“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, April 12, 2013

လိုချင်သော Video ကိုဖြတ်တောက်နည်း

ဗွီဒီယိုဖြတ်တောက်နည်းလေးကိုမသိသေးတဲ့သူငယ်ချင်းများအတွက်ပဲ
ရည်ရွယ်ပါတယ်...
သိပြီးသား သူငယ်ချင်းများကိုတော့ ဆောရီးပါဗျာ...
' ကြိုတင်တောင်းပန်လိုက်ခြင်း '
ဒါ့ကြောင့် ပုံလေးတွေနဲ့အတူ နည်းလမ်းလေးကို
လမ်းညွှန်ပြလိုက်ပါတယ်....:)
ကျွန်တော်သုံးတာက Any Video Converter ဆိုတော့
ဒါလေးနဲ့ပဲလုပ်ပြလိုက်ပါတယ်.... Any Video Converter လေးစက်ထဲမှာမရှိရင်လဲ
Download လုပ်ယူဖို့ အတွက်ပါလမ်းညွှန်ထားပါတယ်....

ပုံတွေကြည့်ပြီလုပ်ကြည့်ပါ.....:)
( ဒီမှာ ) Download ပါ

လုပ်ယူရတာလွယ်ကူပါတယ် ဒါ့ကြောင့်အဆင်ပြေလိမ်မယ်လို့
မျှော်လင့်မိပါတယ်...အားလုံးအဆင်ပြေကြပါစေဗျာ....
ချစ်ခင်လေးစားလျှက်....

By Nge Htwe Aung
http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1261718&xgs=1&xg_source=msg_share_post

သက်ရှည်ကျန်းမာမှုကို ထောက်ပံ့ပေးမည့် ဟင်းခတ်အမွှေးအကြိုင်များ

 ချက်ပြုတ်စားရာမှာ ဟင်းခတ်အ မွှေးအကြိုင်အဖြစ် ထည့်သွင်းချက်ပြုတ်တာတွေက သက်ရှည်ကျန်းမာဖို့ အထောက်အကူဖြစ်စေတယ်ဆိုတာ သင်သိပါရဲ့လား။

(၁) နနွင်း
=====
ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးတယ် နနွင်းကို အိန္ဒိယ၊ အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ ဟင်းချက်ရာ မှာ အသုံးပြု ကြပါတယ်။ ထိုင်းနိုင်ငံမှ သုတေသီတွေ ရဲ့ လေ့လာမှုအရ တစ်နေ့ကို နနွင်းမှုန့် လက်ဖက်စား ဇွန်းတစ်ဇွန်းစာလောက် သင်စားသောက်တဲ့ ဟင်းတွေထဲမှာပါရှိရုံနဲ့ အမျိုးအစား ၂ ဆီးချိုသွေး ချိုရောဂါ ဖြစ်ပွားနိုင်ခြေကို ၅ဝ ရာခိုင်နှုန်းလျှော့ချ နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

(၂) ချင်း(ဂျင်း)
=======
နာကျင်ကိုက်ခဲမှုကို သက်သာစေတယ် အိန္ဒိယနိုင်ငံမှ ပညာရှင်တွေရဲ့ လေ့လာမှုအရ ချင်း(ဂျင်း)က ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ အဆစ်အမျက် ကိုက်ခဲတာ၊ ထိခိုက်မှုကြောင့်

CD Drive ပျောက်နေရင် ပေါ်အောင်လုပ်နည်း

သိပြီးသားဆိုလည်း တောင်းပန်ပါတယ်...............  :)
မသိသေးတဲ့သူတွေလည်း သိရတာပေါ့.............:)
ဟို........တစ်ခါတစ်လေ ဗိုင်းရပ်ရှိတဲ့ ခွေထည့်မိလို့ပဲဖြစ်ဖြစ် တခြားဘာကြောင့်ပဲဖြစ်ဖြစ် CD ထည့်တဲ့နေရာက  CD Drive ကြီးတစ်ခုလုံးပျောက်သွားတတ်ပါတယ် ။ အဲဒါလေးကိုဖြေရှင်းနဲ့နည်းလေးပါ လွယ်လွယ်လေးရယ်.......... ပုံနဲ့ပါရှင်းပြပေးပါ့မယ်
ကဲစလိုက်ရအောင်..............
ပထမ ဆုံး     Start  ကနေ  Run ကို သွားပြီး regedit ဆို ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ..... box တစ်ခုကျလာလိမ့်မယ်
အောက်ကပုံကိုကြည့်ပါ.........
အဲဒီ box လေးကျလာရင်  သုံးခုမြောက်ပေါ့ HKEY_LOCAL_MACHINE ဆိုတဲ့စာတန်းလေးရဲ့ ဘယ်ဘက်ဘေးက မြှားလေးကို ကလစ်လိုက်......ဒါဆို အောက်ကအတိုင်းတွေ့ရမှာပါ

အဲဒီ အထဲက အောက်ဆုံးတစ်ခု SYSTEM ဆိုတာလေးရဲ့ ဘေးကမြှားလေးကို ထပ်ကလစ်လိုက်......အောက်ကအတိုင်းဖြစ်လိမ့်မယ်
SYSTEM ခေါင်းစဉ်အောက်က သုံးခု မြောက်မှာ Current Control Set ဆိုတဲ့ ဘေးကမြှားလေးကို ထပ်ကလစ်လိုက်ပါ.......
ပြီးရင် Current Control Set အောက်က Control ဆိုတဲ့ ဘေးက မြှားလေးကို ထပ်ကလစ်ပါ......... ပြီးတော့မှာပါ မပျင်းနဲ့နော် ဟီးး
ပြီးရင် Control ခေါင်းစဉ် အောက်က ခြောက်ခုမြောက် က Class ဆိုတာလေးရဲ့ ဘေးကမြှားလေးကို ကလစ်လိုက်........
ပြီးရင် သူ့အောက်က 4D36E965-E325-11CE-BFC1-08002BE10318 ဆိုတဲ့ စာတန်းလေးကို ရှာပြီတော့ ကလစ်လိုက်
Class ခေါင်းစဉ်အောက်က ၁၀ ကြောင်းမြောက်လို့ ကျွန်တော် ထင်ပါတယ်....... အပေါ်က စာတန်းနဲ့ ပြန်တိုက်ကြည့်ပေါ့ ဟုတ်ရင် ကလစ်လိုက်...........
ဒီလိုမြင်ရပါမယ် ညာဘက်မှာ DVD/CD-ROM devices အဲလိုပေါ်နေရမယ် .......... ပုံမှာကြည့်ပါ

အဲလိုပေါ်သွားပြီဆိုရင် ညာဘက်အကွက် (မှင်နီဝိုင်းပြထားတဲ့အကွက်) ထဲမှာ "Upper Filter" ဆိုတာလိုက်ရှာ တွေ့ရင်ဖျက်
"Upper Filter" ဆိုတာမတွေ့ ရင် "Lower Filter" ကို ရှာ တွေ့ရင်ဖျက် ...."Lower Filter" ကိုမတွေ့ရင် " File Filter " ကိုရှာ တွေ့ရင်ဖျက် တကယ်လို့ သုံးခုလုံးတွေ့ရင်လဲဖျက်............
အဲလို ဖျက်ပြီးသွားရင်တော့ အဲဒါကိုပိတ်လိုက်တော့ ပြီးရင် ကွန်ပျူတာကို restart ချလိုက်   ဒါဆိုပြီးပြီ ........ပြီးရင်ပြန်ဖွင့်ကြည့်
My Computer ထဲမှာ CD Drive ကြီး ပေါ်နေလို့တောင် တံမြက်စည်းနဲ့ရိုက်ချနေရမယ်.........ဟိဟိ အနော်ကနောက်တာ တကယ်မရိုက်နဲ့နော် ကွဲသွားရင်  အနော်လည်း လျော်နိုင်ဘူး ဟီးးးးး

အဆင်ပြေပါစေနော် ကျွန်တော့် အစ်ကို  အစ်မ ညီ ညီမ တွေ
မရှင်းရင်လည်း  blackblood612@gmail.com ကို အပ်ပြီး မေးလို့ရပါတယ်
ကော်မန့်လေးလည်းပေးခဲ့ပါဦး ပင်ပန်းရကျိုးနပ်အောင် အားဆေးလေးတစ်ခွက်မို့ပါ
ကျေးဇူးတင်ပါတယ်.................................................

http://onlinepyadaik.com/profiles/blog/show?id=4021190%3ABlogPost%3A686715&xgs=1&xg_source=msg_share_post

Thursday, April 11, 2013

““““““““ စိုးထိတ်တဲ့ ညများ ””””””””

သူက အိပ်ရင်းနဲ့လမ်းလျှောက်တတ်တဲ့ အိပ်ရင်းနဲ့ သာမန်နိုးနေတဲ့လူတစ်ယောက်လို စကားတွေအများကြီးပြောတတ်တဲ့ ကောင်မလေးပါ .. ထူးဆန်းတာက အိပ်ရင်းနဲ့ မျက်စိမှိတ်ပီးလမ်းလျှောက်တာ ဘာမှ ၀င်မတိုက်မိသလို သူအိပ်နေတဲ့အချိန်မေးရင်လည်း အမှန်တွေကို ချည်းပြောတတ်တယ် ... ဒါဟာ ထူးဆန်းတဲ့ရောဂါတစ်ခုလို့ ဆိုရမလားမသိပေမယ့် သူက အမြဲလိုလို နေမကောင်းဖြစ်နေတတ်တဲ့ ရောဂါသည်လေးတစ်ယောက်ဆိုတာကိုတော့ သိပါတယ် ...

စစချင်းတော့ မနက်အိပ်ရာထချိန်တိုင်း သူညက လုပ်ခဲ့ ပြောခဲ့တာတွေကို ပြန်ပြောရင်း နှစ်ယောက်သား ရယ်မောပျော်ရွှင်နေခဲ့မိတယ်..“ ဘာမှလည်း လိမ်လို့မရဘူး စိတ်ညစ်ပါတယ် ” လို့ သူခေါင်းလေးကုတ်ပီး ကလေးလေးတစ်ယောက်လိုပြောပုံလေးကို ကျွန်တော် ငေးမောကြည်နူးခဲ့ရသလို သူ ညည ကျွန်တော့်ကို မျက်စိမှိတ်လမ်းထလျှောက်ရင်း လိုက်ရှာတတ်လွန်းလို့ ၀မ်းနဲ ၀မ်းသာဖြစ်ခဲ့မိတယ် ...ကလေးဆိုးလေးတစ်ယောက်လို ဆိုးလွန်းတဲ့ ကျွန်တော့်ချစ်သူ ဆိုးပေမလေးကို သနားဂရုနာမှုတွေနဲ့ အဆုံးမရှိအောင် ချစ်နေမိတာပါ ... ဒါပေမယ့် ဒီလို စိုးထိတ်တဲ့ ညတွေကို ကြုံတွေ့ရတော့မယ်လို့ ကျွန်တော် မတွေးမိခဲ့ဖူးဘူး ...

အခုတော့ သူအိပ်ရင်းနဲ့ ကျွန်တော့်ကို သီချင်း မဆိုပြတော့ဘူး .. အိပ်ရင်းနဲ့ မဆုံးနိုင်တဲ့ပုံပြင်တစ်ပုဒ်ကို ထပ်တလဲလဲ မပြောပြတော့ဘူး ... အိပ်ရင်းနဲ့ သူ့သူငယ်ချင်းတွေရဲ့ အကြောင်းကို ရယ်ရယ်မောမောပြန်မပြောပြတော့ ...

သူပြောလာတဲ့ စကားတွေက “ ကိုကြီးရယ် - ၀ါးလေးသေတော့မှာလားဟင် .. ၀ါလေးလေ ကိုကြီးကို အရမ်းချစ်တာဘဲ .. ၀ါလေးသေသွားရင် ကိုကြီးအနားမှာဘဲ နေမှာ .. ကိုကြီးမကြောက်နဲ့နော် .. ကိုကြီးဘယ်သွားသွား နောက်ကလိုက်နေမှာ .. ကိုကြီးကို ကြည့်နေမှာတဲ့ ”

သူနောက်နေတာမဟုတ်ပါဘူး .. သူ အိပ်ပျော်နေရင် မနောက်တတ်ဘူး .. ဒါဆို သူတကယ်အိပ်ပျော်နေတာလား .. ဟုတ်ပါတယ် .. ညာမပြောနိုင်လောက်အောင်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရင်း စကားတွေပြောနေတာပါ ...

ကျွန်တော့်သွေးတွေကို ဆူပြွတ်သွားစေပါတယ် .. ရောဂါသည် တစ်ယောက်ဆိုပေမယ့် သူ့ကို အခုချက်ချင်းသာ ဆုံးရှုံးလိုက်ရမလားဆိုတဲ့အတွေးတွေ ကျွန်တော်ရင်ကို ရိုက်ခတ်လာတယ် .. ဒါဆို ဒီလိုအချိန်မှာဘာလုပ်ရမလဲ .. ရုတ်တရက် ၀င်လာတဲ့အတွေးတစ်ခုက ဒါဟာ အမှန်တကယ်သူ့ရဲ့နောက်ဆုံးထွက်သက်ဆိုရင် အကောင်းမွန်းဆုံးဖြစ်သွားစေချင်တယ် ..

“ ၀ါလေးဘုရားရှီခိုးပီးပီလားဟင် .. ဂုဏ်တော်ကိုးပါးပုတီးစိတ်ဦးလေ ” ဆိုပီး တာလီပုတီးလေးသူ့လက်ထဲ ထည့်ပေးမိတယ်.. “ ကိုယ်တိုင်ပေးမယ် လိုက်ဆိုနော် ” လို့လည်း ပြောလိုက်မိတယ် ..

အဲ့တော့ သူက ပြောလာတယ်လေ ..

“ ကိုကြီးက ၀ါလေးကိုကြောက်လို့ ဘုရားစာတွေ ရွတ်နေတာလားဟင် .. ၀ါလေးက ကိုကြီးကို ဘာမှ မလုပ်ပါဘူး .. မကြောက်နဲ့နော် ” တဲ့ .. နာကြင်မှု ကြေကွဲမှုနဲ့ စိုးထိတ်မှုတွေ ဘာလုပ်ရမှန်းမသိအောင် ကျွန်တော့်ရင်ထဲကို တိုးဝင်လာတယ် .. ကျွန်တော် သူ့ကို ဖက်ထားပီး သူ့အသက်ရှူသံတွေကို နားထောင်နေမိတယ် .. သူ့အသက်ရှူသံတွေက တဖြည်းဖြည်းတိုးညှင်းသွားသလိုဘဲ .. ကျွန်တော်သူ့ကို ကိုင်လှုပ်လိုက်တယ် ..
“ ၀ါးလေး - ၀ါးလေး ”
သူ့ဆီက အသံထွက်လာတယ်..
“ ဟင် ” တဲ့ ..
သူမနိုးပါဘူး အိပ်ရင်းနဲ့ စကားသံတွေထပ်ပေါ်လာတာက
“ ၀ါလေး ဟိုး အဝေးကြီး တစ်နေရာရာကို သွားနေတာ ”
“ ဟုတ်လား ဘယ်နေရာလဲ . အဲ့မှာ ဘာတွေရှိလဲ ” လို့မေးတော့
“ မသိဘူးတဲ့ ” ..
“ ဒါဆို ကိုကြီးခေါ်လို့ ပြန်လာတာလား ” လို့မေးမိတယ် ..
“ အင်း ”
“ ဒါဆို ပြန်သွားရဦးမှာလား အဲ့ကို” လို့ထပ်မေးမိတယ် ..
“ ဟင့်အင်း မသွားတော့ဘူးတဲ့ ”

ကျွန်တော် သက်ပြင်းရှည်တစ်ခု ခပ်ပြင်းပြင်းချလိုက်မယ် ..
ကျွန်တော် မနက်ဖြန်တစ်နေ့လုံးတစ်ညလုံး မသွားမဖြစ်တဲ့အလုပ်သွားရဦးမယ် .. တစ်ရက်ခြားတစ်ခါဆိုတဲ့ juty ၀င်ရဦးမယ် .. ညညသူကျွန်တော့်ကို လိုက်ရှာတဲ့အချိန် လန့်နိုးအောင် တံခါးကို သေချာပိတ်ပီး ခုံတွေခံထားဖို့မှာရဦးမယ် .. နေ့ခင်းဘက် တစ်ယောက်ထဲ တစ်ခါးတွေ အလုံပိတ် အိပ်မနေဖို့ မှာရဦးမယ် .. သူအချိန်မှန်အိပ် အချိန်မှန်စား အချိန်းမှန်ဆေးသောက်ဖို့ အားတဲ့အချိန်တိုင်း ဖုန်းဆက် သတိပေးရဦးမယ် ..

အော်..ဒီလို စိုးထိတ်တဲ့ညတွေကို ဘယ်အချိန်ထိ ဖြတ်သန်းရဦးမှာလဲ .. ဆုတောင်းမိပါတယ် .. ကျွန်တော်သိပ်ချစ်တဲ့ ခပ်ဆိုးဆိုးကောင်းမလေးနဲ့ တစ်ဘ၀လုံး သာယာအေးချမ်းတဲ့ ဘ၀လေးကို ပိုင်ဆိုင်ခွင့်ရပါစေ ..
အကောင်းဆုံးအခြေနေကို ပိုင်ဆိုင်ခွင့်မရရင်တောင် ဆုံးခန်းတိုင် ဘ၀ထိ ဒီလို စိုးထိပ်နေရပါစေ သူ့ဘေးနားမှာ ရှိနေခွင့်ရပါစေလို့ ဆုတောင်းမိတယ် .....

ဆုတောင်းတိုင်း မပြည့်တတ်တဲ့ကျွန်တော့်အတွက် “““ သူငယ်ချင်းသာ ဆုတောင်းတိုင်းပြည့်တဲ့သူ ဖြစ်နေမယ်ဆိုရင် ကျေးဇူးပြုပြီး ကျွန်တော့်အတွက် ဆုတောင်းပေးပါလားဗျာ..ထာဝရကျေးဇူးတင်မှာပါ ... ”””

(အောင်ကျော်မြင့် - 10-4-2014)

computer သုံးပြုရင်းနဲ ပိတ်မရတဲ files တွေကြုံရင် မြန်ပိတ်နည်းလေး

အားလုံးမင်္ဂလာပါနော် ဘာမဆို မသိရသေးသောသူအတွက်ရည်ရွယ်ပါတယ်နော်....
သိပြီးသား သူတွေက ကျော်ချင်ကျော် သွားနော်
အခု ကျတော် ပြောမယ် နည်းလေးက
computer သုံးပြုရင်းနဲ ရုပ်တရက် ပိတ်မရတဲ program တွေ files
တွေ ဆော့ဝဲတွေ ကို desktop မှာပိတ်မရလို ကြာနေတယ် ဆိုရင်
မြန်ပိတ်မယ်နည်းလေးပါ။
start task manager  မှာ သွားပိတ်မှာဖြစ်ပါတယ်
Start Task manager  ကိုသွားရန်  window taskbar  မှာ right clik နှပ်ပါ
ပေါ်လာတဲစာကြောင်ထဲက  Start Task manager  နှိပ်လိုက်ပါ။
 
ရောက်သွားပါပြီး  windows task manager  ကို
windows task manager ထဲက  application   ကိုနှိပ်လိုက်ပါ
ဒီမှာ ကိုယ်ဖွင့်ထားတဲ အရာအားလုံးပြနေပါတယ် ပိတ်မယ်အရာကို
တချက်နှိပ်ပြီး end task  နှိပ်ပေးလိုက်ရုံပါ
 
ဒီမှာ ကျတော် ကြုံတုန်း နဲနဲ ပြောလိုက်အုန်းမယ်
windows task manager ထဲက performance  နှိပ်လိုက်ပါ
ram mewory / cpu / အလုပ်  လုပ်ပုံပြနေပါတယ်  computer
အစဖွင့်ထားတဲအချိန်ကိုလည်းပြနေပါတယ်။
 
 ပုံမှာ ပြထားတဲ  (၁) နေရာက  CPU သုံးပြုနေတဲ ရာခိုင်နှုန်း ကိုပြနေပါတယ်
                     (၂) နေရာက  RAM memory သုံးပြုနေတဲ ပုံလေးပြနေပ်တယ်

                    (၃)နေရောက computer အစဖွင့်ထားတဲ အချိန်တည့်ကျပြနေတယ်
လက်တော့ တချို့ကတော့  cpu သုံးပြုနှုန်းများရင်တော့ လေပူတွေ တအားမှုတ်တာပဲ
လက်တောင်မခံနိုင်ဘူးး
ram memory သုံးများရင်တော့ စက်ရပ်ချင် သလို လေးချင် သလို ဖြစ်တက်ပါတယ်။
ram memory 1GB နဲ ဝင်းဒိုး ၇ တင်သုံး သူများတော့စက်လေးမှာသေချာပဲ...

http://www.fusarshinlay.net/profiles/blog/show?id=6384739%3ABlogPost%3A6176417&xgs=1&xg_source=msg_share_post

ငှက်ပျောသီးစားလို့ ဝ စေသလား လှ စေမှာလား

တခြား သစ်သီးတွေနဲ့ယှဉ်ရင် ငှက်ပျောသီး မှာ ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်မှု များတယ်လို့ထင်ပြီး ငှက်ပျောသီးစားရင် ဝစေတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီအယူအဆဟာ မမှန်ပါဘူး။ တကယ်တော့ ငှက်ပျောသီးမှာ ကောင်းကျိုး တွေ အများကြီး ရှိပါတယ်။

(၁) ငှက်ပျောသီးအပါအဝင် ဘယ်သစ်သီးမဆို သူတို့ကို သဘာဝအတိုင်း စားရင် မဝစေ ပါဘူး။

(၂) ငှက်ပျောသီးမှာ ကိုလက်စထရော၊ ဆိုဒီယမ်နဲ့ အဆီတွေမပါဝင်ပါဘူး။ ဒါကြောင့် ငှက်ပျောသီးက လူကိုဝစေတယ်ဆိုတာ မမှန်ပါဘူး။
(၃)ငှက်ပျောသီးကို ဒီအတိုင်း အစိမ်းစားတာကသာ အကောင်းဆုံးပါ။ ငှက်ပျောသီးကို နို့၊ ရေခဲမုန့်၊ သကြားစတာတွေနဲ့အတူ ရောစားရင်တော့ သင့်ကိုဝစေပါလိမ့်မယ်။
(၄)ငှက်ပျောသီးက စွမ်းအင်ချက်ချင်းရရှိစေတာကြောင့် အားကစားသမားတွေအတွက် နံပါတ်တစ်အကောင်းဆုံး အသီးဖြစ်ပါတယ်။
(၅)ငှက်ပျောသီးမှာ သဘာဝသကြားဓာတ်တွေ ဖြစ်တဲ့ Sucrose, Fructose နဲ့ Glucose တွေပါဝင်ပြိး အမျှင်ဓာတ်နဲ့ ပေါင်းကာ ခန္ဓာကိုယ်ကို အားအင်ဖြစ်စေပါတယ်။
(၆)ငှက်ပျောသီးမှာ သွေးတွင်းသကြားဓာတ်အဆင့်ကို ထိန်းသိမ်းရာမှာ ကူညီပေးတဲ့ ဗီတာမင် B6 ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ပရိုတင်းတွေ တည်ဆောက်ဖို့၊ အာရုံကြောနဲ့ ခုခံအားဆဲလ်တွေ အတွက်လည်း B6 ကို မရှိမဖြစ်လိုအပ်ပါတယ်။
(၇) ငှက်ပျောသီးမှာ အမျှင်ဓာတ်လည်း ပါဝင်ပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။
(၈)ငှက်ပျောသီးမှာ ပိုတက်စီယမ် ပါဝင်မှုလည်းများတဲ့အတွက် သွေးပေါင်ချိန်ကို ထိန်းညှိ ပေးပြီး အမျိုးသမီးတွေမှာ ရာသီမလာခင် ခံစားရတဲ့ ဝေဒနာတွေကို လျော့ပါးသက်သာ စေပါတယ်။
(၉)ငှက်ပျောသီးဟာ သွေးနီဥထဲမှာပါတဲ့ ဟေမိုဂလိုဘင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့ အတွက် သွေးအားကောင်းစေပါတယ်။
(၁၀) ငှက်ပျောသီးမှာ သဘာဝအက်ဆစ် ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ရင်ပူတာကို ခံစားနေရသူတွေဟာ လေဆေးမသောက်ဘဲ ငှက်ပျောသီးစားပေးနိုင်ပါတယ်။ Ref : Good Health
shared by >>>http://natureenergycare.blogspot.com/2012/11/blog-post_5357.html#more

Windows XP ကွန်ပျူတာမှ Password အားကျော်ဝင်နည်း

imagebam.com
         ကျွန်တော်တို. ဖွင့်တဲ့အခါမှာတချို.စက်တွေကဖွင့်လိုက်တာနဲ.Desktopတန်းမပေါ်လာပါဘူး။
ဆိုလိုတာကစက်ကိုအသုံးပြုတဲ့လူက Password တွေနဲ.၀င်တာကိုပိတ်ထားတက်ကြပါတယ်။
Password ဖြည့်တာမှန်မှ Desktop ပေါ်မယ်..
 တနည်းအားဖြင့်ပြောမယ်ဆိုရင်စက်ကိုသုံးလိုရမယ်ဆိုတဲ့သဘောပါ။တချို.တွေကလဲ Windows password ကိုပေးပြီမေ့တက်ကျတယ်ပေါ့။
အဲဒီလူတွေအတွက် Windows XP password ကို ဘယ်လိုဝင်ဖောက်ကလဲဆိုတာကိုတင်
ပေးချင်ပါတယ်။အကယ်လိုများကိုသူငယ်ချင်းရဲ.စက်ကPassword ကိုကိုယ့် password
ပြောင်းချင်တယ်ဆိုရင်တော့ဒီနည်းလေးအတိုင်းလုပ်ကြည့်လိုက်ပါ။အကျိုးရှိတဲ့နေရာမှာ
သာအသုံးချစေချင်ပါတယ်။(သိစေရန်အတွက်သာရည်ရွယ်ပါသည်)
ကဲလုပ်ကြည့်ရအောင်.....
အရင်ဦးဆုံးစက်ကိုပြန်ပိတ်ပါ။စက်ပြန်ဖွင့်ပြီးတာနဲ.(Power ခလုတ်မှ)တပြိုက်နက်ထဲမိမိ
စက်ရဲ. Keyboard မှာရှိတဲ့ F8 ခလုတ်ကိုဖိထားပါ။အောက်မှာပြနေတဲ့စာတမ်းတွေတက်
လာမှာ ဖိထားတဲ့ခလုတ်ကိုလွှတ်ပါ။
Window Advanced Options menu
Please Select An Option:
Safe Mode
Safe Mode With Networking
Safe Mode With Cammand Prompt
Enable Boot Logging
Eanble VGA Mode
Last Know Good Configuration (your most recent Settings that worked)

.........
........
ထိုစာသားတွေမှ Safe Mode စာသားကိုလိုက်ရှာပါ။အနီရောင်ပြထားသော
(Safe Mode )စာသားပေါ်သို. မိမိစက်ရဲ. Keyboardမှ အပေါ် Arrow ဖြစ်
သွားပါ။ရောက်ပါက Enter ခေါက်ပါ။အောက်ပါစာသားတွေ.ပါလိမ့်မည်။
Please Select the operating System to Start:
Microsoft Window Xp ProFessional

မိမိစက်ရဲ. Keyboardမှ Enter နှိပ်ပါ။စာသားတွေအများကြီးကျလာပါလိမ့်မည်။
ခဏစောင့်ပါက Window တက်လာမည်ကိုတွေရပါလိမ့်မည်။Window Logo
ပေါ်လာပါက Password ဖြင့်ပိတ်ထားသောသူငယ်ချင်းရဲ.နာမည်နှင့်တခြား
မပိတ်ထားသော Adminstrator ဆိုတဲ့နာမည်ကိုတွေရပါလိမ့်မည်။ထိုနာမည်
ကိုကလစ်နှိပ်ပါ။Yes နှင့် No မေးပါက Yes ကိုနိပ်ပါ။Desktop ပေါ်လာပါက

၁။Start menu မှ Control Panel ကိုဝင်ပါ။

၂။User Account ကလစ်၂ချက်နှိပ်ပါ။

၃။မိမိဝင်လို.မရသောနာမည်ကိုရှာနှိပ်ပါ။

၎။Change the Password ကိုရှာပါ။

၅။Type a new password တွင်မိမိပေးချင်သော
Passwod ပေးပါ။

၆။Type the New Password again to Confirm: တွင်
နံပါတ် ၅တွင်ပေးခဲ့သော password ကိုပြန်ရိုက်ရန်။

ရ။Change Password တွင်ကလစ်နှိပ်ပါ။

၈။စက်ကို Restart ချပေးပါ။
စက်ပြန်တက်လာပါကမိမိပေးခဲ့သော Password ဖြင့်ပြန်ဝင်ကြည့်ပါ။
ဝင်သွားတာကိုတွေ.ရပါလိမ့်မည်။

ဖေဖော်ဝါရီလ 10, 2013 တွင် 2:11am မှာ ကမ်းပါးမဲ့ရေစီးကြောင်း မှ တင်သွင်းခဲ့သည်။

http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A6387889&xgs=1&xg_source=msg_share_post

နေခြည်နုနုခံယူခြင်း၏ ကျန်းမာရေး စွမ်းပကား

နံနက်စောစောမှာ နေခြည်နုနု ခံယူတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

ဗီတာမင်ဒီ ရရှိခြင်း
 နံနက်ခင်း နေခြည်နုနုကို ၁၅ မိနစ်ခန့် ခံယူတာကြောင့် သင့်အတွက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်ဒီကို အလုံအလောက် ရရှိစေပါတယ်။

ဗောက်ပျောက်စေခြင်း
 နေခြည်နုနုကို အနည်းငယ်ခံယူတာကြောင့် သင့်ဦးခေါင်းမှာ ဗောက်ထတဲ့ ဝေဒနာကို သက်သာစေပါတယ်။ နေရောင်ခြည်မှာ ဗောက်ပျောက်စေတဲ့အစွမ်း ရှိလို့ပါ။

စွမ်းအင်တိုးစေခြင်း
 နေခြည်နုနုကို အချိန် ၁ဝ မိနစ်ခန့် ခံယူတာကြောင့် တစ်နေ့လုံး စွမ်းအင်အဆင့်တိုးပြီး လန်းဆန်းစေပါတယ်။

ကူးစက်ပိုးများကို ကာကွယ်နိုင်ခြင်း
 နေခြည်နုနုကို ခံယူတာကြောင့် ဘက်တီးရီးယား၊ မှိုပိုးနဲ့ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရမှု မရှိအောင် ကာကွယ်နိုင်ပါတယ်။ နေခြည်နုနုခံယူတာရဲ့ ကျန်းမာရေးအကျိုးကျေးဇူးမှာ သွေးဖြူဥအရေအတွက် တိုးစေပြီး ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေတာကြောင့် ဗိုင်းရပ်စ်နဲ့ ပိုးမွှားတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဒါ့အပြင် အောက်ဆီဂျင်ကို သယ်ဆောင်ပေးမယ့် သွေးနီဥ အရည်အသွေးကိုလည်း ကောင်းမွန်စေပါတယ်။

အရေပြား ရောဂါဝေဒနာများကို လျော့ကျစေခြင်း
 နေခြည်နုနုဟာ အရေပြားရဲ့ ခုခံနိုင်စွမ်းကို တိုးစေတာကြောင့် နှင်းခူ၊ ဆိုရီးယေးစစ်နဲ့ အဖုအပိမ့်ပြဿနာတွေကို လျော့ကျစေပါတယ်။ အကြောင်းကတော့ နေခြည်နုနု ခံယူတာကြောင့် ပိုင်နီရယ်ဂလင်းကို လှုံ့ဆော်ပေးနိုင်ပြီး ထရိုင်တမင်းဓာတ်ကို ထုတ်လုပ်ပေးနိုင်လို့ပါ။

သွေးတိုးကျပြီး နှလုံးကျန်းမာခြင်း
 လေ့လာမှုတွေအရ နံနက်ခင်း နေခြည်နုနု ဖြာထွက်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက သွေးခုန်နှုန်းနဲ့ သွေးတိုးတာကို လျော့ကျစေကာ နှလုံးကို ကျန်းမာစေကြောင်း သိရပါတယ်။

ကြယ်စင်Ref: Good HealthSource: http://www.yatanarpon.com.mm/cp/goodhealth/news-74615

အသက်အရွယ် အပိုင်းအခြားအလိုက် အဖြစ်များတဲ့ ရောဂါများ

လူတစ်ဦးရဲ့ တစ်သက်တာမှာ အသက်အရွယ် အပိုင်းအခြား အလိုက် ဇီဝကမ္မ အနေ အထား၊ ပတ်ဝန်းကျင်နဲ့ဘဝနေကျင့်ပုံစံတွေဟာ ကွဲပြားခြားနားလာကြတဲ့ အလျောက် အဖြစ်လွယ်၊ အဖြစ်များတဲ့ ရောဂါချင်းလည်းမတူတတ်ကြပါ။ ဒါကို သိထားရင် စိတ်ထဲရှင်းနေတော့ ကြိုတင်ကာကွယ်နိုင်သလို ကုသမှုကိုလည်း စောစီးစွာခံယူနိုင်ပါလိမ့်မယ်။

အသက်၂၀-၃၀ အရွယ်
  
 သွေးမတည့်၊ ဓာတ်မသင့်တာ ဖြစ်လွယ်လှပါတယ်။ အကြောင်းကတော့ လူငယ်ကာလမှာ ကိုယ်ခံအား မပြတ်မြင့်တက်နေဆဲမို့ တုံ့ပြန်အား အထူးပြင်းနေ၊ ထက်နေတဲ့ အတွက်ကြောင့်ပါပဲ။

အသက် ၃၁-၄၀ အရွယ် 

အယောက် ၂၀မှာ တစ်ယောက်ဟာ ခေါင်းကိုက်တတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများ  ပိုဖြစ်တတ်တယ်။ဒီလို ခေါင်းကိုက်ဝေဒနာ ဖြစ်ရတဲ့ အကြောင်းရင်း အလွန်များပါတယ်။
အရက်သောက်ခြင်း၊ သနေ တားဆေးသုံးစွဲခြင်း၊အလုပ်ပင်ပန်းခြင်း၊ အလုပ်ဖီစီးမှုကြီးခြင်း စတာတွေ ကြောင့်ပါ။

အသက် ၄၁-၅၀ အရွယ်

အဖြစ်များဆုံးကတော့ နှလုံးကြွက်သား သွေးငတ်၊ သွေးပြတ်နာပါပဲ။(အထူးသဖြင့် အမျိုးသားတွေ အဖြစ်များတယ်။) အမျိုးသမီးတွေမှာတော့ သွေးဆုံးခါနီးအရွယ်ဖြစ်ရင်  သွေးဆုံးကိုင်တဲ့
 ဝေဒနာ ခံစားရတတ်ပါတယ်။ အစမှာ ခေါင်းမူးခြင်း၊ခေါင်းကိုက်ခြင်း၊အားမရှိ ချည့်နဲ့ခြင်း၊ အိပ်မပျော်ခြင်း
၊ပျာယာခတ်ခြင်း၊စိုးရိမ်ပူပန်ခြင်း၊ထိတ်လန့် ကြောက်ရွံ့ခြင်း ၊ ကိုယ်တစ်ချက်တစ်ချက်ပူခြင်း
၊ချွေးထွက်လွယ်ခြင်း၊ကာမရာဂစိတ်ဆန္ဒလျော့ပါးခြင်း၊ ခါးကိုက်ဗိုက်နာခြင်း၊သားမြတ်တင်းခြင်း
၊ခြေလက်ထုံကျဉ်ခြင်း(သို့) ဖောရောင်ခြင်း၊ ဓမ္မတာမမှန်ခြင်း စတာတွေဖြစ်တတ်ပါတယ်။
 အသက်(၅၀) ဝန်းကျင်မှာ ပခုံးပတ်လည် ရောင်ရမ်းတာလည်း သိပ်ဖြစ်လွယ်ပါတယ်။

အသက် ၅၁-၆၀ အရွယ်

အဖြစ်အများဆုံး ရောဂါကတော့ ကင်ဆာပါပဲ။ အဓိက အကြောင်းရင်းကတော့ ကိုယ်ခံအား ဆုတ်ယုတ်ကျဆင်းလာလို့ပါ။အဓိက အကြောင်းရင်းကတော့ ကိုယ်ခံအားဆုတ်ယုတ်ကျဆင်းလာလို့ပါ။ဒါအပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှု ၊ အစားအစာညီညွတ်မျှတခြင်း
 မရှိမှု၊ ဆေးလိပ်နဲ့ အရက်သောက်သုံးမှု၊ စိတ်ချမ်းသာအောင် မနေနိုင်မှု ဒဏ်တွေ ကာလကြာရှည် ခံစားလာခဲ့ရတာနဲ့လည်း ဆက်စပ်ပတ်သက်နေတတ်ပါတယ်။
အသက် ၆၀ နှစ်အထက်အဖြစ်အများဆုံးကတော့  အရိုးပွခြင်းပါပဲ။ အထူးသဖြင့် အမျိုးသမီးတွေမှာ ဖြစ်လွယ်ပါတယ်။

ရောဂါဖြစ်စ အချက်ပြလက္ခဏာနှင့် ရောဂါဖြစ်လာကိုယ့်ဘာသာ အမြန်အဖြေရှာ

http://www.han152.com/2012/05/blog-post_4204.html မှ ကူးယူဖော်ပြပါသည်။

ရှောက်ရေနွေးသောက်ခြင်း၏အကျိုးကျေးဇူးများ

မနက်အိပ်ရာထခါစမှာ ရေနွေး မတ်ခွက်တစ်ခွက်ထဲကို ရှောက်သီးတစ်စိတ်ညှစ်ပြီး သောက်ပေးရင် အောက်ပါအကျိုး ကျေးဇူးတွေ ရရှိနိုင်ပါတယ်။

၁။ ခုခံအားစနစ် မြှင့်တင်နိုင်ခြင်း

ရှောက်သီးမှာ ဗီတာမင် C နဲ့ ပိုတက်စီယမ်တွေ များစွာ ပါဝင်ပါတယ်။ ဗီတာမင် C ဟာ အအေးမိဝေဒနာကို တွန်းလှန်နိုင်ပြီး ပိုတက်စီယမ်မှာမူ ဦးနှောက်နှင့် အာရုံကြော လုပ်ငန်းဆောင်တာအတွက် လှုံ့ဆော်နိုင်ပြီး သွေးဖိအားကို ထိန်းချုပ်နိုင်ပါတယ်။

၂။ ခန္ဓာကိုယ်၏ pH ဓာတ် ညီမျှစေခြင်း

ရှောက်သီးဟာ အက်စစ်ဓာတ်ပါဝင် နေပေမယ့် ခန္ဓာကိုယ်တွင်းမှာ သူတို့ဟာ အယ်လ်ကာလီ ဖြစ်နေတတ်ပါတယ်။ စီထရစ်အက်စစ်ဖြစ်တဲ့ ရှောက်သီးဟာ ခန္ဓာကိုယ်တွင်း ဇီဝရုပ်ဖြစ်စဉ်မှာ အက်စစ်ဓာတ် ဖြစ်အောင် ဖန်တီးလို့မရနိုင်တာကြောင့်ပါ။ ခန္ဓာကိုယ်တွင် အယ်လ်ကာလီဖြစ်နေတာဟာ ကျန်းမာရေးကောင်းဖို့အတွက် သော့ချက်ပါ။

၃။ ကိုယ်အလေးချိန်ကျဆင်းဖို့ ကူညီနိုင်ခြင်း

ရှောက်သီးမှာ အမျှင်ဓာတ်တွေများစွာ ပါဝင်တာကြောင့် ဆာလောင်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် အယ်ကာလီ အစားအစာကို စားသုံးသူတွေဟာ ကိုယ်အလေးချိန် ကျဆင်းနှုန်း မြန်ဆန် တတ်ပါတယ်။

၎။ အစာခြေဖျက်မှုကို ကူညီနိုင်ခြင်း

ရေနွေးဟာ အစာအိမ်နဲ့ အူလမ်းကြောင်းတွင်း လှုံ့ဆော်မှုပေးနိုင်တာကြောင့် အူနံရံမှ ကြွက်သားတွေ လှုပ်ရှားလာစေပါတယ်။ ရှောက်သီးနဲ့ သံပရာသီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်တာကြောင့် အစာခြေလမ်းကြောင်းအတွင်း အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။

၅။ သဘာဝဆီးဆေး ဖြစ်စေခြင်း

ရှောက်ရည်ဟာ ဆီးထွက်များစေတာမို့ ခန္ဓာကိုယ်အတွင်း မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။

၆။ အသားအရေ ကြည်လင်ဝင်းပစေခြင်း

ဗီတာမင် C ဟာ အရေးကြောင်းတွေကို လျော့နည်းစေနိုင်ပြီး အသားအရေ ဝင်းပစေနိုင်ပါတယ်။ ရှောက်ရည်ဟာ သွေးထဲမှ အဆိပ်တွေကို ဖယ်ရှားနိုင်တာကြောင့် အသားအရေ သန့်ရှင်းမှု ရှိစေနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး
Ref>>> Good Health Journal No.431(3.4.2013)

တိုက်ဆိုင်လိုက်တာ(ဟာသ)

Photo: တိုက်ဆိုင်လိုက်တာ .
Tuesday, April 9, 2013

လူတစ်ယောက်က စားသောက်ဆိုင် တစ်ခုရဲ့ဘားမှာထိုင်ပြီး ဝိုင်နီ တစ်ခွက် မှာပါတယ်။

သူ့နံဘေးကမိန်းမက ကျွန်မလည်း အဲဒါပဲမှာလိုက်တာလို့ ပြောတော့ သူက
"ကျွန်တော် ကတော့ ပျော်စရာကြုံလို့ ဂုဏ်ပြုတဲ့အနေနဲ့သောက်မှာ"လို့ ဆိုပါတယ်။

အမျိုးသမီးကလည်း"တိုက်ဆိုင်လိုက်တာရှင်။ကျွန်မလည်း ပျော်စရာ
ရှိနေလို့ ဝိုင်နီမှာ သောက်တာ "လို့ဆိုတော့ အမျိုးသားက ဘာများလဲ
လို့ မေးတော့"ကျွန်မတို့လင်မယားက အိမ်ထောင်ကျတာကြာပြီ။

ဒါပေမယ့် ကလေးမရဘူး။ ဒီနေ့ ဆရာဝန်က ကျွန်မမှာ ကိုယ်ဝန် ရှိနေပြီလို့ ပြောလိုက်တာနဲ့ ပျော်နေတာ"လို့ ဆိုပါတယ်။အဲဒီအ
ခါမှာအမျိုးသားက "တိုက်ဆိုင်လိုက်တာဗျာ။ကျွန်တော်က ကြက်
မွေးမြူရေး လုပ်တာ ပါ။

ကျွန်တော့ကြက်မတွေ ဥမဥတာကြာပြီ။ဒီနေ့ ကြက်မတွေ ဥပြန်ဥလို့ ပျော်နေ
တာ" လို့ဆိုတော့အမျိုးသမီးက"ရှင်က ဘယ်လိုနည်းလမ်း သုံးလိုက်လို့တုံး"
လို့ မေးပါတယ်။

ဒီတော့သူက "ကျွန်တော်လား၊ ကြက်ဖတွေလဲလိုက်တယ်လေ။
ခင်ဗျားရော"လို့ မေးလိုက် တော့ အမျိုးသမီးက "အို၊ တိုက်ဆိုင်
လွန်း လိုက်တာရှင်"တဲ့။

ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
Myawady News

ပိုးသားခြုံသော ကြက် - Silkie

Photo: ပိုးသားခြုံသော ကြက် - Silkie

Silkie အမည်ရ ကြက်များကို အရှေ့ တောင် အာရှနိုင်ငံများ မှာ တွေ့နိုင်တယ် လို့ ဆိုပါတယ်။ 

သာမန် ကြက်များနဲ့ မတူပဲ ပိုးသားလို နူးညံ့သော အမွေးများ ပိုင်ဆိုင်ထားပါ တယ်။ အနက်ရောင်၊ အညိုရောင်၊ အဖြူရောင် အစရှိသဖြင့် ရောင်စုံ ရှိတတ်ပါတယ်။ သာမန် ကြက်တစ်ကောင် အရွယ်အစား အတိုင်း ၄ ပေါင်နှင့် ၃ ပေါင်အရွယ်များ ဖြစ်ပါတယ်။ သို့ပေမယ့် သာမန်ကြက်များထက် ယဉ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အိမ်မွေး တိရစ္ဆာန်အဖြစ် သတ်မှတ်ပြီး မွေးမြူတတ်ကြပါတယ်။ တရုတ်ပြည်မှာ ပိုအတွေ့များတယ်လို့ ဆိုပါတယ်။ 

ပိုးသားလို နူးညံ့သော အမွေးများပိုင်ဆိုင်ထားပြီး လှပတဲ့အတွက် အနောက်တိုင်းကလည်း အမြတ်တနိုးထား မွေးမြူတတ်ကြပါတယ်။ Silkie အမည်ရ ပိုးသားကြက်များဟာ ရှားပါး ကြက်မျိုးစိတ် စာရင်းထဲ ပါဝင်လာ တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ 
--
Ref: wiki

ရိုးရာလေး

မြ၀တီ

မြန်မာ စမတ်ဖုန်း JAS

JAS မကြာမီလာမည် ဆိုပြီး ဆိုင်းဘုတ်တင် ကြော်ငြာထားတာ ဘာများလဲလို့ စမတ်ဖုန်း ဖြစ်နေပါတယ်။
မြန်မာဘာသာနဲ့ အသုံးပြုရမယ့် ပထမဆုံး မြန်မာ စမတ်ဖုန်း ဖြစ်ပါတယ်။
Android ICS ကို အသုံးပြုထားပြီး ၄.၃ လက်မ ဆိုတော့ လက်ရှိ ခေတ်ပေါ် စမတ်ဖုန်းများနဲ့ အရွယ် မကွာပါဘူး။ အတွင်း Specification များကလည်း မနိမ့်ပါ။ Memory 4GB အရန်သင့် ပါရှိပြီး SD ကဒ် ထပ်ထည့်လို့ ရပါသေးတယ်။
ကင်မရာ 5 megapixel ပါရှိပြီး Front facing ကင်မရာတေင် ပါရှိ ပါသေးတယ်။ GSM, CDMA နှစ်မျိုးလုံး အတွက် ထုတ်လုပ်တယ်လို့ ဖော်ပြ ထားပါတယ်။
လုံးဝ ထူးခြားတာ တစ်ခုကတော့ ဖုန်း ခြေစ၊ ခေါင်းဆုံး UI အားလုံးကို မြန်မာလို အသုံးပြု ရခြင်း ဖြစ်ပါတယ်။ အာမခံလည်း ပေးထား ပါတယ်။ ဈေးကလည်း သက်သာ ပါတယ်။ တစ်သိန်း သုံးသောင်း ကိုးထောင် (၁၃၉၀၀၀) ဆိုတော့ တော်တော် များများ ဝယ်ကိုင်နိုင်တဲ့ ဈေးတစ်ခုပါပဲ။
အသေးစိတ် ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်လည်း JAS Official Facebook Page မှာ ဖော်ပြ ထားပါတယ်။ အသေးစိတ်ကို အောက်ပါ Link မှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။

https://www.facebook.com/jasmyanmar
Aung Kham (TSJ team)
မြ၀တီ

အမေရိကန်ဒေါ်လာ ၆.၄သန်းတန် နပိုလီယံဓား

Photo: အမေရိကန်ဒေါ်လာ ၆.၄သန်းတန် နပိုလီယံဓား 

၁၈၀၄ ကနေ ၁၈၀၅ ခုနှစ်အထိ ပြင်သစ် အင်ပါယာ အာဏာရှင် ဖြစ်ခဲ့တဲ့ နပိုလီယံကို လူတိုင်း သိပါတယ်။ သူရဲ့  တူမတူတဲ့ စစ်ရေး ပညာရပ်များ ကြောင့် ကမ္ဘာက ယနေ့တိုင် လေးစားရတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ 

နပိုလီယံ နေဝင်ခဲ့ပေမယ့် သူ့ရဲ့ အောင်မြင်မှုနဲ့ အငွေ့ အသက်တွေဟာ ယနေ့တိုင် ကျန်ရှိနေပါသေးတယ်။ ဒါကြောင့် သူ့ရဲ့  အသုံး အဆောင်အားလုံးကိုလည်း တန်ဖိုးထား လေးစားမြတ်နိုးကြပါတယ်။ ယင်းထဲမှာ သူ့ရဲ့  ဓားတစ်လက် ပါဝင်ပါတယ်။ နပိုလီယံဓားလို့ လူသိများပြီး ပြင်သစ်နိုင်ငံရဲ့  ရှေးဟောင်းအမွေ အနှစ်လို့ သတ်မှတ်ထားပါတယ်။ 

သို့ပေမယ့် လေလံဈေးထဲမှာ ဘီလျံနာ တစ်ဦးကို ရောင်းချလိုက်ပြီး ဖြစ်ပါတယ်။ ၂၀၀ ၇ ခုနှစ် နွေရာသီကာလက ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆.၄ သန်းနဲ့ လေလံဈေးတင်ပြီး ဘီလျံနာ တစ်ဦးက ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဈေးအကြီးဆုံး လေလံတင် ဓားစာရင်းထဲမှာ ထိပ်တန်း ပါဝင်တဲ့ ဓားတစ်လက် ဖြစ်ပါတယ်။ 

တိုက်ပွဲတိုင်းမှာ နပိုလီယံဟာ ပစ်စတို တစ်လက်နဲ့ ဓားတစ်လက် အမြဲဆောင်ယူ တိုက်ခိုက်ပြီး ယခု ဓားကတော့ သူအမြဲဆောင်တဲ့ ဓား ဖြစ်တယ်လို့ သိရပါတယ်။ 

Ref:cbs

Monday, April 8, 2013

Hyundai ထုတ်သည့် ကြက်ဥကား

ကြက်ဥ လိုပုံစံ တည်ဆောက် ထားတဲ့ကား ဖြစ်ပါတယ်။
ကားလို့တောင် မခေါ်ပါဘူး။ Personal Vehicle လို့ ခေါ်တဲ့ တစ်ယောက်စီး ခရီးတိုသွားလာယာဉ် ဖြစ်ပါတယ်။
မြို့ထဲမှာ အသုံးပြုဖို့ အတွက်ပါ။ လျှပ်စစ် မော်တာနဲ့ အလုပ်လုပ်မယ့်ယာဉ် ဖြစ်ပါတယ်။ ဘယ်ခြေထောက်မှာ ရှေ့သွားဖို့ နင်းစရာပါပြီး ညာခြေထောက်က နောက်ပြန်သွားဖို့ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဘေးဘယ်ညာ ကွေ့ဖို့က ဘော်ဒီကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ လျှပ်စစ် စက်ဘီး တစ်စီး သွားနှုန်းလောက် ပါပဲ။
ခါးတစ်ဝက်လောက်ထိ အကာအကွယ် ပေးပြီး စီးမယ်ဆိုရင် ဦးထုပ်ဆောင်း ရပါတယ်။ မတ်တပ်ရပ် ပြီးတော့ စီးရတာ ဖြစ်ပါတယ်။ E4U လို့အမည် ပေးထားတဲ့ယာဉ် ဖြစ်ပြီး တောင်ကိုးရီးယား Hyundai ကားကုမ္မဏီက ထုတ်တာ ဖြစ်ပါတယ်။
Slash Gear
Aung Kham (Stuff Myanmar)
မြ၀တီ

အမြင့်ဖုန်းတွေ ထဲမှာ ဘယ်ဟာ အကောင်းဆုံးလဲ

မေးနေကျ မေးခွန်းပဲ ထပ်မေးချင် နေမိပါတယ်။ ခုက တန်ဖိုးနည်း ဆင်းကဒ်တွေ ချပေးပြီလေ။ ဒီတော့ ပိုက်ဆံရှိတဲ့ သူများက တန်ဖိုးကြီး ဟန်းဆက် အပိုင်းကို ပိုမို အလေးပေး ကိုင်ကြတော့မယ် ထင်ပါတယ်။ အခုလည်း ကိုင်နေပါတယ်။

လက်ရှိ ရန်ကုန်မှာ လူကြိုက်အများဆုံး ဖုန်းက - iPhone 5, Samsung Galaxy Note 2, Galaxy S3 ပါ။ လူသုံးများတာကို ပြောတာ မဟုတ်ဘူးနော်။ အကြိုက်များ တာပါ။ အသုံးများ ကတော့ GSM မှာဆိုရင် Samsung တစ်သိန်းခွဲအောက် ဖုန်းများ (Galaxy Y, Galaxy Duos , and so on) နဲ့ CDMA မှာဆိုရင် တရုတ် Huawei ဖြစ်ပါတယ်။

တန်ဖိုးမြင့် ဖုန်းများကိုလည်း ကိုင်ကြပါတယ်။ Samsung မှာဆိုရင် Sasung Galaxy S3, Note 2, Galaxy S2, Galaxy Note, Galaxy Mini ,etc........, Sony မှာဆိုရင် Xperia စီးရီး, Apple မှာဆိုရင် iPhone 5, iPhone 4s, iPhone 4, iPhone 3G, etc....., HTC မှာဆိုရင် Butterfly, One စီးရီး အစရှိတဲ့ အမြင့်ဖုန်းများ လူကိုင် များပါတယ်။
ယခုလည်း အမြင့်ဖုန်းတွေ ကြိုက်တယ် ကိုင်ဖို့လည်း ရည်ရွယ်တယ် ဆိုရင် ယခု ရွေးချယ် စရာများ ဖောပြ လိုက်ရပါတယ်။

ဈေးအကြီးဆုံး ကတော့ Samsung Galaxy S4 ဖြစ်လာမယ် ထင်ပါတယ်။ iPhone 5, HTC One, Nokia Lumia 920, Black Berry Z10 တို့ကတော့ ဈေးကွာမယ်မထင်ပါဘူးး။ Samsung Galaxy Note 2 လည်း ၅သိန်းအထက်ဈေးဆိုတော့ အမြင့်ဖုန်းပါပဲ။ Samsung Galaxy S4 မထွက်ခင်က သူ့မှာပါတဲ့ Specification ဟာအမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ လူကြိုက်လည်းများခဲ့ပါတယ်။ ယနေ့အထိလည်း လူကြိုက်များပြီး အရောင်းသွက်နေဆဲပါ။ ယခုတော့ Spec အမြင့်ဆုံးက Samsung Galaxy S4 ဖြစ်သွားပါပြီ။ i Phone 5 ကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ iPhone 5 ကလည်း ကမ္ဘာတင် မက မြန်မာပြည်မှာလည်း လူအထင်ကြီးများတဲ့ ဖုန်း ဖြစ်ပါတယ်။ နာမည်နဲ့ တင် ဈေးကြီးတယ်ဆိုတာ iPhone ရဲ့  ဂုဏ်ပုဒ်ပဲ ဖြစ်မယ်ထင်ပါတယ်။
ကဲ။ ဒီတော့ စာဖတ်သူတို့ ကပဲ အားနည်းချက်၊ အားသာချက်များကို ပညာရှိနည်းနဲ့ သေချာ ထောက်ပြလို့ အကောင်းဆုံးဖုန်းကို ရွေးချယ် ပေးနိုင်ယ်လို့ မျော်လင့်ပါတယ်။

Aung Kham (TSJ team)
 မြ၀တီ

ဆား၏ လက်တွေ့အသုံးဝင်ပုံနည်းလမ်းစုံ

Photo: ဆား၏ လက်တွေ့အသုံးဝင်ပုံနည်းလမ်းစုံ
Monday, April 8, 2013

၁) ကြက်ဥတစ်လုံးကျကွဲပြီး ကြမ်းပြင်ပေါ်မှာ ကြက်ဥအနှစ်တစ်ခုလုံးကျနေ
တယ်ဆိုရင် ဖိတ်ကျနေတဲ့ ကြက်ဥအနှစ်ပေါ်ကို ဆားနှံ့အောင်ဖြူးပေးပါ... ပြီးရင် ခဏစောင့်ပါ.... နည်းနည်းကြာရင် ပေခြင်းပွခြင်းမရှိဘဲ ကြက်ဥအနှစ်တွေကို အမှိုက်ဂေါ်နဲ့ ကော်ပစ်နိုင်ပြီဖြစ်ပါတယ်....

၂) စွန်းထင်းနေတဲ့ လက်ကိုင်ပုဝါတွေကို မလျှော်ဖွတ်ခင်မှာ ဆားရည်ထဲစိမ်ထားပါ... အစွန်းအထင်းတွေကို ပြောင်စင်စေပါတယ်...

၃) ပန်းကန်စင် စာအုပ်စင် စတဲ့စင်တွေပေါ်မှာ ပုရွက်ဆိတ်တွေတက်နေရင် ဆားဖြူးပေးလိုက်ပါ... ပုရွက်ဆိတ်တွေပြေးသွားပါလိမ့်မယ်....

၎) ငါးတွေကို ကြေးခွံတွေမချွတ်ခင် ဆားရည်ထဲစိမ်ထားပါ... ကြေးခွံတွေအ
လွယ်တကူ ချွတ်နိုင်ပါလိမ့်မယ်...

၅) ခါချပြီးဖြူးရတဲ့ ဆားဗူးမျိုးထဲကနေ ဆားတွေအလွယ်တကူကျစေချင်ရင် ဗူးထဲမှာ ဆန်စေ့အနည်းငယ်ရောနှောထည့်ထားပါ...

၆) အသုပ်ထဲက အရွက်တွေမညှိုးနွမ်းသွားအောင် ဆားဖြူးနိုင်ပါတယ်...

၇) ကြက်ဥတွေကောင်းမကောင်းစမ်းချင်ရင် ဆားရည်ထည့်ထားတဲ့ခွက်ထဲ
စိမ်ကြည့်ပါ.... ကောင်းတဲ့ကြက်ဥက နစ်သွားပြီး မကောင်းတော့တဲ့ကြက်
ဥက ပေါလောပေါ်နေပါလိမ့်မယ်...

၈) ကြက်ဥပြုတ်တဲ့အခါ ဆူနေတဲ့ရေနွေးထဲ ဆားနည်းနည်းခပ်လိုက်ပါ... ကွဲနေတဲ့ကြက်ဥတွေက သူ့အခွံထဲမှာပဲ ရှိနေပါလိမ့်မယ်....

၉) ရှုံ့တွနေတဲ့ပန်းသီးတွေကို ဆားအတော်အသင့်ခတ်ထားတဲ့ရေထဲ စိမ်ထားလိုက်ရင် ပြန်ပြည့်တင်းပြီး ကြည့်ကောင်းသွားပါလိမ့်မယ်...

၁၀) မုန့်လုပ်တဲ့ဒယ်ပြားကို ဆားနဲ့ပွတ်ပေးထားရင် မုန့်တွေမကပ်တော့ပါဘူး....

၁၁) သွားတိုက်တံကို မသုံးခင်ဆားရည်ထဲစိမ်ထားခြင်းဖြင့် သက်တမ်းပိုကြာကြာ အသုံးပြုနိုင်ပါတယ်...

၁၂) ကော်ဖီအိုးကိုအရောင်ချွတ်တဲ့အခါ ဆားနဲ့ပွတ်ပြီးချွတ်နိုင်ပါတယ်...

၁၃) ဆားနဲ့ တာပင်တိုင်ကိုရောပြီး ကြွေရေဇလားတွေ အိမ်သာခွက်တွေကို ဖြူအောင်ဆေးနိုင်ပါတယ်...

Ref: Awesome Facts
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway

အမျိုးသမီးတို့ အနိုင်ကျင့်ခံရစေခြင်းမှ ကင်းဝေးစေမည့် အတွင်းခံ

Photo: အမျိုးသမီးတို့ အနိုင်ကျင့်ခံရစေခြင်းမှ ကင်းဝေးစေမည့် အတွင်းခံ

 အန္ဒိယနိုင်ငံက အင်ဂျင်နီယာ ကျောင်းသားများ ဖန်တီးလိုက်တဲ့ ဝတ်ဆုံ ဖြစ်ပါတယ်။ 

 အန္ဒိယမှာ အမျိုးသမီးတို့ အဓမ္မအကျင့်ခံရတဲ့ မှုခင်းတွေ များလာတာ အတွက်ကြောင့် ယခုလို ဖန်တီးထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ အပေါ်အောာက် One-Set အတွင်းခံဖြစ်ပြီး အမျိုးသားတို့ ထိလိုက် တာနဲ့ မလှုပ်မယှက်ဖြစ်သွားအောင်ကို ပြုလုပ်နိုင်ပါတယ်။ 
 
အဝတ်မှာ လျှပ်စစ်ဓာတ်လမ်းကြောင်းစီးဆင်းနေပြီး အမျိုးသား တစ်ယောက်က Rape လုပ်ဖို့ ကြိုးပမ်းပြီဆိုရင် လျှပ်စစ်ကြောင့် ကျင်သွားပြီး မလှုပ်မယှက်ကို လှဲသွားစေမှာ ဖြစ်ပါတယ်။ 

 ဒီတော့ ဝတ်ထားတဲ့ အမျိုးသမီးကို မထိခိုက်ဘူးလားလို့ မေးစရာ ရှိပါတယ်။ လုံးဝမရှိပါဘူး။ ဝတ်ထားတဲ့ သူရဲ့  နှလုံးခုန်နှုန်း၊ ခန္ဓာကိုယ် လှုပ်ရှား တုန်ခါမှု index တစ်ခု သတ်မှတ်ထားပြီး ယင်း အမှတ်ကို ရောက်တာနဲ့ ပြင်ပက လာထိတဲ့သူမှန်သမျှကို လျှပ်စစ်နဲ့ တုန့်ပြန်စေမှာ ဖြစ်ပါတယ်။ ဝတ်ထားတဲ့သူကတော့ ဘာမှ မဖြစ် ပါဘူး။ 

 နောက်ထပ်ပိုကောင်းတာ တစ်ခုက ဝတ်ဆုံမှာ GPS ပါဝင်ပြီး လျှပ်စစ်ဓာတ်လွတ်လိုက်ပြီဆိုတာနဲ့ ရဲစခန်းက ကွန်ပြူတာကို ချက်ချင်း လှမ်းအကြောင်းကြားစေမှာ ဖြစ်ပါတယ်။ ဒီတော့ ဝတ်ဆုံ ဝယ်ဝတ်ဖို့ ဆုံးဖြတ်ထားသူများ အနေနဲ့ မိမိချစ်သူများကို ဖတ်တဲ့ အခါ သတိထားရန်လိုအပ်တယ်လို့ တိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref: techblog
 Aung Kham (TSJ team)

Re-Post By ACM  8-4-2013
အေးချမ်းမွန် Credit & Copy From >TechSpace Journal << Thank

လေးမွှာပူးကလေးများ ခွဲခြားရခက်၊ နံပါတ်ဆံပင် အဆန်းထွင်

Photo: လေးမွှာပူးကလေးများ ခွဲခြားရခက်၊ နံပါတ်ဆံပင် အဆန်းထွင်
Monday, April 8, 2013

 လေးမွှာပူးမွေးထားသည့် မိခင်တစ်ယောက်သည် သားလေး ယောက်ကို ခွဲခြားရခက်သဖြင့် ဦးခေါင်းတွင် ဆံပင်ပုံကို နံပါတ်များပုံဖော်ကာ ညှပ်ပေးခဲ့ရကြောင်း သိရှိရသည်။

မိခင်ဖြစ်သူက အသက် ၆ နှစ်အရွယ် သားလေးယောက်ကို ကျောင်းသို့လာအပ်ရာတွင် ကျောင်းရှိ ဆရာ ဆရာမများနှင့် သူငယ်ချင်းများခွဲခြားရလွယ်ကူစေရန် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟုဆိုသည်။
...

လေးမွှာပူးတို့၏အမည်များမှာ ယန်လောင်၊ ယန်ရှောင်၊ ယန်ဟန်နှင့် ယန်လင်းဟူ၍ ပေးထားသော်လည်း သူတို့၏ရုပ်သွင်များမှာ ခွဲခြားမရအောင် တူလွန်းနေသဖြင့် မိခင်က ဆံပင်ပုံကို အစဉ်လိုက် နံပါတ်များတပ်ကာ ပုံဖော်ပေးခဲ့ခြင်းဖြစ်သည်။

မိခင်နှင့် ကလေးများသည် တရုတ်ပြည်၊ ဂွမ်ဒေါင်းနယ်ရှိ ရှန်ဇန်းမြို့တွင် နေထိုင်ကြပြီး ကျောင်းသို့ ပထမဦးဆုံး အကြိမ်လာအပ်သော သားများ၏ပြဿနာကို မိမိကိုယ်တိုင်ဖြေရှင်းပေးခဲ့ခြင်းဖြစ်သည်။

မိခင် တန် ချောင်ယန်းက “ကျွန်မသားတွေက တစ်ယောက်နဲ့တစ်ယောက် ခွဲမရအောင်တူတယ်။ သူတို့ အသက် ၁၈ လလောက်ကတည်းက ကျွန်မ ခွဲခြားမရတော့လို့ ပြဿနာတွေတက်ခဲ့တယ်။ ဒါကြောင့် သူတို့ လက်မောင်းတွေမှာ စာချိတ်ထားရတယ်။ သူတို့ကို သေသေချာချာကြည့်ရင် မျက်ရစ်လေးတွေတော့ကွဲတယ်။ ဒါပေမယ့် သူတို့အဖေတောင် သူတို့ကို ဘယ်သူတွေမှန်း မသိဘူး။ ဒါကြောင့် ထမင်းကျွေးပြီးသားကလေးကို ထပ်ကျွေးမိတာတို့၊ အပြစ်ပေးပြီးသားကလေးကို ထပ်အပြစ်ပေးတာတွေ ဖြစ်ခဲ့တယ်” ဟု ပြောကြားသည်။

မောက္ခ

Myanmar Online News

နာမည်ကြီး ဇတ်ကောင်တွေနဲ့ ဆုရသောင်ပြင် ပင်ပန်းပုရုပ်ကြီး

Photo: နာမည်ကြီး ဇတ်ကောင်တွေနဲ့ ဆုရသောင်ပြင် ပင်ပန်းပုရုပ်ကြီး
Monday, April 8, 2013

ဗြိတိန်နိုင်ငံ မှာကျင်းပတဲ့ မြေပုံ ပန်းပုပြိုင်ပွဲကြီး ဖြစ်ပါတယ်၊အဆိုပါပြိုင်ပွဲ 
ကိုသဲသောင်ပြင်ရှိရာ နေရာဒေသတွေမှာ နှစ်စဉ် အလှည့်ကျ ပုံမှန်ကျင်း
ပတဲ့ ရိုးရာပြိုင်ပွဲ ကြီးလည်းဖြစ်ပါတယ်၊နှစ်စဉ် ပြိုင်ပွဲ ဝင်သူ ရာနဲ့ချီပြီး ဝင်ရောက်ယှဉ် ပြိုင်တဲ့ ပွဲကြီးလည်းဖြစ်ပါတယ်။

အဲဒီထဲ မှာမှ အသက်ဝင်ပြီး အပီပြင်ဆုံး ပြုလိုက်နိုင်တဲ့ ပန်းပုရုပ်တွေ
ကို ဖော်ပြပေးလိုက်ပါတယ်

Ref:amazing
Khun Nay Tun Media

အပှုဒဏ်ကို တွန်းလှန်နိုင်သော အစားအစာများ

Photo: အပှုဒဏ်ကို တွန်းလှန်နိုင်သော အစားအစာများ
Monday, April 8, 2013

နွေရာသီမှာ ပူအိုက်ပြီး ရေဓာတ်ခမ်း ခြောက်မှုကို သက်သာစေကာ ဝမ်း
ဗိုက် ချပ်ရပ်တဲ့ အလှတရား ကိုပါ ရရှိစေမယ့် သရေစာ တွေကို ရေးသား လိုက်ရပါတယ်။

(၁) ဖရဲသီး

ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်တဲ့ ဖရဲသီးဟာ နွေရာသီ ရေဓာတ် ခမ်းခြောက် မှုမဖြစ်အောင် ကာကွယ် ပေးသလို ကိုယ် စေတာကြောင့် ဝမ်းဗိုက် ချပ်ရပ်စေပါ တယ်။ ဒါ့အပြင် ဗီတာမင်စီ အများအပြား ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှု လျော့နည်း တာကြောင့် ကိုယ်အလေးချိန် ထိန်းလိုသူ တို့အတွက် အကောင်းဆုံး သရေစာပါ။

(၂) ဒိန်ချဉ်

ဒိန်ချဉ် တစ်ခွက်မှာ ပရိုတင်းဓာတ် ၂၀ ဂရမ် ပါဝင်တာကြောင့် ကယ်
လိုရီ အပိုမရရှိ စေဘဲ ချက်ချင်း ဗိုက်ပြည့်စေပါ တယ်။ ဒိန်ချဉ်မှာ ပိုတက်စီယမ်လည်း ပါ ဝင်တာကြောင့် ကိုယ်တွင်း ဆိုဒီယမ် အပို
တွေကို တွန်းထုတ် နိုင်သလို အကျိုးပြုဘက် တီးရီးယား ပါဝင်
မှုကြောင့် လေပွတာနဲ့ လေ ထတာကို လျော့ကျ စေပါတယ်။

(၃) သခွားသီး

သခွားသီးမှာ ရေဓာတ် ၉၆ ရာခိုင် နှုန်း ပါဝင်မှုကြောင့် ပူပြင်းတဲ့ အချိန်မှာ အေးမြ လန်းဆန်း သွားစေတဲ့ အစွမ်းရှိပါ တယ်။ ဒါ့အပြင် သခွားသီးမှာ ကယ်လိုရီ ပါဝင်မှု နည်းပါးတဲ့ အတွက် ဝမ်းဗိုက်ချပ် ရပ်လိုသူတွေ စားသင့်တဲ့ သရေစာပါ။

ကြယ်စင်နွေရာသီမှာ ပူအိုက်ပြီး ရေဓာတ်ခမ်း ခြောက်မှုကို သက်သာစေကာ ဝမ်း

ကြယ်စင်
 
မြ၀တီ

Sunday, April 7, 2013

မျိုးနဲ့ရိုးနဲ့(ဟာသ)

Photo: မျိုးနဲ့ရိုးနဲ့
******

တစ်ခါတုန်းက ရွာတစ်ရွာမှာ
အရက်ခိုးချက်တဲ့ ဦးတာတေကြီးရှိလေရဲ့..
တစ်နေ့တော့..သူ့ကို မြို့ကရဲတွေလာဖမ်းပါလေရော...
“ခင်ဗျားကို အရက်ခိုးချက်တဲ့အမှုနဲ့ဖမ်းလိုက်ပြီ”
“ဖမ်းလေ ဘာဖြစ်လဲ..ကျွန်တော်မရှိရင် ကျွန်တော့်သားဆက်ချက်လိုက်မယ်”
“ဒါဆို ခင်ဗျားသားကိုလည်းထပ်ဖမ်းရမှာပဲ”
“ဖမ်းပေါ့..ကျွန်တော့်သားမရှိရင် ကျွန်တော့်မြေးက ဆက်ချက်လိုက်မယ်”
“ဒါဆို ခင်ဗျားမြေးကိုလည်းဆက်ဖမ်းရမှာပဲ”
“ဖမ်းပေါ့...အဲဒီအချိန်ဆို ကျွန်တော်လည်းပြန်လွတ်နေလောက်ပြီ”

Moekyashweco