ချက်ပြုတ်စားရာမှာ ဟင်းခတ်အ မွှေးအကြိုင်အဖြစ် ထည့်သွင်းချက်ပြုတ်တာတွေက သက်ရှည်ကျန်းမာဖို့ အထောက်အကူဖြစ်စေတယ်ဆိုတာ သင်သိပါရဲ့လား။
(၁) နနွင်း
=====
ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးတယ် နနွင်းကို အိန္ဒိယ၊ 
အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ ဟင်းချက်ရာ မှာ အသုံးပြု ကြပါတယ်။ 
ထိုင်းနိုင်ငံမှ သုတေသီတွေ ရဲ့ လေ့လာမှုအရ တစ်နေ့ကို နနွင်းမှုန့် လက်ဖက်စား 
ဇွန်းတစ်ဇွန်းစာလောက် သင်စားသောက်တဲ့ ဟင်းတွေထဲမှာပါရှိရုံနဲ့ အမျိုးအစား ၂
 ဆီးချိုသွေး ချိုရောဂါ ဖြစ်ပွားနိုင်ခြေကို ၅ဝ ရာခိုင်နှုန်းလျှော့ချ 
နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
(၂) ချင်း(ဂျင်း)
=======
နာကျင်ကိုက်ခဲမှုကို သက်သာစေတယ် အိန္ဒိယနိုင်ငံမှ ပညာရှင်တွေရဲ့ လေ့လာမှုအရ 
ချင်း(ဂျင်း)က ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ အဆစ်အမျက် ကိုက်ခဲတာ၊ 
ထိခိုက်မှုကြောင့် 
ခါးနာတာစတဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာ စေပါတယ်။ 
တစ်နေ့ကို ကြိတ်ထားတဲ့ လတ်လတ်ဆတ်ဆတ် ချင်း(ဂျင်း) လက် ဖက်စားဇွန်းတစ်ဇွန်း 
ဒါမှမဟုတ် လှီးထား တဲ့ချင်း (ဂျင်း) သုံးပြားကို နေ့စဉ် ဟင်းချက်ရာမှာ 
ထည့်ချက်ပြီး စားပါက နှစ်ပတ်အတွင်း ကိုက်ခဲနာကျင်မှုတွေက နေ ၆၃ ရာခိုင်နှုန်း
 လျော့နည်းသက်သာတာကို တွေ့ ရပါတယ်။
(၃) ဖာလာစေ့
========
သွေးဖိအားကို လျော့နည်းစေတယ် အသားဟင်းချက်ပြုတ်ရာမှာ ဟင်း ခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြပါ
တယ်။ ဖာလာစေ့အနံ့ကို ကြိုက်သူတွေ အနေနဲ့ ကော်ဖီထဲမှာလည်း အနံ့ထည့်ပြီး 
သောက်သုံးတတ်ကြပါတယ်။ ဖာလာစေ့ ကို နေ့စဉ်အစားအသောက်တွေထဲမှာ ထည့်စားပါက 
၁၂ပတ်ကြာတဲ့အခါ သွေးဖိအား လျော့နည်း စေပြီး ပုံမှန်သွေးဖိ အားကို 
ထိန်းထားနိုင်တယ်လို့ အိန္ဒိယ ဆေးပညာဂျာနယ်မှာရေးသားဖော်ပြထား ပါတယ်။ 
ဖာလာစေ့က သွေးကြောနံရံ ကြွက်သားတွေကို ပျော့ပျောင်းစေတာ ကြောင့် 
သွေးဖိအားကို လျော့နည်းစေ တာပါ။ တစ်နေ့ကို ဖာလာစေ့လက်ဖက် 
စားဇွန်းတစ်ဝက်လောက် စားသုံးရုံနဲ့ ပုံမှန်သွေးဖိအားကို 
ထိန်းထားနိုင်ပါတယ်။
(၄) ပင်စိမ်း
======
မှတ်ဉာဏ်စွမ်းအားကို ကောင်းမွန်စေတယ် ပင်စိမ်းစားသုံးတာက 
သင်ရဲ့မှတ်ဥာဏ်စွမ်းအားကို ကောင်းမွန် စေပါတယ်။ 
သင့်မိတ်ဆွေရဲ့နာမည်မေ့နေတာ၊ တချို့ နေရာတွေကို ရောက်ဖူးပေမယ့်လမ်းတွေ
မမှတ်မိတော့တာ၊ တချို့အချက်အလက် တွေ မမှတ်မိတော့တာ စတာတွေကို 
ကျော်လွှားနိုင်ဖို့အတွက် ပင်စိမ်းကို သင် နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာပါ 
ဝင်အောင် ချက်ပြုတ်ပါ။
ပင်စိမ်းမှာပါဝင်တဲ့ ဖီနောတွေကဦးနှောက်မှာအက်စီတိုင် ကိုလင်းပြိုကွဲမှုကို 
တားဆီးပေးတာကြောင့် မှတ်Óဏ်စွမ်းအား၊ တွေးခေါ်မှု စတာ တွေ ကို 
ကောင်းစေတယ်လို့ ဗြိတိန်တက္ကသိုလ် က လေ့လာမှုမှာ တွေ့ရှိခဲ့ပါတယ်။
(၅) ကြက်သွန်ဖြူ
=========
ခုခံစွမ်းအားကို ကောင်းစေတယ် တစ်နေ့ကို ကြက်သွန်ဖြူတစ်မြွှာ လောက်စားရုံနဲ့ ပိုးမွှားကူးစက်ခံစားနိုင်ခြေ
တစ်ဝက်လောက်လျှော့ချနိုင်တယ်လို့ သု တေသီတွေက ပြောပါတယ်။ ကြက်သွန် ဖြူက 
ဆာလဖာဒြပ်ပေါင်း အမျိုးကွဲ ၃၃ မျိုးလောက်ပါဝင်ပြီး ခန္ဓာကိုယ်ခုခံအားကို 
မြှင့်တင်ပေးနိုင်တဲ့ သွေးဖြူဥရဲ့စွမ်းဆောင်
ရည်ကို မြှင့်တင်ပေးပါတယ်။
Tip!
ကြက်သွန်ဖြူကို ဟင်းမချက်ခင် လှီး ပြီး ၁ဝ မိနစ်လောက်ထားပါ။ ကြက်သွန် 
ဖြူထဲမှာပါတဲ့ ဆာလဖာဒြပ်ပေါင်းက လေနဲ့ထိတွေ့ပြီးတဲ့အခါ အာနိသင် ပိုမို 
ကောင်းမွန်စေတာကြောင့်ပါ။
(၆) ပူဒီနာ
======
ကင်ဆာဆဲလ်အသစ် ဖြစ်ပေါ်မှုကို ကာကွယ်ပေးတယ် နယူးဂျာစီမှ ပညာရှင်တွေက 
တစ်ပတ်မှာ လေးကြိမ်လောက် ပူဒီနာထည့် ချက်စားပါက ကင်ဆာဆဲလ်အသစ် ဖြစ်ပေါ်မှုကို
 ကာကွယ်ပေးတယ်လို့ တွေ့ရှိခဲ့ ပါတယ်။ ပူဒီနာမှာ အင်တီအောက်ဆီးဒင့် တွေ 
များစွာပါဝင်ပြီး ကင်ဆာဆဲလ်တွေ ကို သတ်တဲ့ ခန္ဓာကိုယ်ရဲ့ စူပါဆဲလ်တွေ ကို 
လှုံ့ဆော်ပေးပါတယ်။
(၇) သစ်ကြံပိုး
=======
သကြားဓာတ်စုပ်ယူမှုကို လျှော့ချပေးတယ် အချိုရည်တွေ၊ ပေါင်မုန့်တွေ၊ 
သကြားလုံးတွေ စားသုံးတဲ့အခါ သွေးတွင်း သကြားဓာတ်တွေ ရုတ်တရက်မြင့်တက် 
လာပြီး ဦးနှောက်နဲ့အာရုံကြောအဖွဲ့ကို ဖိနှိပ်တာကြောင့် လူကို 
နုံးချည့်စေပါတယ်။
သင်သောက်မယ့် အချိုရည်ထဲမှာ သစ် ကြံပိုးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက် 
လောက်ထည့်သောက်ရုံနဲ့ သကြားဓာတ် စုပ်ယူမှုကို ၂၉ ရာခိုင်နှုန်း 
လျှော့ချပေးပြီး နွမ်းနယ်မှုကို သက်သာစေပါတယ်။
(၈) ငရုတ်သီးတောင့်
===========
ကိုယ်အလေးချိန်ထိန်းသိမ်းပေးတယ် ငရုတ်သီးတောင့်မှာ Capsaicin 
ဒြပ်ပေါင်းများစွာပါဝင်ပါတယ်။ သုတေ သီတွေက တစ်နေ့ ကို ငရုတ်သီးတောင့် 
အမှုန့် (အစိမ်းမှုန့်) လက်ဖက်ရည်ဇွန်းတစ် ဝက်လောက် ထည့်ချက် စားရုံနဲ့ 
တစ်လအတွင်း ကိုယ်အလေးချိန်နှစ်ပေါင် လျှော့ချနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
ငရုတ်သီး တောင့်စားသုံးလိုက်ပါက ခန္ဓာကိုယ်တွင်းမှာ အဆီကို ဖြိုခွဲနိုင်တဲ့ 
ပရိုတင်းခြောက်မျိုးထက်မက ထွက်ရှိလာ တာကြောင့် ကိုယ်အလေးချိန်ကို 
ထိန်းသိမ်းနိုင်တာလို့ နောက်ထပ်ပြုလုပ်တဲ့ သုတေသနတွေမှာ တွေ့ရှိခဲ့ ပါတယ်။
(၉) စမုန်စပါး
========
လေပွတာကို သက်သာစေတယ် ထမင်းစားပြီးတဲ့အခါ စမုန်စပါး လက်ဖက်စားဇွန်း 
ဇွန်းတစ်ဝက် ဒါမှမ ဟုတ် လေးပုံတစ်ပုံစား ပေးပါ။ မက္ကဆီကိုမှ 
သုတေသနပညာရှင်တွေရဲ့ လေ့လာမှုအရ စမုန်စပါးက အစာခြေအင်ဇိုင်းတွေ ထွက်ရှိပြီး 
လေပွတာမဖြစ်အောင် ကာ ကွယ်ပေးပါတယ်။ အာရှတိုက်သားတွေဟာ စမုန် စပါးကို 
ဟင်းချက်ရာမှာ ထည့် သုံးတတ်ကြပါတယ်။
(၁ဝ) လေးညှင်း
========
သွားကိုက်သက်သာစေတယ် လေးညှင်းပွင့် တစ်ပွင့်-နှစ်ပွင့် လောက်ကို 
ဖြည်းဖြည်းချင်း ဝါးပေးပါက သွားကိုက်တာ၊ သွားဖုံးရောင်တာတွေကို 
အချိန်နှစ်နာရီအတွင်း သက်သာစေပါ တယ်။ လေးညင်းမှာ ပါဝင်တဲ့ ယူဂျီနော 
ဒြပ်ပေါင်းက ထုံစေတဲ့အာနိသင်နဲ့ ဘက် တီးရီးယားပိုးသတ်အာနိသင်ရှိတာကြောင့် 
သွားကိုက်တာကို သက်သာစေပါတယ်။
Tip!
လေးညှင်းပွင့်ကို အေးပြီး နေရောင် ခြည် တိုက်ရိုက်မကျတဲ့နေရာမှာ ထားပါ။
(၁၁) ငရုတ်ပွသီး
=========
ရောင်ရမ်းမှု လျော့နည်းစေတယ် ကနေဒါမှ သုတေသီတွေ ရဲ့ လေ့လာမှုအရ ငရုတ်ပွသီး 
တစ်ပတ်ကို ၄-၅ ကြိမ်လောက် စားပေးပါက ရောင်ရမ်း မှုကို ၂ဝ 
ရာခိုင်နှုန်းလျှော့ချပေးပါတယ်။
ငရုတ်ပွသီးမှာ ပါဝင်တဲ့ ဆပိုနင်က အစာအိမ်နဲ့ အူလမ်းကြောင်း မှာ 
ရောင်ရမ်းမှုမ ဖြစ်အောင်ကာ ကွယ်ပေးပါ တယ်။ မြောက် ကယ်ရိုလိုင်းနားမှ 
ပညာရှင်တွေရဲ့ လေ့လာမှုအရ ငရုတ်ပွသီးက နာတာရှည် ရောင်ရမ်းမှု တွေကို 
လျှော့ချပေးတာ ကြောင့် နောက်ဆက်တွဲ ဖြစ်လာမယ့် အရေပြားအနီစက်ထွက်တာ၊ 
အရိုးအဆစ် ရောင်ရမ်းတာ၊ ဆီးချိုသွေးချိုရောဂါနဲ့ အယ်လ်ဇိုင်းမားရောဂါတွေ 
မဖြစ်အောင် ကာ ကွယ် နိုင်တယ်လို့ ဆိုပါတယ်။
http://www.facebook.com/photo.php?fbid=401551823275988&set=a.35...
   
      
    !-kp-3နည်းပညာ-http:>
Subscribe to:
Post Comments (Atom)
No comments:
Post a Comment