မိန်းကလေးတွေနှစ်သက်တာ ဗလတောင့်တောင့် ခပ်မိုက်မိုက် ကောင်လေး တွေလား။ 
ဒါမှမဟုတ် ဥာဏ်ပညာကြီးတဲ့သူကိုလား ။ တကယ်တမ်းတော့ အများစုက 
နှစ်လိုဖွယ်ကောင်းတဲ့ ဟာသဥာဏ်သမားတွေကို နှစ်သက်ကြတာပါတဲ့။ မကြာသေးခင်က လေ့လာတွေ့ရှိချက်အရ သိပ္ပံပညာရှင်တွေက တကယ်တမ်းမှာတော့ အမျိုးသမီးတွေက ဟာသကို အမျိုးသားတွေထက် ပိုနှစ်သက်ပါတယ်တဲ့။  
 
အမျိုးသမီးတွေက အမျိုးသားတွေရဲ့စွမ်းရည်ကို သူတို့ကိုပျော်ရွှင်အောင်လုပ်တဲ့ နည်းလမ်းမျိုးနဲ့ အသုံးပြုစေချင်ကြပါတယ်။ ပြီးတော့ တန်ခိုးရှင်တစ်ယောက်လိုမျိုးလဲ စွမ်းဆောင်နိုင်စေချင်ကြတယ်။ Daily Mailမှ “ပထမဆုံးအနေနဲ့ ဖော်ပြပေးချင်တဲ့ အချက်ကတော့ လိင်ပိုင်းဆိုင်ရာကြောင့် ဟာသအပေါ်ဆုံးဖြတ်မှု
ကွာခြားခြင်းဟာ ကဘေးဘ၀ထဲက ရှိခဲ့တာဖြစ်ပါတယ်” ဆိုပြီး သိပ္ပံပညာရှင်တစ်ယောက်က ရေးသား ဖော်ပြထားတာပါတယ်။
 
Stanford တက္ကသိုလ်မှ လေ့လာသူတွေက အသက် (၆)နှစ်မှ (၁၃)နှစ် အတွင်းရှိ မိန်းကလေးနဲ့ ယောက်ျားလေး (၁၃)ယောက်ကို လေ့လာတွေ့ရှိချက်အရ ဟာသ ဘက်မှာ မိန်းကလေးများရဲ့ ဦးနှောက်လှုပ်ရှားမှုနှုန်းဟာ ယောက်ျားလေးတွေထက် ပိုတက်ကြွှတယ်ဆိုတာ ဖြစ်နိုင်ပါတယ်တဲ့ ။ ဘာကြောင့်လဲဆိုတော့ မိန်းကလေး တွေဟာ အပန်းဖြေရာမှာ ဟာသ ရုပ်ရှင်တွေ ပိုအကြည့်များပါတယ်တဲ့။
 
ဒါကြောင့် လေ့လာသူတွေအနေနဲ့ ဒီအချက်တွေကို အခြေခံပြီးတော့ အမျိုးသမီးများအနေနဲ့ သူမတို့ရဲ့ ကြင်ဖော်ကိုရွေးချယ်ရာမှာ ဟာသဥာဏ် ရှိသူကို ပိုပြီးနှစ်သက်မှာဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။Ref:ScienceWorldReport
 
Trend Myanmar

that right
ReplyDelete