကြီးစေကြောင်း
သိရ ပါတယ်။ ဒီအတွက် နယ်သာလန် Universtiy of Medical Centre မှ
စိတ်ကျန်းမာရေး သုတေသီတို့ သေချာ သုသေ တန ပြုလုပ် စစ်တမ်းကောက်ယူ ထားခြင်း
ဖြစ်ပါတယ်။
လူဦးရေ ၂၄၀၇ ဦးကို စမ်းသပ်ခဲ့ပြီး စိတ်ဓာတ်ကျတဲ့ ၃ ပုံ ၁ ပုံသော လူဦးရေ က
Aging ဆဲလ်များ ပိုမို ပျက်ဆီးနေကြောင်း လေ့လာတွေ့ရှိခဲ့ ပါတယ်။
စစ်တမ်းကောက်ထားတဲ့ လူတွေရဲ့  သွေး ပမာဏ အနည်းငယ်ကို ယူပြီး
ဓာတ်ခွဲလေ့လာခဲ့ခြင်း ဖြစ်ပါတယ်။ အသက်အရွယ်နုပျိုအောင် ထိန်းထားပေးတဲ့
ဆဲလ်များ ကို လေ့လာခဲ့ပြီး စိတ်ဓာတ်ကျလေ့၊ စိတ် ဖိစီးလေ့ မရှိသူများရဲ
့ဆဲလ်များဟာ ပိုရှည်ပြီး အသက်ရှင်နေတာ ကို တွေ့ရ ပါတယ်။
စိတ်ဖိစီးနေသူတို့ရဲ့  ဆဲလ် ကတော့ တိုပြီး အားအင် သိပ်မပြည့်ဖြိုး တာကို
လေ့လာ တွေ့ရှိခဲ့ ပါတယ်။
ဒါကြောင့်မို့ ရုပ်ပျို၊ ရုပ်နုတယ်ဆိုတာ စိတ်နဲ့ တိုက်ရိုက်ဆက်စပ်နေပြီး
စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာ ဘယ်လောက်ပဲ ရှိရှိ စိုးရိမ်ပူပန်ကြောင့်ကြခြင်း
နည်းဖို့ လိုအပ်ကြောင်း ဆိုပါတယ်။ ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ
စိုးရိမ်ပူပန်မှုကင်းရင် စိတ်ဓာတ်ကျစရာလည်းမရှိသလို၊စိတ်ဖိစီးစရာလည်း
မရှိပါဘူး။ ယင်းနည်းလမ်းနဲ့ အသက်ဘယ်လောက်ကြီးကြီး အပြင်ပန်း
ရုပ်ရည်သွင်ပြင်ကို နုပျိုအောင် အကောင်းဆုံး ထိန်းထား နိုင်စကြောင်း သိရ
ပါတယ်။
.
Ref: Xinhua
အောင်ခမ်း ( ရိုးရာလေး )
စိတ်ကို ကျွဲထိန်းသလို ထိန်းပါ
တစ်ခါတော့ မြစ်ဝကျွန်းပေါ် ဒေသတစ်ခုသို့ ဆရာတော် တရားဟောကြွလေ၏။ ထိုဒေသတွင်မိုးများသည့် အတွက် တောင်ယာသမား အများစုသည် နွားအစားကျွဲ များဖြင့်သာ ထွန်ယက်စိုက်ပျိုးကြရလေ၏။ ကျွဲများသည် သန်မာထွားကျိုင်းပြီးချို ကြီးများကားနေ၏။ ဆရာတော်သည် ကျွဲကြီးများကို မြင်သောအခါ ထိုဒေသမှ ဒ
ကာကြီးများကို ယခုကဲ့သို့ မေးကြည့်လေ၏။
“ဒကာကြီး ဒီလောက်သန်မာတဲ့ ကျွဲကြီးတွေကဒကာကြီးတို့ကို ပြန်ပြီး ရန်မမူကြဘူးလား”
“တစ်ခါတလေတော့ ရန်မူတယ်ဘုရား၊ တလောက ဟိုဘက်ရွာက တောင်သူတစ်ယောက် ကျွဲခတ်လိုက်တာ ဗိုက်ပေါက်ပြီး နေရာမှာတင် ပွဲချင်းပြီးသေတာပါရောလားဘုရား”
“အိုး...ကြောက်စရာ ကောင်းလိုက်တာ၊ ကျွဲထိန်းရတာလည်း တော်တော်အန္တရာယ်များတာပဲ”
“ဒါက ဖြစ်ခဲပါတယ်ဘုရား၊ သူတို့ ကျွဲထိန်းတဲ့နေရာမှာ ညှာလိုက်လို့ပါ”
“ဒကာကြီးက ဘယ်လိုထိန်းလို့လဲ၊ ကြောက်အောင် ရိုက်နှက်ထားလို့လား”
“တစ်ချက်မှ ရိုက်နှက်စရာမလိုဘဲ ထိန်းတဲ့နည်းရှိတယ်ဘုရား”
“ဒကာကြီးတို့နည်းက ဘုန်းကြီးတို့လို မေတ္တာသမားနဲ့ ကိုက်တာပေါ့၊ ဘယ်လိုထိန်းတာလဲ”
“အလုပ်နဲ့ ထိန်းတာပါဘုရား၊ လယ်ချိန် လယ်ထွန်တယ်၊ ယာချိန်ယာထွန်တယ်၊ လယ်တွေ၊ယာတွေ မရှိရင် ရေခပ်ခိုင်းတယ်။ ရေစည်ကိုလှည်းပေါ်တင်ပြီး မြစ်ရေကိုသယ်တယ်။ ရေသယ်စရာ မရှိရင် ထင်းလိုက်တယ်ဘုရား...
“အဲဒီလို မနားတမ်း ခိုင်းနေမယ်ဆိုရင် ဒီကျွဲဟာပင်ပန်းပြီး ညောင်းနေတဲ့အတွက် နားရတဲ့အချိန်လေးမှာ ငြိမ်နေတာပေါ့ဘုရား။ ဒေါသဖြစ်ချိန်ကိုမပေးတော့ဘူးဘုရား”
“အို...ဒကာကြီးတို့ပြောတဲ့ ကျွဲထိန်းနည်းကဘုန်းကြီးအတွက်တော့ တရားတစ်ပုဒ်ပါပဲ၊ ကျွဲကြီးကို စိတ်နေရာမှာထားပြီး စိတ်ကိုအလွတ်မထားဘူးအမြဲခိုင်းနေမယ်ဆိုရင် လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ကိလေသာတွေ မ၀င်နိုင်ဘူးပေါ့။ ဒါကြောင့်ကိုယ်တော်တို့ တတွေလည်း စိတ်ကို အအားမပေးနဲ့၊ စိတ်ဆိုတာမ
ကောင်းတဲ့ ဘက်မှာ ပျော်တာအားနေရင် စာဖတ်၊ စာရေး၊ တရားနာ၊ တရားဟောအဲဒီလို မနားတမ်း လုပ်ကြပါလို့ တိုက်တွန်းပါတယ်”
ညီမေတ္တာ
(မေတ္တာရှင်သံခဲနှင့် ပန်းပဲဆရာများ မှ)
Buddhavasa Tiloka

လက်တစ်ကမ်းမှ အဆိပ်သင့် အစိမ်းရောင်ကမ္ဘာ

သင်ဟာ ဟင်းသီးဟင်းရွက်ကို ခုံမင်စွာ စားသုံးသူတစ်ဦး ဖြစ်နေပါသလား။
ယုတ်စွအဆုံး ထမင်းစားစဉ် ဟင်းသီးဟင်းရွက်တို့ကို
အတို့အမြှုပ်အဖြစ်ထည့်သွင်း စားသုံးသူ တစ်ဦး ဟုတ်နေပါသလား။ ဟုတ်မှန်တယ်
ဆိုရင် သင်ဟာ ဟင်းသီးဟင်းရွက်ကိုသန့်စင်စွာ စိတ်ချလက် ချဆေးကြောကာ
စားသုံးရပါမည်။ ထိုသို့ မဟုတ်ပါက ကင် ဆာရောဂါအပါအဝင် လတ်တလော ဘေးဒုက္ခဖြင့်
ရင်ဆိုင်ကြုံ တွေ့ရနိုင်သည်ဟု ဇီဝနည်းပညာ ဘာသာ ရပ်ဖြင့် အီတလီမှ ပါရဂူဘွဲ့
ရရှိထားသော ဒေါက်တာ သန်း သန်းစိန်က သတိပေး စကားပြောကြားထားသည်။
၎င်းက မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမံနှင့်ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်
လုပ်တင်ပို့ရောင်းချသူများ အသင်း၏ အကြံပေးတစ်ဦးဖြစ်သည့်အပြင် မန္တလေး
နည်းပညာ တက္ကသိုလ် ဇီဝနည်းပညာဌာန၌ ဧည့် ပါမောက္ခ တစ်ဦးအဖြစ် တာ
ဝန်ထမ်းဆောင်နေပြီး လက်ရှိမြန်မာတွင် ကြီးမားစွာ ရင်ဆိုင်နေရသော
ကိုယ်ချင်းစာတဲ့ သူ(ဟာသ)
မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ နောက်မီးလင်းနေတုန်းမှာ အိမ်ရှင်ယောက်ျား တံခါးဖွင့်သံကို ကြားလိုက်တယ်။
"မြန်မြန်.... ဒီထောင့်မှာရပ်နေ.. မလှုပ်နဲ့"
မိန်းမကပြောပြောဆိုဆို သူ့ကိုထောင့်တစ်နေရာမှာ ရပ်ခိုင်းပြီး တစ်ကိုယ်လုံး အလှဆီတွေလိမ်းပေးပြီး ပေါင်ဒါမုန့်တွေ လူးပေးလိုက်တယ်။
"မလှုပ်နဲ့နော်... ရုပ်တုတစ်ခုလို ငြိမ်ငြိမ်လေးရပ်နေ"
အိမ်ရှင်ယောက်ျား အိပ်ခန်းထဲရောက်လို့ ပေါင်ဒါမုန့်တွေ ဖြူနေတဲ့ရုပ်တုကြီးနဲ့ ကြမ်းပြင်ပေါ်ပွနေတဲ့ အမှုန့်တွေကိုတွေ့တော့ ဘာလဲလို့မေးတယ်။
မိန်းမက တည်ငြိမ်အေးဆေးတဲ့အသံနဲ့ "အော်... ရုပ်တုပါ။ မဦးတို့အိမ်မှာလည်း တစ်ခုတွေ့ခဲ့လို့ ကျွန်မကြိုက်တာနဲ့ တစ်ခုဝယ်ခဲ့တယ်" လို့ဖြေတယ်။
အဲဒီလိုနဲ့ လင်မယားနှစ်ယောက် ရုပ်တုအကြောင်းကို ဆက်မပြောဘဲ အိပ်ရာဝင်ခဲ့ကြတယ်။
ညသန်းခေါင်ရောက်တော့ အိမ်ရှင်ယောက်ျားက မီးဖိုထဲထသွားခဲ့တယ်။
မီးဖိုက ထွက်လာတော့ သူ့လက်ထဲမှာ ပေါင်မုန့်တချို့နဲ့ နွားနို့တစ်ခွက် ပါလာတယ်။
အိမ်ရှင်ယောက်ျားက ရုပ်တုရှေ့မှာရပ်ပြီး "ရော့... အစာနည်းနည်းစား လိုက်အုန်း၊ ငါ့လိုမဖြစ်စေနဲ့... ငါတုန်းက မဦးအိမ်မှာ အစာမစား ရေမသောက်ရဘဲ ၃ ရက် ၃ ည ရပ်ခဲ့ရတယ်"
နိုင်းနိုင်းစနေ
စိတ္တဇ ဟာသများ

Flash Song စုစည်းမှု(၁)
အင်တာနက်ချစ်သူ ပြန်လာမဲ့အချိန် "မ" အတွက်သီချင်း ပြန်လာပါ ကော်ရုပ်လေး လွမ်းဆွတ်ခွင့် ချစ်သူ-ရိန်မိုး အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ပထမအနမ်း ချစ်သူသိပါစေ နင်မသွားခင် နှမြောတယ် အလွမ်းဝင်္ကပါ မ မရှိတဲ့နေ့ရက်များ ကဗျာမမှီတဲ့အချစ် မိုးသည်းချိန်မှာ နောက်ဆုံးပေါ့ မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် သံစဉ်နဲ့ချော့သိပ်ခွင့် သူလေး သိမ်းထားခွင့် အမုန်းတော် ရိုးမြေကျ မင်းရှိရင် ဆု....ထံသို့ နှုတ်ဆက်သီချင်း ကောင်းကင်ကအချစ်ငှက် ပြုံးလိုက်ပါ ကမ္ဘာပျက်နေ့ ဖက်ထားမယ် တစ်ချိန်က”မ” မမ ကောင်လေး-ရိုးရာ တမ်းတခြင်း-Oakkar ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက် လမင်းသစ်ပင်-ရိန်းမိုး တစ်ကယ့်ပုံပြင်-ရိုးရာ မိုး-ရိုးရာ+Rဖြိုး+ဥာဏ်ထက် အမြဲရှိနေပါ ကောင်မလေး..သို့ အချစ်ရူးလေး
အမုန်းဖွဲတေး ပြိုလဲကြေကွဲ တစိမ့်စိမ့်ကြည့် မီနစ်တိုင်း ကိုယ်မညာတော့ဘူး နေပါစေ ဝမ်းနည်းတတ်တဲ့ချစ်သူ ဒီတိုင်းလေးပဲချစ်နေမယ် တိတ်တိတ်လေး တစ်မိုးအောက်

Monday, November 11, 2013
မနက်အိပ်ယာထချိန် နွားနို့မသောက်သင့် (ဝမ်းထဲအစာမရှိလျှင် နွားနို့မသောက်သင့်)
မနက်အိပ်ယာထထခြင်း ရေသောက် တတ်တဲ့အကျင့်များ ရှိသလို နွားနို့သောက် တဲ့ အကျင့်ရှိသူများလည်း ရှိနေပါတယ်။
အမှန်စင်စစ် အိပ်ယာထထ ခြင်းအသောက်သင့်ဆုံး က ရေသာဖြစ်တယ် လို့ ဆေးပညာရှင်တို့ လေ့လာအကြံပေး ပြီးသား ဖြစ်ပါတယ်။ သာမန်လူ တစ်ယောက်ဟာ ညတစ်ညတာ အိပ်စက်ပြီး မနက်အိပ်ယာထတဲ့အခါ ဝမ်းထဲမှ အစာချေဖျက်ထားတဲ့အတွက် ရှင်းလင်းနေတတ်ပါတယ်။ အရှင်းကြီးမဟုတ်ပဲ ချေဖြတ်ရန် မလွယ်ကူတဲ့ စားကြွင်း စားကျန်များ ကျန်ရှိနေတတ်ပါတယ်။ ဒါကြောင့် မနက် အိပ်ယာထချိန်မှာ ရေတစ် ခွက် သောက်ရုံတင် လုံလောက်ပါတယ်။ ရေလည်း အလွံ့အကျွံမသောက်ရ ပါဘူး။
နွားနို့ဆိုရင် ပိုလို့တောင် မသောက်သင့်ပါဘူး။ ညအိပ်စက်ပြီး အစာချေဖျက်ပြီးနောက် အူလမ်းကြောင်းဟာ ညမှာ တော်တော်လေး အလုပ်လုပ်ထားပါတယ်။ နွားနို့ဆိုတာ အများစုသိထားတာက ပရိုတိန်းကြွယ်ဝတယ်

မြန်နှုန်းမြင့် Wi-Fi နည်းစနစ်အသစ် 802.11ac
Wi-Fi ဆက်သွယ်မှု နည်းစနစ်အသစ် 802.11ac သည် ၂၀၁၃ ခုနှစ်အတွင်း ဈေးကွက်ထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
မြန်နှုန်းမြင့် Wi-Fi လို့ ခေါ်ဆိုနေတဲ့ ဤနည်းပညာအသစ်ဟာ ရှိရင်းစွဲ router တွေမှာ အသုံးပြုနေတဲ့ 802.11n နည်းပညာထက် များစွာလျင်မြန် ပါလိမ့်မယ်။ ဘယ်လောက်မြန်သလဲ ဆိုတာကိုတော့ အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။
ဒီ 802.11ac စနစ်သုံး router တွေဟာ ၂ နာရီစာ HD တီဗီစီးရီး တစ်ခုကို စက္ကန့် ၄၀ အတွင်းမှာ ဒေါင်းလုပ်ဒ် လုပ်နိုင်မယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် စိတ်မလောပါနဲ့ဦး။ စနစ်အသစ်က မြန်သလောက် မိမိသုံးစွဲနေတဲ့ အင်တာနက်လိုင်း မကောင်းရင်လည်း အလကားပါပဲ။
ပုံမှာ ပြထားတဲ့အတိုင်းပါပဲ 802.11n စနစ်သုံး router တွေဟာ အမြန်နှုန်း 300 Mbps အထိ ရရှိနိုင်ပြီး ယခု 802.11ac က တော့ အမြင့်ဆုံး အမြန်နှုန်း 1 Gbps အထိ ရရှိနိုင်မှာ ဖြစ်သော်ငြားလည်း အင်တာနက် ချိတ်ဆက်မှုလိုင်းတွေမှာ အမြဲဖြစ်ပေါ်လေ့ရှိတဲ့ ပုလင်းဝတစ်ဆို့မှု ပြဿနာ (bottle neck issues) ကြောင့် ဒီအမြန်နှုန်းတွေကို ဘယ်လိုမှ ရရှိနိုင်မှာ မဟုတ်ပါဘူး။
သေချာတာကတော့ မိမိအသုံးပြုတဲ့ အင်တာနက်လိုင်းရဲ့ ထွက်ရှိလာတဲ့ အမြန်နှုန်းဟာ Google ရဲ့ Fiber Optic အင်တာနက်လိုမျိုး 1 Gbps (ကြော်ငြာထားသည့် အမြန်နှုန်း) ထွက်မယ်ဆိုရင်တော့ 802.11ac Wi-Fi သုံးမှာသာ အဆင်ပြေမှာ ဖြစ်ပါတယ်။
Samsung Galaxy S4 နဲ့ HTC One တို့ အပါအဝင် နောက်ဆုံး ထွက်ရှိလာတဲ့ စမတ်ဖုန်းများမှာလည်း 802.11ac စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် LTE နည်းပညာရဲ့ အမြန်နှုန်းကို အပြည့်အဝ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

အလိုလို သက်သာသွားသော ရောဂါ သို့မဟုတ် ပခုံးကပ်ခြင်း၊ ပခုံးနာခြင်း
ပခုံးကပ်တာ၊ ပခုံးနာတာ၊ ပခုံးခိုင်တာ စတဲ့ လက္ခဏာတွေ ပြတတ်တဲ့ Frozen
Shoulder ဟာ အဖြစ်များပါတယ်။ အသက် ၄၀-၆၀ ကြား အရွယ်တွေမှာ ဖြစ်တတ်ပြီး
အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။
တစ်ခါတစ်ရံ ပခုံးတင်မက လက်မောင်းတွေ အထိပါ ပျံ့နှံ့ပြီး နာတတ်ပါတယ်။
ဒီရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိကြပါဘူး။ အများယူဆတာကတော့
ပခုံးအရွတ် (Capsule) က ရောင်လာပြီး ကျုံ့သွားတော့ လှုပ်ရှားမှုက ပုံမှန်
မဖြစ်တော့တာလို့ ပြောကြပါတယ်။ ပခုံးနာတာက အတော် ဆိုးပါတယ်။ တစ်ခါတလေ
ညအိပ်လို့တောင် မရအောင် နာတတ်ပါတယ်။
လက်က ကောင်း ကောင်းလှုပ်ရှားလို့ မရတော့ ကျောကုတ်လို့လည်း မရ၊ ခေါင်းဖြီးလို့လည်း မရပါဘူး။ အမျိုးသမီး တွေ ဆိုတော့ ဆံပင်တွေ ထုံးလို့မရ၊ ပြင်လို့မရနဲ့ ပိုဆိုးပါတယ်။ အင်္ကျီဝတ်ပြီ ဆိုရင်လည်း

ဟာသတိုများ(၁၄)
=====
အတို (၁)
=====
“ဘယ်အချိန်လဲ”
လူတစ်ယောက်ကို တရားသူကြီးက အမိန့်ချနေတယ်... ...
"စတိုးဆိုင်ကို နေ့အချိန် ဖောက်ထွင်းတဲ့အတွက် ထောင်ဒဏ် ၁၈ လ ကျခံစေ"
ဒီတော့ တရားခံက ပြန်မေးတယ်... ....
"လူကြီးမင်းခင်ဗျား၊ အရင်တခါက စတိုးဆိုင်ကို ညအချိန်ဖောက်ထွင်းလို့ဆိုပြီး ထောင် ၁၈ လချတာ မှတ်မိလား"
"အေး... မှတ်မိတယ်"
"နေ့ဘက် ဖောက်လည်းထောင်ချ၊ ညဘက် ဖောက်လည်း ထောင်ချဆိုတော့ ကျနော်က ဘယ်အချိန် လုပ်စားရမှာတုန်း ကဲ"
=====
အတို (၂)
=====
“လုံခြုံရေး”
ကားကို ရပ်ထားခဲ့တဲ့နေရာမှ မတွေ့တော့လို့ လုံခြုံရေးကို မေးကြည့်တယ်... ...
"ကျနော့်ကား ဒီနားမှာရပ်ထားတာ မရှိတော့ဘူး"
"ဟုတ်တယ်၊ လူတစ်ယောက် မောင်းပြေးတာ မြင်လို့ ပြေးလိုက်သေးတယ် မမှီဘူး"
"ဒါဆို သူမျက်နှာကို မှတ်မိလိုက်လား"
"ဟင့် အင်း"
"ဟာဗျာ"
"မပူပါနဲ့ဗျ၊ ကားနံပတ်တော့ မှတ်ထားလိုက်ပါတယ်"
=====
အတို (၃)
=====
“ယောက်ျားကောင်း”
ယောက်ျားကောင်းဆိုတာ... ...
1. -အရက်မသောက်ဘူး
2. -ဆေးလိပ်မသောက်ဘူး
3. -ဖဲမရိုက်ဘူး
4. -ဘောလုံးပွဲမလောင်းဘူး
5. -မိန်းမ မလိုက်စားဘူး
6. -လောကမှာ မရှိဘူး
သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/
Saturday, November 9, 2013
သင့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား...???
နည်းကတော့လွယ်လွယ်လေးပါ...
သင်ရယ်သင့်ချစ်သူရဲ့မွေးနေ့အားလုံး ကိုပေါင်းကြည့်ပြီး...နောက်ဆုံးရလဒ်ကိန်းတစ်လုံး ကအဖြေဖြစ်ပါတယ်.
ဒါကအစမ်းသဘောပါ -
သူက23 /4 /1991ဆိုပါတော့
သင်က 14 /7 /1992
ပြီးတော့အားလုံးပေါင်းလိုက်ပါ
14+7+1992+23+4+1991= 4031 ထွက်လာပါ့မယ်
ထွက်လာတဲ့ 4+0+3+1ကိုပြန်ပေါင်းလိုက်ရင် အဖြေ8ထွက်လာပါဖြစ်တယ်
သင့်မွေးနေ့နဲ့ သင့်ချစ်သူမွေးနေ့အဖြေ = 8ပေါ
ပေါင်းပြီးရင်ထွက်လာတဲ့အဖြေနံပါတ်နဲ့အောက်မှာကြည့်လိုက်ပါ.......
1. အသက်မကချစ်ကြသည်၊၊
2 ,ရင်နာစရာကြုံရမည်၊၊
3, ဘဝဖူးစာဖတ်များဖြစ်မည်၊၊
Facebook Account အသစ်ကို ဖုန်းဖြင့် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးဖွင့်နည်း
Facebook Account အသစ်ကို သင်ကိုယ်တိုင် ဖုန်းဖြင့် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးဖွင့်နည်းလေးပါ။ Confirm Code ရိုက်ဖြည့်စရာမလိုသလို Connection ကောင်းလျင် အချိန် (၁၀) မိနစ်ခန့်သာ ကြာနိုင်ပါသည်။ ရှေးဦးစွာ gmail အကောင့်လိုအပ်ပါတယ်။
၁။ gmail အကောင့်ဖွင့်ရန် ဖုန်းမှာ gmail app ရှိရပါမယ်။ gmail app ဖွင့်ဝင်ပြီးလျင် ထို app မှ setting ကိုဝင်ပါ။ add account ကိုနှိပ်ပါ။ next ကိုနှိပ်ပါ။ ထို့နောက် ထပ်ပေါ်လာသော create နှင့် sign in မှ create ကို နှိပ်ပါ။
၂။ Add a Google Account အတွက် first name, last name ကို ဖြည့်ပါ။ username တွင် သင်အသုံးပြုလိုသည့် နာမည်ထည့်ပါ။ ထိုနာမည်သည် သင်၏ email address ဖြစ်လာပါမည်။ သေချာစွာ မှတ်သားထားပါ။ နာမည်တူရှိလျင် သင်ရွေးချယ်ရန် အခြားနာမည် ပေးလာပါမည်။ ထို့နောက် next ကိုနှိပ်ပါ။
၃။ Type a password အတွက် သင့်ရဲ့ password အနည်းဆုံး ၈ လုံး ရိုက်ထည့်ပေးပါ။ ထိုအရာသည် သင်၏ gmail password ဖြစ်ပါသည်။ သေချာစွာ မှတ်သားထားပါ။ confirm password တွင် ထို password ကို ပြန်ရိုက်ထည့်ပါ။ ထို့နောက် next ကို နှိပ်ပါ။
B သွေးတွေရဲ့ မကောင်းတဲ့ အကျင့်စရိုက်များ

B သွေးတွေဟာဆိုရင် အဓိက အားဖြင့် ယုံကြည်မှုလွန်ကဲကြတယ်..
အစွဲအလန်းကြီးတယ်.. အစွန်းရောက်တတ်ကြတယ်.. အနိုင်ထက် အရှုံးကိုယှဉ်ဆိုင်ရမှာ မလိုလားတဲ့သူတွေဖြစ်ကြပါတယ်..
B သွေးအများစုကိုကြည့်မယ်ဆိုရင် သူငယ်ချင်းကို ချစ်သူထက် ပိုပြီး ခင်မင်တွယ်တာ တတ်တဲ့သဘောရှိပါတယ်.. ဒီအချက်ဟာဆိုရင် B သွေးတွေရဲ့အဓိက အားနည်းချက်ဖြစ်ပါတယ်.. လောကမှာ သူငယ်ချင်းကောင်းဆိုတာ နာမည်သာကြားကောင်းယုံဖြစ်ပြီး တကယ့်လက်တွေ့မှာ ရှာဖွေရန် အင်မတန်ခက်ခဲသော အရာတစ်ခု
ဖြစ်ပါတယ်.. ဒီတော့.. B သွေးတွေကြုံတွေ့ရတဲ့ ပြဿနာကဆိုလျှင်သူငယ်ချင်းပေါ်အယုံကြည်လွန်ပြီး.. သူငယ်ချင်းများက B သွေးပိုင်ရှင်များကိုခုတုံးလုပ်ပြီး အနိုင်ယူတတ်ခြင်းပါပဲ.. ဘီသွေးတွေရဲ့ သည်းခံခြင်း
ခွင့်လွှတ်ခြင်း အေးဆေးစွာပြုမူနေထိုင်ခြင်းကို အခွင့်ကောင်းယူကာ အနိုင်ယူခြင်းကြောင့်.. B သွေးအများစုဟာ သူငယ်ချင်းများ၏ အနိုင်ယူမှု ကိုခံကြရတဲ့သူများဖြစ်တယ်..
ချစ်သူရည်းစားအနေဖြင့် ပြောရလျှင် B သွေးများဟာ သံယောဇဉ်ကြီးတတ်ခြင်းသံယောဇဉ်
Subscribe to:
Posts (Atom)