“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Friday, January 11, 2013

ကမ္ဘာ့အမြန်ဆုံး ပြိုင်ကားများထဲမှ 2009 SSC Ultimate Aero EV

ကမ္ဘာ့အမြန်ဆုံး ပြိုင်ကားများထဲမှ 2009 SSC Ultimate Aero EV 

အမေရိကန် ကားကုမ္မဏီ SSC North America မှ ၂၀၀၆ ခုနှစ်က စတင် ထုတ်လုပ်တဲ့ SSC Aero ဟာ ၂၀၀၇ခုနှစ်မှာ ကမ္ဘာ့အမြန်ဆုံး ကားအဖြစ် ဂင်းနစ်စံချိန် တင်နိုင်ခဲ့ပါတယ်။ ယခင်က စံချိန်ချိုးဖြတ်ထားတဲ့ ဂျာမနီလုပ် ကမ္ဘားဈေးအကြီးဆုံးကား Bugatti Veyron Super Sport ကိုကျော်လွန်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။ သို့ပေ မယ့် ယင်းစံချိန်ကို ၂၀၁၀ခုနှစ်မှ ပြန်လည် အဆင့်မြင့်ထား တဲ့ Bugatti Veyron ကပြန်လည် ချိုးဖြတ် ခဲ့ပါတယ်။ 

ဒါကြောင့် လမ်းမပေါ် တရားဝင်မောင်းနှင်ခွင့်ရတဲ့ ကားတွေ ထဲမှာ ကမ္ဘာ့ အမြန်ဆုံး ကားစာရင်းထဲမှာ နံပါတ် ၂ နေရာမှ ရပ်တည်ဆဲဖြစ်ပါတယ်။ တစ်နာရီ ၂၅၆.၁၉ မိုင်ပြေးပြီး ၂၅၃.၈၁ သာပြေးတဲ့ Bugatti Veyron ကို ၂၀၀၇ ခုနှစ် က ကျော်လွန်ပြီးစံချင်တင်ခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် ၂၀၁၀ မှာတော့ Bugatti Veyron က တစ်နာရီ ၂၆၇.၈၆ မိုင်အထိ မောင်းနှင်ပြသခဲ့ ပါတယ်။ ဒါကြောင့် SSC Aero မှ ဂင်းနစ်စံချိန်ချိုးဖို့ ထပ်မံကြိုးစားအုံးမှာ ဖြစ်ပါတယ်။ 

SSC Aero မှာ ထူးခြားချက်က အီလက်ထရောနစ် အထောက် အပံ့များဖြစ်တဲ့ ABS ဘရိတ် နဲ့ Traction control တို့ မပါဝင်ပါဘူး။ အော်တိုအသားမပေးပဲ ဒရိုင်ဘာကိုယ်တိုင် ထိန်းချုပ်တဲ့ အရသာကိုပေးချင်လို့ ယခုလို တည်ဆောက် တာလို့ SSC Aero အင်ဂျင်နေယာ များက ဆိုပါတယ်။ သို့ပေမယ့် Safety ပိုင်းမှာ ပိုမိုစိတ်ချရ တဲ့ လေယာဉ်ဘရိတ် စနစ် (AeroBrake system) ပါဝင် ပါသေးတယ်။ ၂၀၀၉မော်ဒယ်ဟာ ယခင် SSC Aero များထက် ပါဝါ ၁၅ ရာခိုင်နှုန်းရရှိပြီး သီအိုရီနဲ့တွက်ချက်ရင် အမြင့်ဆုံး speed တစ်နာရီ ၂၇၀ မိုင်အထိ ပြေးတဲ့ ကား ဖြစ် ပါတယ်။

ပြိုင်ကားတွေမှာ မပါမဖြစ် ထည့်တွက်ရမယ့် Airflow ကိုလည်း ၂၀ ရာခိုင်နှုန်း အထိ မြင့်တင်ထားပေးပါတယ်။ ယခုလိုမြင့်တင်နိုင်အောင် ကာဘွန်ဖိုက်ဘာ Louver များအသုံးပြုထားရပါတယ်။ လေယာဉ်မြီး Aerodynamic ကို သေချာ ပြန်လည်တည်ဆောက် ထားပေးပြီး အတွင်းပိုင်း ဒီဇိုင်းကိုလည်း ပြောင်းလဲ မြင့် တင် ထားပေးပါတယ်။ မြင်းကောင်ရေ ၁၂၈၇အား ထုတ်လုပ်နိုင်စွမ်းရှိတဲ့ Chevrolet ထုတ် စူပါချာ့ V ဆလင်ဒါ ၈လုံးအင်ဂျင်ကို အသုံးပြုထား ပါတယ်။ 

SSC Aero ရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၆သိန်း ၅ သောင်းကျော် (၆၅၄၄၀၀) တန်ဖိုးရှိပြီး ကမ္ဘာ့ဈေး အကြီးဆုံးကား ၁၀စီးစာရင်းမှာ နံပါတ် ၉ မှာ ရပ်တည်လျက် ရှိပါတယ်။ 
--
http://www.colayonline.com.mm/automobile

ငှက်ပျောသီးတွေဟာ ကင်ဆာ တိုက်ထုတ်နိုင်တဲ့ စွမ်းရည်ရှိ

ဂျပန်သိပ္ပံပညာရှင်တွေ လေ့လာမှုအရ ငှက်ပျောသီးအခွံမှာ ဒီလို အမဲရောင် အစက်လေးတွေ ရှိနေရင် အဲဒီငှက်ပျောခွံကနေ TNF (Tumor Necrosis Factor ) တွေကို ထုတ်လုပ်တယ်လို့ ဆိုတယ်။

အဲဒီ TNF တွေက မူမမှန်တဲ့ဆဲလ်တွေကို တိုက်ထုတ်နိုင်တယ်။ အမည်းစက်တွေ ပိုများလာလေလေ သူ့မှာ ကိုယ်ခံစွမ်းအား တက်စေဖို့ အခွင့်အလမ်း များလေလေဖြစ်တယ် ။ ဒါကြောင့်ပိုပြီး မှည့်နေတဲ့ ငှက်ပျောသီး တွေဟာ ကင်ဆာ တိုက်ထုတ်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ပြောကြတယ်။

အမည်းစက်ပါတဲ့ အ၀ါရောင်အခွံနဲ့ ငှက်ပျောသီးဟာ အစိမ်းရောင် အခွံနဲ့ ငှက်ပျောသီးထက် သွေးဖြူဥ ဆဲလ်တွေကို ပိုမိုအစွမ်းထက် စေတဲ့အခွင့်အရေး ၈ ဆရှိပါတယ် ။ ဒါကြောင့် သင့်ကိုယ်ခံအား တက်စေဖို့ တစ်နေ့ကို ငှက်ပျောသီး တစ်လုံး သို့ နှစ်လုံးခန့် စားသုံးပေးပါ။

မုန်လာဥတွင်ပါသော နိုက်ထရိတ်ဓာတ် သွေးတိုးခြင်းကို ကျဆင်းစေနိုင်ဟုဆို

မုန်လာဥတွင်ပါသော နိုက်ထရိတ်ဓာတ် သွေးတိုးခြင်းကို ကျဆင်းစေနိုင်ဟုဆို

မုန်လာဥတွင် ပါဝင်သော နိုက်ထရိတ် ဓာတ်သည် သွေးတိုးခြင်းကို ကျဆင်း စေနိုင်ကြောင်း သုတေသီ များက ပြောကြားသည်။

မုန်လာဥကို ဟင်းချက်၍ စားသုံးသည် ဖြစ်စေ၊ နိုက်ထရိတ် ဆေးပြားများ သောက်သုံး သည် ဖြစ်စေ သွေးတိုးကျ စေနိုင်ကြောင်း အမေရိကန် နှလုံးနှင့် သွေးကြော ဆိုင်ရာ ဆေးဂျာနယ်၌ ဖော်ပြသည်။

မျှော်လင့်ထား

နိုက်ထရိတ် ဓာတ်သည် ဟင်းသီးဟင်းရွက် တို့တွင် အများဆုံး ပါဝင်တတ် သည်။ မုန်လာဥတွင် နိုက်ထရိတ် ဓာတ်များ ပါဝင်နေသဖြင့် နှလုံးနှင့် ဆိုင်သော ရောဂါများ ကုသရာ၌ ပိုမို ထိရောက်စွာ ကုသနိုင် လိမ့်မည်ဟု သုတေသီများက မျှော်လင့် ထားသည်။ ကမ္ဘာပေါ်တွင် အရွယ်ရောက်သူ ၂၅ ရာခိုင်နှုန်းမှာ နှလုံးနှင့် ဆိုင်သော ရောဂါများ ဖြစ်ပွားလျက် ရှိသည်။ ၂၀၂၅ ခုနှစ် အရောက်တွင် ထို့ထက် ပိုလာနိုင်သည် ဟုဆိုသည်။

Ref: New Light of Myanmartravel Bobo

အေးချမ်းမွန်မှ Royal Hero Media တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
မုန်လာဥတွင် ပါဝင်သော နိုက်ထရိတ် ဓာတ်သည် သွေးတိုးခြင်းကို ကျဆင်း စေနိုင်ကြောင်း သုတေသီ များက ပြောကြားသည်။

မုန်လာဥကို ဟင်းချက်၍ စားသုံးသည် ဖြစ်စေ၊ နိုက်ထရိတ် ဆေးပြားများ သောက်သုံး သည် ဖြစ်စေ သွေးတိုးကျ စေနိုင်ကြောင်း အမေရိကန် နှလုံးနှင့် သွေးကြော ဆိုင်ရာ ဆေးဂျာနယ်၌ ဖော်ပြသည်။

မျှော်လင့်ထား

နိုက်ထရိတ် ဓာတ်သည် ဟင်းသီးဟင်းရွက် တို့တွင် အများဆုံး ပါဝင်တတ် သည်။ မုန်လာဥတွင် နိုက်ထရိတ် ဓာတ်များ ပါဝင်နေသဖြင့် နှလုံးနှင့် ဆိုင်သော ရောဂါများ ကုသရာ၌ ပိုမို ထိရောက်စွာ ကုသနိုင် လိမ့်မည်ဟု သုတေသီများက မျှော်လင့် ထားသည်။ ကမ္ဘာပေါ်တွင် အရွယ်ရောက်သူ ၂၅ ရာခိုင်နှုန်းမှာ နှလုံးနှင့် ဆိုင်သော ရောဂါများ ဖြစ်ပွားလျက် ရှိသည်။ ၂၀၂၅ ခုနှစ် အရောက်တွင် ထို့ထက် ပိုလာနိုင်သည် ဟုဆိုသည်။

Ref: New Light of Myanmartravel Bobo

အေးချမ်းမွန်မှ Royal Hero Media တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်..

လေယာဉ်အကြာကြီးစီးခြင်းကြောင့် ကိုယ်လက်ပင်ပန်းမှု မဖြစ်ရလေအောင်

လေယာဉ်အကြာကြီးစီးခြင်းကြောင့် ကိုယ်လက်ပင်ပန်းမှု မဖြစ်ရလေအောင်   ........
  
လေယာဉ်အကြာကြီးစီးပြီး ခရီးနှင်ရတဲ့သူတွေမှာ အိပ်ရေးမဝတာနဲ့ ပင်ပန်းနွမ်းနယ်တာတွေ ခံစားရတတ်လေ့ရှိပါတယ်။ ဒါ့အပြင် ပင်ပန်းနွမ်းနယ်မှုကြောင့် ခရီးဆောင်အိတ်ပျောက်ခြင်း၊ နိုင်ငံကူးစာအုပ် ( ပတ်စ်ပို့ ) ပျောက်ဆုံးခြင်းစတဲ့ နောက်ဆက်တွဲ ပြဿနာတွေနဲ့အတူ နေထိုင်မကောင်းခြင်းတွေပါ ဖြစ်စေတတ်ပါတယ်။ 

ဒါကြောင့် အချိန်အကြာကြီး လေယာဉ်စီးပြီး ကိုယ်လက်ပင်ပန်းမှု မခံစားရလေအောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေမွှေးပန်းဆီ 
ရေမွှေးပန်းဆီကို အိပ်ပျော်စေတဲ့ အာနိသင်ရှိတဲ့ အဆီအဖြစ် သိကြပါတယ်။ ဝက်စလေးရန်တက္ကသိုလ်ရဲ့ စိတ်ကျန်းမာရေး ပညာရှင်တွေက ရေမွှေးပန်းဆီကို အိပ်ပျော်စေတဲ့ အာနိသင်ရှိတဲ့အတွက် ခေါင်းအုံးမှာ ဆွတ်အိပ်ရင် နောက်တစ်နေ့မှာ လန်းလန်းဆန်းဆန်း နိုးထနိုင်ကြောင်း ဆိုပါတယ်။ ဒါကြောင့် လေယာဉ်နဲ့ ခရီးသွားတဲ့အခါ ရေမွှေးပန်းဆီ ပုလင်းသေးတစ်လုံး ဆောင်ထားပါ။ ဒါမှမဟုတ် ရေမွှေးပန်းဆီ ဆွတ်ထားတဲ့ ပဝါစကို ခေါင်းအောက်မှာထားပြီးအိပ်ပါ။

၂။ နေပူဆာလှုံပါ 
ကမ္ဘာ့အနောက်ခြမ်းကနေ အရှေ့ခြမ်း၊ အရှေ့ခြမ်းကနေ အနောက်ခြမ်းဆီကို လေယာဉ်စီးပြီး ခရီးသွားတဲ့အခါ ရောက်တဲ့နေ့မှာ ပင်ပန်းနွမ်းနယ်ကာ အိပ်ငိုက်နေတတ်ပါတယ်။ ညမှာ အိပ်ရေးဝအောင်အိပ်ပြီး နေ့ဘက်မှာ နေပူဆာလှုံပေးပါ။ လန်းဆန်းတက်ကြွစေဖို့ နေရောင်ခြည်ထဲမှာ လမ်းလျှောက်ပေးဖို့ လိုပါတယ်။

၃။ မယ်လတိုနင်ဆေး
ခန္ဓာကိုယ်ရဲ့ အိပ်စက်နိုးထမှု စက်ဝန်းကို ညှိပေးတဲ့ သဘာဝဟော်မုန်း မယ်လတိုနင်ကို ဆေးအဖြစ် မှီဝဲနိုင်ပါတယ်။ ညမှောင်လာတဲ့အခါ မယ်လတိုနင် ဟော်မုန်းပမာဏ မြင့်တက်လာပြီး နံနက်ခင်းရောက်ချိန်မှာ ဟော်မုန်းကျလာပါတယ်။ တချို့ လေ့လာမှုတွေအရ မယ်လတိုနင် ဆေးမှီဝဲတာဟာ လေယာဉ် အကြာကြီးစီးပြီး ကိုယ်လက်ပင်ပန်းမှု ( Jet Lag ) မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ မယ်လတိုနင်ဆေးဟာ သင်မှီဝဲနေရတဲ့ ဆေးဝါးတွေနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်စေနိုင်တဲ့အတွက် ဆေးမသောက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

၎။ အချိန်ဇယား ဆွဲထားပါ 
ခရီးစထွက်ချိန်နဲ့ ခရီးရောက်ရှိမယ့်အချိန်ကို ကြိုတွေးပြီး အချိန်ဇယားအတိုင်း လိုက်လျောညီထွေနေမှသာ Jet Lag မဖြစ်အောင် ကာကွယ်နိုင်မှာပါ။ ဖြစ်နိုင်ရင် ရောက်တဲ့အချိန်မှာ လန်းဆန်းနေအောင် လေယာဉ်ပေါ်မှာ အိပ်ပျော်နိုင်အောင် ကြိုးစားပါ။

၅။ လမ်းလျှောက်ပါ 
လေယာဉ်ပေါ်မှာ အကြာကြီးထိုင်ပြီး အိပ်မပျော်နိုင်ရင် လမ်းထလျှောက်ပေးပါ။ လမ်းလျှောက်ပြီးမှ ပြန်အိပ်ပျော်ဖို့ ကြိုးစားပါ။ ဒါဟာ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုကို အထိုက်အလျောက် သက်သာစေနိုင်ပါတယ်။Health
လေယာဉ်အကြာကြီးစီးပြီး ခရီးနှင်ရတဲ့သူတွေမှာ အိပ်ရေးမဝတာနဲ့ ပင်ပန်းနွမ်းနယ်တာတွေ ခံစားရတတ်လေ့ရှိပါတယ်။ ဒါ့အပြင် ပင်ပန်းနွမ်းနယ်မှုကြောင့် ခရီးဆောင်အိတ်ပျောက်ခြင်း၊ နိုင်ငံကူးစာအုပ် (ပတ်စ်ပို့) ပျောက်ဆုံးခြင်းစတဲ့ နောက်ဆက်တွဲ ပြဿနာတွေနဲ့အတူ နေထိုင်မကောင်းခြင်းတွေပါ ဖြစ်စေတတ်ပါတယ်။

ဒါကြောင့် အချိန်အကြာကြီး လေယာဉ်စီးပြီး ကိုယ်လက်ပင်ပန်းမှု မခံစားရလေအောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေမွှေးပန်းဆီ
ရေမွှေးပန်းဆီကို အိပ်ပျော်စေတဲ့ အာနိသင်ရှိတဲ့ အဆီအဖြစ် သိကြပါတယ်။ ဝက်စလေးရန်တက္ကသိုလ်ရဲ့ စိတ်ကျန်းမာရေး ပညာရှင်တွေက ရေမွှေးပန်းဆီကို အိပ်ပျော်စေတဲ့ အာနိသင်ရှိတဲ့အတွက် ခေါင်းအုံးမှာ ဆွတ်အိပ်ရင် နောက်တစ်နေ့မှာ လန်းလန်းဆန်းဆန်း နိုးထနိုင်ကြောင်း ဆိုပါတယ်။ ဒါကြောင့် လေယာဉ်နဲ့ ခရီးသွားတဲ့အခါ ရေမွှေးပန်းဆီ ပုလင်းသေးတစ်လုံး ဆောင်ထားပါ။ ဒါမှမဟုတ် ရေမွှေးပန်းဆီ ဆွတ်ထားတဲ့ ပဝါစကို ခေါင်းအောက်မှာထားပြီးအိပ်ပါ။

၂။ နေပူဆာလှုံပါ
ကမ္ဘာ့အနောက်ခြမ်းကနေ အရှေ့ခြမ်း၊ အရှေ့ခြမ်းကနေ အနောက်ခြမ်းဆီကို လေယာဉ်စီးပြီး ခရီးသွားတဲ့အခါ ရောက်တဲ့နေ့မှာ ပင်ပန်းနွမ်းနယ်ကာ အိပ်ငိုက်နေတတ်ပါတယ်။ ညမှာ အိပ်ရေးဝအောင်အိပ်ပြီး နေ့ဘက်မှာ နေပူဆာလှုံပေးပါ။ လန်းဆန်းတက်ကြွစေဖို့ နေရောင်ခြည်ထဲမှာ လမ်းလျှောက်ပေးဖို့ လိုပါတယ်။

၃။ မယ်လတိုနင်ဆေး
ခန္ဓာကိုယ်ရဲ့ အိပ်စက်နိုးထမှု စက်ဝန်းကို ညှိပေးတဲ့ သဘာဝဟော်မုန်း မယ်လတိုနင်ကို ဆေးအဖြစ် မှီဝဲနိုင်ပါတယ်။ ညမှောင်လာတဲ့အခါ မယ်လတိုနင် ဟော်မုန်းပမာဏ မြင့်တက်လာပြီး နံနက်ခင်းရောက်ချိန်မှာ ဟော်မုန်းကျလာပါတယ်။ တချို့ လေ့လာမှုတွေအရ မယ်လတိုနင် ဆေးမှီဝဲတာဟာ လေယာဉ် အကြာကြီးစီးပြီး ကိုယ်လက်ပင်ပန်းမှု ( Jet Lag ) မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ မယ်လတိုနင်ဆေးဟာ သင်မှီဝဲနေရတဲ့ ဆေးဝါးတွေနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်စေနိုင်တဲ့အတွက် ဆေးမသောက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

၎။ အချိန်ဇယား ဆွဲထားပါ
ခရီးစထွက်ချိန်နဲ့ ခရီးရောက်ရှိမယ့်အချိန်ကို ကြိုတွေးပြီး အချိန်ဇယားအတိုင်း လိုက်လျောညီထွေနေမှသာ Jet Lag မဖြစ်အောင် ကာကွယ်နိုင်မှာပါ။ ဖြစ်နိုင်ရင် ရောက်တဲ့အချိန်မှာ လန်းဆန်းနေအောင် လေယာဉ်ပေါ်မှာ အိပ်ပျော်နိုင်အောင် ကြိုးစားပါ။

၅။ လမ်းလျှောက်ပါ
လေယာဉ်ပေါ်မှာ အကြာကြီးထိုင်ပြီး အိပ်မပျော်နိုင်ရင် လမ်းထလျှောက်ပေးပါ။ လမ်းလျှောက်ပြီးမှ ပြန်အိပ်ပျော်ဖို့ ကြိုးစားပါ။ ဒါဟာ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုကို အထိုက်အလျောက် သက်သာစေနိုင်ပါတယ်။
 
Health

ဆေးလိပ် ဘယ်လိုဖြတ်ကြမလဲ

ဆေးလိပ် ဘယ်လိုဖြတ်ကြမလဲ

'ဆေးလိပ်ဖြတ်ရတာ လွယ်ပါ တယ်။ ကျွန်တော်ဆို အခါတစ်ရာ လောက်ဖြတ်ပြီးပြီ' ဟု မာ့စ်တွိန်းက ဆေးလိပ်ဖြတ်ရခက်ပုံကို သရော်ပြီး ပြောခဲ့ဖူးပါသည်။ ဆေးလိပ်ဖြတ်ရန် နည်း အမျိုးမျိုးရှိပါသည်။ သို့သော် ကျွမ်းကျင်သူအများဆုံးလက်ခံထားသည့် အချက်များမှာ ဆေးလိပ် ဖြတ်သည့် နည်းများအနက် တစ်မျိုးချင်းစီသုံးမည့် အစား နည်းလမ်းများအား ပူးပေါင်း အသုံးပြုခြင်းက ပို၍ အသုံးဝင်သည် ဟူသောအချက်ဖြစ်သည်။ ဥပမာ ဆေးလိပ်ဖြတ်ရာတွင်နီကိုတင်းအစားထိုး ပစ္စည်း များသုံးခြင်းတစ်မျိုးထဲထက် ကျွမ်းကျင်သူများနှင့်ဆွေးနွေးတိုင်ပင် ခြင်းနည်းဖြင့် ပေါင်းသုံးပါက ပို၍ အသုံးဝင်လေသည်။ ဆေးလိပ်ဖြတ် ရာတွင် လုပ်ဆောင်သင့်သောအရေး ကြီး အချက် များကို ဖော်ပြလိုက်ပါသည်။
၁။ ဘာလို့  ဆေးလိပ်ဖြတ်သင့်တယ်ဆိုတဲ့ ကိုယ်ပိုင်အကြောင်းပြချက်ကိုစာရင်း လုပ်ထားပါ။
၂။ စိတ်ဖိစီးမှုနည်းသည့်အချိန်မျိုးတွင် ဆေးလိပ်ဖြတ်ရန် ကြိုးစားပါ။
၃။ ဆေးလိပ်စဖြတ်မည့်နေ့ ကို သတ်မှတ်ပြီးလျှင် ဖြတ်ဖြစ်အောင် ဖြတ်ပါ။
၎။ ကိုယ့်ပတ်ဝန်းကျင်မှာ ဆေးလိပ် ဖြတ်ရာမှာ အမြဲသတိပေးနေမည့်သူ များ ထားရှိပါ။ ဥပမာ လုပ်ဖော်ကိုင် ဖက်သူငယ်ချင်း၊ မိသားစုများအား အကူအညီတောင်းထားပါ။
၅။ ဆေးလိပ်ဖြတ်ရာမှာ အကူအညီ ပေးနိုင်မည့်ဆေးများကို ဆရာဝန်နှင့် တိုင်ပင်၍ သုံးပါ။
၆။ ဆေးလိပ်နှင့်ဆေးရွက်ကြီးကင်းမဲ့ ဇုန်များ(ဥပမာရုပ်ရှင်ရုံ၊စာကြည့်တိုက်၊ ကဇာတ်ရုံ)သို့ သွား၍ ဆေးလိပ် သောက်ချင်စိတ်ကို ထိန်းပါ။
၇။ နေ့စဉ်လုပ်စရာရှိသည်များကို ဆေးလိပ် သောက်ချိန်မကျန်အောင် ကြိုတင်အစီအစဉ် ဆွဲထားပါ။
၈။ ဆေးလိပ်သောက်ရာတွင်သုံးသည့် အသုံးအဆောင်များအား အိမ်၊ ကား၊ အလုပ်ရုံးခန်းများမှ ဖယ်ထားပါ။
၉။ ပတ်ဝန်းကျင်မှ ကြုံတွေ့ လာနိုင် သည့်ပြဿနာများ၊ စိန်ခ်ါမှုများအား ဖြေရှင်း နိုင်ရန် ကြိုတင် ပြင်ဆင်ထားပါ။
ဥပမာ ဆေးလိပ်သောက်တတ်သူများ နှင့်အပြင်ထွက်လျှင်မည်ကဲ့သို့ငြင်းမည် ကို ကြိုပြင်ထားပါ။
၁ဝ။ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့် ခန်းလုပ်ခြင်းက သင့်ကျန်းမာရေးကို ပိုကောင်းစေရုံသာမက ဆေးလိပ်ဖြတ် ရာမှာလည်း အကူအညီပေးပါတယ်။ ဥပမာ ရေကူးရင်း ပြေးရင်း ဆေးလိပ် သောက်လို့မရပါဘူး။
၁၁။ လက်ကို အအားမနေပါစေနဲ့။ လုပ်စရာမရှိဘူးဆိုရင်တောင် လက်မှု လုပ်ငန်းတွေဖြစ်တဲ့၊ ဥယျာဉ်စိုက်ခြင်း၊ လက်သမားအလုပ်စတာတွေ လုပ်နေ သင့်ပါတယ်။အဲဒီလိုမဟုတ်ရင်တောင် အပ်ချုပ်နေခြင်း၊ စာလုံးဆက်ခြင်းစတဲ့ ကစားနည်းမျိုးတွေလုပ်နေသင့်ပါတယ်။
၁၂။ဆေးလိပ်ဖြတ်ရင်း 'ယင်း'ထသကဲ့ သို့ ကြုံတိုင်း 4D ကို လေ့ကျင့်ထားပါ။ 4D ဆိုတာ (၁) Delay (အချိန်ဆွဲပါ)
'ယင်း'ထလာလျှင် ခံနိုင်ရည်ရှိရန် တစ်နေ့ နည်းနည်းအချိန်ဆွဲပြီး ခံနိုင် ရည်ရှိရန် ကြိုးစားပါ။ (၂) Drink water (ရေသောက်ပါ) ရေသောက် ခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ် တွေကို အပြင်ထွက်စေရုံသာမက လက်နဲ့ပါးစပ်ကိုလည်း အလုပ်များစေ ပါတယ်။
(၃) Distract yourself (ကိုယ့်ကိုယ် ကို စိတ်ပြောင်းရန် ကြိုးစားပါ)အမြဲ တက်ကြွအောင်နေပါ။တစ်ခုခုကိုအမြဲ လုပ်နေပါ။
(၄) Deep breathing (အသက်ပြင်း ပြင်းရှုပါ)
၁၃။ နောက်ဆုံးအနေနဲ့အရေးကြီးဆုံး အချက်ကတော့ ဘယ်တော့မှအရှုံးမ ပေးပါနဲ့။ ဆေးလိပ် ဖြတ်တယ်ဆိုတာ စက်ဘီးစီးသင်ရသလိုပါပဲ ပြုတ်ကျ မယ်၊ ပြန်တက်မယ်။ ဒီလိုနဲ့ ကြိုးစား ရတာပါပဲ။ ဆေးလိပ်စဖြတ်စဉ်မှာ ဆိုး ဝါးတဲ့နေ့တွေ ကြုံရနိုင်ပါတယ်။ ဒါပေ မယ့် ကောင်း တဲ့နေ့ တွေ က အဲဒီဆိုးဝါး တဲ့နေ့တွေပြီးရင် ရောက်လာတော့ မယ်ဆိုတာ မမေ့ပါနဲ့။

အဝင်း
Ref:MNT
Health Updates Journal
Vol-1,No-46

Wednesday, January 9, 2013

ကမ္ဘာ့ အကြီးဆုံး မိုးလုံလေလုံ အပန်းဖြေ ကစားကွင်း

Ferrari World လို့ အမည်ရတဲ့ အပန်းဖြေ ကစားကွင်း ဖြစ်ပြီး ကမ္ဘာ့ အကြီးဆုံး အပန်းဖြေ ကစားကွင်း လို့လည်း စံချိန် တင်ထား ပါတယ်။

တည်နေရာ ကတော့ အာရပ် ဇော်ဘွားနိုင်ငံ၊ အဘူဒါဘီ မြို့ က Yas ကျွန်းပေါ်မှာ ဖြစ်ပါတယ်။ အမိုးနဲ့တင် စုစုပေါင်း ဧရီယာက စတုရန်း ၂သိန်း မီတာ ကျယ်ဝန်း ပါတယ်။ အမြင့်ပေ ၁၆၄ ပေ ဝန်းကျင်လောက် အမြင့် ကနေ ဖုံးအုပ် ထားပေးတာ ဖြစ်ပါတယ်။ အထဲမှာ တစ်နာရီမိုင် ၁၅၀ ကျော်ပြေးတဲ့ ကမ္ဘာ့ အမြန်ဆုံး ရိုလာကို စတာလည်း ရှိပါတယ်။ အခြားသော အပန်းဖြေ ကစားကွင်း များလည်း ရှိပါတယ်။

အီတလီ အခြေဆိုက် Ferrari ပြိုင်ကားထုတ် ကုမ္မဏီက တည်ဆောက် ထားခြင်း ဖြစ်ပြီး Ferrari ကုန်အမှတ် တံဆိပ်ကို လူသိများ စေတဲ့ အခြား ကြော်ငြာ နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် နှောင်းပိုင်းက စဆောက်ပေမယ့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ လောက်မှ စတင် ဖွင့်လှစ် နိုင်ခဲ့ ပါတယ်။
အထဲမှာ Ferrari ကုမ္မဏီရဲ့  နာမည်ကြီး ကားများကို ပြသထား တဲ့ ပြတိုက် လည်း ရှိပါတယ်။ Ferrari World ရဲ့ တည်ဆောက်မှု ပုံစံဟာ ယခုလို သားသား နားနား ရှိနေတာကိုလည်း မြင်တွေ့ရပါတယ်။

Ref : Yoyarlay
http://www.myawady.com.mm/tech/globaltechnews/item/3933

မျက်ကပ်မှန် တပ်ဆင် အသုံးပြုသူများ အတွက်

မျက်ကပ်မှန် တပ်ဆင် အသုံးပြုသူများ အတွက်   .............

မျက်စိပိုးဝင်မှုနဲ့ ထိခိုက်ဒဏ်ရာရခြင်း မဖြစ်အောင် ကာကွယ်ပါ။ အထူးသဖြင့် မျက်ကပ်မှန် တပ်ဆင်နေသူတွေ အနေနဲ့ ဂရုစိုက်ဖို့ အချိန်ပေးသင့်ပါတယ်။အချိန်မရဘူး လောလောတော့ မလုပ်သင့်ဘူးဆိုတာ အထူးသတိချပ်သည်ပါတယ် ။

ဆောင်ရန်
- မျက်စိပြဿနာ ရှိ၊ မရှိ သိအောင် ခြောက်လတစ်ကြိမ် မျက်စိအထူးကု ဆရာဝန်ဆီ သွားပါ။
- မျက်ကပ်မှန် တပ်ဆင်သူတိုင်း လိုက်နာသင့်တဲ့ ညွှန်ကြားချက်တွေကို လိုက်နာပါ။ 
- မျက်စိဆရာဝန် ညွှန်ကြားတဲ့ မျက်ကပ်မှန်ဆေးရည်နဲ့ မျက်စဉ်းဆေးကိုသာ သုံးပါ။
- မျက်ကပ်မှန်တပ်ဆင်ပြီး အမြင်အာရုံ ပြောင်းလဲလာရင်၊ မျက်စိနီရဲ လာရင်၊ မျက်စိနာကျင်ကာ မသက်မသာ ခံစားရရင်၊ မျက်ရည်ကျနေရင် မျက်ကပ်မှန်ကို ဖြုတ်ပြီး ဆရာဝန်နဲ့ ချက်ချင်းပြပါ။ 
- မျက်ကပ်မှန်ကို မထိတွေ့ခင် လက်တွေကို စင်ကြယ်အောင် သေချာဆေးကြော သန့်စင်ပါ။ 
- သုံးပြီးတဲ့ မျက်ကပ်မှန်တွေကို သေချာဆေးကြောပြီး မျက်ကပ်မှန် ဆေးရည်ထဲ ထည့်စိမ်ပါ။ 
- ခြောက်လကြာတိုင်း၊ မျက်ကပ်မှန် ထည့်တဲ့ဘူးကို အသစ်လဲလှယ် အသုံးပြုပါ။

ရှောင်ရန် 
- မျက်ကပ်မှန်ကို တံတွေးဆွတ်ပြီး ဘယ်တော့မှ မသုံးပါနဲ့။ 
- မျက်ကပ်မှန်ကို ရိုးရိုးရေ၊ ဆားရည်စတာတွေနဲ့ မဆေးကြောပါနဲ့။ ရေကူးတဲ့ အခါနဲ့ ရေချိုးတဲ့အခါ မျက်ကပ်မှန် မတပ်ပါနဲ့။ 
- ညအိပ်တဲ့ အခါနဲ့ တစ်ရေးအိပ်တဲ့ အခါတွေမှာ မျက်ကပ်မှန်ကို မတပ်ပါနဲ့ 
- ဆရာဝန်ညွှန်ကြားတဲ့ အချိန်အတိုင်းအတာ အတွင်းမှာသာ မျက်ကပ်မှန်ကို တပ်ဆင်အသုံးပြုပါ။
အမ

Viber ကို PC ကနေ ခေါ်မယ်

Viber ကို PC ကနေ ခေါ်မယ်

အခုနောက်ပိုင်း ခေတ်စားနေတယ်နော် ။ ခေတ်နောက်ကျမကျန်ခဲ့လေအောင် သုံးကြစို့။ အဆင်ပြေတယ်ဗျာတကယ်။ ကျွန်တော် ဖေ့ဘွတ်မှာတွေ့လို့ ပြန်ရှယ်လိုက် ပါတယ်။ မြန်မာနိုင်ငံမှာလည်း သုံးလို့ရတယ်လို့ သူငယ်ချင်းကပြောပါတယ်။

... ဖုန်းမရှိလို့ PC ကနေပဲ viber သုံးချင်သူများအတွက်ပါ။အရင်ဆုံး Bluestacks ကိုဒေါင်းထားလိုက်ပါ။

Code:
Bluestacks Download

ပြီးရင်အောက်က link မှာ video tutorial နဲ့ အဆင့်လိုက်ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြထားပါတယ်

Code:
How To Run Viber For PC

ကျွန်တော်အကြမ်းဖျဉ်းပြောပြသွားပါမယ်....

bluestacks ကို run ပြီးသွားရင် bluestacks ရဲ့ search box မှာ viber လို့ရိုက်ရှာလိုက်...အဲ့ဒါဆိုရင် viber ကိုတွေ့လိမ့်မယ်...ပြီးရင် viber ကို run လိုက်ပါ... ပြီးတာနဲ့ဖုန်းနံပါတ်တောင်းလိမ့်မယ်...အဲ့ဒီဖုန်းနံပါတ်ဆီကို message တစ်စောင် code နံပါတ်ပေးဖို့ရောက်လာလိမ့်မယ်... အဲ့ဒီ code ကို ထည့်ပေးလိုက်...ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ ဖုန်းကို viber to viber ခေါ်ဆိုနိုင်ပါပြီ။

အေးချမ်းမွန်မှ   Zaw Win  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
 
အေးချမ်းမွန်မှ Zaw Win တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်..

ကြောင်မွေးမယ်ဆိုရင် ကာကွယ်ဆေးထိုးဖို့ မမေ့ပါနဲ့

လူတွေမှာ ရောဂါပိုးကူးစက် ခံရခြင်းမှ ကင်းဝေးဖို့ ကာ ကွယ်ဆေးများ ထိုးနိုင်သလို၊ ကြောင်လေးတွေ အတွက်လည်း ကူးစက်တတ်တဲ့ တစ်ခါတစ်ရံမှာ အသက် အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ ရောဂါတွေ ကင်းရှင်းအောင် ကာကွယ်ဆေး ထိုးပေးရပါမယ်။ ကာကွယ်ဆေး ထိုးခြင်းဖြင့် ကာကွယ်နိုင်တဲ့ ရောဂါ တွေကတော့ ခွေးရူးရောဂါ၊ Feline Distemper၊ ကြောင်တွင် ဖြစ်တတ်သော သွေးအားနည်းရောဂါ၊ အသက်ရှူ လမ်းကြောင်းအပေါ်ပိုင်း ရောဂါပိုးဝင်ခြင်း တို့ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရောဂါ ကူးစက်နိုင်ခြေ ဟာ ကြောင်ရဲ့ နေထိုင်မှုပုံစံ၊ နေထိုင်သည့် ပတ်ဝန်း ကျင်ပေါ်လည်း မူတည်နေတာကြောင့် ကာကွယ်ဆေး အာနိသင် အပြည့်အဝရရှိဖို့ တိရစ္ဆာန် ဆေးကုဆရာဝန် နှင့် သေချာတိုင်ပင် သင့်ပါတယ်။

ကြောင်လေးဖျားနေပြီလား
ကြောင်တွေဟာ နေမကောင်း ခြင်းကို လျှို့ဝှက်တဲ့နေရာမှာ သိပ် တော်ပါတယ်။ ဒါပေမယ့် ကြောင်လေး နေမကောင်းဖြစ်နေတာကို သခင် အနေနဲ့ သိရှိနိုင်တဲ့အချက်တွေတော့ ရှိပါတယ်။ ရေမသောက်၊ အစာမစား ခြင်း၊ မောဟိုက်ခြင်း၊ ပုံမှန်ထက် ပို အိပ်စက်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေ ခြင်း၊ အန်ခြင်း၊ ကိုယ်အလေးချိန်ကျ လာခြင်း စတဲ့လက္ခဏာတွေကို နေ မကောင်းတဲ့ကြောင်လေးမှာ တွေ့ရ တတ်ပါတယ်။ အဲဒီလိုမျိုး လက္ခဏာတွေ လုံးဝမပြဘူးဆိုရင်တောင် သင့်ရဲ့အဖော်လေးဟာ အရင်လို ပွတ်သီးပွတ်သပ်လုပ်ဖို့ စိတ်မပါဘူး ဆိုတာနဲ့ အန္တရာယ်ကင်းအောင် တိရစ္ဆာန်ဆေးကု ဆရာဝန်ကိုသာ ဆက်သွယ်ပါတော့။ သင့်အိမ်မှာ အသုံးပြုနေတဲ့ လူသောက်တဲ့ ဆေးဝါး တွေကိုတော့ နေမကောင်းတဲ့ ကြောင်လေးအား လုံးဝမတိုက်ပါနဲ့။ ဆေးဝါးတွေဟာ ကြောင်လေးများကို သေစေနိုင်ပါတယ်။

တိရစ္ဆာန်ဆေးကုဆရာဝန် ရွေးချယ်ခြင်း
အိမ်မွေးတိရစ္ဆာန်မွေးထားတဲ့ သခင်တိုင်းအတွက် ဆွေးနွေးတိုင်ပင်မယ့် တိရစ္ဆာန်ဆေးကုဆရာဝန်တစ် ယောက်ကတော့ လိုအပ်ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ တိရစ္ဆာန် ဆေးကုဆရာဝန်ကို ရှာဖွေဖို့အတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုက တော့ သင်ယုံကြည်ရတဲ့ လူတွေရဲ့ ထောက်ခံချက်ကိုမေးမြန်းပြီး သူတို့က ကောင်းတယ်ဆိုပြီး ညွှန်တဲ့ ဆရာဝန် များထဲမှ ရွေးချယ်ဖို့ပါပဲ။ ဖြစ်နိုင်ရင် ဆေးခန်းတစ်ခန်းစီကို သွားရောက် လေ့လာကြည့်ပါ။ ဆေးခန်းဟာ သပ် သပ်ရပ်ရပ်ရှိရဲ့လား၊ အနံ့ကင်းရဲ့လား၊ သန့်ရှင်းရဲ့လား ကြည့်ပါ။ ဆရာဝန် အနေနဲ့ သင်ပြောပြတာကိုရော နား ထောင်ရဲ့လား၊ ဂရုစိုက်ရဲ့လား။ ကိုယ် ပိုင်မိသားစု ဆရာဝန်ကိုရွေးချယ်သလို သင့်မှာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ လိုအပ်ပါက ဆေးခန်းပြောင်း သင့်ရင် ပြောင်းပါ။

ကြီးထွားနှုန်း မြန်ကြတယ်
ကလေးတွေလိုပဲ ကြောင်ပေါက်စ လေးတွေဟာ သင့်ရဲ့မျက်စိရှေ့မှာပဲ ကြီးထွားလာကြတာ၊ သင်မသိလိုက် ခင်မှာပဲ သူတို့လေးတွေဟာ အပြင် ဘက်လောကကြီးကို သတ္တိရှိစွာ စူးစမ်း နေကြပါပြီ။ အဲဒီတော့ သူတို့တွေ ကြီးထွားနေစဉ် တစ်လျှောက်လုံး မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အချိန်တိုင်းကို ပျော်ရွှင်စွာ ခံစားကြည့်ပါ။ ကြောင်ပေါက်စလေး ကနေသင့်အတွက် အဖော်ရတဲ့ ကြောင်ကြီးဖြစ်လာအောင် သင် ဘယ်လောက်ဂရုစိုက်ခဲ့ ရသလဲဆိုတာကို သင့်အနေနဲ့ အားပါးတရ ခံစားကြည့်လိုက်ပါ။

ဇင်မာမြင့်

အေးချမ်းမွန်မှ HEALTH DIGEST တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်..

အထပ် ၃၀ ဟိုတယ်ကို တရုတ်တို့ ၁၅ ရက်နှင့် အပြီးဆောက်

အထပ် ၃၀ ဟိုတယ်ကို တရုတ်တို့ ၁၅ ရက်နှင့် အပြီးဆောက်

တရုတ်ပြည်၊ Hunan ပြည်နယ်၊ Dongting lake အနီးမှာ ရှိတဲ့ အထပ်မြင့် ဟိုတယ် တစ်ခု ဖြစ်ပါတယ်။

တည်ဆောက်တဲ့အဖွဲ့ကတော့ Broad Group ဖြစ်ပြီ အားလုံး ပြီးစီးဖို့ ၁၅ ရက်ပဲ ကြာပါတယ်။ နာရီနဲ့တွက်ရင် နာရီပေါင်း ၃၆၀ ပဲ ကြာပါတယ်။ အချိန်တိုအတွင်း ရရှိတဲ့ လူအင်အား၊ ငွေအင်အား၊ ကုန်ကြမ်းကို ခပ်မြန်မြန် အသုံးပြုလို့ တည်ဆောက်လိုက်ခြင်း ဖြစ်ပါတယ်။ တစ်ရက်ကို ၂ ထပ်နှုန်းနဲ့ အပေါ်တက်သွားတာ ဆိုတော့ အံ့မခန့်ပါပဲ။ တစ်ရက်ကို ၂ ထပ်တောင် မပါဘူး။ ဖောင်ဒေးရှင်းအတွက်လည်း အချိန်ပေးရသေးတော့ အပေါ် ပိုင်း တည်ဆောက်မှုက အတော်လေး မြန်ပုံရပါတယ်။

နေ့မအား၊ ညမအားကို တည်ဆောက်ပြီး ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဟိုတယ်ကြီး ဖြစ်သွားပါတယ်။ ကြံ့ ခိုင်မှု အပိုင်းကိုလည်း သေချာ စစ်ဆေးထားပြီး မြေငလျင် မဂ္ဂနီကျု အဆင့် ၉ လောက်ထိကို ခံနိုင်ရည် ရှိတယ်လို့ အတည်ပြုပေးထားပါတယ်။

ဒီတော့ အဆင့်မှီ အဆောက်အအုံ တစ်ခုပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ၁၅ ရက်နဲ့ အထပ် ၃၀ ဟိုတယ် တစ်ခုဆောက်လိုက်တာတော့ မြင်ရသူ အတွက် အံ့သြစရာ အဖြစ် ကျန်ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: asia-weird
ရိုးရာလေး သတင်း
YoYarLay

ညညချောင်းဆိုးရင်

လည်ချောင်းယားပြီး ချောင်းဆိုးခြင်းဟာ နေ့ခင်းဘက် မှာ ထိုင်လိုက်၊ ရပ်လိုက်မို့ မသိသာပေမယ့် အိပ်ရာထဲ ခန္ဓာကိုယ်ကြီးကို လှဲချပြီး အိပ်လိုက်တဲ့အခါ တစ်နေကုန် ပင်ပန်းပြီမို့ အိပ်ချင်တဲ့စိတ်က ကြီးစိုးနေပါ တယ်။ ဒါပေမယ့် အချိန်မတော် တစ်ရေးနိုးထပြီး ချောင်းတဟွတ်ဟွတ်ဆိုး၊ ပြန်မအိပ်နိုင် ဖြစ်နေရတာ ကသိကအောက် ဖြစ်လှပြီး သူများတွေ အိပ်ကောင်း ချိန်မှာ ကိုယ်တစ်ယောက်တည်း မအိပ်နိုင်တဲ့အပြင် ချောင်းသံပေး အနှောင့်အယှက် ဖြစ်စေတာဟာ အဆိုးဝါးဆုံးလို့ ခံစားရမှာပါ။ ညညချောင်းဆိုးတာဟာ အလွန်စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။ ည မအိပ်ခင် လည်ချောင်းမယားအောင်၊ ကသိကအောက် မဖြစ်အောင် လုပ်ပေးနိုင်မယ် ဆိုရင်တော့ ဒီပြဿနာ ပြေလည်သွားနိုင်မှာ ဖြစ်တယ်။ အောက်ဖော်ပြပါ အချက် ၈ ချက်က သင့်ပြဿနာကို အလွယ်တကူ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်-

(၁) မအိပ်ခင် ရေနွေးကြမ်းပူပူလေးထဲ ပျားရည်ထည့်သောက်ပါ (နွယ်မျက်သစ်ပင် ဆေးဖက်ဝင်သတဲ့)
မအိပ်ခင် လည်ချောင်းထဲရှိ ချွဲတွေ ရှင်းနေစေရန် ရေနွေးကြမ်းပူပူ လေးထဲကို ပျားရည်ထည့်သောက် ပေးပါ။ လက်ဖက်လို ကဖင်းပါတာကို မသောက်ချင်ဘူးဆိုရင် ပူဒီနာလို မွှေးမြမြ ရနံ့ကောင်းတဲ့အရွက်လေး သောက်၊ ဒါမှမဟုတ် ပင်စိမ်းရွက်လေး တွေဖြစ်စေ ခတ်သောက်ပေးနိုင်ပါ တယ်။ ၄င်း ပူဒီနာရွက်နဲ့ ပင်စိမ်းရွက် လေးတွေဟာ ခံတွင်းရှင်းစေသလို၊ လည်ချောင်း တစ်လျှောက်ရှိ ကလာပ် စည်းများထဲမှ ချွဲတွေကင်းစင်သွား အောင်လည်း ကူညီပေးနိုင်ပါတယ်။ ပျားရည်ကတော့ အရောင်အရမ်း လျော့ကျစေကာ ချွဲသလိပ်တွေ ကြေ စေပါတယ်။ ဘာမှမရှိရင်တောင် ရေနွေး ပူပူလေးထဲကို ဆားခတ်ပြီး ပလုတ် ကျင်းပေးပါက အရောင်အရမ်းကျစေလို့ အသက်ရှူ လမ်းတစ်လျှောက် ချွဲတွေ ဖြိုခွဲပစ်နိုင်ပါတယ်။ ပူဒီနာရွက် သို့မဟုတ် ပင်စိမ်းရွက်ကို ဝါးစားနိုင် ပါက ပိုပြီးအိပ်ပျော်စေနိုင်တဲ့ သတ္တိရှိလို့ အိပ်ရေးမပျက်စေနိုင်ပါ။ ချောင်းဆိုးလည်း သက်သာ၊ အိပ်လို့လည်း ကောင်းစေပါတယ်။

(၂) အနေအထားလေး ပြောင်းအိပ်ကြည့်ရအောင်
အိပ်ပျော်နေစဉ် ချောင်းဆိုးရ ခြင်းဟာ ကမ္ဘာမြေကြီးဆွဲငင်အား ကြောင့်ဖြစ်တယ်။ လှဲပြီးကျောချအိပ် လိုက်တဲ့အခါ နှာခေါင်း အနောက်ဘက် ထဲက အရည်တွေဟာ လည်ချောင်းထဲ ပြန်စီးဝင်လာတော့ လည်ချောင်းကို ကသိကအောက်ဖြစ်စေပါတယ်။ ဒါကြောင့် အိပ်လို့ကောင်းချိန်ရောက်မှ ချောင်းထ ဆိုးရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဆွဲငင်အားကို ဆန့် ကျင်ဖို့ နောက်ကြောမှာ ခေါင်းအုံး တွေထား၍မှီပြီး ခြေဆင်းထိုင်သည့် အနေအထားပြောင်းလိုက်ပါ။ ပြီးရင် အနားယူအိပ်စက်ပါ။ တချို့သောသူတွေမှာ စားချဥ့် ပြန်ရောဂါရှိပါက ညအိပ်တဲ့အခါ ခုတင် ခေါင်းရင်းနိမ့်ပါက အစာအိမ်ထဲက အက်စစ်ဓာတ်တွေဟာ လည်ချောင်း ဘက်ပြန် စီးဝင်လာတတ်လို့ ညမှာ ချောင်းထဆိုးတတ်တယ်။ ဒါကြောင့် ခုတင်ခေါင်းရင်းဘက်ကို ၄ လက်မလောက် ပိုမြင့်အောင် ခုတင် ခေါင်းရင်း ဘက်ကခြေထောက်မှာ သစ်သားတုံး များထားပြီး ခြေရင်းထက် မြင့်အောင် လုပ်ပေးထားပါ။

(၃) ရေနွေးငွေ့ သုံးရင်သတိထားသုံးစွဲပါ
ခြောက်သွေ့တဲ့လေဟာ ချောင်း ပိုဆိုးစေပါတယ်။ ဒါကြောင့် ညအိပ်ရာ မဝင်ခင် ကြက်သီးနွေးရေဖြင့် ရေချိုး ပြီးမှ အိပ်ပါ။ ဒါမှမဟုတ် ရေနွေးငွေ့ ရေချိုးခန်းရှိရင်လည်း မအိပ်ခင် အဲဒီမှာ သွားထိုင်ခြင်းဖြင့် ချောင်းဆိုးသက်သာ စေနိုင်ပါတယ်။ ဒါပေမယ့်ရင်ကျပ်ပန်းနာ ရှိသူဆိုရင်တော့ ရေနွေးငွေ့ရေချိုးခန်း မှာထိုင်ရင်ပိုရင်ကျပ်သွားစေနိုင်တယ်။

(၄) စိုထိုင်းထိုင်းဆကို သတိထားပါ
ပတ်ဝန်းကျင်လေထု ခြောက်သွေ့ပါက လေထုစိုထိုင်းဆများအောင် လုပ်ပေးနိုင်တဲ့ စက်လေးတွေ ဖွင့် ထားခြင်းဖြင့် ချောင်း မဆိုးအောင် ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် စိုထိုင်းဆ အလွန်များရင်လည်း ချောင်းဆိုးစေနိုင်လို့ ချိန်ဆကြည့်ဖို့တော့ လိုတယ်။ လေထု စိုစွတ်စိုထိုင်းလာတော့ အမှိုက်တွေ၊ မှိုစတွေဖြစ်လာပြီး ဓာတ်မတည့်ဖြစ်တတ်တယ်။ အဲဒီအခါ ချောင်းဆိုးနိုင်ပြန် တယ်။ စိုထိုင်းဆကို ၄၀ ရာခိုင်နှုန်း- ၅၀ ရာခိုင်နှုန်း လောက် ထိန်းထားနိုင်ရင် OK တယ်။ ဟိုက်ဒရိုမီတာ တစ်ချောင်းဝယ်ထားပြီး တိုင်းနိုင်ပါတယ်။ ဈေးလည်းမကြီးပါ။

(၅) အိပ်ရာကို သန့်ရှင်းအောင်ထားပါ
အိပ်ရာဝင်မှ ချောင်းဆိုးစပြုတယ် ဆိုရင် အိပ်ရာမသန့်လို့လားဆိုတာ သတိထားရပါတယ်။ အိပ်ရာခင်း၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ အိပ်ရာဖုံး စသည်တို့ကို တစ်ပတ်တစ်ခါ နေပူ လှန်းတန်လှန်း၊ ဆပ်ပြာနဲ့ လျှော်တန် လျှော်ရပါမယ်။ လျှော်ပြီးရင် နေပူထဲမှာ ခြောက်အောင်လှန်း၊ မီးပူထိုးပြီးမှ သုံးပါ။ ခုတင်မှာ ဖုန်တွေရှိနေရင်လည်း သန့်ရှင်းပေးပါ။

(၆) အိပ်ရာနံဘေး အဆင်သင့် ထားရမယ့်ပစ္စည်းများ
အိပ်ရာဘေးမှာ ရေသန့်တစ်ပုလင်း၊ ဖန်ခွက်၁ခွက်၊ ချောင်းဆိုးပျောက် ဆေးရည်၊ ငုံဆေးပြား၊ တစ်သျှူး၊ လက်သုတ်ပဝါ စသည်ဖြင့် လိုအပ်တဲ့ ပစ္စည်းလေးတွေ အဆင်သင့် (ရှာနေ စရာမလိုရအောင်) ထားပေးခြင်းဖြင့် ညဘက်ချောင်းဆိုးတဲ့အခါ အလွယ် တကူ လုပ်စရာရှိတာ လုပ်နိုင်ပါတယ်။

(၇) ဆေးဝါးတွေလည်း စဉ်းစားထားပါ
အလွယ်တကူ ဝယ်နိုင်တဲ့ ချောင်းဆိုးသက်သာစေတဲ့ ဆေးတွေကလည်း ကူညီနိုင်ပါတယ်။ ချွဲပျော်ဆေးက ရင်ချောင်စေတယ်။ ချောင်းဆိုး ပျောက်ဆေးက ချောင်းဆိုးသက်သာ မယ်။ ရင်ကျပ်ရင်တော့ ရင်ချောင် ဆေးဝယ်သောက်ရမယ်။

(၈) ဆရာဝန်နှင့် ပြသပါ
ချောင်းဆိုးတာ ၂ ပတ်ကျော် လာလို့မှ မသက်သာရင် သို့မဟုတ် နေရထိုင်ရခက်ခဲပြီး ပိုဆိုးဝါးလာတယ်ထင်ရင် ဆရာဝန်နှင့် ပြသစစ်ဆေးမှု၊ ကုသမှုခံယူပါ။ ချောင်းဆိုးနေပြီဆိုရင် အဲဒီလူမှာ ကျန်းမာရေးပြဿနာ တစ်ခု ရှိနေပြီဆိုတာ သိထားဖို့ လိုပါတယ်။

ဒေါက်တာရည်ညွန့်မေ

အေးချမ်းမွန်မှ HEALTH DIGEST 

လမ်းဘယ်လောက်ကြမ်းကြမ်း အံ့ကိုက်ဖြစ်မယ့် ကားတာယာ

လမ်းဘယ်လောက်ကြမ်းကြမ်း အံ့ကိုက်ဖြစ်မယ့် ကားတာယာ

အမေရိကန်မှာ ကျင်းပတဲ့ တောင်ကိုရီးယား Hankook Tire ရဲ့  တာယာ ဒီဇိုင်း ပြိုင်ပွဲမှာ ဆုရသွားသော တာယာအမျိုးအစား ဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံ၊ University of Cincinnati မှ ကျောင်းသား Ben Zavala ဦးဆောင်လို့ ကြိုးစားဖန်တီးထားတဲ့ လေမလို တာယာ ဖြစ် ပါတယ်။ ပြိုင်ကားနဲ့ လမ်းချောမှာ အသုံးပြုဖို့အတွက် အဆင်ပြေ သလို ကျောက်တောင် ၊ကျောက်ခဲ ပေါများတဲ့ လမ်းမှာ လည်း ပျော့ပျော့ပြောင်းပြောင်းနဲ့ အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။ 

ယင်း တာယာ အတွက် အသုံးပြုမ့ယ် ကုန်ကြမ်းကလည်း အဆင်သင့် ရှိတဲ့အတွက် ယနေ့ လက်ရှိ အသုံးပြုနေတဲ့ တာယာတွေနေရာမှာ အစား ထိုးနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း လေလည်း ထည့်သွင်းအသုံးပြုစရာ မလိုပါဘူး။ အကြမ်း ခံပြီး ပျော့ပျောင်းသွားအောင် ဓာတုဓာတ်ပေါင်းများရောစပ်လို့ တာယာ ဘီးဖြစ်အောင် တစ်ခါတည်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ 

အောက်ပါလခ့်မှာ Hankook ရဲ့  Airless တာယာ ဗီဒီယိုကို ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ 

http://youtu.be/7Zu7GVfx6Ng

International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_9.html

မြ၀တီ

Monday, January 7, 2013

အင်္ဂလိပ်စာ လေ့လာနည်းအဖြာဖြာ

အင်္ဂလိပ်စာ လေ့လာနည်းအဖြာဖြာ
Wednesday, 02 January 2013
Written by ကိုကိုနိုင် 
မောက္ခ
----------------------------------------------------------
သင်ယူခြင်းဆိုတာ အနုပညာတစ်ခုပါ။ လေ့လာတယ်လို့သာပြောတယ်၊ တွေ့ကရာလျှောက်ဖတ်၊ လုပ်ချင်တိုင်း လုပ်နေလို့ကတော့ ပန်းတိုင်နဲ့ အလှမ်းဝေးနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ အင်္ဂလိပ်စာသင်ကြားနေတဲ့ ၀ါရင့်ဆရာတွေရဲ့ လမ်းညွှန်ချက်တွေကို စုပေါင်းဖော်ပြလိုက်ပါတယ်။ 

သင်ယူမှုထိရောက်အောင် သိထားသင့်တာတွေက

-       ကိုယ့်ကိုယ်ကို သိပါ

-       ကိုယ့်သင်ယူလေ့လာနိုင်စွမ်းကို သိပါ

-       ယခင်လုပ်ဆောင်အောင်မြင်ခဲ့ဖူးတဲ့နည်းလမ်းတွေကို သိပါ

-       ဘာကိုသိချင်၊ တတ်ချင်၊ လေ့လာချင်ဆိုတာ သိပါ 

ကိုယ့်ကိုယ်ကို လှုံ့ဆော်ပေး

ကိုယ်တိုင်က အင်္ဂလိပ်စာကို စိတ်မ၀င်စားရင် တိုးတက်လာမှာလည်း မဟုတ်ဘူး။ စိတ်ပျက်ပြီး ဘေးထွက်ထိုင် ရင် ပိုဆိုးသွားလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်မေးကြည့်ပါ။ အရိုးသားဆုံးဖြေကြည့်ပါ။

-       ဘာကြောင့် အင်္ဂလိပ်စာကို လေ့လာချင်တာလဲ

-       ဘာကြောင့် အင်္ဂလိပ်စာတတ်ချင်တာလဲ

-       အင်္ဂလိပ်စာတတ်ရင် ဘယ်နေရာမှာ အသုံးချမှာလဲ

-       အင်္ဂလိပ်စာရဲ့ ဘယ်အပိုင်းကို လေ့လာချင်တာလဲ (Reading/Writing/Listening/Speaking)

-       ဘယ်လောက်ကြာကြာလေ့လာမှာလဲ

-       အချိန်ဘယ်လောက်ပေးနိုင်သလဲ

-       ငွေဘယ်လောက် အကုန်ခံနိုင်သလဲ

-       စီမံချက် သို့မဟုတ် နည်းစနစ်တွေရှိသလား 

လမ်းဆုံးအောင်လျှောက်

အင်္ဂလိပ်စာလေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုပါတော့ ပထမဦးဆုံး ကိုယ့်ကိုယ်ကို မေးရမှာက “အချိန် ဘယ်လောက်ပေးနိုင်သလဲ” ဆိုတာပဲ။ တစ်နေ့ကို အချိန်နည်းနည်းပဲပေး နေ့တိုင်းလေ့လာတာ ပိုကောင်းတယ်။  တစ်ပတ်တစ်ရက်တို့၊ တစ်ပတ်နှစ်ရက်တို့ပဲ အချိန်ရတယ်ဆိုတာကိုတော့ အားမပေးချင်ဘူး။ ဆိုလိုချင်တာက နေ့စဉ် ကိုယ်တိုင်လည်း ကြုံသလိုလေ့လာလို့ရပါလျက် တစ်ပတ်မှတစ်ရက်လောက် စာလာကျက်တာမျိုးကို တော့ ရေရှည်လုပ်ငန်းကြီးဖြစ်နိုင်လို့ အားမပေးချင်ဘူးပြောရတာ။ နောက်ပြီး ရက်တိုသင်တန်းလိုဟာမျိုး တစ်ပတ်ဆက်တိုက်တက်တာက တစ်ပတ်မှာ တစ်ရက်၊ ၆ လသင်တန်းဆိုတာမျိုးထက် ပိုကောင်းတယ်လို့ ခံယူ ထားပါ။ 

ကိုယ်တိုင်လုပ်နိုင်တာတွေ

-       အင်္ဂလိပ်စာသင်တန်းတက်ပါ (ပုံမှန်သင်တန်းမျိုးကိုရွေးချယ်ပါ)

-       အိမ်စာတွေကို မှန်မှန်လုပ်နိုင်အောင် ကြိုးစားပါ

-       တစ်လကို အင်္ဂလိပ်စာအုပ် အနည်းဆုံးတစ်အုပ်ဖတ်နိုင်အောင် ကြိုးစားပါ

-       နေ့စဉ် အင်္ဂလိပ်စာလုံး အသစ်အဆန်းတွေကို တစ်လုံးလောက်ဖြစ်ဖြစ်လေ့လာပါ

-       အင်္ဂလိပ်စကားပြော နေ့တိုင်းလေ့ကျင့်နိုင်အောင်ကြိုးစားပါ

-       အင်တာနက်ပေါ်တက်ပြီး အင်္ဂလိပ်လိုရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်၊ သတင်းတစ်ပုဒ်လောက် ဖြစ်ဖြစ် နေ့စဉ်ဖတ်ပါ

-       နေ့စဉ် အင်္ဂလိပ်ပိုင်းအစီအစဉ်ဖြစ်စေ၊ အင်္ဂလိပ်လိုစကားပြောကိုဖြစ်စေ ၁၀ မိနစ်ခန့်နားထောင်ဖို့ အချိန်ပေးပါ။

-       တစ်လကို အင်္ဂလိပ်ရုပ်ရှင် (အင်္ဂလိပ်စာတန်ထိုး) အနည်းဆုံးတစ်ကြိမ်လောက်ကြည့်ဖြစ်အောင် လုပ်ပါ

-       အင်္ဂလိပ်လို ပြဇာတ်၊ ဟာသ၊ ဇာတ်လမ်း (ရေဒီယို သို့မဟုတ် တီဗွီအစီအစဉ်မှာ) နားထောင်ပါ၊ ကြည့်ပေးပါ

အထက်ကဖော်ပြခဲ့တာတွေလုပ်နိုင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကို ဆုပေး/ဒဏ်ပေးလေးတွေ လုပ်သင့်ရင် လုပ်ရမယ်။ ပြေထားခဲ့တာတွေအတိုင်း လုပ်နိုင်ခဲ့ရင် တစ်လကိုတစ်ကြိမ် ဘာလုပ်မယ်ဆိုတာမျိုးပေါ့။ မလုပ်ဖြစ်ရင်လည်း အဲဒါတွေကို မခံစားဘဲနေနိုင်အောင် အပြစ်ပေးပါ။

-       ရုပ်ရှင်ကြည့်မယ်/ အလည်သွားမယ်

-       ကြေးအိုးထွက်သောက်မယ်/ တစ်ခုခု ကောင်းတာစားမယ်

-       အ၀တ်အစားဝယ်မယ်

-       အလှပြင်ဆိုင်သွားမယ်/ ကာရာအိုကေဆိုင်သွားမယ်

ဘယ်လိုလေ့လာရမလဲ

လေ့လာနည်းအမျိုးမျိုးရှိတယ်။ ဘယ်နည်းလမ်းက ကိုယ့်အတွက် အဆင်အပြေဆုံးဖြစ်မလဲ လေ့လာကြည့်မယ်။ 

ဗီဒီယိုအခွေနဲ့ လေ့လာချင်တယ်ဆိုသူတွေက

-       ဆရာက ရုပ်သံကနေ ပြောနေတာတွေကို နားလည်သလား

-       အများနဲ့ထိုင်ကြည့်ရတာကြိုက်သလား၊ တစ်ယောက်တည်းကြည့်ရတာကြိုက်သလား

-       ပြောနေတာထက် ပုံတွေ၊ သက်ရှိ၊ သက်မဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့ ရှင်းပြတာကို ပိုကြိုက် သလား

-       နားထောင်ရုံသက်သက်ကိုကြိုက်သလား၊ အပြန်အလှန် မေးရတာကိုကြိုက်သလား

အကြံပြုချက် - သင်ခန်းစာကို ကြည့်ရုံ၊ ကြားရုံသက်သက်ထက်၊ စာသင်နေသလိုမျိုး ပျင်းစရာကောင်းအောင် ထိုင်နားထောင်နေရတာထက် ဇာတ်လမ်းဆန်ဆန် သင်ကြားတဲ့ သင်ခန်းစာမျိုးကို ရွေးချယ်ကြည့်သင့်တယ်။

 ကက်ဆက်နဲ့ပဲနားထောင်ချင်တယ်ဆိုသူတွေက

-       နှုတ်ပြောကိုနားထောင်ရတာဆိုတော့ native speaker တွေရဲ့ အသံတွေကို နားထောင်နေတာ ဟုတ်ရဲ့လား

-       အင်္ဂလိပ်စာမှာ အသံ အနိမ့် အမြင့်၊ အတို အရှည်၊ အနှေး အမြန်ဆိုတာတွေကို ကွဲပြားအောင် ထွက်ပြနေတဲ့အခွေဟုတ်ရဲ့လား

-       သူပြောတာတွေကို နားလည်ရဲ့လား၊ သိချင်တာတွေကို လိုက်မှတ်နိုင်ရဲ့လား

အကြံပြုချက် - ရေဒီယိုအသံလွှင့်ချက်တွေကိုလည်း နားထောင်သင့်တယ်။ ကိုယ်ပြောတာလည်း အသံဖမ်းထား ပြီး ပြန်နားထောင်သင့်တယ်။

 သတိပြုသင့်တာတွေက

၁။ ဘာသာစကားလေ့လာတယ်ဆိုတာ ဖြည်းဖြည်းချင်း၊ တစ်ဆင့်ချင်းတိုးသွားရမှာ။ တစ်ညတည်းအတတ် ဆိုတာမျိုး၊ တစ်လအတတ်ဆိုတာမျိုး အင်္ဂလိပ်စာမှာ မရှိဘူး။

၂။ ဘာကြောင့် အင်္ဂလိပ်စာကိုလေ့လာတာလဲ။ ဘာတွေကို လေ့လာမှာလဲဆိုတာ အရင်ဆုံး ဆုံးဖြတ်ချက် ချထားဖို့လိုတယ်။

၃။ အင်္ဂလိပ်စာလေ့လာတယ်ဆိုတာကို စိတ်ဖိစီးစရာကြီးတစ်ခုအနေနဲ့ မှတ်မထားနဲ့။ အလေ့အထတစ်ခုလို မှတ်ထား။ ဥပမာ ထမင်းစားလို၊ ရေသောက်သလိုမျိုး၊ ဆာလို စားတယ်၊ ဆာလို့ သောက်တယ်ဆိုတာလိုဖြစ် လာရင် အဆင်ပြေပြီ။ နေ့တိုင်းလေ့လာနိုင်အောင် ကြိုးစားပါ။ ဒါကလည်း တပင်တပန်းကြီးမဟုတ်ဘူး။ အင်္ဂလိပ်ပိုင်းအစီအစဉ်လေးလောက်ကို နားထောင်လိုက်တာလည်း အလုပ်ဖြစ်တယ်။ တစ်နေ့ ၁၀ မိနစ်၊ တစ်ပတ် ၂ နာရီလောက် အချိန်ပေးနိုင်ရင်ရပြီ။

၎။ အင်္ဂလိပ်စာလေ့လာတာ အင်္ဂလိပ်စာကိုမှတစ်နေ့မမြင်ရရင်/ မကြားရရင် နေမထိ ထိုင်မသာသလိုမျိုး ဖြစ်နေရင်တော်ပြီ။ တစ်နေ့ ၁၀ မိနစ်ပဲတော်ပြီ။ နေ့တိုင်းခေါင်းထဲ ၀င်နေဖို့ အရေးကြီးတာ။ တစ်ပတ်ကို တစ်ကြိမ်လောက် ခေါင်းထဲထည့်တာမျိုးတော့ အနေဝေးရင် သွေးအေးတယ်ဆိုသလိုမျိုး ဦးနှောက်လည်း အေးသွားတတ်တယ်။

၅။ ရေဒီယို၊ တီဗွီ၊ အောက်စက် (DVD/VCD)၊ Mp3, MP4 သင်ယူမှုကိုအထောက်အကူဖြစ်မယ့် ပစ္စည်းတွေ သုံးဖြစ်အောင်သုံးပါ။

၆။ နည်းအမျိုးမျိုးပြောင်းပြီးလေ့လာပါ။ ဖတ်၊ ရေး၊ ပြော၊ နားထောင်၊ ဂရမ်မာ တစ်လှည့်စီပြောင်းပါ။

၇။ မိတ်ဆွေကောင်းရှာပါ။ ကိုယ်နဲ့အတူပြော/ရေး ဆွေးနွေးတိုင်ပင်ဖော် တိုင်ပင်ဖက်ပေါ့။ တစ်ယောက်တည်း လေ့လာတာထက် နှစ်ယောက်အတူလေ့လာတာ ပိုပြီးအကျိုးရှိတယ်။

၈။  ကိုယ်စိတ်ပါဝင်စားတာကို လေ့လာနိုင်တဲ့အနေအထားတွေကို ကိုယ့်ဝန်းကျင်မှာရှိနေအောင် ဖန်တီးထားပါ။ ဥပမာ စာအုပ်စာတန်း၊ အခွေတွေအားလုံး အချိန်မရွေးလေ့လာနိုင်ဖို့ အသင့်ရှိနေရမယ်။

၉။ ဂရမ်မာကိုလေ့လာချင်ရင်လည်း ဂရမ်မာနဲ့ဆက်နွှယ်နေတဲ့ ၀န်းကျင်ကောင်းတစ်ခုရှိရမယ်။ ဂရမ်မာဆိုတာ နေ့စဉ်သုံး ဘာသာစကားမဟုတ်ဘူး။ သီးခြားလေ့လာမှရတာ။ ဒါကြောင့် ကိုယ်မတတ်လည်း ဆရာတစ်ဦးဦး ဆီမှာ သင်တန်းသွားတက်နိုင်အောင် ကြိုးစားကြည့်ပါ။

၁၀။ ပါးစပ်ကို မနှမြောပါနဲ့။ ဇစ်နဲ့ပိတ်မထားနဲ့။ များများ လှုပ်ရှားနိုင်အောင် ကြိုးစားကြည့်ပါ။ အင်္ဂလိပ်စာမှာ အသံထုတ်မှ အဓိပ္ပာယ်ပေါ်တာတွေအများကြီးရှိတယ်။ ကျယ်ကျယ်အော်ရင် ပျော်သွားမယ်ဆိုတဲ့စကားရှိတယ်။ အစပိုင်းတော့ ရှက်သလိုလိုရှိမယ်။ ပြောကြည့်ပါ ထူးခြားသွားပါလိမ့်မယ်။

၁၁။ စိတ်ရှည် ဇွဲသန် သီးခံနိုင်အောင် ကြိုးစားမယ်။ သင်ယူခြင်းဆိုတာ ကိုယ်တိုင်အားထုတ်မှရတာ။ အင်္ဂလိပ် လိုပြောနိုင်ဖို့ အချိန်အတိုင်းအတာတစ်ခုတော့လိုတယ်။ လူဆိုတာ ကွန်ပျူတာမဟုတ်တော့ သူ့လောက်တော့ မမြန်နိုင်ဘူးပေါ့။

၁၂။ ဆက်သွယ်ပါ။ အင်္ဂလိပ်စာမှာ communication အရမ်းအရေးကြီးတယ်။ များများဆက် များများတက် တယ်။ အင်တာနက်ဆိုတာရှိတယ်လေ။ ကမ္ဘာပတ်ပြီး အီးမေးလ်တွေကို အင်္ဂလိပ်လိုရေးပြီး ပို့ကြည့်။ သူများ နိုင်ငံက ကိုယ့်ဆီကို ဘယ်လိုရေးတယ်ဆိုတာလည်းလေ့လာ၊ ကိုယ်လည်း ရေးရင်းနဲ့ လက်တက်သွားလိမ့်မယ်။

၁၃။ အင်တာနက်ကို သုံးဖြစ်အောင်၊ သုံးနိုင်အောင်ကြိုးစားပါ။ အင်တာနက်မှာ အင်္ဂလိပ်စာကို အတားအဆီး၊ အတိုင်းအတာမဲ့ လေ့လာသင်ယူနိုင်တယ်ဆိုတာ တကယ်ပြောတာ။ လက်ကလေးတစ်ချောင်းနှိပ်လိုက်ရုံနဲ့ ကမ္ဘာ့အပြင်ကို ခုန်ထွက်နိုင်တဲ့ခေတ်မှာ ကမ္ဘာပတ်ပြီး အင်္ဂလိပ်စာလေ့လာ သင်ယူနိုင်ပါပြီ။

နောက်ဆုံးပြောချင်တာက စိတ်ရှည်ပါ။ သီးခံပါ။ တကယ်တတ်ချင်ရင် ဒီစကားကို အထပ်ထပ်ရွတ်ပါ။

အစာမစားမီ အသိဝင် စားပါ ကျန်းမာရေး ……

အစာမစားမိ အသိဝင် စားပါ ကျန်းမာရေး  ……

သင်သည် --
အစားသောက်စားတော့မည်ဆိုပါက မစားမိ ရေကို အနည်းငယ်လေး သောက်ပြီးမှ စတင် စားပေးပါ ။ 

အဆီအဆိမ့်များသော အစားအစာများပါပါက ချဉ်သောဟင်းရည် ၊ အချဉ်ရည်ဖြင့် စားပေးပါ  ။

အတက်စာများသော အစားသောက်များဖြစ်ပါက ကြက်သွန်နီ အဖြု  ၊ ဂျင်း ၊ ငရုတ်သီး အနည်းငယ်စားပေးပါ ။ 

ဝမ်းကိုပုတ်စေသော အစားသောက်များပါပါက ခရမ်းချဉ်သီး ပါအောင် စားပေးပါ ။

ဒန်ပေါက် ၊ အုန်းထမင်း ၊ ထမင်းကြော် မာသော အစားသောက်စားပါက အချဉ်အနည်းငယ် ၊ ပူစီနံ များများ စားပေးပါ ။

စားသည့်အခါတိုင်းတွင် အသီးအနှံတစ်ပွဲလောက်တော့ ပါဝင်အောင် စားပေးပါ ။

အကင်ဟင်းလျာများတွင် မဲတူးနေသော အသားစ များလုံးဝ မစားဘဲ ဖယ်ရှာစားပေးပါ ။

စားဟင်းပွဲ စုံစုံလင်လင်စားတော့မည်ဆိုလျှင် ကန်စွန်းရွက် မဖြစ်မနေ စားပေးပါ ။

လက်လုပ်အချဉ်များစားပါက ကြက်သွန်ဖြူကြော် များများ စားပေးပါ ။

အဆီအဆိမ့်များသော အစားသောက် စားပြီးတိုင်း အေးသောရေ ၊ အေးသောအချိုရည်များ ချက်ခြင်းသောက်ခြင်းကို လုံးဝရှောင်ပြီး ရေနွေးကိုသောက်ပေးပါ ။

。≈✥≈。ကိုရီးယားပဲခေါက်ဆွဲ。≈✥≈。

。≈✥≈。ကိုရီးယားပဲခေါက်ဆွဲ。≈✥≈。
░ ░ ░ ░ ░ ░ ░ ░ ░ ░ ░ ░ ░ ░ ░ 

ပဲခေါက်ဆွဲက သူတို့ကိုရီးယားမှာတော့ ခေါက်ဆွဲနဲ့ စားရင် ကျားကျန်မြောင်

ထမင်းလေး နဲ့စားရင် ကျားကျန်ဘတ် လို့ခေါ်ပါတယ်။

ဘာနဲ့ပဲဖြစ်ဖြစ်ပူပူလေး စားမှစားလို့ကောင်းပါတယ်။

တကယ်တန်းက ပဲခေါက်ဆွဲဟာ မူလကတရုတ်အစားအစာတမျိုးဖြစ်ပြီး

နောက်ပိုင်းကိုရီးယားနိုင်ငံရဲ့ရေပန်းစားတဲ့ ရိုးရာအစားအစာ ဖြစ်လာတာပါတဲ့။

ပါဝင်ပစ္စည်းများ(၂ပွဲစာ)
〓〓〓〓〓〓〓〓〓〓

✿ဝက်ဗိုက်ခေါက်သား(pork belly) ၂၀ဝ ဂရမ်(အတုံးလေးများ တုံးပေးပါ)

✿သခွါးဖရုံသီး (courgette =Zucchini)၁လုံး(အတုံးလေးများ)

✿အာလူးကြီးကြီး ၁လုံး(အတုံးလေးများ)

✿ကြက်သွန်နီ ၁လုံး(အတုံးလေးများ)

✿ကိုရီးယား ပဲအနှစ် ၃ဇွန်း(စားပွဲတင်)

✿ နှမ်းဆီ၃ဇွန်း(စားပွဲတင်)

✿ပြောင်းကော်မှုန့်၂ဇွန်းရေဖျော်ပြီး(စားပွဲတင်)

✿ဂျုံခါက်ဆွဲ ၂ပွဲစာ

ချက်ပြုတ်နည်း
〓〓〓〓〓〓

စစချင်း ဒယ်ထဲတွင် ကြက်သွန်နီ် ၊ ဖြူ နှင့် ဝက်ဗိုက်ခေါက်သား

အတုံးလေးများကို ထဲ့ပြီးကြော်ပါ။

ဝက်သားကျက်ရင် အာလူး, သခွါးဖရုံသီးအတုံးလေးများထဲ့ကာ 

၂မိနစ်ခန့်ဆက် ကြော်ပါ။ 

အိုးထဲမှာပဲ အစာများကို ဘေးကပ်ပြီး BLACK BEAN အနှစ်ထဲ့

၁မိနစ်ခန့်ကြော်ပေးပါ။

ပြီးမှအကုန်ရောကြော်ပါ။

ရေအနဲငယ် ထဲ့ပြီးအသားများ၊ အသီးများနူးပါစေ။

နောက်ဆုံး ပြောင်းကော်ရည်ထဲ့ပြီးအရည်ပျစ်စေကာ နှမ်းဆီရောပြီး

 ခေါက်ဆွဲ ပေါ်တွင်၎င်းထမင်းပေါ်တွင်၎င်းဆမ်းကာ ပူပူလေးစားသုံးပါ။

လတ်လတ်ဆက်ဆက်သခွါးသီးလေးများ ဖြင့်စားရင်အလွန်ကောင်းပါတယ်။ 
ပဲခေါက်ဆွဲက သူတို့ကိုရီးယားမှာတော့ ခေါက်ဆွဲနဲ့ စားရင် ကျားကျန်မြောင်
ထမင်းလေး နဲ့စားရင် ကျားကျန်ဘတ် လို့ခေါ်ပါတယ်။

ဘာနဲ့ပဲဖြစ်ဖြစ်ပူပူလေး စားမှစားလို့ကောင်းပါတယ်။

တကယ်တန်းက ပဲခေါက်ဆွဲဟာ မူလကတရုတ်အစားအစာတမျိုးဖြစ်ပြီး နောက်ပိုင်းကိုရီးယားနိုင်ငံရဲ့ရေပန်းစားတဲ့ ရိုးရာအစားအစာ ဖြစ်လာတာပါတဲ့။

ပါဝင်ပစ္စည်းများ(၂ပွဲစာ)
〓〓〓〓〓〓〓〓〓〓

✿ဝက်ဗိုက်ခေါက်သား(pork belly) ၂၀ဝ ဂရမ်(အတုံးလေးများ တုံးပေးပါ)

ဒူးဆစ်ရောင်နာပျောက်လိုသော်

ဒူးဆစ်ရောင်နာပျောက်လိုသော   ..............

ဒူးဆစ်ရောင်ဝေဒနာသည် လူလတ်ပိုင်းနှင့် သက်ကြီးရွယ်အိုတို့ကို ဒုက္ခပေးတတ်သော နာတာရှည်ရောင်ရမ်းနာ ဝေဒနာတစ်မျိုးဖြစ်ပါသည်။ ဝဖြိုးသည့် သက်ကြီးရွယ်အို အမျိုးသမီးတို့သည် ဒူးဆစ်ရောင် ဝေဒနာပို၍ စွဲကပ်တတ်ပါသည်။

အောက်ဖော်ပြပါ နှိပ်နယ်နည်းများမှာ ဒူးဆစ်ရောင်ဝေဒနာအား သက်သာစေနိုင်ပါသည်။

၁။ လက်ဖဝါးဖြင့် ခုံညင်းရိုးအား နှိပ်နယ်ပေးခြင်း
ခုတင်ပေါ်တွင် ခြေဆန့်၍ ထိုင်ပြီး သို့မဟုတ် ထိုင်ခုံပေါ်ထိုင်ပြီး ခုံညင်းရိုး (ဒူးခေါင်းရိုး) ပေါ်လက်ဖဝါးထားကာ လက်ယာရစ်၍ နှိပ်ပေးပါ။ နှစ်မိနစ်မှ သုံးမိနစ်ထိ တဖြည်းဖြည်းနှင့် အားစိုက်၍ နှိပ်ပေးပါ။ 

၂။ ဒူးဆစ်အနီးတစ်ဝိုက် အာရုံကြော အချက်အချာနေရာများအား နှိပ်နယ်ပေးခြင်း 
ထိုင်ခုံပေါ်တွင် ထိုင်၍ လက်မထိပ်ပိုင်းဖြင့် အပြင်ဘက် ဒူးဆစ်ချိုင့်ခွက်တို့ကို နှိပ်နယ်ပေးပါ။ ထို့ပြင် တံကျင်ရိုး (Fibula) ထိပ်ပိုင်းရှိ ချိုင့်ခွက်နှင့် ညို့သကျည်းရိုး ထိပ်ပိုင်းရှိ ချိုင့်ခွက်တို့ကိုလည်း နှိပ်နယ်ပေးပါ။

ဒူးခေါင်းရိုးနာကျင်သည့်နေရာကိုလည်း လက်မထိပ်ပိုင်းဖြင့် နှိပ်နယ်ပေးနိုင်ပါသည်။ အဆိုပါ အာရုံကြောအချက်အချာနေရာများကို တစ်မိနစ်စီ နှိပ်နယ်ပေးပါ။ တဖြည်းဖြည်းအားစိုက်၍ နှိပ်နယ်ပေးပါ။ ထုံလာ၊ ကျဉ်လာ၊ နာလာ၊ တောင့်တင်းလာသည်အထိ နှိပ်နယ်ပေးသွားပါ။ ဒူးဆစ်ရောနာ ဝေဒနာ မုချပျောက်ကင်းသွားပါလိမ့်မည်။

အင်တာနက် စွဲလမ်းစွာ အသုံးပြုခြင်းကိုလည်း စိတ်ရောဂါအဖြစ် သတ်မှတ်တော့မည်

အင်တာနက် စွဲလမ်းစွာ အသုံးပြုခြင်းကိုလည်း စိတ်ရောဂါအဖြစ် သတ်မှတ်တော့မည်

interrrrလာမယ့် မေလ လောက်ဆိုရင် အင်တာနက်အား စွဲစွဲလမ်းလမ်း အသုံးပြုခြင်းကို စိတ်ရောဂါ အခြေအနေတစ်ခု အဖြစ် သတ်မှတ်တော့မှာ ဖြစ်ကြောင်း သိပါတယ်။

ဒီအတွက် နိုင်ငံတကာ စိတ်ကျန်းမာရေး စောင့်ကြည့်ရေးအဖွဲ့မှ ဆုံးဖြတ်ခြင်း ဖြစ်ပါတယ်။ အင်တာနက် အသုံးပြုမှု လွန်ကဲလို့ မဖြစ်သင့်တဲ့ အခင်း ကိစ္စတွေ ဖြစ်လာတာကြောင့်မို့ ယခုလို သတ်မှတ်လာရခြင်း ဖြစ် ပါတယ်။ ဂိမ်းဆွဲတာကိုတော့ စိတ်ရောဂါအခြေအနေ တစ်ခုအဖြစ် စိတ် ပညာရှင်များက လက်ခံထားကြပြီး ဖြစ်ပါတယ်။

ဂိမ်းဆွဲနေသူ လူကြီး၊ လူငယ်မရွေး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ယနေ့ခေတ် လူငယ်များ ဂိမ်းစွဲစွဲလမ်းလမ်းဆော့ကစားခြင်းကြောင့် သေဆုံးသူ အရေအတွက် များလာပါတယ်။

သြစတေးလျနိုင်ငံမှ ဂိမ်းဆွဲသူများအား ဂိမ်းဖျက်ရန် ဝန်ဆောင်မှုပေးမယ့် ကျန်းမာရေးအဖွဲ့ တရားဝင်ထားရှိပြီး ကမ္ဘာမှာ ပထမဆုံး ဖြစ်ပါတယ်။ အင်တာနက် စွဲစွဲလမ်းလမ်း အသုံးပြုမှုကိုလည်း လာမယ့် မေလကျရင် အတည်ပြုလို့ စိတ်ရောဂါ အခြေအနေတစ်ခုအဖြစ် ကြေညာဖို့ အလားအလာ များကြောင်း သိရပါတယ်။
--
Ref: medic-facts
ရိုးရာလေး သတင်း

http://www.yoyarlay.com/entertainment/123-discovery/33749-internet-user-become-to-be-a-psyscho-metal-disorder

အေးချမ်းမွန်မှ   YoYarLay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
Photo From: google

သရဲခြောက်သည့်အိမ်(ဟာသတို)

တစ်ခါက သရဲအလွန်ခြောက်သည်ဟု နာမည်ကြီးသော အိမ်သို့ ပွဲစားတစ်ယောက်စုံစမ်းရန်သွားရောက်သည်။ အိမ်ရှေ့သို့ေ၇ာက်သောအခါ တံခါးခေါက်လိုက်သည်။
အထဲမှ အသက်ခပ် ကြီးကြီး အမျိုးသမီးတဦးထွက်လာသည်။

ပွဲစား ။ ။ကျနော် ဒီအိမ်ဝယ်ချင်လို့ပါ ဒါပေမဲ့ ဒီအိမ်ကသရဲ အရမ်းခြောက်တယ်ဆို ဟုတ်လား အန်တီ

အမျိုးသမီး။ ။အဲဒါတော့ အန်တီမသိဘူး အန်တီကသေတာ နှစ် ၅၀ ရှိပီကွဲ့  ....

Saturday, January 5, 2013

Volkswagen က ထုတ်မည့် ဘီးမပါ၊ မြေမထိကား

ဂျာမနီ Volkswagen ထုတ်ကားဖြစ်ပေမယ့် တရုတ်ပြည်က VW ဒီဇိုင်နာများ ဖန်တီးပြီး People's Car Project မှ အနာဂတ်ကား သစ် ဖြစ်ပါတယ်။

Google က မောင်းသူမလိုတဲ့ ကား စမ်းသပ်ပြသလိုမျိုးပဲ ပြိုင်ဆိုင်မှု အနေနဲ့ ဘီးမလို မြေမထိ ကား ( Hover Car ) ကို ယခုလို ဗီဒီယိုနဲ့ မိတ်ဆက်ပြသ ပါတယ်။ ပရိုမိုးရှင်း ဗီဒီယိုထဲမှာ တရုတ် ဇနီးမောင်နှံ က မောင်းပြပြီး မြို့ တွင်း လူစည်ကားလမ်းတွေမှာ အစွမ်းပြသွားပါတယ်။ တကယ့် ပရိုမိုးရှင်း ဗီဒီယိုထဲကလိုပဲ အပြင်မှာ တကယ် ဖြစ်လာတော့မယ်လို့ VW က ဆိုထား ပါတယ်။

ကားက နှစ်ယောက်စီး ဖြစ်ပြီး Joy Stick နဲ့ မောင်းရမှာ ဖြစ်ပါတယ်။ စတီယာရင်ဝီး မဟုတ်ပါဘူး။ ရှေ့ ဖန်သား မျက်နှာပြင်က tochscreen ဖြစ်ပြီး အချက်အလက်များကိုလည်း Display တစ်ခုလို ဖော်ပြ ပါတယ်။ ဥပမာ မြေပုံတွေကို ဖော်ပြတာမျိုး ဖြစ်ပါတယ်။ ကားမှာ အာရုံခံ စနစ်များ ပါဝင်ပြီး လူမောင်းစရာတောင် မလိုပဲ သူ့အလိုအလျောက် လည်း မောင်းနိုင်ပါတယ်။ အချိုး အကွေ့၊ လမ်းဆုံလမ်းခွ တွေမှာ ယဉ်အန္တရာယ် မဖြစ်အောင်လည်း အာရုံခံ စနစ် ပါတယ်။ ကီလိုမီတာ သတ်မှတ်ထားပြီး ယင်းကီလိုမီတာနဲ့ ကားရဲ့  ဦးတည်ချက်ကို တွက်ချက်ပြီး တိုက်နိုင်ချေရှိရင် ရပ်ပါတယ်။ ရှောင်သင့်ရင် အလိုအလျောက် ရှောင်သွားပါ တယ်။

ဘီးမပါဘူးဆိုတော့ ဘယ်လိုသွားမလဲလို့ စိတ်ဝင်စားကြပါတယ်။ အဓိကက သံလိုက်အီလက်ထရောနစ် စက်ကွင်းကို အခြေခံမှာ ဖြစ်ပါတယ်။ ကားမှ ထုတ်လွတ်တဲ့ Electromagnetic ဓာတ်က မြေပြင်ကို ထိခတ်လို့ အပေါ်ကို အလိုလို မြင့်တက်နေစေမှာ ဖြစ်ပြီး ဘယ်နေရာဖြစ်ဖြစ်မောင်း လို့ရအောင် တော့ VW ကထပ်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆို အခုကားက သံလိုက်လျှပ်စစ်ဓာတ်ဆီးကြောင်း စီးဆင်းတဲ့ မြို့  လမ်း Network ပေါ် အခြေခံ မောင်းနှင်ခြင်း ဖြစ်ပြီး ယင်း Network မရှိတဲ့ နေရာတွေမှာ မောင်းနှင်နိုင်လည်း ကြိုးပမ်းယူလျက် ရှိပါတယ်။ 

http://www.fusarshinlay.net/profiles/blog/show?id=6384739%3ABlogPost%3A6450882&xgs=1&xg_source=msg_share_post

ပဟေဠိဆန်ဆန်ကြောက်စရာကောင်းတဲ့ ကမ္ဘာကြီးရဲ့အစိတ်အပိုင်းတစ်နေရာ or ဘာမြူဒါ တြိဂံ (Bermuda Triangle)

ဒီတစ်တခါတင်ဆက်ပေးမဲ့ အကြောင်းအရာလေးကတော့ Bermuda Triangle လို့ လူသိများတဲ့ ထူးခြားတဲ့ ကမ္ဘာပေါ်က နေရာလေးတစ်ခု အကြောင်းပါ။ ကြားဖူးတဲ့သူတွေကတော့ Devil's Triangle လို့လဲ သိကြပါတယ်။ လေယာဉ်တွေ၊ သဘောင်္တွေ သူ့အလိုလို အဲ့ဒီနေရာကို ရောက်သွားတာနဲ့ ပျောက်ကွယ်သွားကြပြီး ပြန်လည်ရှာဖွေလို့ မရတော့တဲ့ နေရာလေးပါ။ အရမ်းစိတ်ဝင်စားဖို့ ကောင်းတဲ့အတွက် MYMC ကနေပြီးတော့ .. ပြန်လည်ကူးယူ ဖော်ပြပေးလိုက်ပါတယ်..

Bermuda Triangle တည်နေရာ

ဒီထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ Devil's Triangle လို့ ခေါ်လေ့ရှိတဲ့ Bermuda Triangle ဟာ မြောက် Atlantic Ocean ရဲ့ အနောက်ဖက်ပိုင်းမှာရှိတဲ့ မြောက်များစွာသော လေယာဉ်တွေ၊ အာကာသယာဉ်တွေနဲ့ သဘောင်္တွေ ထူးဆန်းစွာ ပျောက်ကွယ်သွားလေ့ရှိတဲ့ နေရာလေးပါ။ လူအများစုကတော့ ဒီထူးဆန်းစွာ ပျောက်ပျက်သွားမူကို ထူးခြားတဲ့ကုန်းမြေ ဖြစ်တည်မူကြောင့်လို့ မှတ်ယူထားပါတယ်။ Bahamas, the Straits of Florida, Caribbean Island နဲ့ Atlantic သမုဒ္ဒရာတို့ ပတ်ပတ်လည် ၀န်းရံထားတဲ့ ထူးခြားတဲ့ နေရာလေးပါ။ ဒါ့အပြင် ဒီနေရာလေးက ပင်လယ်ကူး သဘောင်္ကြီးတွေ အမေရိက နဲ့ Europe နိုင်ငံတွေအတွက် အဓိက ကူးဖြတ်လေ့ရှိတဲ့ နေရာလေးဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ကုန်သွယ်ရေး လမ်းကြောင်းဆိုလည်း မမှားပါဘူး။ ဇိမ်ခံသဘောင်္ကြီးတွေလည်း Florida နဲ့ ကျွန်းငယ်လေးတွေကို သွားတဲ့အခါ မဖြစ်မနေ ဖြတ်သန်းရတဲ့ နေရာလေးပါ။ လေကြောင်းတွေအတွက် ကုန်တင်လေယာဉ်တွေ တောင်အမေရိက၊ Florida၊ နဲ့ Caribbean ကျွန်းတွေအတွက် အဓိကကုန်သွယ်ရေး လမ်းကြောင်းလည်း ဖြစ်ပါတယ်။

History

>ပထမဦးဆုံး ထူးဆန်းစွာ ပျောက်ကွယ်သွားမှု ဖြစ်စဉ်ဟာ Bermuda ဧရိယာမှာ ဖြစ်ပွားခဲ့တယ်လို့ ၁၉၅၀ ပြည့်နှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ဝေတဲ့ Edward Van Winkle Jones ရေးသားထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ နှစ်နှစ်ကြာပြီးတဲ့နောက်မှာ George X ရေးသားတဲ့ Fate မဂ္ဂဇင်း က ဆောင်းပါးမှာလည်း Sea Mystery At Our Back Door ဆိုတဲ့ ဆောင်းပါးတိုလေးမှာလည်း ဒီနေရာလေးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာကို ရေးသားထားပါတယ်။ Sand က ဖော်ပြထားတဲ့ ဆောင်းပါးလေးမှာလည်း လေယာဉ်နဲ့သဘောင်္တွေ အမြောက်အမြား ပျောက်ကွယ် သွားတယ်လို့ ဆိုပါတယ်။ ဒါအပြင် Flight 19 လို့လူသိများတဲ့ US navy TBM avenger bombers လေယာဉ်ငါးစီးဟာ December 5, 1945 မှာ Naval Air Station Fort Lauderdale, Florida ကနေ Navigation problem No. 1 လို့ခေါ်တဲ့ လေ့ကျင့်မူတစ်ခုကို ပြုလုပ်နေစဉ်မှာ ထူးဆန်းစွာ ပျောက်ကွယ်သွားပါတယ်။ အဲဒီပျောက်ကွယ်မူမှာ လေယာဉ်မောင်း ၁၄ ယောက်ဟာလည်း အတူပျောက်ကွယ်သွားပါတယ်။ ဒါ့အပြင် အဲဒီ လေယာဉ်တွေကို ရှာဖွေတဲ့ဝန်ထမ်း ၁၃ယောက် ပါဝင်တဲ့ PBM Mariner flying boat ဟာလည်း ရေထဲမှာ သူ့အလိုလို ပေါက်ကွဲသွားတယ်လို့ ယူဆရပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။ အမေရိကန် ရေတပ်ကတော့ ဒီဖြစ်စဉ်တစ်ခုလုံးကို သေချာတိကျတဲ့ အဖြေမပေးနိုင်ခဲ့ပဲ လေယာဉ်တွေ ဓာတ်ဆီကုန်ပြီး သူ့အလိုလို ပျက်သွားတယ်လို့ ယူဆရပါတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ဒီနောက်ပိုင်းကစပြီး ဒီထူးခြားတဲ့ နေရာလေးအကြောင်းကို လူတွေစိတ်ဝင်စားမှု ပိုများလာခဲ့ပြီး လေ့လာဖော်ပြချက်တွေ၊ ငြင်းခုံမှုတွေ အမြောက်အမြား ပေါ်ပေါက်လာပါတယ်။

Explanations (ဘာကြောင့် နစ်မြုပ်တွေ ဖြစ်ပေါ်စေတာလည်း)
Compass variations

ဒီလိုထူးခြားမှု ဖြစ်စဉ်တွေ ပေါ်ပေါက်လာတဲ့အပေါ်မှာ လူတွေထင်မြင်ချက်နဲ့ သိပ္ပံနည်းကျ တွက်ချက်ဖော်ထုတ် ထားမူတွေက...။ ပထမဦးဆုံး Compass Variations ဆိုတဲ့ သံလိုက်အိမ်မြောင် တွက်ချက်မှု ပြောင်းလဲခြင်းဆိုတဲ့ ဖော်ပြချက်ပါ။ ဒီသံလိုက်အိမ်မြောင်နဲ့ ပတ်သတ်တဲ့ ပြောင်းလဲမှုက Triangle ဖြစ်ပေါ်ပြောင်းလဲမှုမှာ အဓိကကျတဲ့ အချက်တစ်ခုအဖြစ် ပါဝင်ပါတယ်။ သံလိုက်ဓာတ်တွေဟာ သာမန်အားဖြင့် သံလိုက်ဖြစ်ပေါ်တဲ့ နေရာ ကနေစပြီး ပြောင်းလဲတတ်တယ်လို့ လူသားတွေ သိရှိထားကြပါတယ်။ ဒါပေမယ့် တချို့မသိရှိသေးတဲ့ အကြောင်းအရာတွေလည်း ရှိပါတယ်။ အဲဒါကတော့ သဘာဝအားဖြင့် အလိုအလျောက် သံလိုက်ဓာတ်တွေ ပြောင်းလဲတတ်ခြင်းပါ။ တခါတလေ တြိဂံကြီးတစ်ခုအဖွယ် ပြောင်းလဲတတ်တဲ့ သဘောလည်းရှိပါတယ်။

Deliberate acts of destruction

Deliberate acts of destruction ဆိုတဲ့ ဖော်ပြချက်မှာတော့ အပိုင်းနှစ်ပိုင်း ခွဲခြားနိုင်ပါတယ်။ အဲဒါတွေက စစ်မက်တွေကြောင့် ဖြစ်ပွားမူနဲ့ ပင်လယ်ဓားပြ တိုက်ခိုက်ခံရခြင်း ဆိုတာတွေပါ။ မြောက်များစွာသော ရေတပ်သဘောင်္တွေ နစ်မြုပ်သွားမှု ဖြစ်စဉ်တွေကို စစ်မက်ဖြစ်ပွားနေစဉ်မှာ မှတ်တမ်းတင်လေ့ရှိပါတယ်။ ဒါပေမယ့် မှတ်တမ်းမှတ်ရာ မကျန်ခဲ့တဲ့ ထူးခြားစွာနစ်မြုပ် ပျောက်ကွယ်သွားမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဥပမာ ၁၉၁၈ ခုနှစ်မှာ USS Cyclops လို့ ခေါ်တဲ့ စစ်သဘောင်္နဲ့ သူရဲ့ အမျိုးအစားတူတဲ့ သဘောင်္တွေဖြစ်တဲ့ Proteus နဲ့ Nereus သဘောင်္တွေဟာ ဒုတိယကမ္ဘာစစ် အတွင်းမှာ ပင်လယ်ရေအောက်ကို နစ်မြုပ်ခဲ့တယ်လို့သာ သိခဲ့ကြပါတယ်။ ဘာကြောင့်ဆိုတဲ့ ဖြေရှင်းချက်တွေတော့ ဘယ်မှတ်တမ်းတွေမှာမှ မတွေ့ရ နိုင်ပါဘူး။

နောက်တစ်ချက်က ပင်လယ်ဓားပြ တိုက်ခိုက်ခြင်းပါ်။ ဒီနေ့ဒီအချိန်ထိ ပင်လယ်ပြင်မှာ သွားလာနေတဲ့ သဘောင်္တွေကို တားဆီး လုယှက်မှုတွေဟာ ဖြစ်ပေါ်နေတုန်းပါ။ များသောအားဖြင့် ကုန်တင်သဘောင်္တွေကို ဓားမြတိုက်မှုဟာ များပါတယ်။ ဇိမ်ခံသဘောင်္တွေကိုလည်း တိုက်ခိုက်လေ့ရှိတယ်။ အများအားဖြစ်တော့ မူးယစ်ဆေး မှောင်ခိုထုတ်လုပ်တဲ့ သူတွေက မူးယစ်ဆေးဝါး မှောင်ခို တင်သွင်းဖို့အတွက် ဇိမ်ခံသဘောင်္တွေကို ဓားမြတိုက်လေ့ရှိပါတယ်။ အဲဒီလိုဆိုတော့ အဲ့ဒီ Bermuda Triangle မှာ နစ်မြုပ်သွားတဲ့ သဘောင်္တွေ ပင်လယ်ဓားမြတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Gulf Stream

နောက်ထပ် အချက်လေးတစ်ချက်ကတော့ ပင်လယ်ရေစီးကြောင်းလို့ ပြောနိုင်ပါတယ်။ များသောအားဖြစ် Mexico ပင်လယ်ကွေ့ကနေ Straits of Florida ကို ဖြတ်ပြီး North Atlantic ထိ စီးဆင်းလေ့ရှိတဲ့ ပင်လယ်ရေစီးကြောင်း တွေကြောင့်လည်း နစ်မြုပ်မှူဖြစ်စဉ်တွေဟာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ သမုဒ္ဒရာထဲမှာပဲ စီးဆင်းနေတဲ့ ပင်လယ်တွေလည်း ရှိတယ်လေ။ ပင်လယ်လိုမျိုး သူ့ရေစီးကြောင်းနဲ့သူ စီးနေကြတာ။ အဲဒီ ပင်လယ်တွေက ရေပေါ်မှာ မျှောနေတဲ့အရာတွေကို ဆွဲခေါ်သွားလေ့ရှိတယ်။ ပုံမုန်အားဖြင့်က တစ်စက္ကန့် ကို ၂.၅ မီတာ လောက်ကို အရှိန်နှူန်းမြန်မြန်နဲ့ စီးဆင်းနေလေ့ ရှိတယ်လေ။ ဒါကြောင့်လည်း ရေပေါ်မှာ ခဏ ရပ်နားတတ်တဲ့ လေယာဉ်ငယ်တွေ ဒါမှမဟုတ် စက်ချွတ်ယွင်းမှုရှိတဲ့ သဘောင်္တွေ အတွက်ကတော့ အဲဒီ ရေစီးကြောင်းတွေက အလွယ်တကူ ဆွဲယူနစ်မြုပ်လိုက်နိုင်ပါတယ်။

Human Error

>နောက်တစ်ချက်ကတော့ အဖြစ်အများဆုံး လူသားတွေနဲ့ ပတ်သတ်တဲ့ အမှားအယွင်းတွေကြောင့်လို့ ယူဆကြပါတယ်။ အမှားနဲ့ မကင်းဘူးဆိုတဲ့ လူသားတွေရဲ့ ချွတ်ယွင်းချက်တွေကြောင့် ဆုံးရူံးမူတွေ အများအပြား ဖြစ်ပေါ်လေ့ရှိပါတယ်။ ဥပမာအနေနဲ့ ၁၉၇၂ မှာ ဖြစ်ပွားခဲ့တဲ့ Tanker SS VA Fogg နစ်မြုပ်မှူမှာ Benezne လို့ခေါ်တဲ့ ဓာတုအနည်တွေကို ကောင်းမွန်စွာ မသန့်စင်နိုင်တဲ့အတွက်ကြောင့်၊ ကောင်းမွန်စွာ သန့်စင်ဖို့ လေ့လာမူ အားနည်းချက်တွေကြောင့် နစ်မြုပ်ခဲ့ရပါတယ်။ ဒါ့အပြင် လူသားတွေရဲ့ ခေါင်းမာ အရဲစွန့်မူတွေကြောင့် စီးပွားရေးသမား တစ်ယောက်ဖြစ်တဲ့ Harvey Conover ဟာ သူ့ရဲ့ အပျော်စီး ရွက်လှေကို ဆုံးရူံးလိုက်ရပါတယ်။ ဘာလို့လည်းဆိုတော့ သူက ၁၉၅၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှာ Florida တောင်ပိုင်းမှာ မုန်တိုင်းဖြစ်နေတဲ့ ကြားကခေါင်းမာပြီး အရဲစွန့် ရွက်လွင့်ခဲ့ရာကနေ အခုလို ဆုံးရူံးမှုတွေနဲ့ ကြုံရတာပါ။

Hurricanes

ဟာရီကိန်းလို့ ဆိုတာနဲ့ အင်အားပြင်းထန်တဲ့ မုန်တိုင်းဆိုတာ လူတွေသိပြီးသား ဖြစ်မှာပါ။ အပူပိုင်း ဒေသတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ဟာရီကိန်းတွေကြောင့် မြောက်များစွာသော လူ့အသက်တွေနဲ့ ဆုံးရုံးမှုတွေဟာ ဖြစ်ပွားလေ့ရှိပါတယ်။ အတိတ်မှာကော ခုချိန်ထိပါ မလွန်ဆန်နိုင်တဲ့ သဘာဝတရားရဲ့ ကြောက်မက်ဖွယ် ပြောင်းလဲမှုတွေဟာ လူသားတွေရဲ့ ဘ၀များစွာကို တခဏအတွင်းမှာ ချုပ်ငြိမ်း သွားနိုင်ပါတယ်။ ၁၅၀၂ ခုနှစ် မှာ ဖြစ်ပွားခဲ့တဲ့ စပိန်သဘောင်္ Francisco de Bobadilla ရဲ့ ဟာရီကိန်း မုန်တိုင်းကြောင့် နစ်မြုပ်မှုဟာ ပထမဦးဆုံး Bermuda ဒေသမှာ မှတ်တမ်းတင်ရတဲ့ မုန်တိုင်းကြောင့် နစ်မြုပ်မှုပါ။

Methane Hydrates

နောက်တစ်ချက်က မြောက်များလှစွာသော နစ်မြုပ် ပျောက်ကွယ်မှုတွေ အဓိကကျ ဖြစ်ပေါ်လေ့ရှိတဲ့ သဘာဝဓာတ်ငွေ့ တစ်ခုဖြစ်တဲ့ Methane Hydrates တွေ တည်ရှိနေမှုပါ။ Australia နိုင်ငံက သုတေသန ပြုချက်အရ Methane ဓာတ်ငွေ့ကြောင့် ဖြစ်ပေါ်တတ်တဲ့ မြောက်များလှစွာသော ရေပွက် ( bubbles ) တွေဟာ ရေရဲ့ သိပ်သည်းဆကို လျော့နဲစေခြင်းအားဖြင့် သဘောင်္တွေကို နစ်မြုပ်နိုင်စေတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဖြစ်ပေါ်ရတဲ့ အကြောင်းအရာက mud volcanoes လို့ ခေါ်လေ့ရှိတဲ့ Methane Eruptions တွေဟာ ရေမျက်နှာပြင် ကို အမြုပ်တွေထ ရေပွက်တွေ ဖြစ်ပေါ်လာစေနိုင်ပြီ သဘောင်္တွေအတွက် ရေပြင်ပေါ်နိုင် စွမ်းအားကို လျော့နဲလာစေနိုင်ပြီး နစ်မြုပ်သွားစေနိုင်တာပါ။ USGS လို့ခေါ်တဲ့ United States Geological Survey Agency က ဖော်ပြချက် တစ်ခုမှာတော့ ကမ္ဘာရေပြင်ရဲ့ အောက်ခြေမှာ မြောက်များလှစွာတဲ့ Methane ဓာတ်ငွေ့တွေ ရှိနေပါတယ် လို့ဆိုပါတယ်။ ဒါပေမယ့် သူတို့ရဲ့ နောက်ထပ်ဖော်ပြချက် တစ်ခုကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀၀ လောက်ကတည်းက စပြီးကြီးမားတဲ့ ဓာတ်ငွေ့ ထုတ်လွတ်မှုတွေ Bermuda ဒေသမှာ မဖြစ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

Rogue Waves

နောက်ဆုံး အချက်ကတော့  Rogue Waves လို့ခေါ်ဆိုတဲ့ ခက်ထန်ကြမ်းတမ်းတဲ့ လှိုင်းတွေကြောင့်ပါတဲ့။ အများကလည်း Killer Waves, monster waves, Extrem waves, abnormal waves စသဖြင့် ခေါ်လေ့ရှိတဲ့ လှိုင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ အခုလောက်ဆို Bermuda Triangle မှာ ဘာကြောင့် ထူးဆန်းတဲ့ ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်နေလည်းဆိုတာ အကြမ်းပျင်းအားဖြင့် သိရှိသွားပြီလို့ ထင်ပါတယ်.။

မှတ်တမ်းမှတ်ရာတွေထဲက နစ်မြုပ်မှုဖြစ်စဉ်များကတော့.....
Flight 19

Flight 19 ဖြစ်စဉ်ကိုတော့ အကျယ်တ၀င့် အပေါ်မှာ ဖော်ပြခဲ့ပြီးပြီဆိုတော့ ထပ်မပြောတော့ဘူးနော်။ အဲဒီဖြစ်စဉ်က ၁၉၄၅ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး လူ ၂၇ ယောက် ပျောက်ဆုံးခဲ့ပါတယ်။

USS Cyclops

ဒီဖြစ်စဉ်ကတော့ အမေရိကန်နိုင်ငံရဲ့ ရေတပ်ဆုံးရှူံးမှုမှာ အများဆုံးလူပေါင်း ၃၀၉ ယောက်လောက် တစ်ချိန်ထဲမှာ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ပါ။ ၁၉၁၈ ခုနှစ် မတ်လ ၄ ရက်နေ့မှာ Barbados ကမ်းကနေ ထွက်ခွာလာတဲ့ Lieutenant Commander G.W Worley ဦးဆောင်တဲ့ အမေရိကန် ရေတပ်ကြီး တစ်ခုလုံး ပျောက်ချင်းမလှ ပျောက်သွားပါတယ်။ တချို့ကတော့ သူတို့အားလုံး မုန်တိုင်းထဲမှာ သေဆုံးသွားကြတယ်ဆိုပြီး ပြောဆိုထင်မြင်ချက် ပေးကြပါတယ်။

Star Tiger and Star Ariel

ဒီဖြစ်စဉ်က British South American Airways (BSAA) ပိုင်ဆိုင်တဲ့ ခရီးသည်တင် လေယာဉ်နှစ်စီးဖြစ်တဲ့ G-AHNP Star Tiger နဲ့ G-AGRE Star Ariel ဆိုတဲ့ လေယာဉ်တွေပါ။ Star Tiger လေယာဉ်မှာတော့ ခရီးသည် ၂၅ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၆ ယောက် စုစုပေါင်း ၃၁ ယောက် ပါဝင်ပြီး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့တာကတော့ ၁၉၄၈ ဇန်န၀ါရီလ ၃၀ ရက်နေ့မှာပါ။ နောက် Star Ariel လေယာဉ်မှာတော့ ခရီးသည် ၁၃ ယောက် လေယာဉ်ဝန်ထမ်း ၇ ယောက် ဟာ ၁၉၄၉ ဇန်န၀ါရီလာ ၁၇ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်ထိ ဘာကြောင့် ပျောက်ဆုံးသွားတယ် ဆိုတဲ့ အဖြေကိုတော့ ခုချိန်ထိ ဘယ်သူမှ မသိသေးပါဘူး။

Douglas DC-3

1948 December ၂၈ ရက်မှာ Douglas DC-3 လေယာဉ်ဟာ ခရီးသည် ၃၂ ယောက်ကို တင်ဆောင်ပြီး San Juan ကနေ Miami ကို ပျံသန်းနေတုန်းမှာ ဘယ်လိုမှ ရှာဖွေလို့မရလောက်အောင် ပျောက်ကွယ်ခဲ့ပါတယ်။ Civil Aeronautics Board က စုံစမ်းစစ်ဆေးမှုမှာတော့ လေယာဉ်မပျံသန်းခင် ကတည်းက လေယာဉ် ဘက်တရီ ဟာ အားနည်းနေခဲ့ပြီး pilot က သေချာမစစ်ဆေးပဲ ပျံသန်းခဲ့တဲ့ အတွက်ကြောင့် လို့ဆိုပါတယ်။ ဒါပေမယ့် ဒီအဖြေကတော့ သိပ်ယုံကြည်ရတဲ့ အဖြေတော့ မဟုတ်ခဲ့ပါဘူး။

MYMC မှ.. တဆင့် ကူးယူဖော်ပြပါသည်...

'''ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေးချက်များ'''

ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေး
ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊
ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တ
ုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့
(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့
(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့
(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့...

http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1164778&xgs=1&xg_source=msg_share_post 

ပဌာန်း (၂၄)ပစ္စည်း ၏ အနက်အဓိပ္ပာယ်

၁။ ဟေတု ပစ္စယော = အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲပါစေသား။

၂။ အရမ္ပဏ ပစ္စယော = မျက်စိနှင့်နားသည် နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါစေသား။

၃။ အဓိပတိ ပစ္စယော = ရုပ်နာမ်နှစ်ပါးကို စောင့်ရှောက်ထိန်းသိမ်းရပါစေသား။

၎။ အနန္တရ ပစ္စယော = များလှစွာသော ကုသိုလ်ရေးများကို မျက်မှောက်ပြုရပါစေသား။

၅။ သမနန္တရ ပစ္စယော = ရုပ်နှင့်နာမ်အတူရှိသော တရားတို့ကို မျက်မှောက်ပြုရပါစေသား။

၆။ သဟဇာတ ပစ္စယော = ရုပ်-ရုပ်ခြင်းသို့ နာမ်-နာမ်ခြင်းထင်ရှားစွာသိရပါစေသား။

၇။ အညမည ပစ္စယော = အပြန်အလှန်တရားမှန် သိဟန်ရှိခိုးပါ၏ဘုရား။

၈။ နိဿယ ပစ္စယော = ရုပ်နာမ်နှစ်ပါးတို့၏ တည်ရာကိုသိရပါစေသား။

၉။ ဥပနိဿယ ပစ္စယော = ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။

၁၀။ ပုရေဇာတ ပစ္စယော = ရှေ့ကဖြစ်သောအကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရ ပါစေသား။

၁။ ပစ္ဆာဇာတ ပစ္စယော = နောက်၌ဖြစ်သောအကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရ ပါစေသား။

၁၂။ အာသေ၀န ပစ္စယော = လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။

၁၃။ ကမ္မ ပစ္စယော = ကံသုံးပါးကို ထိန်းသိမ်းရပါစေသား။

၁၄။ ၀ိပါက ပစ္စယော = ၀ဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။

၁၅။ အာဟာရ ပစ္စယော = လိုရာကိုပြည့်စုံစွာထောက်ပံ့နိုင်ကြပါစေသား။

၁၆။ ဣန္ဒြိယ ပစ္စယော = ရုပ်နာမ်ကိုထိန်းသိမ်းတတ်သောပညာနှင့် ပြည့်စုံရပါစေသား။

၁၇။ ဈာန ပစ္စယော = သူတော်ကောင်းတရားခုနှစ်ပါး၊ ဉာဏ်စဉ်ငါးပါးတို့နှင့် ပြည့်စုံရပါစေသား။

၁၈။ မဂ္ဂ ပစ္စယော = ဘာဝနာ(၂)ပါးအပေါင်းကို အာရုံပြု၍ အထွဋ်အထိပိပညာကိုရပါစေသား။

၁၉။ သမ္ပယုတ္တ ပစ္စယော = သူတော်ကောင်းတို့နှင့်ပေါင်း၍ ခုနှစ်ဖြာသောတရားနှင့် ယှဉ်တွဲရပါစေသား။

၂၀။ ၀ိပ္ပယုတ္တ ပစ္စယော = သူယုတ်မာနှင့် ဝေး၍ အကုသိုလ်တို့ ကင်းရှင်းရပါစေသား။

၂၁။ အတ္ထိ ပစ္စယော = သမုတိနယ်၌အသိကို ဟုတ်မှန်စွာ သိရပါစေသား။

၂၂။ နတ္ထိ ပစ္စယော = ပရမတ္တမရှိတရား၏အသိကို မျက်မှောက်ပြုရပါစေသား။

၂၃။ ၀ိဂတ ပစ္စယော = ရှေ့၌ပွင့်ကုန်ပြီးဖြစ်သော ဘုရားတို့ကို ရှိခိုးရပါစေသား။

၂၄။ အ၀ိဂတ ပစ္စယော = ပွင့်လတ္တံ့သော ဘုရာတို့ကို ရှိခိုးရပါစေသား။