“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, December 26, 2012

အမျိုးသမီး ရာသီစက်ဝန်းအတွင်း ဆောင်သင့်၊ ရှောင်သင့်သော အစားအစာများ


အမျိုးသမီးအများစုဟာ ရာသီစက်ဝန်းကာလအတွင်းမှာဆိုရင် စိတ်ကသိကအောက်ဖြစ်တာ၊ စိတ်ဆိုးလွယ်တာ၊ စိတ်တိုတာနဲ့ မောပန်း၊ ညောင်းညာနေတာမျိုးတွေကို ကြုံရတတ်ပါတယ်။ ဒီအချိန်မှာ ဆီကြော်စာတွေနဲ့ အချိုလွန်ကဲတဲ့ အစာတွေကို ပိုပြီး စားချင်စိတ် ဖြစ်ပေါ်တတ်ပါတယ်။ ရာသီစက်ဝန်းအတွင်း စားသင့်၊ ရှောင်သင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကာဗိုဟိုက်ဒရိတ် ပါဝင်တာ စားပါ
သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေက သင့်အတွက် အမြဲတမ်း အဖော်မွန်ဖြစ်ပြီး အထူးသဖြင့် ရာသီစက်ဝန်းအတွင်းမှာ အဓိက လိုအပ်ပါတယ်။ သစ်သီးမှာ ပါဝင်တဲ့ သကြားဓာတ်က သင်ရဲ့ အချိုစာတွေ စားချင်နေတဲ့စိတ်ကို ထိန်းချုပ်နိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ မက်မွန်သီး၊ လိမ္မော်သီး၊ သင်္ဘောသီး၊ ဆီးသီး၊ သခွားသီး၊ မုန်လာဥနီ စတာတွေကို စားပေးပါ။

ကဖင်းကို ရှောင်ပါ
ကဖင်းကို ခဏလောက် ရှောင်လိုက်မယ်ဆိုရင် ဝမ်းဗိုက်မှာ မအီမသာဖြစ်တာတွေကို လျော့နည်းသွားစေပါတယ်။ ကဖင်းက အစာအိမ်က အက်စစ်ဓာတ်ကို တိုးစေပြီး ရာသီစက်ဝန်းအတွင်း ဝမ်းဗိုက် မအီမသာ ဖြစ်စေတာကြောင့်ပါ။

ကယ်လ်စီယမ် ကြွယ်ဝတာကို စားပါ
အာဟာရဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်အရ အမျိုးသမီးတစ်ယောက်အတွက် တစ်နေ့ကို ကယ်လ်စီယမ် ၁၂၀၀ မီလီဂရမ်လောက် လိုအပ်ပါတယ်။ ဒါကြောင့် ကယ်လ်စီယမ် ကြွယ်ဝတဲ့ ကိုက်လန်၊ အစိမ်းရောင်အရွက်၊ ပန်းဂေါ်ဖီ၊ ဒိန်ချဉ်နဲ့ နို့တွေကို မှီဝဲပါ။

ဆားအများကြီး မသုံးပါနဲ့
ဆားအများကြီး စားတာကြောင့် ရင်ပူပြီး မအီမသာဖြစ်တာနဲ့ ခြေ၊ လက်တွေ တစ်ခါတလေ ရောင်ရမ်းစေတတ်ပါတယ်။ လေ့လာမှုတွေအရ လူတစ်ယောက်အတွက် တစ်နေ့မှာ ဆား ၂၃၀၀ မီလီဂရမ် လိုအပ်ပြီး လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ဆားပမာဏနဲ့ ညီမျှပါတယ်။ ဒါပေမဲ့ ဆားဟာ သင်စားနေတဲ့ အသင့်စား အစာတွေထဲမှာ အများအပြား ပါဝင်နေတတ်တာကို သတိပြုပါ။

အနက်ရောင် ချောကလက် စားပါ
ချောကလက် အနက်ရောင် အတုံးလေး တစ်တုံးမှာ ကိုကိုးက ၆၀ ရာခိုင်နှုန်းလောက် ပါဝင်တတ်ပါတယ်။ ဒါကို အမျိုးသမီးတွေ ရာသီစက်ဝန်းအတွင်း နေ့စဉ် စားပေးသင့်ပါတယ်။ အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပြီး စိတ်ခံစားမှုကို ကောင်းစေပါတယ်။

ရေမသောက်ဘဲ မနေပါနဲ့
ရေများများ သောက်တာကြောင့် ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်မှု ကာကွယ်နိုင်တဲ့အပြင် ခန္ဓာကိုယ် ရောင်ရမ်းမှု ဖြစ်စဉ်တွေကိုလည်း တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် ရာသီစက်ဝန်းအတွင်း ရေသောက်မနည်းပါစေနဲ့။

မဂ္ဂနီဆီယမ် ကြွယ်ဝတာကို စားပါ
မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ပဲအမျိုးမျိုး၊ တိုဟူး၊ မြေပဲ စတာတွေကို စားပေးပါ။

ဗီတာမင်ကို မမေ့ပါနဲ့
ရာသီစက်ဝန်းအတွင်း ဗီတာမင်ကြွယ်ဝတဲ့ အစားအစာတွေကို ပိုစားပေးရမှာပါ။ ဗီတာမင်အီး ကြွယ်ဝတဲ့ ထောပတ်သီး၊ အစေ့အဆန်နဲ့ ကြက်ဥအနှစ်တွေကို မှီဝဲပါ။ ဗီတာမင် B6 က ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းမှုတွေကို လျော့နည်းစေပါတယ်။ ဗီတာမင် B6 ကို အာလူး၊ ငှက်ပျောသီး၊ ဂျုံနဲ့ ပြုလုပ်တဲ့ မုန့်တွေက ရရှိနိုင်ပါတယ်။ ဗီတာမင်စီနဲ့ ဇင့်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို မှီဝဲပါ။

သဲသဲ
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A518747&xgs=1&xg_source=msg_share_post

ကွန်ပျူတာ Hangs ရခြင်း (၁၀) ချက်နှင့် ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ

ကွန်ပျူတာ Hangs ရခြင်း (၁၀) ချက် 


{chat box ကနေ ညီလေးရဲထွဏ်မြင့်မေးတဲ့စက်Hangs ရခြင်းအကြောင်းနဲ့ စက်ကို မြန်စေမယ့် အချက်တွေပါ တင်ပေးလိုက်ပါတယ်.. မသိသေးသူများလည် ဗဟုသုတအနေနဲ့ဖက်ကြည့် ကြပေါ့ ဗျာ }

ကွန်ပျူတာ ကိုသုံးနေရင် Hangs တာမျိုး Crashes ဖြစ်တာမျိုး ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် မိမိတို့စက်မှာ မလိုအပ်တဲ့ process တွေ အလုပ်လုပ်နေလို့ပါ။ အဲဒီလို မဖြစ်အောင် ဖြေရှင်းနည်း (၁၀) ချက်ရှိတယ်။

1. မိမိတို့ computer မှာ ctrl+alt+ delete key (တစ်ချို့စက်တွေမှာ ctrl+shift+Esc ) နိုပ်ပြီ Task manager ကိုခေါ်လိုက်ပါ။ ပြီးရင် processes ထဲမှာ ကိုယ်မသုံးတဲ့ software တွေကို End Process လိုက်လုပ်ပါ။
2. နောက်တစ်ခုက virtual memory တိုးပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ program တွေ အများကြီး run ထားတဲ့အခါ virtual memory မလုံလောက်တဲ့အတွက် စက် Hangs တာမျိုးတွေ ဖြစ်တက်ပါတယ်။ virtual memory ကိုတိုးပေးလိုက်ပါ။


3. နောက်တစ်ခုက Browser တွေရဲ့ History တွေကို ဖျက်ထုတ်ပါ။ ccleaner software နဲ့ ဖြေရှင်းရင် ပိုကောင်းတယ်။ ကျွန်တော် တင်ပေးလိုက်ပါတယ်။ software မသုံးချင်တဲ့ သူငယ်ချင်းများအတွက် Internet explorer မှာ Tools ကို တွေ့မှာပါ။ အဲဒီမှာ internet option ထဲက General မှာ clear History ကို click လိုက်ပြီး ok ပေးလိုက်ပါ။ Firefox မှာလဲ option ထဲက privacy ထဲမှာ private ထဲက setting မှာ clear ပေးလိုက်ပါ။ Browser History တွေကို ပြောတာနော်။

4. နောက်တစ်ခုကတော့ Internet temporary files တွေကို delete ပေးရပါ့မယ်။ ဒါကတော့ option က ဖျက်တာနဲ့စာရင် ccleanner softeware နဲ့ ဖြေရှင်းတာ အကောင်းဆုံးပါ။

5. နောက်တစ်ခုက cookies တွေကို ဖျက်ထုတ်ပါ။ Internet Browser တွေက option ထဲကနေ cookies တွေကို ဖျက်ထုတ်လိုက်ပါ။

6. နောက်တစ်ခုကတော့ မလိုအပ်တဲ့ programs တွေကို ဖျက်ထုတ်ပါ။ မိမိတို့စက်မှာ မလိုအပ်တာတွေကို မိမိသာလျင် အသိဆုံးပါ။ မိမိcomputer က control panel ထဲက add/remove programs ထဲက မလိုတာတွေကို uninstall လုပ်လိုက်ပါ။

7. နောက်တစ်ခုက files တွေကို ပြန်စီပါ။ Defragmenter ချတယ်လို့လဲခေါ်ပါတယ်။ Defragmenter ချတဲ့နေရာမှာ မိမိ Defragmenter ချတဲ့အခါ မိမိချချင်တဲ့ Disk မှာ free space 15% ရှိရပါမယ်။ မရှိရင်တော့ defragmenter ချလို့ မရပါဘူး။ လုပ်နည်းကတော့ all programs/accessories /system tool/disk defragmenter မှာ မိမိ partition ခွဲထားတဲ့ file တွေကို ပြန်စီပါ။

8. နောက်တစ်ခုကတော့ မိမိ ကွန်ပျူတာမှာ error ကို check လုပ်တာပါ။ မိမိစက်မှာ error တက်နေတဲ့ program တွေကို check လုပ်လိုက်တာပါ။ ဘယ်လိုလုပ်ရသလဲဆို မိမိ error ရှာချင်တဲ့ disk ပေါ်မှာ right click ထောက်။ properties ထဲက tools မှာ error-checking အကွက်ထဲမှာ check Now ကို click ပြီ မိမိတို့လုပ်စေချင်တာကို အမှန်ခြစ်ပေးပြီ check လုပ်လိုက်ပါ။

9. နောက်တစ်ခုကတော့ ကျွန်တော်တို့ Run ထဲမှာ (%temp%;prefetch;recent) ကို ပုံမှန်ဖျက်ထုတ်ပေးပါ။ ဖျက်လို့မရတဲ့ files တွေလဲတွေ့ရမှာပါ။ ဖျက်ရချင်ရင်တော့ unlocker softeare နဲ့ ဖြေရှင်းလို့ရပါတယ်။ free ပေးပါတယ် google မှာရှာလိုက်ပါ။နောက်တစ်ခုကတော့ computer ထဲက search button မှာ cooking လို့ ရိုက်ထည့်ပြီ သူ့ထဲမှာ ရှိတဲ့ ဖိုင်တွေကို ဖျက်ထုတ်လိုက်ပါ. ဗိုင်းရပ်အများဆုံးနားခိုတဲ့ နေရာလဲဖြစ်ပါတယ်။

10. နောက်တစ်ခုကတော့ မိမိတို့ computer ဖွင့်ဖွင့်ချင်းမှာ process တွေကြောင့် window အတက် အတော်လေးပါတယ်။ ဒါကြောင့် msconfig က startup ထဲမှာ မလိုအပ်ဘူးထင်တာတွေကို disable ပေးထားလိုက်ပါ။ လိုအပ်တာတွေတော့ မှားမပေးနဲ့နော်။ နောက်တစ်ခုကတော့ shutdown လုပ်တဲ့အခါမှာ power ပေါက် ထိုးပိတ်တာမျီုးမလုပ်ပါနဲ့။

----------ကွန်ပျူတာ မြန်စေရန်နည်းလမ်များ--------

၁။ ပထမဆုံး run box ကိုဖွင့်လိုက်ပါ။
-start ကနေသွားလည်းရတယ်။ Windows key နဲ့ R တွဲနှိပ်လည်းရပါတယ်။
-run box မှာ gpedit.msc လို့ရိုက်လိုက်ပါ။
-ဘယ်ဘက်မှာ computer configuration ကိုရွေးလိုက်ပါ။
-Administrative Templates ကိုရွေးပါ။
-Windows Components ကိုရွေးပါ။
-Terminal services ကိုရွေးပါ။
-Temporary folders ကိုဆက်ရွေးပါ။
-Do not delete temp folder upon exit မှာ right click ခေါက်ပြီး properties ကိုရွေးပါ။
-ပြီးရင် disable ကိုရွေးချယ်လိုက်ပါ။
-ပြီးရင် apply ၊ ok လိုက်ပါ။

ဒါဆိုရင်တော့ temp files တွေဖျက်လို့ရပါပြီ။
ခုနလိုပဲ run box ပြန်ခေါ်လိုက်ပါ။ ပေါ်လာတဲ့ ဘောင့်စ်မှာ %temp% လိုက်ရိုက်ထည့်လိုက်ပါ။
ပြီးရင် enter ခေါက်လိုက်ပါ။ ဒါဆို temp files တွေပေါ်လာပါပြီ။ delete နဲ့ဖျက်လိုက်ပါ။
တချို့ဖိုင်တွေအလုပ်လုပ်နေသေးလို့ဖျက်လို့မဘူးလို့ပြောပါလိမ့်မယ်။

၂။ နောက်တစ်မျိုး

run box ခေါ်လိုက်ပါ။ prefetch လို့ရိုက်လိုက်ပါ။ ctrl+A နဲ့အားလုံး select ပေးပြီးဖျက်ပြစ်လိုက်ပါ။

၃။ Hard disk ကိုရှင်းရအောင်

Windows XP မှာ hard disk ကိုရှင်းတဲ့ tool လေးတစ်ခုပါဝင်ပါတယ်။ တကယ်ကိုကောင်းမွန်ပါတယ်။
Start
All Program
Accessories
System tools
Disk cleanup
ထိသွားလိုက်ပါ။ ရောက်သွားရင် ကိုယ်ရှင်းချင်တဲ့ drive ကိုရွေးချယ်ပြီးတော့ ရှင်းလို့ရပါပြီ။ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေအားလုံးကို ရှင်းလင်းပေးပါလိမ့်မယ်။ မရှင်းတာကြာရင်ကြာသလောက် အချိန်စောင့်ရပါတယ်။ အပြင်ခနသွားတာတို့ ကော်ဖီသောက်တာတို့ စသည်အချိန်တွေမှာ ရှင်းထားနိုင်ပါတယ်။ကျွန်တော်လည်း ဒီလိုပဲ ကော်ဖီသောက်ချိန်ဆိုရင် ရှင်းထားလိုက်တာပဲ။ အစအနမကျန်အကုန်ရှင်ပေးပါတယ်

၎။ မသုံးတဲ့ program တွေဖယ်ထုတ်ရအောင်

Start
Run
run box ခေါ်ပြီးရင် msconfig လို့ရိုက်လိုက်ပါ။ System Configuration Utility ဘောင့်စ်ပေါ်လာပါလိမ့်မယ်။ Startup ဆိုတဲ့ tab ကိုရွေးချယ်လိုက်ပါ။
ကိုယ့်အတွက်အသုံးမလိုတော့တဲ့ program တွေရှေ့မှာ အမှန်ခြစ်ထားခဲ့ရင် uncheck (အမှန်ခြစ်ကိုဖြုတ်)လုပ်ပါ။ပြီးရင် restart ပြန်ချလိုက်ပါ။

၅။ ပရိုဂရမ်ရဲ့အမြန်နှုန်းကို မြှင့်တင်ရအောင်

screen အောက်ခြေက taskbar ကို right click ခေါက်ပါ။ ပေါ်လာတဲ့ထဲက Task Manager ကိုရွေးပါ။ process ဆိုတဲ့ tab ကိုထပ်ရွေးပါ။ ကိုယ့်စက်ထဲမှာရှိတဲ့ program တွေ ပေါ်လာပါ လိမ့်မယ်။ ကိုယ်မကြာခနသုံးလေ့ရှိတဲ့ program ပေါ်မှာ right click ခေါက် set priority မှာ high ကိုရွေးပေးလိုက်ပါ။

Graphic ကလည်း မှုန်မှုန်နေတတ်တယ်ဆို စက်ဝယ်တုန်က Graphic driver CD ပါတယ်မဟုတ်လာ ပြန်ပြီး install ပြန်သွင်းကြည့်ပါလာ ညီလေး....
 —





---------------------------------------------------------------





ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ


(1) Overheating

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများအနက်အန္တရာယ်အကြီးဆုံး
ပြဿနာက အပူလွန်ကဲခြင်းပါပဲ။ Software ကိုသာမက Hardwareကိုပါ
ပျက်စီးစေနိုင်တဲ့အတွက်ကွန်ပျူတာအတွင်းအပူလွန်ကဲခြင်းမဖြစ်အောင်အမြဲသတိပြုသင့်ပါတယ်။
ကွန်ပျူတာအတွင်းမှာအလုပ်အများဆုံးလုပ်ဆောင်ရပြီး အပူအများဆုံးထွက်တာ CPU များဖြစ်ပါတယ်။
ဒါကြောင့် CPU များမှာ အပူမလွန်ကဲအောင် အအေးခံအတောင်များနဲ့ ပန်ကာများတပ်ဆင် ထားပေးရပါတယ်။တကယ်လို့ CPU ပန်ကာမလည်တော့ပဲရပ်သွားမယ်ဆိုရင် CPUမှာ အပူလွန်ကဲလာပြီးKernel error တက်လာပါလိမ့်မယ်။ ဒီလိုဆိုရင်ကွန်ပျူတာအတွင်းရှိ ပန်ကန်များနဲ့ အအေးခံ စနစ်ကောင်းစွာအလုပ်လုပ်ခြင်းရှိမရှိကိုချက်ခြင်းစစ်ဆေးသင့်ပါတယ်။

Chipsetများကို ပုံမှန်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ထက် ပိုခိုင်းပြီး Overclockingလုပ်တဲ့အခါမှာလည်း အပူလွန်ကဲလာတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာပုံးမှာပြည့်စုံလုံလောက်တဲ့အအေးခံစနစ် မ ရှိပဲ Overclocking မလုပ်သင့်ပါဘူး။Overclocking လုပ်လိုက်လို့ မီးခိုးထွက်လာတဲ့အထိ အပူလွန် ကဲတာကိုကြုံဖူးပါတယ်CPUကြောင့်ဖြစ်တဲ့ပြဿနာကိုBIOS setting မှာ CPU internal cache ကို Disable လုပ်ထားခြင်းဖြင့်လည်းဖြေရှင်းနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကွန်ပျူတာကို ပိုနှေး သွားစေနိုင်ပေမယ့်တည်ငြိမ်မှုပိုရစေနိုင်ပါတယ်။

(2) Hard disk drives
ကွန်ပျူတာကို Crash ဖြစ်စေတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကHard diskကိုအသုံးပြုတာ ကြာလာတဲ့အခါမှာ Hard disk ပေါ်မှာ ဖိုင်တွေနေရာချထားတာရှုပ်ထွေးလာပြီး
မနိုင်ဝန်ပိကာ ကွန်ပျူတာထိုးရပ်သွားစေတာပါပဲ။Hard disk fragmented ဖြစ်တယ်ပေါ့ဗျာ။
ဒီလိုဆိုရင်တော့ ဖြေရှင်းဖို့ရာ နည်းလမ်းများစွာ ရှိပါတယ်။အရိုးရှင်းဆုံးနည်းလမ်းကတော
့Start>Programs>Accessories>System Tools>Disk Defragmenterကနေ Disk Defragmenter ကိုဖွင့်ပြီး ဖိုင်တွေကိုအစီစဉ်တကျပြန်စီခြင်းပါပဲ

Defragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်မှာဖိုင်တွေထပ်ရေးခြင်းမ လုပ်သင့်ပါဘူး ဒါကြောင့်ကျနော်တို့အနေနဲ့ ကွန်ပျူတာကို ဘာမှမသုံးတဲ့အချိန်မှာပဲDefragment လုပ်သင့်ပါတယ်။
နောက်ထပ်သတိထားသင့်တာ တစ်ခုက Antivirus program ကိုလည်း ပိတ်ထားပေးသင့်ပါတယ်။
Hard disk မှာ ထည့်ထားတာ အရမ်းပြည့်လာတဲ့အခါမှာလည်းအလုပ်လုပ်တာနှေးလာပြီး
system ကို crash ဖြစ်စေနိုင်တာပါပဲ။ဒါကြောင့် မလိုအပ်တော့တဲ့ဖိုင်တွေကို အပါတ်စဉ်
ဒါမှမဟုတ် လစဉ် ရှင်းထုတ်ပြီးHard disk မှာ နေရာလွတ်ရှိအောင်ဖန်တီးထားသင့်ပါတယ်။

Temporary files တွေကိုပုံမှန်ရှင်းထားပေးရင်ကို နေရာလွတ်တော်တော်များများ ရနိုင်မှာပါ ။start>run>%temp% ဆိုရင် Temporary folderထဲရောက်သွားပါ လိမ့်မယ်။ ဖျက်သင့်တယ် ထင်တာ ဖျက်ပစ်ပေါ့ဗျာ။
အများစုက…software တစ်ခုတင်တဲ့အချိန်၊ အသုံးပြုတဲ့အချိန်မှာ ဖန်တီးထားတဲ့ဖိုင်တွေပါအတော
များများဖျက်လို့ရပါတယ်။Recycle Bin ကိုလည်းရှင်းဖို့မမေ့ပါနဲ့ဦး။အမှိုက်ပုံးသွန်ရတာအလုပ်ရှုပ် လွန်း လို့ ကျွန်တော်ဆို…ဘယ်တော့မှအမှိုက်ပုံးထဲကိုမပို့ဘူး……Shift+deleteနဲ့အပြီးရှင်း ထုတ်လိုက်တာပဲ။

ဒါပေမယ့်မဖျက်ခင် အသေအချာစဉ်းစားဖို့တော့လိုတယ်လေ၊ နောင်တမရကြေးပေါ့ဗျာ
Hard disk နဲ့ပါတ်သတ်တဲ့ နောက်တစ်ခုက Hard disk မှာ errors တွေ၊bad sectors တွေ ရှိမရှိအနည်းဆုံး တစ်လတစ်ခါလောက်တော့ scan လုပ်ပေးသင့်ပါတယ်။

Start>All programs>Accessories>System tools>Scan Disk ကိုသွားပြီးလုပ်လို့ရပါတယ်။ တခါတရံမှာ အဲဒီ Start Menu ထဲမှာ Scan Disk မပါဘဲ ဖြစ်နေတတ်ပါတယ်။
ဒီလိုဖြစ်နေပြီဆိုရင်တော့ Start>Run မှာ chkdsk လို့ရိုက်ပေးလိုက်ပါ။MS-DOS ကနေ Scan လုပ်ပေးပါလိမ့်မယ်။ဒီလိုမှမလုပ်ချင်ဘူးဆိုရင်လည်း ကိုယ်စစ်ချင်တဲ့ Hard disk ရဲ့ Properties
ကိုခေါ်ပြီး Tools tab အောက်မှာ Error-checking ဆိုတဲ့ ခေါင်းစဉ်အောက်က Check Now
နဲ့စစ်လည်းဖြစ်ပါတယ်။

သတိပြုနိုင်ကြပါစေ......

(3) memory
ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ အနက်နောက်ပြသနာတစ်ခုက

memory ပါ သူ့  ပြဿနာကလည်း Blue death screen တက်လာပြီး
Fatal Exception Error ဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုပါပဲ။ ဒီmemoryကြောင့်ဖြစ်တဲ့ ပြဿနာကလည်း အတော်များများကြုံတွေ့ရလေ့ရှိပါတယ်။

fatal error ဆိုတာက Hardwareနဲ့ပါတ်သတ်ပြီး ပြဿနာကြီးကြီးမားမားတစ်ခုရှိနေပြီ ဆို တာကိုညွှန်ပြခြင်းပါပဲ။

တစ်ခါတလေမှာ….လုံးဝသုံးမရတော့ဘဲ အသစ်တစ်ခုအစားထိုးရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
ဒါပေမယ့် memory ကြောင့်ဖြစ်တဲ့ Fatal error ဆိုရင်တော့ chips အချင်းချင်း တွဲဖက်မညီတဲ့ အခါမျိုးမှာလည်းဖြစ်တတ်ပါတယ်။ဥပမာ - 70ns Ram နဲ့ 60ns Ram နှစ်ချောင်းကို တွဲစိုက်ထားမယ်ဆိုရင်ပိုနှေးတဲ့ 60ns နဲ့ပဲ ကွန်ပျူတာက အလုပ်လုပ်မှာပါပဲ။အဲဒါကိုမှmemory
ကို overworked ဖြစ်စေတဲ့ Program မျိုးကိုဖွင့်လိုက်တဲ့အခါမှာ၊Memory များများသုံးတဲ့ software တွေကိုသုံးလိုက်တဲ့အခါမျိုးမှာကွန်ပျူတာက….Crash ဖြစ်သွားတော့တာပါပဲ။သူမှာက 70ns Ram လည်းရှိနေတော့ အဲဒီအမြန်နှုန်းနဲ့သုံးဖို့ကြိုးစားပါလေရော။ဒါပေမယ့် 60ns Ram ကမလိုက်နိုင်တဲ့အခါ…ထိုးရပ်သွားတော့တာပေါ့။

ကဲ……ဒီပြဿနာကို
ဖြေရှင်းကြည့်ရအောင်။ပထမနည်းလမ်းကတော့ BIOS setting မှာ Ram ရဲ့ Wait state ကိုတိုးပေးထားလို့ရပါတယ်။ဒီလိုလုပ်ခြင်းအားဖြင့် memoryကိုပိုတည်ငြိမ်စေပါတယ် ။နောက်ထပ် နည်းလမ်းတစ်ခုကတော့……..Motherboard ပေါ်ကmemory တွေကို နေရာပြောင်းကြည့်ခြင်းပါပဲ။

memoryကိုဖြုတ်တဲ့နေရာမှာ တစ်ခုသတိထားရမှာက၊ ကြေးပြားခြေထောက်အချောင်းလေးတွေကို
မထိမိစေဖို့ပါပဲ။လူမှာရှိတဲ့ Static charge ကြောင့် memoryကိုပျက်စီးစေနိုင်လို့ပါ။ အကောင်းဆုံးကတော့……..မတူညီတဲ့ အမြန်နှုန်းနဲ့ Ram နှစ်ခုပြိုင်တူထည့်မထားဖို့ပါပဲ။

သတိပြုနိုင်ကြပါစေ.....

(4) Software
ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများအနက်ပြသနာတစ်ခုကကွန်ပျူတာမှာ အသုံးပြုမယ့် ဆော့ဖ်ဝဲများကို စနစ်တကျတင်မထားခဲ့ရင်လည်းကွန်ပျူတာအသုံးပြုနေစဉ် ထိုးရပ်သွားစေနိုင်ပါတယ်။ ဆော့ဖ်ဝဲကို ဖြုတ်ချပြီးမှစနစ်တကျပြန်တင်ပေးခြင်း ဖြင့်ဒီပြဿနာကိုဖြေရှင်းနိုင်ပါတယ်။ ရံဖန်ရံခါမှာဆော့ဖ်ဝဲကိုဖြုတ်ချလို့မရဘူးဖြစ်နေတတ်ပါတယ်။ ဒီလိုဆိုရင်တော့ NortonUninstall ဒါမှမဟုတ်Uninstall Shield ကိုအသုံးပြုလိုက်ရင်ဖြုတ်ချလို့ရနိုင်ပါတယ်။ ဒီဆော့ဖ်ဝဲများဟာသမားရိုးကျဖြုတ်ချတာ ထက် SystemRegistry မှာ ဖြုတ်ချလိုက်တဲ့
ဆော့ဖ်ဝဲနဲ့ပါတ်သတ်တာများကိုပါ ရှင်းပေးတဲ့အတွက် Clean Uninstallလုပ်ပေးနိုင် တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။

Registry ကိုပါရှင်းပေးထားပါမှဆော့ဖ်ဝဲကိုအသစ်တဖန်ပြန်တင်တဲ့အခါရှင်း ရှင်းလင်းလင်း တင် ပေးနိုင်မှာပါ။Registry မှာတန်ဖိုးအဟောင်းများကျန်ခဲ့ရင်အသစ်တင်လိုက်တဲ့ အခါမှာ ထပ်ရေးတဲ့တန်ဖိုးများနဲ့ ရောထွေးပြီးဆော့ဖ်ဝဲဟာပုံမှန်မဟုတ်ပဲဖြစ်နေတတ်ပါတယ်။Registry ကိုရှင်းပေးတဲ့အခြားဆော့ဖ်ဝဲများလည်းရှိပါတယ်။

Registry Mechanics, System Mechanics, One click ,maintenance, Registry cleaner စသည်ဖြင့် အများကြီးရှိပါတယ်။Registryကိုရှင်းမယ်ဆိုရင် သတိထားဖို့တော့လိုပါတယ်။ တကယ်လို့ Registry မှာလိုအပ်တာတွေ ပျက်သွားရင် OSတစ်ခုလုံးကိုပြန်တင်ရတဲ့အထိဖြစ် သွားနိုင် ပါတယ်။

http://netlumone31.blogspot.com/2012/08/hangs.html

ကွန်ပျူတာ Passwords မေ့လို့ဖွင့်လို့မရခဲ့လျှင်

ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့အကြောင်းအရာလေးတွေရှိလို့ Passwords နဲ့
ပိတ်ထားကာမှ အချိန်ကြာလာသောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့
ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက်ဖော်ပြပေးလိုက်ရပါတယ်..။

နည်းလမ်း(၁)

ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့
ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်
သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administrator
ဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ်
ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်
နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်
ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို
Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။ အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ
ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်
Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့
အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အ
အတွက် MgMg အကောင့်ကိုတော့ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User
Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။
User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရ
ပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အ
သစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေး
ရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new
Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်
မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီးဝင်နိုင်ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ
ပွင့်သွားပါလိမ့်မယ်။

နည်းလမ်း(၂)

ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ)။
ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။

နည်းလမ်း(၃)

ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ဝင်ပြီး
First Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့
Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်
လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များအတိုင်း သေသေချာချာပြုလုပ်
ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows  XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။
ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။
မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကီးများကိုနှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။
Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါ့မယ်။ "NUSRMGR.CPL" လို့၇ိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။
သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်
ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ..။

 http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1523636&xgs=1&xg_source=msg_share_post

ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

မြန်မာလူမျိုးတွေရဲ့  မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီးဟာ သွေးတိုးကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။ ဘူးသီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံးကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုး လည်း ပြုလုပ်ကြပါ တယ်။ ဘူးသီးကို စားပေးတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

အသည်းရဲ့  လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီစေပါတယ်
ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာ မင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာ မင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များပါတယ်။ ဒါကြောင့် အသည်းကို သန့်စင် စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာ ကွယ်ပေးတာတို့ လုပ်ဆောင်ပေးပါတယ်။

ဆံပင်ဖြူတာကို လျော့ကျစေပါတယ်
ဘူးရွက်ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီးအရည် ကတော့ ဆံပင်ဖြူတာကို လျော့ကျစေ တယ်လို့ ဆိုကြပါတယ်။

နုံးချည့်ညောင်းညာမှု သက်သာစေပါတယ်
ဘူးသီးကို စားပေးတာကြောင့် နုံး ချည့်ညောင်းညာမှု လျော့ကျစေပြီး လန်း ဆန်းစေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်းစေပါတယ်။

အစာမကြေတဲ့ ဝေဒနာကို လျော့ကျစေပါတယ်
ဘူးသီးဟာ အယ်လ်ကာလိုင်း ဂုဏ် သတ္တိရှိတာကြောင့် အက်စစ်ဓာတ်လွန် ကဲမှု၊ အစာမကြေတာနဲ့ အစာအိမ်အနာ တို့ကို သက်သာစေတယ်လို့ ဗပကမလနိေ က မှတ်ချက်ပေးထားပါတယ်။

စိတ်စွဲလွန်ဝေဒနာကို သက်သာစေပါတယ်
ဘူးသီးဟာ နာ့ဗ်ကြောတွေကို အား ကောင်းတဲ့အတွက် အလုပ်တစ်ခုခုကို ထပ်ခါတလဲလဲ လုပ်တတ်တဲ့ စိတ်စွဲလွန် ဝေဒနာ (OCD) ကို လျော့ကျစေပါတယ်။ ဆေးဝါးဗေဒဂျာနယ်ရဲ့ လေ့လာမှုအရ ဘူးသီးမှာ စိတ်စွဲလွန်ဝေဒနာကို လျော့ ကျစေတဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။

ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်
ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁၀ဝ ဂရမ်စား တဲ့အခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ ဒါ ကြောင့် ကိုယ်အလေးချိန်လျော့ကျစေတဲ့ အစားအစာ တစ်မျိုးအဖြစ် အသိအမှတ် ပြုထားပါတယ်။

အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များ စွာ ပါဝင်တဲ့အတွက် အထွေထွေ ကျန်း မာရေးကို ကောင်းမွန်စေပါတယ်။

မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ဘူးသီးမှာ ဘီတာကယ်ရိုတင်း ပမာဏ များစွာ ပါဝင်တဲ့အတွက် မျက်စိအ မြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဘူး သီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူ လမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစ တာတွေကိုလည်း သက်သာစေပါတယ်။ ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ရှိတာကြောင့် ရောဂါအ များစုကို တွန်းလှန်ပေးနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်
ဘူးသီးမှာ ပါတဲ့ ပပ်တိုက်နဲ့ အယ်လ် ကာလွိုက်တွေက သွေးတွင်း သကြား ဓာတ်ပမာဏကို လျော့ကျစေပါတယ်။ ဒါ ကြောင့် ဆီးချိုရောဂါရှိသူတွေ အသင့်အတင့် စားနိုင်ပါတယ်။
ကြယ်စင်
Ref>>Good health
shared by>>>http://natureenergycare.blogspot.com/2012/12/pppp.html

ညဘက်တွင် အစား အလွန်အကျွံ စားခြင်း

တစ်နေ့တာလုံး အလုပ် ပင်ပင် ပန်းပန်းလုပ်၊ ညနေစာ စားပြီး တီဗီရှေ့မှာ အနားယူ၊ သတင်း နားထောင်၊ ရုပ်ရှင် ကြည့်ရင်းနဲ့ အာသာပြေ ဝါးတတ် တာဟာ  ကျွန်မတို့ အားလုံး ဘာကြောင့် ညဘက်မှာ အစာ လျှော့မစားရတာလဲ ဆိုတဲ့ အဓိက အကြောင်းရင်းပါ။


အစာ စားချင်စိတ် ဘာကြောင့် ဖြစ်ပေါ်လာသလဲ ဆိုတာ ကိုတော့ မသိသေးပါဘူး။  ဗိုက်မဆာ ဘဲနဲ့ အစား အသောက်တွေ ဆီကို လက်လှမ်း မိတာ၊ မီးဖိုချောင်ထဲကို ခြေလှမ်းမိတာမျိုး ဖြစ်တတ် ပါတယ်။ အစာ စားချင်စိတ်က အလွန်အကျွံ ပြင်းထန် နေတာမျိုး မဟုတ်ဘဲ အပျင်းပြေ သဘောမျိုးနဲ့ တစ်ခုခုကို စားချင် နေတာဟာ လူ အတော် များများဆီမှာ တွေ့ရ တတ်ပါတယ်။ ညဘက် အစားအသောက် တွေကို အလွန်အကျွံ စားမိတာဟာ အကျိုးထက် အပြစ်ကို ပိုများ စေပါတယ်။

အဲဒီလိုမျိုး ဖြစ်ရတဲ့ အကြောင်းရင်း တွေကတော့ နှစ်ခု ရှိပါတယ်။ ပထမ တစ်ခုက ညဘက် အိပ်ရင်းနဲ့ ထစား မိတတ်တာ မျိုးပါ။ အိပ်စက်ခြင်းနဲ့ ဆက်စပ် နေတဲ့ အစာစားမှု ပြဿနာ (Sleep Related Eating Syndrome -SRES)  လို့ သတ်မှတ် ကြပါတယ်။ သူတို့ဟာ ညဘက် အိပ်ချိန် လမ်းထ လျှောက်ရင်းကနေ စားသောက် မိတာ၊ အိပ်ချင် မူးတူးနဲ့ ထပြီး စားတာ မျိုးပါ။ သူတို့ရဲ့သိစိတ်ထဲမှာ အစားအစာတွေကို ထစားမယ်လို့ စီစဉ်၊ စဉ်းစား ထားတာမျိုး မရှိပါဘူး။ သူတို့ အိပ်ရာက နိုးလာတဲ့ အချိန် ရောက်ရင်တော့ သူတို့ ဘေးနားမှာ စားလက်စ အစားအသောက် တွေကို တွေ့မှသာ အံ့သြတကြီး ဖြစ်မိ ကြပါတယ်။

နောက်တစ်မျိုး ကတော့ ညဘက် အိပ်ခါနီးမှာ အလွန်အမင်း စားမိတတ် တာမျိုး  (Night Eating Syndrome - NES)ပါ။ သူတို့ဟာ သူတို့ သုံးစွဲဖို့ လိုအပ်တဲ့ ကယ်လိုရီ ထက်ပိုပြီး စားမိတတ် ကြပါတယ်။ လူ ၁၀၀ မှာ ၁-၂ ယောက် လောက်မှာတော့ ဒီပြဿနာ တွေကို တွေ့ရ တတ်ပါတယ်။ တချို့ ရောဂါတွေ၊ ရောဂါ ကုသတဲ့ ဆေးတွေ ကြောင့်လည်း  NES ခံစားရ တတ်ပါတယ်။ ဒီလို လူတွေဟာ   အဝလွန်ခြင်းနဲ့ ပတ်သက်ပြီး ဆက်ဖြစ်လာမယ့် အန္တရာယ်တွေနဲ့ ကြုံတွေ့ နိုင်ပါတယ်။ ဒါ့အပြင် စိတ်ကျ ရောဂါနဲ့ ပတ်သက် တာတွေ၊ အစား အသောက်တွေကို စွဲလာတာ မျိုးကိုလည်း ခံစားရတတ် တယ်လို့ သိပ္ပံပညာရှင် တွေက အဆိုပြု ထားကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တိကျတဲ့ ဆက်စပ်မှုကို မတွေ့ရ သေးပေမယ့် မှန်ကန် နေတာကို တွေ့ရပါတယ်။ NES ဟာ အိပ်စက်ချိန်၊ အစာ စားချင်စိတ် တို့ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေ ပေါ်မှာလည်း သက်ရောက်မှု ရှိတယ်လို့ ဆိုလာ ကြပါတယ်။ ပညာရှင်တွေ ကတော့ အိပ်စက်ချိန် နည်းခြင်းနဲ့ ကိုယ်အလေးချိန် တက်လာခြင်း တို့ကို အခြေခံပြီး အိပ်စက်ချိန်နဲ့ အစာ စားချင်စိတ် တို့ဟာ အခိုင်အမာကို  ဆက်စပ် နေတယ်လို့ ဆိုကြ ပါတယ်။


- မိမိ ခံစား နေရတာဟာ ပုံမှန်နဲ့ မတူဘူး ဆိုရင် ဆရာဝန်နဲ့ ပြသပြီး တိကျတဲ့ ရောဂါ ရှာဖွေမှု ပြုလုပ်ပါ။

- အစာစား ချင်နေတဲ့ ပြဿနာဟာ စိတ်ပိုင်း ဆိုင်ရာ အခြေအနေ တစ်ခုခုနဲ့များ ဆက်စပ်နေ သလား ဆိုတာကို သိနိုင်ဖို့ စိတ်ရောဂါနဲ့ ပတ်သက်တဲ့ ပညာရှင် တစ်ယောက် ယောက်နဲ့ ဆွေးနွေး ကြည့်သင့် ပါတယ်။

- ရောဂါ တစ်ခု ခုကြောင့် ဖြစ်ရတာ ဆိုရင်လည်း မူလ အရင်းခံ ရောဂါကို အရင်ဆုံး ပျောက်ကင်းအောင် ကုသပေးဖို့ လိုပါတယ်။
- တချို့သူတွေဟာ စိတ် ဖိစီးမှု များလာတဲ့ အခါမှာ အစာ ခဏခဏ ထစား တတ်ပါတယ်။

- ညနေစာ စားသောက်တဲ့ အခါမှာ အလွယ် တကူ ဗိုက်ပြည့် စေတဲ့ အသီးအရွက် တွေကို ဦးစားပေးပြီး စားပေးပါ။

- ညဘက် အိပ်ရေး ဝအောင အိပ်တာဟာ  အစာ ခဏခဏ ထပြီး စားနေတာ မျိုးကို ကာကွယ် ပေးနိုင်ပါတယ်။

 နှင်းနုလွင်(ဆေးဝါး)
Ref: Good  Health

ဝမ်းတွင် အစာမရှိလျှင် (လ္ဘက်ရည်ကြမ်း) သောက်သင့်မသောက်သင့်

Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှ ရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော်များများ သုံးဆောင် လေ့ရှိပါတယ်။ အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ကျ အစာစားပြီးမှ သောက်သလို၊ အချို့ ကျလည်း အစာမစားမီလည်း သောက်တတ်ပါတယ်။

လက်ဘက်ရဲ့  အဓိကလုပ်ဆောင်ချက်ကို သိထားရန်လိုအပ်ပါတယ်။ လက်ဘက်ဆိုတာ ကယ်လိုရီကို လင်မြန်စွာ လောင်ကျွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခါးရည်သောက်ရင် အဆီကျတယ်လို့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။

လက်ဘက်ရည်ကြမ်းဟာ ကယ်လိုရီတွေကို လျင်မြန်စွာ လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် အစာစားပြီးတဲ့အချိန်မှာ မှီဝဲတာအကောင်းဆုံး ဖြစ်ပါတယ်။ သို့သော် ဝမ်းထဲအစာမရှိလျှင် မသောက်သုံးသင့်ပါ။

ဖြစ်စဉ်ကဒီလိုပါ။ ဝမ်းထဲမှာ အစာမရှိပါ။ သောက်လိုက်သော လက်ဘက်ရည်က ဝမ်းထဲသို့ဝင်သည်။ ဝမ်းထဲတွင် အစာခြေဖျက်ရန် စောင့်ဆိုင်းနေသော Gastric အက်ဆစ်နှင့် အခြားသောအက်ဆစ်များနှင့် လျင်မြန်စွာဓာတ်ပြုသည် ထိုအခါ ခြေဖျက်စရာ ကယ်လိုရီ အဟာရဓာတ်မရှိသည့်အတွက် ဝမ်းထဲတွင် ရှိသော အက်ဆစ်နှင့် ဓာတ်ပြုပြီး အခြားနေရာများသို့လည်း ပြန့်ကျဲသည် အကျိုးဆက်အားဖြင့် မအီမလည်၊ မသက်မသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဓာတ်မတည့်၍ ယားယံခြင်း၊ ခြေလက်များ ဖောယောင်လာခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။

တစ်ကြိမ်နှစ်ကြိမ်မဟုတ်ပဲ လက်ဘက်ရည်ကို နှစ်လရှည်စွာ ဝမ်းထဲမရှိပဲ စွဲသောက်ပါက ဖြစ်လာမည့် အကျိုးဆက်က အထက်ဖော်ပြပါထက် ပိုနိုင်ပါသည်။ ထို့ကြောင့် ဆေးပညာရှင်များက ဝမ်းထဲတွင် အစာမရှိလျှင် လက်ဘက်ရည်ကြမ်း (Tea) မသောက်ရန် တိုက်တွန်းထားကြောင်း သိရသည်။

http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1536335&xgs=1&xg_source=msg_share_post

ရေခဲသေတ္တာထဲသို့ အမြဲထည့်မထားသင့်သော အစားအသောက်များ

 
တချို့အစားအစာတွေကို ကျန်းမာရေးကောင်းစေတယ်လို့ ထင်မှတ်ပြီး ရေခဲသေတ္တာထဲမှာသိမ်းဆည်းပြီးစား
သုံးလေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့အစာတွေဟာ သင်ထင်သလိုမဟုတ်ဘဲ ကျန်းမာရေးအတွက် အန္တရာယ်
ရှိနိုင်ပါတယ်။ဒါကြောင့် အောက်ပါအစားအသောက်တွေကအမြဲနေ့စဉ်စားသုံးရင်အန္တရာယ်ရှိနိုင်တာကြောင့်
သင့်အိမ်ရှိ ရေခဲသေတ္တာထဲ အမြဲထည့်မထားသင့်ပါဘူး။

၁။ နို့နဲ့ နို့ထွက်ပစ္စည်း

နို့နဲ့ နို့ထွက်ပစ္စည်းမှာ ကယ်လ်စီယမ် ပါဝင်တာကြောင့် အဓိက စားသုံးသင့်တယ်လို့ လူအများစုက ထင်မှတ်ထားကြပါတယ်။ တရုတ်နိုင်ငံမှာ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ နို့နဲ့ နို့ထွက်ပစ္စည်းဟာ အရိုးကျန်းမာရေးအတွက် အသုံးမဝင်ရုံမက နို့ထွက်ပစ္စည်း များများ အသုံးပြုတာကြောင့် အရိုးပါးရောဂါနဲ့ ဆက်စပ်နေတဲ့ အရိုးကျိုးနိုင်ခြေ ပိုမြင့်မားတယ်လို့ တွေ့ရှိခဲ့ပါတယ်။

 နို့ထွက်ပစ္စည်းတွေဟာ ခန္ဓာကိုယ်အတွင်း အက်စစ်ဓာတ်ဖြစ်စေတာကြောင့်လို့ ဆိုပါတယ်။ အက်စစ်ဓာတ်ပြယ်ဖို့အတွက် ခန္ဓာကိုယ်က အရိုးထဲမှ ဆားတွေကို ဆွဲထုတ်လိုက်ရတာကြောင့် အရိုးတွေ အားနည်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူအများစုဟာ နို့နဲ့ နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ Lactose ခေါ်တဲ့ သကြားတစ်မျိုးနဲ့ Casein ခေါ်တဲ့ ပရိုတင်း အမျိုးအစားကို ခံနိုင်ရည်နည်းကြပါတယ်။ နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ rGBH ခေါ်တဲ့ ဟော်မုန်းဟာလည်း တချို့ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။

၂။ မွေးမြူရေးကြက်ဥ

 မွေးမြူရေးကြက်ဥတွေမှာ ပဋိဇီဝဆေးဝါးတွေ၊ ဟော်မုန်းတွေ၊ ပိုးသတ်ဆေးတေ၊ ဆာမိုနဲလားနဲ့ တခြား ဘက်တီးရီးယားပိုးမွှားတွေ ပါဝင်တတ်ပါတယ်။ အကယ်၍ ကြက်ဥ စားတော့မယ်ဆိုရင် အိမ်မွေးကြက်ဥနဲ့  သြဂဲနစ်နည်းပညာနဲ့ မွေးမြူထားတဲ့ ကြက်ဥတွေကို စားပါ။

၃။ မာဂျရင်းနှင့် ထောပတ်

မာဂျရင်းမှာ ထပ်ပြန်ကြော်ဆီတွေနဲ့ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ တခြားဓာတုပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။ ထောပတ်မှာ တိရစ္ဆာန်မှရရှိတဲ့ ပြည့်ဝဆီတွေ အများအပြား ပါဝင်တာကြောင့် နှလုံးကို ပျက်စီးစေနိုင်ပါတယ်။ နှစ်မျိုးစလုံးမှ ကယ်လိုရီ အများအပြား ရရှိနိုင်ပြီး သွေးတွင်းကိုလက်စထရော အဆင့်ကိုလည်း မြင့်မားစေနိုင်ပါတယ်။

၎။ မေရိုးနိစ်

မေရိုးနိစ်မှာ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ပဲပိစပ်အဆီတွေ ပါဝင်ပါတယ်။ သုတေသနပြုလုပ်ချက်အရ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ အစားအစာတွေဟာ မြုံတာ၊ မွေးကင်းစကလေး သေဆုံးတာတို့နဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မေရိုးနိစ်ရဲ့ သွင်ပြင်သဏ္ဌာန်ဟာလည်း အဆီအခဲပျစ်ပျစ်တွေနဲ့ တူညီနေတာမို့ အဆီပါဝင်မှု များပြားနေမယ်ဆိုတာ အမှန်အကန်ပါ။ ဒီအစာတွေ စားတာကြောင့် ခန္ဓာကိုယ်မှာ အဆီစုဆောင်းမှုတွေလည်း များပြားနိုင်ပါတယ်။

၅။ Ketchup (ဆော့စ်အမျိုးမျိုး)

Ketchup တွေမှာ ဖရုတို့စ် ပါဝင်မှုများတဲ့ ပြောင်းဖူးအချိုရည်  (High-frutose corn syrup, HFCS) နဲ့ တခြားဓာ
တုပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။ သစ်သီးတွေမှာ HFCS ဟာ  အနည်းငယ် ပါဝင်ပေမယ့် သူတို့မှာ အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါ ပါဝင်တာမို့ ခန္ဓာကိုယ်တွင်းမှာ ဖရုတို့စ်ကို ထိ
ရောက်စွာ ချေဖျက်နိုင်ပါတယ်။

HFCS ပါဝင်မှု များပြားတဲ့ အစားအစာတွေကိုမူ အသည်းမှ ချေဖျက်နိုင်စွမ်း အရမ်းခက်ခဲသွားပါတယ်။ ဒါကြောင့် အသည်းအဆီဖုံးတာ၊ ထရိုင်ဂလစ်စရိုက်အဆင့် မြင့်မားတာ အစရှိတဲ့ ပြဿနာတွေအပြင် ခန္ဓာကိုယ်မှ အစာစားချင်စိတ်ကို အချက်ပြတဲ့ စနစ်တွေပါ ပျက်စီးစေနိုင်ပါတယ်။ ဒါ့အပြင် အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ Metabolic Syndrome  ဖြစ်နိုင်ခြေလည်း မြင့်မားသွားပါတယ်။

၆။ စူပါမားကက်ရှိ ဟင်းရွက်သုပ်ရာတွင် ထည့်သောပစ္စည်း (Salad Dressings)

ဒီ Dressings တွေမှာ ဓာတုပစ္စည်းတွေ၊ တာရှည်ခံပစ္စည်းတွေ၊ သကြား၊ HFCS ၊ နို့ထွက်ပစ္စည်းနဲ့ မျိုးရိုးဗီဇပြု
ပြင်ထားတဲ့ အစာတွေ ပါဝင်ပါတယ်။ ရှလကာရည်၊ သံလွင်ဆီနဲ့ ဟင်းခတ်အမွေးအကြိုင်တွေကို အသုံးပြုပြီး ဟင်းသီးဟင်းရွက်တွေနဲ့ သုပ်စားပါ။

၇။ အသားလွှာ

အဆီပါဝင်မှုနည်းတဲ့ အသားလွှာမှာတောင် ပါဝင်တဲ့ပစ္စည်းတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်များပါ
တယ်။ အသားလွှာတွေ ပါးစပ်ထဲမှာအလွယ်တကူ ပျော်ဝင်သွားစေနိုင်ဖို့ ဆား၊သကြားနဲ့ဓာတုပစ္စည်းတွေကို
အသုံးပြုရလို့ပါ။ တာရှည်ခံပစ္စည်းနဲ့ အရောင်ဆိုးပစ္စည်းတွေကိုလည်း အသုံးပြုထားပါတယ်။

၈။ ပြုပြင်ထားသည့် အသားများနှင့် ဝက်ပေါင်ခြောက်

ဝက်အူချောင်းနဲ့ ဝက်ပေါင်ခြောက်လိုမျိုး ပြုပြင်ထားတဲ့ အစားအစာတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်
များပါတယ်။ လေ့လာမှုတစ်ခုအရ ပြုပြင်ထားတဲ့ အစာတွေ စားတာကြောင့် မုန့်ချိုအိတ်ကင်ဆာဖြစ်နှုန်း ၆၇ ရာခိုင်နှုန်း မြင့်တက်နိုင်တယ်လို့ သိရပါတယ်။

၉။ ဒိန်ချဉ်

ဒိန်ချဉ်မှာ လူ့အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အကျိုးရှိတယ်လို့ လူအ
များ ထင်မှတ်ကြပါတယ်။ ဒါပေမဲ့ ဒိန်ချဉ်ဟာ ပိုးသတ်ထားတဲ့ နို့နဲ့ ပြုလုပ်ထားတာဖြစ်ပြီး သူ့မှာ Lactose နဲ့ Casein တွေအပြင် နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ အရာတွေအားလုံး ပါဝင်ပါတယ်။

၁၀။ တိုဟူး

အသားကို စားမယ့်အစား တိုဟူးကို စားမယ်ဆိုရင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးရနိုင်တယ်လို့ လူအ
များ ထင်မှတ်ကြပါတယ်။ တိုဟူးဟာ ပဲပိစပ် ထုတ်ကုန်တစ်မျိုးပါ။ အမေရိကန်မှ ထုတ်လုပ်တဲ့ ပဲပိစပ်တွေရဲ့ ၈၇ ရာခိုင်နှုန်းဟာ မျိုးရိုးဗီဇ ပြုပြင်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပဲပိစပ်ဟာ တချို့ ကင်ဆာရောဂါ၊သိုင်း
ရွိုက်ရောဂါ၊ မြုံတာ အပါအဝင် ကျန်းမာရေးပြဿနာတချို့နဲ့ ဆက်စပ်နေပါတယ်။ ကောက်နှံတစ်ခုလုံးပါဝင်
စာတွေ စားပေးရင် အသားဓာတ်ကို အများအပြား ရရှိနိုင်ပါတယ်။

၁၁။ ဖျော်ရည်

ဖျော်ရည်တွေမှာ သကြားအများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် အနည်းငယ်သာ ပါဝင်ပြီး ကယ်
လိုရီ အများအပြားလည်း ပါဝင်တာမို့ သွေးတွင်း သကြားဓာတ်ကိုလည်း မြင့်တက်စေနိုင်တဲ့အပြင် အစာစား
ချင်စိတ်ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ စူပါမားကက်မှာ တင်ရောင်းထားတဲ့ ဖျော်ရည်တွေဟာ ပိုးသတ်
ထားတာတွေ ဖြစ်တာကြောင့် အာဟာရဓာတ်တွေ အများအပြား ဆုံးရှုံးပြီးသား ဖြစ်ပါတယ်။

၁၂။ ဆော်ဒါ

ဆော်ဒါဟာ ခန္ဓာကိုယ်တွင်း အက်ဆစ်ဓာတ်ကို ဖြစ်စေတဲ့အပြင် သူ့မှာလည်း HFCS တွေ အများအပြား ပါ
ဝင်ပါတယ်။ Diet ဆော်ဒါမှာ ဆေးသကြားတွေ ပါဝင်တာကြောင့် အဲဒီနှစ်မျိုးစလုံးဟာ ကိုယ်အလေးချိန် ပြဿ
နာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ရေခဲသေတ္တာအတွင်း ထည့်သင့်သည့် အစားအစာများ

- အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သီးဝလံများ
- သြဂဲနစ် သစ်သီးများ
- ရှလကာရည်
- သြဂဲနစ် ကြက်ဥ
- ဗာဒံစေ့
- ထောပတ်သီး
- ပဲအမျိုးမျိုး
- လတ်လတ်ဆတ်ဆတ် အသားများ
(ပြန်လည်မျှဝေသည်)

http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1536166&xgs=1&xg_source=msg_share_post

ဘီယာတွင် ပါဝင်သော ဗျစ်ပွင့်ခြောက် အအေးမိ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်

 
ဘီယာတွင် ပါဝင်သော အဓိက ပစ္စည်းတစ်မျိုး ဖြစ်သည့် ဗျစ်ပွင့်ခြောက်သည် ကလေးငယ် များတွင် ဖြစ်ပွား တတ်သော အပြင်းအထန် ဖျားနာခြင်းနှင့် ဆောင်းရာသီတွင် ဖြစ်ပွားတတ်သည့် နှာစေးခြင်း များကို ကာကွယ် ပေးနိုင်ကြောင်း Sapporo ဂျပန်ဘီယာ ကုမ္ပဏီက သိပ္ပံပညာရပ် ဆိုင်ရာလေ့ လာ မှု တစ်ရပ်ကို ကိုးကား၍ ပြောကြားခဲ့သည်။
ဘီယာအရသာ ပိုမို ကောင်းမွန်ရန် အတွက် အသုံးပြုသော ဗျစ်ပွင့်ခြောက် တွင် ပါဝင်သော humulone ဓာတု ဒြပ်ပေါင်းသည် ကလေးငယ် များတွင် ဖြစ်ပွားတတ်သော အဆုတ်ရောင် ရောဂါနှင့် ချောင်းဆိုး ရင်ကျပ်ရော ဂါကို ဖြစ်ပွားစေသော ဗိုင်းရပ်စ် ပိုးများကို ခုခံ ကာကွယ်နိုင်ကြောင်း Sapporo ဘီယာ ကုမ္ပဏီက ပြောကြား ခဲ့သည်။

humulone ဓာတု ဒြပ်ပေါင်းသည် နှာခေါင်းနှင့် လည်ချောင်း ရောဂါပိုး (RS) ကို ခုခံကာကွယ် နိုင်ကြောင်း Sapporo ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ သိပ္ပံ ပညာရှင်များက တွေ့ရှိခဲ့သည်ဟု ယင်းကုမ္ပဏီက ပြောကြား ခဲ့သည်။

RS ဗိုင်းရပ်စ် ပိုးသည် နို့စို့အရွယ် ကလေးငယ်များ၊ လမ်းလျှောက်ခါစ ကလေးငယ် များတွင် အဆုတ်ရောဂါ နှင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါများကို ဖြစ်ပေါ် စေကြောင်း ယင်းကုမ္ပဏီမှ သုတေသန ပညာ ရှင်တစ်ဦး ဖြစ်သူ ဂျန်ဖူ ချီမိုတိုက ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ ဗိုင်းရပ်စ် ပိုးသည် ဆောင်းရာသီတွင် ပျံ့နှံ့လျက် ရှိပြီး အရွယ်ရောက် ပြီးသူများအား အအေးမိခြင်း ကဲ့သို့သော ရောဂါ လက္ခဏာ များကို ဖြစ်ပွားစေကြောင်း သိရသည်။(ပြန်လည်မျှဝေသည်)

http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1536241&xgs=1&xg_source=msg_share_post

အခြေခံဝိပဿနာရှုနည်းအကျဉ်း

စကားဦး
မြတ်စွာဘုရားရှင်၏ အမှာစကားတော်တစ်ရပ်ရှိသည်။ ယင်းကား  - ၀ိပဿနာအလုပ်ကို တကယ်တမ်း ကြိုးစား အားထုတ်သူသည် တစ်ရက်ကို ခြောက်ပုံစု တစ်စုကိုချန်ထား ကျန်ငါးစုကို ရှုမှတ်မှုနှင့် မကင်းစေရ -ဟူသော စကားပင်ဖြစ်သည်။ အောက်ပါ မိမိရေးမည့် ဣရိယာပုထ်လေးပါးဖြင့် ရှုမှတ်ပုံအကျဉ်းသည် စာ ဖတ်သူတို့ကို သဘောတရား နားလည်စေနိုင်သော အဆင့်သို့သာ ရောက်စေနိုင်လိမ့်မည်။ မိမိအိမ်တွင် အစမ်းရှုမှတ်မှု ပြုနိုင်ရန်သာ အထောက်အကူပြုပါလိမ့်မည်။ တကယ်နည်းကျကျ သိလိုလျင် ရန်ကုန်မဟာစည်ကြီး၊ စိန်ပန်း မဟာစည်စသည့် ရိပ်သာတို့သို့ သွားရောက်ရှုမှတ်ကြပါရန် တိုက်တွန်းလိုပါသည်။ မိမိ ကိုယ်ကို ချင့်ချိန်၍ ဆရာရှိသင့်လျင် ရှိရပါလိမ့်မည်။ သို့မှသာ နောက်ဆက်တွဲ မိမိတို့ရှုမြင်မှုတို့ကို ထောက်ပြဆွေးနွေးမည့် ကမ္မဋ္ဌာနာစရိယ၏ အကူညီရမည်ဖြစ်ပါသည်။ ပါရမီအလို့ငှာ ရှုမှတ်လိုသူတို့အဖို့မူ အိမ်တွင်ရှုနိုင်ပါသည်။ ယနေ့ခေတ်ကြီးတွင် အိမ်၌သတိမလွတ်ပဲ ရှုရန်မလွယ်ကူတော့သော ခေတ်ဖြစ်နေသည်ကို သတိပြုရပါမည်။
 
ထိုင်၍ရှုပုံ
ထိုင်နည်းနှစ်မျိုးရှိသည်။ မဟာပလ္လင်္က = ဘယ်ညာနှစ်ဖက်ခွေထိုင် နဲ့ အဍ္ဎပလ္လင်္က = တစ်ဖက်ခွေပြီး တစ်ဖက်ကို နောက်ပစ်ထားသည့်နည်းဖြစ်သည်။ တရားနာရင်တော့ အမျိုးသားတို့က ပထမနည်းဖြင့်ထိုင်ပြီး အမျိုးသမီးတို့က ဒုတိယနည်းဖြင့် ထိုင်လေ့ရှိကြသည်။ တရားနာလျင် လက်အုပ်ချီ၊ တစ်လုံးမကျန် မှတ်ပြီးနာပါ။ လက်ကိုဘေး မထောက်ပါနှင့်။ တရားထိုင်မည်ဆိုလျင် ခါးကိုဖြောင့်ဖြောင့်ထားပါ။ လေကိုရှုသွင်းတော့ ဗိုက်ကဖေါင်းလာတယ် အဲဒါကို ဖောင်းတယ်၊ လေကိုရှိုက်ထုတ်တော့ ဗိုက်က ပိန်ကျတာကို ပိန်တယ်၊ စိတ်ကအပြင်အာရုံရောက်ရင် ရောက်တယ်၊ နာရင် နာတယ် ကျင်ရင် ကျင်တယ်မှတ်၊ ထိုင်ရာကနေ ထရင် ထတယ်လို့သိ၊ ရပ်ရင် ရပ်တယ်လို့ သိ၊ မျက်လွှာချထားပါ၊ မမြင်ရရာ ကိလေသာ သူ့ဟာသူငြိမ်းတယ်တဲ့။ အမှတ်ဆက်နိုင်သမျှ ဆက်ပါစေ။ အရှင်အာနန္ဒာလို အမှတ်မလွတ်ရင် အရှင်အာနန္ဒာတို့တောင်မှ ဣရိယာပုထ်လေးပါးကနေ အလွတ်ဖြစ်ပြီး တရားရတယ်။ စကားမပြောရပါ၊ တရားအကြောင်း ဘုရားအကြောင်း သံဃာအကြောင်းပြောတာ ကောင်းပါ၏။ သို့သော် ကုသိုလ်ချင်းယှဉ် ရင် တရားအားထုတ်တဲ့ကုသိုလ်က ပိုမြတ်ပါသည်။ ဒါကြောင့် စကားမပြောပါနှင့်။ မိမိဝမ်းဗိုက်ကို စိတ်ဖြင့် စူးစိုက်ကြည့်ပါ။ ဖောင်းခြင်း ပိန်ခြင်းသဘော ထင်အောင်ကြည့်ပါ။ မထင်ရှားလျင် ၀မ်းဗိုက်ကို လက်နှင့် ကပ်ထားကြည့်ပါ။ မြင်ပြီဆိုပါက ၀င်သက်အခိုက် ၀မ်းဗိုက်ဖောင်းကြွရွေ့ရှားလာတာ ကို ဖောင်းတယ်၊ ထွက် သက်အခိုက် ၀မ်းဗိုက်ပိန်ကျသွားတာကို ပိန်တယ်ဟု ရှုပါ။ မနှေးမမြန်ရှုပါ။
 
မှတ်ချက် = ၀မ်းဗိုက်သဏ္ဍာန်ပညတ်ကို ရှုရာရောက်သည်မဟုတ်လောဟု မေးစရာကားရှိပါ၏။ အဖြေမှာ -အားထုတ်ခါစတွင် ပညတ်ကိုဖျောက်၍ ပရမတ်ကို ချက် ချင်းရှုရန်မဖြစ်နိုင်ပါ။ ထို့ကြောင့် စစချင်းတွင် ပညတ်ကို ပါ ရော၍ရှုမှတ်ပြီးလျင် ဥာဏ်ရင့်သန်လာသောအခါ ပညတ်အာရုံကိုဖျောက်၍ ပရမတ်သို့ရောက်လာပါ လိမ့်မည်။ ၀ိပဿနာ၏ သဘောအမှန်ကား ဒွါရခြောက်ပါးတွင် ထင်ရှားလာသော ရုပ်နာမ်တို့ကို ရှုမှတ်ရခြင်းဖြစ်သည်။ သို့သော် စစ ရှုမှတ်သူတို့အဖို့ သတိအား သမာဓိအား နည်းနေသေးသောကြောင့် ထိုသို့အလုံးစုံ ရှုရန် မလွယ်ကူ။ အသက်ရှုရိုက်မှုကို ပုံမှန်အတိုင်းထားပါ၊ ပြုပြင်စရာမလိုပါ။ ပြုပြင်လိုက်လျင် မောဟိုက်၍ ဆက်လက်ရှု မရပဲ ဖြစ်တတ်သည်။
ရှုမှတ်စဉ်အတွင်း စိတ်ကူးများ လွင့်မျောခြင်းတို့ ဖြစ်နိုင်ပါသည်။ ထိုသို့စိတ်ကူးမိလျင် အရင်းဖြစ်စေ အဖျားဖြစ်စေ မိအောင်ဖမ်း၍ စိတ်ကူးတယ် စိတ်ကူးတယ်ဟု ရှုပါ၊ ဤသည်ပင် စိတ္တာနုပဿနာ မဟုတ်လော။ စိတ်ကူးတို့ လွင့်မျောသဖြင့် ထိုသို့စိတ်ဖြစ်သည်ကို အတင်းဖမ်းချုပ်ကာ မိမိကိုယ်ကို မကျေမနပ်စိတ်ဖြင့် မွန်းကြပ်နေစရာ မလိုပါ။ မှတ်ပါများသည့်အခါ သမာဓိဖြင့် လွင့်ပျောက်မှုတို့ လျှော့ သွားကြပါလိမ့်မည်။ လွင့်ရင် လွင့်တယ်၊ စိတ်ကူးရင် စိတ်ကူးတယ်-ဟုမှတ်ပါ။ ရှုမှတ်နေစဉ် ညောင်း ရင် ညောင်းတယ်ဟုမှတ်၊ တစ်နေရာရာမှ နာကျင်နေပါက နာကျင်တယ်ဟုမှတ်၊ ထိုဝေဒနာများအပေါ် စူးစိုက်မှတ်ပါ။ ပျောက်သည့်ဝေဒနာများလည်း ရှိမည်။ မပျောက် သည့်ဝေဒနာများလည်းရှိမည်။ အလွန် တရာ ညောင်းကိုက်လွန်းသဖြင့် ခြေပြောင်းလိုပါက ပြောင်းစဉ်ကို သိနေလျက် ပြောင်းတယ်ပြောင်းတယ် ဟုမှတ်၊ သတိမလွတ်စေ ပါနှင့်၊ ဘာပဲလုပ်လုပ် သတိကို ဘယ်တော့မှမလွတ်စေပါနှင့်၊ တစ်ခုသတိထား ရမည်မှာ ခန္ဓာကိုယ်ကို သိပ်အလိုမလိုက်မိဖို့ဖြစ်သည်။ ခန္ဓာကိုယ်ကို သိပ်အလိုလိုက် လွန်းလျင် သမာဓိပျက် သည်။ သမာဓိပျက်ပါများပါက တရားမြင်ရန်မလွယ်ကူနိုင်။ ထို့ကြောင့် ခဏခဏအပြောင်းအလွဲမလုပ်ပါနှင့် မှတ်နေရင်း လက်စသည်တွင် ယားမှု တို့ဖြစ်လာပါလျင် ယားတယ် ယားတယ်ဟုမှတ်ပါ၊ တဖြေးဖြေးပျောက် ကွယ်သွားပါလိမ့်မည်။ တစ်ခါတစ်ရံ သတိလွတ်သဖြင့် ယားသည်ထင်မိသောနေရာကို လက်ဖြင့် ကိုင်မိ တတ်သည်။ ထိုအခါ ဘာမှမရှိသည်ကို တွေ့ရပါလိမ့်မည်။ အကယ်၍ ယားမှုတို့ပျောက်လျင် မူဖြစ်သည့် ၊ ဖေါင်းတယ်ပိန်တယ်ကို ပြန်၍မှတ်ပါလေ။ မူကိုတော့ဖြင့် မမေ့နှင့်။
 
စင်္ကြံလျှောက်ပုံနှင့်ရပ်ပုံ
ထိုင်ရာမှထမည်ဆိုလျင် ထတယ် ထတယ်ဟုမှတ်၊ ရပ်လျင် ရပ်တယ် ရပ်တယ်ဟုမှတ်၊ ရပ်တယ်ဟု တစ်ချက်နှစ်ချက်တည်းဖြင့် မပြီးစေရ၊ အချိန်နည်းနည်းကြာပါစေ၊ ရပ်နေချိန်တွင် ခြေအစခေါင်းအဆုံး စိတ်ဖြင့် မြင်အောင်ကြည့်ပါ ခန္ဓာကိုယ်၏ တောင့်တင်းခက်မာခြင်းသဘောကို တွေ့လိမ့်မည်။ ထိုမှတစ်ဖန် ညာဖက်မှ စကာ ညာ- လှမ်း-တယ်-ဟု  ညာတွင် ခြေကြွမှုကို စိတ်ဖြင့်သိကာ လှမ်းတွင် ခြေလှမ်းနေချိန်ကို သိပါ။ တယ် ဆိုသောအချိန်တွင် ခြေချသည်ကို စိတ်ဖြင့်သိပါ။ ဤနေရာတွင် ပြောစရာရှိသည်မှာ အဘယ့်ကြောင့် ညာဖက်မှ စလျှောက်ရသနည်းဟူသောမေးခွန်းပင်၊ ဘယ်ဖက်မှဖြစ်စေ ညာဖက် မှဖြစ်စေ စလျှောက်နိုင်ပါသည်။ ညာဖက်မှစရှုစေချင်သည်မှာ မြတ်စွာဘုရားသည် ညာဖက်မှစ၍ လှမ်းကြွတော်မူလေ့ရှိသောကြောင့် ဘုရားရှင်ကို အတုယူလျက် လျှောက်စေလို၍ဖြစ်သည်။ (စိန်ပန်း မဟာစည်ဆရာတော်) မိမိအယူဆနှင့် မတူမျှလျင် ကြိုက်သည့်ဖက်မှ စလှမ်းနိုင်ပါသည်။ စရှုမှတ်ချိန်တွင် ညာလှမ်းတယ် ဘယ်လှမ်းတယ်ဟု မှတ်ပါ။ ထိုညာလှမ်းတယ် ဘယ်လှမ်းတယ်သည် မိမိနှင့်အဆင်မပြေ ၍သော်လည်းကောင်း မှတ်၍အဆင်ပြေပြီဆိုလျင် သော်လည်ကောင်း စင်္ကြံရှုမှတ်မှုကို တစ်မျိုးပြောင်းပါ၊ ပြောင်းပုံမှာ ကြွ-တယ် ၊ ချ-တယ်ဟူ၍ဖြစ်သည်။ ကြွဟူသော အချိန်တွင် ခြေကြွနေသည်ကို စိတ်ဖြင့် သိနေရမည်၊ ချဆိုသောအချိန်တွင် ခြေချနေသည်ကို စိတ်ဖြင့်သိနေရမည်။ ထပ်၍မှာလို သည်မှာ မမြန်မိစေ ရန်ဖြစ်သည်။ ထိုသို့ ဘယ်လှမ်းတယ် ညာလှမ်းတယ်-ဟု လည်းကောင်း ကြွတယ် ချတယ်-ဟု မှတ်ပြီး သည့်နောက် သမာဓိရလာသောအခါ ရှုမှတ် မှုကို အသေးစိတ်စေရန် တစ်ဆင့်ပြောင်းရပါတော့မည်။ ပြောင်း ပုံမှာ - ကြွ-တယ် လှမ်း-တယ် ချ-တယ်ဟူ၍ဖြစ်သည်။ တရားအလုပ်ကို တကယ်လုပ်သော ယောဂီသည် ရှုမှတ်မှု ကြာလာသည်နှင့်အမျှ အမှတ်ပိုစိတ်လာရမည်။ သမာဓိပိုရလာရမည်။ ယခုပြခဲ့သည့် စင်္ကြံမှတ်ပုံမှာ လွယ်သည်ဟုထင်ရသော်လည်း တကယ်ရှုကြည့်ပါက မလွယ်သည်ကို သိလာရ ပါမည်။ တရားကို လွယ် လွယ်နှင့်ရမည်ဟု ထင်မှတ်မထားပါနှင့် မိမိ၏ ၀ီရိယ၊သတိ၊သမာဓိကို ကြိုးစားစိုက်ထုတ်ပါ၊ တရားအား ထုတ်သော ၊ ယောဂီသည် စရှုမှတ်ချိန်တွင် သမာဓိအားနည်းသောကြောင့် လျင်လျင်မြန်မြန်ဖြစ်နေလိမ့်မည်။ ရှုမှတ်မှုအားကောင်း၍ သမာဓိရလာလေလေ ဣနြေ္ဒတို့ငြိမ် သက်လေလေဖြစ်သည်။ ထိုသို့လျှောက်လေရာ စင်္ကြံလမ်းအဆုံးသို့ ရောက်သည့်အချိန်တွင် ခြေစုံရပ်၍ ခေါင်းအစခြေအဆုံး စိတ်ဖြင့်မြင်အောင်ကြည့်လျက် ရပ်-တယ် ရပ်-တယ်ဟု မှတ်ပါ၊ ရပ်ချိန်တွင် ခန္ဓာကိုယ်တောင့်တင်းထောင်မတ်နေခြင်းသဘောတို့ သိရှိလာ ပါမည်။ ထိုသို့ရပ်ပြီးသည့်နောက် လာရာစင်္ကြံလမ်းသို့ ပြန်လှည့်မည် ဆိုသောအခါ လှည့်စဉ်တွင် လှည့်- တယ် လှည့်-တယ်ဟု မှတ်ပါ။ မြန်မြန်မလှည့်ပါနှင့်။ တရားရှုသူမှာ အမူအရာ လူနာနှင့်တူရပါမည်။ ကျန်းမာရေးကောင်းသူအဖို့ ရပ်ခြင်းစသည်မှာ လွယ်ကူနေမည်ဖြစ်သော်လည်း လူနာအဖို့ ထိုသို့ မြန်နိုင် လိမ့်မည်မဟုတ်ပေ။ တရားရှုသူမှာလည်း ထို့အတူပင် သတိမေ့လျော့နေလျင် မြန်နေပြီး သတိကောင်းကာ အမှတ်စိပ်နေသည့်အချိန်တွင် ဖြေးနှေးသွားသည်ကို ရှုသည့်ပုဂ္ဂိုလ်ကို သာမန်ကြည့်၍ပင် သိနိုင်ပါသည်။ လှည့်ပြီး၍ စင်္ကြံလမ်းသို့ ရှေးရှုမိသည် တွင် ခေါင်းအစခြေအဆုံး စိတ်ဖြင့် မြင်အောင်မှတ်လျက် ရပ်-တယ် ရပ်-တယ်ဟု မှတ်ပါ။ ထို့နောက် အထက်ပါနည်းအတိုင်း ဆက်လက်လျှောက်လှမ်းနိုင်ပါပြီ။တစ်ခုသတိ ထားပါ၊ လမ်းလျှောက်ရင် မျက်စိမှိတ်ပြီးမသွားပါနှင့် ခလုတ်တိုက်လဲတတ်တယ်၊ လေးတောင်ခန့်ကြည့်ပါ။
 
လျောင်း၍ရှုမှတ်ပုံ
လှဲအိပ်လိုလျင် လှဲချင်တယ် လှဲချင်တယ်။ ခေါင်းအုံဖြင့် လက်၊ခြေ၊ခေါင်း တစ်စုံတစ်ရာထိမှုကို ထိတယ် ထိတယ်-ဟုမှတ်ပါ။ ထူးခြားမှုရှိလျင် ထူးခြားသည့်အခြေ အနေပေါ်လိုက်၍ ရှုမှတ်ပါ။ ထူးခြားမှုမရှိ လျင် ဖေါင်းပိန်ကိုသာ ပြန်လည်ရှုမှတ်ပါလေ။ အိပ်လိုလျင် အိပ်ချင်တယ်-ဟုမှတ်ပါ။ သတိလွတ်၍မအိပ်ရ။ အားထုတ်ပါ များသောအခါ အိပ်ချင်တယ်ဟုမှတ်လျင် ပြန်လည်ကြည်လင်လာတတ်သည်။ ထိုအခါ ကြည် လင်တယ် ကြည်လင်တယ်ဟုမှတ်ပါ။ အိပ်ခြင်းသည် ဘ၀င်စိတ်ဖြစ်သည်။ ထိုဘ၀င်စိတ်သည် အစ စွာဖြစ်သောစိတ်၊ စုတိစိတ်နှင့် အလားတူသောစိတ်ဖြစ်ရကား အလွန်သိမ်မွေ့သဖြင့် အိပ်ပျော်ခိုက်၌ မှတ်၍မရနိုင်၊ အခြားအချိန်တွင် ကြာမြင့်စွာ မဖြစ်တတ်၊ အိပ်ပျော်နေချိန်သာ ကြာမြင့်စွာဖြစ်တတ်သည်။ သို့သော် သူ ဘာကိုအာရုံပြုသည် ဖြစ်နေသည်ကိ မသိရ၊ ထို့ကြောင့် မမှတ်နိုင်ခြင်းဖြစ် သည်။ နိုးလျင် နိုး တယ်ဟုမှတ် စစရှုချင်းတွင် နိုးသည်ကို မသိဖြစ်တတ်သည်။ ထို့ကြောင့် စစရှုချိန်တွင် မိမိဦးစွာပေါ်သည်ကို ရှုပါ။ မျက်နှာသစ်လျင် သို့မဟုတ် ရေ ချိုးလျင် သို့မဟုတ် ထမင်းစားလျင် သို့မဟုတ် အ၀တ်ဝတ်လျင် ကြည့်ခြင်း မြင်ခြင်း လက်လှမ်းခြင်း ကိုင်ခြင်း ခပ်ခြင်း ယူခြင်း လောင်းခြင်း အေးခြင်း ပွတ်တိုက်ခြင်း ပြင် ၀တ်ခြင်း အိပ်ရာပြင်ခြင်း တံခါးဖွင့်ခြင်း ငုံ့ခြင်း ထိခြင်း ချခြင်း မျိုခြင်းတို့တွင် တယ်တစ်လုံးကို မမေ့ပါနှင့်။
 
အမှတ်တက်ပုံ
အားထုတ်၍ သမာဓိရလာလျင် ဖေါင်းတယ် ပိန်တယ်ဟူသော နစ်ချက်ရှုမှတ်မှုမှ ဥပမာ = ထိုင်ချိန် တွင် ဖေါင်းတယ် ပိန်တယ် ထိုင်တယ်ဟုလည်းကောင်း လျောင်းချိန် တွင် ဖေါင်းတယ် ပိန်တယ် လျောင်း တယ်ဟုလည်းကောင်း သုံးချက်မှတ်ကာ တစ်ချက်တိုးမှတ်လာရပါမည်။ အမှတ်တိုးလာသည့်အဆင့် မရောက်ဟု စိတ်ထင်မိသော အခါ ပျင်းလာတတ်သည်။ ထိုသို့ပျင်းလျင် ပျင်းတယ် ပျော်လျင် ပျော်တယ် ဟုသာ အမှတ်မလွတ်စေပဲ ရှုမှတ်ပါလေ။ ဤသို့ဖြင့် အိပ်ပျော်ချိန်မှတစ်ပါး ကျန်အချိန်အားလုံး တွင် သတိ မလွတ်စေပဲ ကိုယ်၊ ဝေဒနာ၊ စိတ်၊ ပရမတ္ထဓမ္မတို့ကို ရှုမှတ်ခြင်းဖြင့် သတိပဋ္ဌာန်အလုပ်ကို အားထုတ်နိုင်ကြ ပါစေ။
 
အထူးမှာထားချက်
ဤပိုစ့်အပြင် ယခင်မိမိ ရေးခဲ့သည့် ပိုစ့်သုံးခုကိုပါ ပူးတွဲလေ့လာစေချင်ပါသည်။ သို့မှသာလျင် စာဖတ်သူ များ ပိုမိုနားလည်လာပါလိမ့်မည်။ မိမိသည် (စိန်ပန်းတွင်) မဟာစည်နည်းသာ လေ့လာဖူးသောကြောင့် မဟာစည်နည်း ကို ရေးသားခြင်းဖြစ်ပါသည်။ အခြားနည်းကို မလေ့လာဖူး၍ မရေးသားနိုင်ခြင်းကို အစွဲကြီး သည်-ဟု အထင် မရောက်စေလိုပါ။ လေ့လာအဆင့်မျှသာရှိသည့်အပြင် မဟာစည်ရိပ်သာတွင်းမှလည်း မဟုတ်ပါ။ ဤပိုစ့်ကို မဟာစည်ဆရာတော်ကြီး၏ ၀ိပဿနာရှုနည်းကျမ်းကြီး ပဌမတွဲ၊ဒုတိယတွဲတို့မှ ထုတ်နှုတ်ရေးသား ထားသော ၀ိပဿနာရှုနည်း (အကျဉ်းချုပ်)စာအုပ်မှ ပြန်လည် ထုတ်နှုတ်ရေး သားခြင်းဖြစ်ပါသည်။
ဝိပဿနာအားထုတ်ခြင်းဖြင့် မိမိတို့ကိုယ်ကို မြင်ပြီး ဘုရားကို မြင်နိုင်ကြပါစေ။ www.venkavinda.blogspot.com

Monday, December 24, 2012

သင့်နှလုံးကျန်းမာစေမည့် အလွယ်နည်း ငါးသွယ်

သင့်နှလုံးကျန်းမာစေမည့် အလွယ်နည်း ငါးသွယ်

    24 December 2012   

သင့်နှလုံးကျန်းမာစေမည့် အလွယ်နည်း ငါးသွယ်နှလုံးရောဂါ ကင်းဝေးပြီး နှလုံး ကျန်း မာနေစေဖို့ အတွက် အရေးကြီးတဲ့ နည်း ငါးသွယ်ကို ဖော်ပြ လိုက်ပါတယ်။

(၁) တီဗီကြည့်ချိန် လျှော့ချပါ

အမေရိကန် နှလုံးကျန်းမာရေး ကော လိပ်က ပြုလုပ်တဲ့ လေ့လာမှုတစ်ရပ်အ ရ တစ်နေ့မှာ နှစ်နာရီကျော် တီဗီရှေ့ အ ချိန်ဖြုန်းတဲ့သူတွေက နှလုံးရောဂါထနိုင် ခြေ ၁၂၅ ရာခိုင်နှုန်း မြင့်တက်မှု ရှိတယ် လို့ သိရပါတယ်။

(၂) ဖရက်တို့စ် များသော အစာကို ရှောင်ရှားပါ

တာရှည်ခံအောင် ပြုပြင်ထားတဲ့ အ စားအသောက်တွေထဲမှာ ဖရက်တို့စ် (Fructose) ပါဝင်မှု မြင့်မားနေပါတယ်။ ဖရက်တို့စ်က သကြား၊ ဆူးခရို့စ် (Sucrose) တို့နဲ့ ဓာတ်သဘာဝချင်းတူပေ မယ့် ဖရက်တို့စ်က ထရိုင်ဂလစ်စရိုက်အ ဆီပမာဏကို မြင့်တက်စေတာကြောင့် နှ လုံးရောဂါထနိုင်ခြေ မြင့်မားပါတယ်။

(၃) ဆေးလိပ်နှင့် ဝေးဝေးနေပါ

ဆေးလိပ်သောက်တာက သွေးလွှတ် ကြောလိုင်နင်ကို ထိခိုက်စေပြီး ပိုမိုကျဉ်း မြောင်းစေပါတယ်။ ဆေးရွက်ကြီးထဲက ကာဗွန်မိုနော့ဆိုက်ဟာ သွေးထဲက အောက် ဆီဂျင်ပမာဏကို လျော့ကျစေပြီး နှလုံးကို အောက်ဆီဂျင် ထောက်ပံ့မှု ပိုရအောင် ခက်ခက်ခဲခဲ ညှစ်ထုတ်ရတာကြောင့် နှ လုံးကျန်းမာရေး ထိခိုက်ရတာပါ။

(၄) အိပ်ရေးဝ၀ အိပ်စက်ပါ

အမေရိကန် ဆေးပညာအဖွဲ့အ စည်းရဲ့ လေ့လာမှုအရ အိပ်စက်ချိန် နည်း ပါးလွန်းတာက နှလုံးသွေးလွှတ်ကြောထဲ မှာ ကယ်လ်စီယမ် စုပုံမှုကို တိုးစေပြီး သွေးခဲဖတ်ဖြစ်စေကာ နှလုံးရောဂါထတာ နဲ့ လေဖြတ်တာတို့ကို ဖြစ်စေနိုင်ပါတယ်။

(၅) လေ့ကျင့်ခန်းလုပ်ပါ

ဗြိတိန်နှလုံးကျန်းမာရေးဖောင် ဒေး ရှင်းနဲ့ အမေရိကန်ဆေးဂျာနယ်ရဲ့ လေ့ လာမှုအရ တစ်နေ့ နာရီဝက်ခန့် လေ့ကျင့် ခန်းလုပ်တာဟာ နှလုံးရောဂါထပြီး သေ ဆုံးနိုင်ခြေကို ၆၀ ရာခိုင်နှုန်း လျော့ကျ စေတယ်လို့ သိရပါတယ်။ 

ဇွန်


အေးချမ်းမွန်မှGood Health တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
သင့်နှလုံးကျန်းမာစေမည့် အလွယ်နည်း ငါးသွယ်နှလုံးရောဂါ ကင်းဝေးပြီး နှလုံး ကျန်း မာနေစေဖို့ အတွက် အရေးကြီးတဲ့ နည်း ငါးသွယ်ကို ဖော်ပြ လိုက်ပါတယ်။

(၁) တီဗီကြည့်ချိန် လျှော့ချပါ

အမေရိကန် နှလုံးကျန်းမာရေး ကော လိပ်က ပြုလုပ်တဲ့ လေ့လာမှုတစ်ရပ်အ ရ တစ်နေ့မှာ နှစ်နာရီကျော် တီဗီရှေ့ အ ချိန်ဖြုန်းတဲ့သူတွေက နှလုံးရောဂါထနိုင် ခြေ ၁၂၅ ရာခိုင်နှုန်း မြင့်တက်မှု ရှိတယ် လို့ သိရပါတယ်။

(၂) ဖရက်တို့စ် များသော အစာကို ရှောင်ရှားပါ

တာရှည်ခံအောင် ပြုပြင်ထားတဲ့ အ စားအသောက်တွေထဲမှာ ဖရက်တို့စ် (Fructose) ပါဝင်မှု မြင့်မားနေပါတယ်။ ဖရက်တို့စ်က သကြား၊ ဆူးခရို့စ် (Sucrose) တို့နဲ့ ဓာတ်သဘာဝချင်းတူပေ မယ့် ဖရက်တို့စ်က ထရိုင်ဂလစ်စရိုက်အ ဆီပမာဏကို မြင့်တက်စေတာကြောင့် နှ လုံးရောဂါထနိုင်ခြေ မြင့်မားပါတယ်။

(၃) ဆေးလိပ်နှင့် ဝေးဝေးနေပါ

ဆေးလိပ်သောက်တာက သွေးလွှတ် ကြောလိုင်နင်ကို ထိခိုက်စေပြီး ပိုမိုကျဉ်း မြောင်းစေပါတယ်။ ဆေးရွက်ကြီးထဲက ကာဗွန်မိုနော့ဆိုက်ဟာ သွေးထဲက အောက် ဆီဂျင်ပမာဏကို လျော့ကျစေပြီး နှလုံးကို အောက်ဆီဂျင် ထောက်ပံ့မှု ပိုရအောင် ခက်ခက်ခဲခဲ ညှစ်ထုတ်ရတာကြောင့် နှ လုံးကျန်းမာရေး ထိခိုက်ရတာပါ။

(၄) အိပ်ရေးဝ၀ အိပ်စက်ပါ

အမေရိကန် ဆေးပညာအဖွဲ့အ စည်းရဲ့ လေ့လာမှုအရ အိပ်စက်ချိန် နည်း ပါးလွန်းတာက နှလုံးသွေးလွှတ်ကြောထဲ မှာ ကယ်လ်စီယမ် စုပုံမှုကို တိုးစေပြီး သွေးခဲဖတ်ဖြစ်စေကာ နှလုံးရောဂါထတာ နဲ့ လေဖြတ်တာတို့ကို ဖြစ်စေနိုင်ပါတယ်။

(၅) လေ့ကျင့်ခန်းလုပ်ပါ

ဗြိတိန်နှလုံးကျန်းမာရေးဖောင် ဒေး ရှင်းနဲ့ အမေရိကန်ဆေးဂျာနယ်ရဲ့ လေ့ လာမှုအရ တစ်နေ့ နာရီဝက်ခန့် လေ့ကျင့် ခန်းလုပ်တာဟာ နှလုံးရောဂါထပြီး သေ ဆုံးနိုင်ခြေကို ၆၀ ရာခိုင်နှုန်း လျော့ကျ စေတယ်လို့ သိရပါတယ်။

ဇွန်
အေးချမ်းမွန်မှGood Health တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

လေဆာကီးဘုတ် (Virtual Keyboard)

 imagebam.com
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လေဆာအလင်းရောင်နဲ့ ပေါ်နေတဲ့ အကွက်ပေါ်မှာ တကယ် typing ရိုက်လို့ရမှာ ဖြစ်ပါတယ်။
အမေရိကန်အခြေဆိုက် Brookstone - gadgets ပစ္စည်းထုတ် ကုမ္မဏီက ဖန်တီးလိုက်တာ ဖြစ်ပါ တယ်။ အော်ဒါမှာယူခွင့်ပေးတဲ့ ရက်ပိုင်းအတွင်း ကုန်သွားပြီး ဒီဇင်ဘာလ လောက်မှ ပြန်လည်ရရှိမယ်လို့ ဆိုပါတယ်။ စမတ်ဖုန်း၊ လပ်(ပ်)တော့၊ Tablet အစရှိသဖြင့် ပစ္စည်း စုံစုံလင်လင်နဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Bluetooth ပါဖို့တော့ လိုပါတယ်။
သူက Bluetooth နဲ့ အလုပ်လုပ်တာမို့ ဖြစ်ပါတယ်။
ကီးဘုတ်အရွယ်အစား ကြီး/ငယ်ကို ကိုယ်လိုသလို ချိန်ညှိယူနိုင်ပြီး
သာမန် ကွန်ပျူတာ တစ်လုံးသုံးသလိုပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်း နဲ့ Message ပို့တဲ့အခါ အလွယ်တကူ ရိုက်ပို့နိုင်ပါတယ်။ အင်တာနက်သုံးရင်လည်း အဆင်ပြေပါတယ်။
အရွယ်အစားကလည်း သော့ချိတ်သာသာပဲရှိပြီး သော့ချိတ်ပုံစံမျိုးပဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း မှာယူပေးမယ့် ကိုယ်စားလှယ်များ ရှိလာနိုင်ပါတယ်။
မူရင်း အင်တာနက်ကနေ တစ်ဆင့်ရောင်းချတဲ့ Brrokstone ရဲ့  လေဆာကီးဘုတ် (Virtual keyboard) ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1537156&xgs=1&xg_source=msg_share_post

လူမျက်နှာနှင့်တူသော ငါးကို အမေရိကန်တွင်ဖမ်းမိ



ဤအခြင်းအရာကို သင်တွေ့လိုက်ရတဲ့အချိန်မှာ သင့်ကို ရုတ်တရက် ထိတ်လန့်စေမှာလား ။
ဒါမှမဟုတ် မယုံနိုင်အောင် အံ့အားသင့်စေမှာလား ဆိုတာသင်ကိုယ်တိုင်ပဲ သိလိမ့်မယ်။
အမေရိကန်နိုင်ငံ HARTSVILLE South Carolina ရေကန် မှာ ရှစ်နှစ်အရွယ်ကောင်လေးနဲ့ သူ့အဖိုးဖြစ်သူတို့ဟာ ရာစုနှစ်အတွင်း မည်သူမျှတွေ့မြင်ဖူးခြင်းမရှိသော လူမျက်နှာနှင့်တူတဲ့ ငါးတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

အဏ္ဏဝါဗေဒ ပညာရှင်ကတော့ တော်တော်ကြောက်ဖို့ကောင်းတဲ့ ဖန်ဆင်းမှုပဲလို့ဆိုပါတယ်။
ဒီလို အံ့သြဖွယ်ရာ နှာခေါင်း၊ပါးစပ်၊သွားတွေ အပြင် လူမျက်နှာနဲ့ တူတဲ့ငါးကို အရင်က တစ်ခါမှ မတွေ့ဖူးခဲ့ဘူးလို့ သူက ဆိုပါတယ်။ပြီးခဲ့တဲ့ရာစုနှစ်အတွင်း ဒီ တောင်အမေရိက နိုင်ငံမှာ မျိုးရိုးဗီဇပြောင်းလဲမှုနဲ့ သဘာဝမဟုတ်တဲ့ပတ်ဝန်းကျင်ပြောင်းလဲမှုဆိုင်ရာဖြစ်ရပ်တွေမတွေ့ဖူးခဲ့ပါဘူးလို့
နာမည်ကျော် ပုံမှန်မဟုတ်တဲ့ သားရိုင်းတိရစ္ဆာန် နဲ့ အဏ္ဏဝါဗေဒ ပညာဆိုင်ရာသိပ္ပံပညာရှင် ဒေါက်တာ Gregory Hickens ကပြောဆိုခဲ့ပါတယ်။ ဒီလို ထူးဆန်းပြီးဘယ်သူမှမတွေ့ဖူးတဲ့ ငါးကိုဖမ်းမိတာကတော့ အဖိုးအဖွားတွေဆီကို ခေတ္တအလည်ရောက်လာတဲ့ Aaron Krendell ဆိုတဲ့ကောင်လေးငယ်
တစ်ယောက်ပဲဖြစ်ပါတယ်။ဒီလိုငါးမျိုးကို အရင်တုန်းက တစ်ခါမှမတွေ့ဖူးပါဘူးလို့ကောင်လေးက
ဆိုပါတယ်။ အသက် ၇၁ နှစ်အရွယ်ရှိတဲ့ အဖိုးဖြစ်သူ Clayton က ၇ လက်မခွဲ အရွယ်အစားရှိတဲ့ ငါးကို သူ့ရဲ့ငါးမျှားတံကနေ ကူညီပြီး ဆွဲပေးခဲ့ရပါတယ်။ သူတစ်ယောက်တည်း ငါးကို ကူညီပြီးတော့
ဆွဲပေးခဲ့တဲ့အချိန်မှာ ငါးရဲ့အရွယ်အစားကို ငါးအရွယ်အစား အနည်းငယ်ကြီးမယ်ဆိုတာ သိလိုက်လို့ သူ့ကိုတောင် မင်း တော်တော် တော်တဲ့ တံငါသည် လေးပဲ လို့တောင် ပြောခဲ့သေးတယ်လို့ အဖိုးဖြစ်သူက ဆိုပါတယ်။ Aaron က ငါးကို မြှောက်ပြီး အဖိုးရေ....ကြည့်ပါဦး ။ ဒီငါးက အန်ကယ် Steve နဲ့တောင်တူတယ်လို့ ပြောပါတယ်။ အဲဒီတုန်းက တော်တော်နောက်တဲ့ကလေးပဲလို့ သူ့ကိုထင်လိုက်သေးတယ်။ အဲဒီနောက် ငါးကို ကျွန်တော့ဘက်ဆွဲလှဲ့လိုက်တဲ့ အချိန်မှာ အသက်ရှူမှားမတတ်ဖြစ်ပြီး ကြောက်ဖို့ကောင်းတဲ့ငါးကို လန့်ပြီးပစ်ချမိလိုက်ပါတယ်။
ကျွန်တော့ကို နှလုံးရောဂါရမတတ်ဖြစ်စေတဲ့အချက်ကတော့ အဲဒီငါးနှုတ်ခမ်းက စကားပြောတော့မလို လှုပ်ရှားနေတာပါပဲ။ အဲဒီငါးကို ခြင်းထဲထည့်လိုက်တဲ့အချိန် ရင်တုန်ပန်းတုန်ဖြစ်ပြီးနောက်ဒီလိုငါးမျိုးဘယ်တော့မှ မတွေ့ပါစေနဲ့လို့ဆုတောင်းမိလိုက်တယ်။ ပြီးတော့ ငါးကို ပြန်ယူသွားပြီး  နားလည်တတ်ကျွမ်းတဲ့ သူတွေကို ပြသချင်တယ်။
ဖြစ်ချင်တော့ သူတို့မြို့က တက္ကသိုလ်မှာ ငါးနဲ့သားရိုင်းတိရစ္ဆာန် ပညာရှင် ပရော်ဖက်ဆာ Pal နဲ့ ဆက်သွယ်မိတယ်။ အဲဒီလို လူမျက်နှာနဲ့တူတဲ့ငါးမျိုးဖမ်းမိတယ်လို့ပြောရင် သူများတွေက ကောလဟာလ လို့ ပြောမှာစိုးလို့ ယူလာပြရတာပါလို့ Gregory Hickens ကဆိုပါတယ်။
တစ်ခုဖြစ်နိုင်ခြေရှိတာကတော့ နြူးကလီးယားစမ်းသပ်မှုတွေနဲ့ ရေဒီယို သတ္တိကြွ စွန့်ပစ် ပစ္စည်းတွေကြောင့် ဒီငါး မျိုးရိုးဗီဇပြောင်းလဲသွားတာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A520246&xgs=1&xg_source=msg_share_post

အရိုးကိုကျန်းမာသန်စွမ်းစေသောသဘာဝအစားအစာများ

အိုဟောင်းလာပြီဖြစ်သော အရိုးများသည် အတော်ကို သုံးခဲ့ရပြီဟု ကျွန်ူပ်တို့ယူဆမိလျှင် ထိုအတွေးသည် မှန်နေသည်။ ဘယ်လ်ဂျီယမ်မှ Ghent University တွင် လုပ်ခဲ့သော လေ့လာမှုတစ်ခုအရ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အသက်ကြီးလာတာနှင့် အမျှ အရိုးများ ကျဆုံးလာပြီး ဆတိုးနှုန်းဖြင့် အရိုးများသည် ပျင်းရိလေးတွဲ့လာကာ ကျိုးလွယ် ပဲ့လွယ်လာကြောင်းတွေ့ရသည်။ အောက်ပါ အစားအစာများကို ကိုယ်နှင့် မကွာ ထားပါ၊ စားပါ။
၁။ ကဏန်း(ပုဇွန်လုံး)
အခွံမာ၊ အရိုးမာကြီးများနှင့် ဖုံးလွှမ်းထားသော ဤသတ္တ၀ါသည် ကျွန်ူပ်တို့၏ အရိုးတည်ဆောက်ပုံကို ကူညီပေးနိုင်သည်မှာ ထူးဆန်းနေသည်။ သို့သော် စိတ်ချပါ။ အခွံကြီးတွေတော့ စားဖို့ မလိုပါ။ သူတို့၏ အသားသည် ဇင့်ဓာတ်နှင့် ပြည့်ဝနေပြီး ကျွန်ူပ်တို့အတွက် ကျန်းမာသော အရိုးထုထည်ကို ဖြစ်ပေါ်စေသည်။ တစ်ပတ်ကို ဂဏန်းလက်မ တစ်ခုလောက်တော့ စားပါ။
၂။ ဆီးသီးခြောက်
ဇီးသီးခြောက်တွင် အဓိကပါဝင်သော copper နှင့် boron သည် အရိုးပွခြင်းကို အဓိကတိုက်ဖျက်သူများဖြစ်သည်။ “သူတို့တွင် inulin ဟုဆိုသော အမျှင်တစ်မျိုးလည်း ပါဝင်သေးသည်။”Bowerman ကဆိုသည်။ “၎င်းသည် အရိုးများ ခိုင်မာစေရန် ကယ်လ်စီယမ် စုပ်ယူမှုကို များပြား ကောင်းမွန်စေသည်။”
၃။ မုန်ညှင်းရွက်
ထိုအပင်တွင် အရိုးတည်ဆောက်သည့် ကယ်လ်စီယမ်၊ ဗီတာမင် အေနှင့် စီ၊ ဖော်လစ်အက်ဆစ်၊ သံဓာတ်၊ ဘီတာ ကယ်ရိုတင်းနှင့် ပိုတက်စီယမ် စသည်တို့ ပေါ်များစွာ ပါဝင်သည်။
၎။ ပန်းဂေါ်ဖီစိမ်း
ထိုအပင်တွင် ပိုတက်စီယမ်၊ ဖော်စဖိုရက်စ်၊ မက်ဂနီစီယမ်၊ သံဓာတ်နှင့် ဗီတာမင်စီတို့ဖြင့် ပြည့်ဝနေသည်။ ၎င်းတို့အားလုံးသည် အရိုးစုကြီး ကျန်းမာသန်စွမ်းဖို့အတွက် မရှိမဖြစ်လိုအပ်သော အာဟာရများပင်ဖြစ်သည်။ “တစ်နေ့ကို ၂၀၀ ဂရမ်လောက်ဆို ထိရောက်ပြီဖြစ်သည်။” ဟု Bowerman က ဆိုခဲ့သည်။
၅။ ငှက်ပျောသီး
အရသာရှိသော ဤအသီးတွင် ကိုယ့်အတွက် တနေ့တာ လိုအပ်သော (Recommended daily allowance) ပိုတက်စီယမ်ဓာတ် အလုံအလောက်ပါသည်။ ထို ပိုတက်စီယမ်သည် ကယ်လ်စီယမ်ဆုံးရှုံးမှုကို ကာကွယ်ပေးသော ဓာတ်ဖြစ်သည်။ ”သူတို့သည် အာရုံကြောစနစ်ကို တိုးမြင့်စေသည်။ ခုခံအားကို များပြားစေသည်။ ခန္ဓာကိုယ်မှ ပရိုတိန်းများကို ကောင်းကောင်း အသုံးချစေသည်။” Cameron Diaz နှင့် Lucy Liu(ရုပ်ရှင် သရုပ်ဆောင်များ)၏ personal trainer ဖြစ်သူ Teddy Bassက ပြောသည်။

၆။ ကမာကောင်(မုတ်ကောင်၊ ပင်လယ်စာ)
ကဏာန်းကဲ့သို့ပင် ကမာများတွင် အရိုး၏ အခြေခံအုတ်မြစ်ဖြစ်သော collagen အတွက် လိုအပ်သည့် zinc များ ပါဝင်သည်။ ”သို့သော် ၎င်းတို့တွင် ထပ်ပေါင်း အားသာချက်တစ်ခုသည် တက်စထရိုစတီရုန်း ပမာဏကို များပြားစေပြီး ဆီးကျိတ်ကင်ဆာကို ကာကွယ်နိုင်ခြင်းဖြစ်သည်။” ဟု Bass က ဆိုခဲ့သည်။ တစ်ပတ်ကို နှစ်ကြိမ်လောက်တော့ စားသင့်သည်။

၇။ ကီဝီ သီး
ငှက်ပျောသီးကဲ့သို့ပင် ၎င်းတို့တွင် အရိုးကာကွယ်သည့်ဓာတ် ပိုတက်စီယမ်များ ပါဝင်သည်။ ”သူတို့တွင် ဗီတာမင်စီလည်း များပြားစွာ ပါဝင်သလို lutein ဓာတ်လည်း ပါဝင်သည်။ ၎င်းဓာတ်သည် carotenoid တစ်မျိုးဖြစ်ပြီး နှလုံးရောဂါများကို ကာကွယ်ပေးသည်။” Bowerman ကဆိုသည်။ အခွံမနွှာပါနှင့်။ အခွံသည် စားလို့ရပြီး ၎င်းထဲတွင် ထပ်ဆောင်း အာဟာရဓာတ်များ ပါဝင်သေးသည်။

၈။ ဟင်းနုနယ်ရွက်
၎င်းတွင် ဗီတာမင် ကေ ပါဝင်ပြီး အရိုးထုထည်ကို ခိုင်ခံ့ကောင်းမွန်စေသည်။ သူ့တွင် ကယ်လ်စီယမ်၊ ဖော်စဖို့ရပ်စ်၊ ပိုတက်စီယမ်၊ ဇင့် အပြင် အသည်းကို ကာကွယ်ပေးသည့် selenium လည်း ပါဝင်သည်။

၉။ ကြက်သွန်မိတ်
ရဂ်ဘီသည် ဘောလုံးကန်ခြင်းနှင့် ညီအကိုဆိုလျှင် ကြက်သွန်မိတ်သည်လည်း ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့နှင့် ညီအကိုဖြစ်လိမ့်မည်။ ၎င်းတို့သည် ဖော်လစ်အက်ဆစ်တို့နှင့် ပြည့်ဝနေသည်။ ထိုဓာတ်သည် ဗီတာမင်ဘီတစ်မျိုးဖြစ်ပြီး လေ့လာမှုများအရ အရိုးတည်ဆောက်မှုကို အားနည်းစေသော homocystein ဆိုသည်ကို နည်းပါးစေသည်ဟု တွေ့ရပေသည်။

၁၀။ ပဲပိုးတီ
၎င်းကိုစားခြင်းသည် ကိုယ့်ကို ဟင်းသီးဟင်းရွက်၏ အနှစ်သာရကို နားလည်ကျွမ်းကျင်သူ တစ်ယောက်ဟု ထင်ရှားစေရုံသာမက ထိုအမျှင်ဓာတ်ပေါကြွယ်ဝသော အပင်တွင် တခြားတခြားသော ဟင်းရွက်များထက် မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်ဓာတ်များ ပိုမိုပါဝင်သည်။

ပိုပိုဇော်
(သဘာဝရဲ့အားအင်)
Ref>*မောင်ချမ်းငယ်ဆယ့်ခွန်*၏ထိပ်ဆုံးကအစားအသောက်၄၀ဆောင်းပါးမှကောက်နူတ်ဖေါ်ပြပါသည်။
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A519982&xgs=1&xg_source=msg_share_post

Memory ကတ်ကို password နဲ့ပိတ်ပြီး ကိုယ်တစ်ယောက်တည်းသုံးလိုသူတွေအတွက်


ဒီဆောစ့်ဝဲလ်လေးကိုပြောရရင် Memory ကတ်ထဲမှာ အရေးကြီး Data တွေဖြစ်ဖြစ်
အများမသိစေချင်တဲ့ Data တွေဖြစ်ဖြစ် ထည့်ထားတဲ့သူတွေအတွက် အသုံးဝင်မယ့် ဆောစ့်ဝဲလ်လေးပါ
ဘာဖြစ်လို့လည်းဆိုတော့ ဒီဆောစ့်ဝဲလ်လေး အသုံးပြုထားရင်
မန်မိုရီကတ် ပျောက်သွားတာတောင် ကတ်ထဲက ဒေတာတွေ အခြားသူတွေ ယူလို့မရနိုင်ပါဘူး
မတော်တဆ မန်မိုရီကတ် ပျောက်သွားလို့ တစ်ခြားတစ်ယောက်က ကောက်ရခဲ့ရင်
ကောက်ရခဲ့သူက ဘယ်ကွန်ပျူတာမှာဘဲထည်ပြီးတော့ ဖွင့်ဖွင့် ဘာဖိုင်မှမြင်ရမှာမဟုတ်ပါဘူး
အပေါ်က ဓာတ်ပုံအတိုင်း သုံးဖိုင်လေးဘဲဖြစ်ရမှာပါ
ပြီးတော့ မန်မိုရီက 576KB လောက်ဘဲရှိတဲ့ ဖိုင်ဆိုဒ်အနေနဲ့တွေ့ရမှာပါ
တကယ်လို့ format လုပ်လိုက်တယ်ဆိုရင်လည်း 576KB လောက်ရှိတဲ့ ပမာဏကိုတွေမြင်ရမှာဆိုတော့
မန်မိုရီကတ်ကို ကောက်ရတဲ့သူ အနေနဲ့ အသုံးပြုလို့လည်းမရပါဘူး
ဒါကြောင့် သုံးသင့်တယ်လို့အကြံပေးချင်ပါတယ်
သူက free ဖြစ်တဲ့အတွက် 4G အထိဘဲ Password ထည့်လို့အဆင်ပြေပါတယ်
http://kashu-sd.co.jp/en/ မှာ Download လုပ်နိုင်ပါတယ်
လုပ်ဆောင်ချက်တွကို Pdf ဖိုင်နဲ့ တစ်ခါတည်းပါပြီးသားပါ
လုပ်ဆောင်ချက်အနေနဲ့ပြောရင် အရင်ဆုံး ဆောစ်ဝဲလ်ကို Install လုပ်ပါ
ပြီးရင် ကိုယ် password ထည့်မယ် မန်မိုရီကတ်ထဲက ဒေတာတွေကို
(အကုန်လုံး)ကွန်ပျူတာရဲ့တစ်နေရာထားလိုက်ပါ


ပြီးရင် ဆောစ့်ဝဲလ်ကို ဖွင့်ပြီး Update ကိုကလစ်လိုက်ပါ ပုံမှာပြထားတဲ့အတိုင်း
format လုပ်ခိုင်းပါမယ် လုပ်လိုက်ပါ (မလုပ်ခင် ကွန်ပျူတာရဲ့တစ်နေရာမှာ ဒေတာတွေသိမ်းထားပါ)


လုပ်ပြီးသွားရင် Password ထည့်ရပါမယ် ပြီးတော့ ok ကိုကလစ်လိုက်ပါ
အဲဒါဆို မန်မိုရီကတ်က Password ထည်ပြီးသားလေးဖြစ်ပါသွာပြီ
4G ရဲ့ မန်မိုရီက 576KB ဖြစ်သွားပါမှာ မန်မိုရီကတ်ထဲဝင်ကြည့်လိုက်ရင်


အပေါ်ဆုံးက ပုံအတိုင်း ဖိုင်သုံးဖိုင် ဒါမှမဟုတ် နှစ်ဖိုင်ကိုမြင်ရမှာပါ
(ဘယ်ကွန်ပျူတာမှာဘဲ မန်မိုရီကတ်ကို ထည့်ထည့်)
USd Enter ဆိုတဲ့ဖိုင်ကို ကလစ်လိုက်ရင်
အပေါ်ဆုံးက ဓာတ်ပုံအတိုင်း Password တောင်းတဲ့ Box လေးကိုတွေ့ရမှာဖြစ်ပါတယ်
ကိုယ်အရင်ဖြည့်ခဲ့တဲ့ Password လေးကိုရိုက်ထည့်လို၇င် 576KB ကနေ 4G အဖြစ်ပြန်လည် တွေ့ရမှာပါ
အဲဒါဆို ကိုယ်ရဲ့ ဒေတာတွေကို ကွန်ပျူတာကနေ ပြန်ပြီးတော့ မန်မိုရီကတ်ထဲကို ထည့်နိုင်ပါပြီ
ဘယ်ကွန်ပျူတာဘဲ ဖွင့်ဖွင့် အပေါ်ဆုံးက ပုံအတိုင်းပေါ်လာမှာပါ
အဲဒါဆို Password ဖြည့်ပြီး အသုံးပြုနိုင်ပါတယ် အဆင်ပြေပါစေ
နောက်တစ်ခုကတော့ သုံးရတာ အလုပ်ရှုပ်တယ် စိတ်ရှုပ်တယ် မသုံးချင်တာ့ဘူဆိုရင်
ဆောစ့်ဝဲလ်လေးကို Install လုပ်ထားတဲ့ ကွန်ပျူတာထဲမှာ မန်မိုရီကတ်ကို ထည့်လိုက်ပါ
Password လေးနဲ့ဖွင့်ပြီးတော့ ဒေတာတွေကို ကွန်ပျူတာရဲ့တစ်နေရာမှာထားလိုက်ပါ
ပြီးသွားရင် မန်မိုရီကတ်ကိုဖြုတ်ပြီး ကွန်ပျူတာပြန်ထည့်ပါ ပြီးရင်
Insatll လုပ်ထားတဲ့ ဆောစ့်ဝဲလ်ကိုဖွင့်ပါ Operation>>>uninstall

ထဲဝင်ပြီးတော့ ပုံမှာပြထားတဲ့အတိုင်း ok ကိုကလစ်ပြီးတော့ ပြန်ဖြုတ်နိုင်ပါတယ်
Facbook အသုံးပြုတဲ့သူငယ်ချင်းများခင်ဗျာအမျိုးကောင်းသားထဲဝင်ပြီးတော့ Like ခြင်းဖြင့်အားပေးပါလို့ တောင်းဆိုပါတယ် :)

အမျိုးကောင်းသား

Face book မှာ ကိုယ့်ကို ဘယ်နှစ်ယောက် Unfriends လုပ်ထားတယ်ဆိုတာ သိချင်သူတွေအတွက်

 

Face book မှာ ကိုယ့်ကို ဘယ်နှစ်ယောက် Unfriends လုပ်သွားလည်းဆိုတာ သိချင်တဲ့သူငယ်ချင်းတွေအတွက်  Firefox နဲ့ face book ကို ဖွင့်ထားပါ..အရင်ဆုံးအနေနဲ့ https://addons.mozilla.org/fr/firefox/addon/greasemonkey/
addon ကို Install လုပ်ပါ ပြီးရင် restar လုပ်ပြီး
http://www.unfriendfinder.com/help/download ထဲဝင်ပြီးတော့ Download လုပ်ပါ...

ပြီးရင်တော့ Install လုပ်လိုက်ပါ..(Downlod မလုပ်ခင် Face book ကိုဖွင့်ထားပါ)

ဟာသတိုများ(၁၁)


စောသွားလို့
မျက်လုံးများ ရီဝေနေသော လူတစ်ယောက်က ခပ်ညည်းညည်းဆိုသည် ..
“ ငါတော့ ဒုက္ခရောက်နေပီကွာ၊ မနက်က ပိုက်ဆံမရှိတာနဲ့ အိမ်ကမိန်းမကို အရက်နဲ့လဲလိုက်မိတယ် ”
“ ဘာလဲ - အခု မင်းမိန်းမကို သတိရနေပြီပေါ့လေ..လုပ်တုန်းကလုပ်ပီး နောင်တရမနေပါနဲ့ကွာ ”
“ နောင်တရလို့မဟုတ်ပါဘူးကွာ..အခုငါအရက်ထပ်သောက်ချင်နေတာ..မနက်တုန်းက လဲလိုက်တာ စောများ စောသွားသလားလို့ ”

မထူးပါဘူး
တက္ကသိုလ်တွင် တစ်ခန်းတည်း အတူနေခဲ့ကြသူ သူငယ်ချင်းနှစ်ဦး ၁၀ နှစ်ကြာခန့်ကွဲကွာနေပြီးမှ ပြန်လည် ဆုံတွေ့ကြရာ...
မောင်မောင် “ တကယ့်ကိုကြာသွားတာပဲ..ဘယ်လိုလဲ ကျောင်းတုန်းက မင်းနဲ့တွဲနေတဲ့ကောင်မလေးနဲ့ လက်ထပ်ဖြစ်သလား..ဒါမှမဟုတ် ကိုယ်တိုင်ဘဲ ထမင်းဟင်းချက်၊ အိမ်သန့်ရှင်းရေးတွေ လုပ်နေတုန်းဘဲလား..”
အောင်အောင် “ အေးကွာ နှစ်ခုလုံးဘဲ..ကောင်မလေးနဲ့လည်း လက်ထပ်ဖြစ်ပါရဲ့..ထမင်းဟင်းချက်၊ အိမ်သန့်ရှင်းရေးတွေလည်း လုပ်နေရပါရဲ့ကွာ”

တော်သေးတာပေါ့
ဇိုးသမားတစ်ယောက် ဆေးစစ်ခံရန် ဆရာဝန်ထ့ရောက်လာသည်..ဆရာဝန်က သေသေချာချာ စစ်ဆေးပြီးနောက် ..
“ ရှင်းပါတယ်ဗျာ ခင်ဗျားဒီလောက်ထိ ပိန်ချုံးနေတာ အရက်ကြောင့်ပေါ့ဗျာ ”
“ တော်သေးတာပေါ့ဗျာ..မိန်းမက ကျွန်တော့်ကြောင့်ချည်း ပြောပြောနေတာ ဆရာရဲ့ .. ”

ပြန်ထားပေးမလို့ 
မောင်ထွန်းလင်းတစ်ယောက် မှည့်ဝင်းလျက်ရှိသော သရက်ပင်ကြီးပေါ်သို့ တက်လျက်တန်းလန်း ခြံပိုင်ရှင် ဦးကြီးက တွေ့သွားလေသည်..
ခြံပိုင်ရှင် .. ဟေ့..ဟေ့ အပင်ပေါ်ဘာတက်လုပ်နေတာလဲ၊ စားချင်ရင်လည်း တောင်းပြုစားမှပေါ့ကွဲ့..”
မောင်ထွန်းလင်း..“ ဦးရဲ့ သရက်သီးတစ်လုံး ပြုတ်ကျနေတာတွေ့လို့ ပြန်ထားပေးမလို့ပါခင်ဗျာ့..”

ခုထိ မသိကြသေးဘူးလား
သင်္ချာအိမ်စာတွက်နေသော သားငယ်ဖြစ်သူက တစ်နေရာအရောက်တွင် စိတ်ရှုပ်သွားဟန်ဖြင့် ဖခင်ကို အားကိုးတကြီး လှမ်း၍အကူညီတောင်းလေသည်..
“ ဖေဖေ - ဘုံဆခွဲကိန်းအငယ်ဆုံးဆိုတာ ဘာလဲဟင်၊ ဆရာက အိမ်စာပေးလိုက်လို့ ”
“ ဟေ - သူတို့ ခုထိ မသိကြသေးဘူးလား .. ဖေဖေ ကျောင်းနေတုန်းကလည်း သူတို့ ဒါကိုဘဲ တောက်လျှောက် မေးနေကြတာကွ ” 


Post - မြ၀တီ

ပဲနို့သောက်လျှင် ဤလေးချက်ကို ရှောင်စေချင်

ပဲနို့သည် ကလေးရော လူကြီးပါ ကြိုက်သော အစားအသောက် တစ်မျိုး ဖြစ်ပါသည်။ ထိုကြောင့် ပဲနို့ကို သောက်ရာတွင် ကျန်းမာရေးအတွက် ဖော်ပြပါ အချက်လေးချက်ကို သတိပြု ရှောင်ရှား သင့်ပါသည်။
ယင်းအချက်လေးချက်မှာ-

၁။ ကြက်ဥနှင့် အတူ ဖျော်သောက်ရန် ရှောင်ရ ပါမည်
ကြက်ဥထဲတွင် စေးကပ်သော ဥအကာသည် နို့ထဲက ထရစ်ပဆင်(Trypsin)နှင့် ပေါင်းစပ် မိသောအခါ လခန္ဓာ ကိုယ်မှ စုပ်ယူနိုင်သော အရာဝတ္တု တစ်မျိုး ဖြစ်စေတတ်၍ ပဲနို့၏ အာဟာရ ဓာတ်ကို ဆုံးရှုံး သွားစေ တတ်ပါသည်။

၂။ ကြံသကာနှင့် အတူ ဖျော်သောက်ရန် ရှောင်ရပါမည်
ကြံသကာ အတွင်းရှိ သြဂဲနစ် အက်စစ်သည် ပဲနို့ထဲက ပရိုတင်းဓာတ်နှင့် ပေါင်းစပ် မိသောအခါ အနှစ်သာရ ပြောင်းကာ အနည်ကျ ပစ္စည်း ဖြစ်ပေါ် လာစေ တတ်သည်။ သကြားနှင့် ပဲနို့ ဖျော်ပါက ထိုသို့ ဆိုးကျိုး သက်ရောက်မည် မဟုတ်ပါ။

၃။ မကျက်တကျက် ပြူတ်ပြီး မသောက်သင့်
ပဲနို့ထဲတွင် ထရစ်ပဆင် တားဆီးသည့် အရာဝတ္ထုရှိ၍ ကျက်အောင် မပြုတ်ဘဲ သောက်သုံး ပါက အော်ဂလီ ဆန်တတ်သည်။ အော့အန် တတ်သည်။ နောက်ဆုံး ဝမ်းလျှော တတ်ပါသည်။

၎။ဓာတ်ဘူးနဲ့ မတည့်
ပဲနို့တွင်ပါသော အစေးများသည် ဓာတ်ဘူးထဲက ရေချေးကို ချွတ်နိုင်သဖြင့် အချိန်ကြာလျှင် ပဲနို့တွင် ရောဂါပိုးမျာ ပြန့်ပွား စေတတ်၍ ကျန်းမာရေးက အထူး ထိခိုက် စေပါသည်။

http://www.myawady.com.mm/health/preventing/item/2680-2012-12-24-10-24-02

Saturday, December 22, 2012

ပင်စိမ်းရွက် နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး - (၄၀)


ပင်စိမ်းပင်သည် မြန်မာနိုင်ငံနှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်းဒေသတွင် ပိုမို၍ ပေါက်တတ်ကြသည်။ ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင်ဖြစ်သည်။ စိုက်ပျိုး၍လည်းရသည်။ မျိုးစေ့မှတဆင့် အပင်စိုက်ရန်လွယ်ကူသောအပင် ဖြစ်သည်။ မြေသြဇာ အထူးမလိုအပ်လှပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ်လှပေသည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။
 
ပင်စိမ်းပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြင့်နှစ်ပေမှ သုံးပေခန့်အထိ ရှိ၏။ အရွက်မှာ သေးပြီးစိမ်းလျက် နူးညံ့၏။ ရွက်နားမှာ လွှသွားပုံရှိသည်။ အပွင့်ဖြူကလေးများပွင့်တတ်ကာ ရနံ့မှာအလွန်မွှေးသဖြင့် အချို့သူများမှာ ယင်းချက်ရာတွင်အမွှေးနံ့ရစေရန် ဟင်းခတ်၍ အုပ်ကာ ချက်စားကြသည်။ အပွင့်များသည် အခိုင်လိုက်ပွင့်၍ ပွင်ချပ်များပေါ်တွင်အမွေးနုကလေး
များ ရှိသည်။ တပေါင်း တန်ခူးလများ၌ ပွင့်တတ်ကြသည်။ အရသာမှာ ပူစပ်သော အရသာဖြစ်ကာ ပင်စိမ်းမျိုးအနေဖြင့်ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်းနက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင်ကင်ဟူ၍ ပင်စိမ်း အမျိုးမျိုးရှိကြသည်။




မြန်မာဆေးကျမ်း အလိုအရ ပင်စိမ်းသည် ပူ၏၊ စပ်၏၊ အနည်းငယ်ခါး၏၊ လေသလိပ်ကို နိုင်၏၊ ဆီးကိုနိုင်၏၊ လေကိုသက်စေပြီး သွေးကို တက်စေနိုင်သည်၊ ရင်ကျပ်နာ၊ အစာမကြေ၊ ချွဲကျပ်နာတို့ကို နိုင်၏၊ ချောင်းဆိုးနာ၊ ပိုးနာ၊ထိုးကျင်သောအနာကို ပယ်နိုင်၏။

 
အစာကြောခြင်း၊ ခံတွင်းကောင်းခြင်း၊ အနံပကောင်းခြင်း၊ အသံသာခြင်း၊ အသက်ရှည်ခြင်းကို ရရှိစေသည်။ လူကိုအကျိုးပွားစေသည်။ ပင်စိမ်းရွက် ပင်စိမ်းအစေ့များကို မြန်မာ့ဆေးဝါးအဖြစ် အသုံးပြုပုံများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) နားကိုက် = ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက်ကျအောင် ညှစ်ထည့်ပေးပါ။

 
(၂) သွားကိုက် = ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများလုံး၍ သွားပိုးစားသည့် သွားအခေါင်းထဲသို့ ထည့်ပေးပါ။ ပျောက်ကင်းသွားပါမည်။



(၃) ကလေး ကျောပူ ခေါင်းပူ = ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်းငယ်ဖြင့်ရောကြိတ်ပြီး လိမ်းပေးပါ။ (တကိုယ်လုံး ခပ်ပါးပါး လိမ်းပေးပါ)



(၄) ခေါင်းတခြမ်းကိုက် = ပင်စိမ်းရွက်သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကိုယူ၍ နားထင်နှင်
     နဖူးတွင် လိမ်းပေးပါ။



(၅) ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါ= နှမ်းစေ့နှင့် ပင်စိမ်းစေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့တေ၍    ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။ ထိုသို့    စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများ ပျောက်၏။

 
(၆) သားသမီး ဝေးလိုသော်= ပင်စိမ်းရွက် လက်တွင်းတဆုပ် ပြုတ်ရည်တပန်းကန်ကို ဥတုသွေးလာပြီးသည့် နောက်    သုံးရက်ဆက်တိုက် သောက်ပေးပါ။


(၇) အဖျားနာတာရှည်= နံနက်စောစော ပင်စိမ်းရွက်သတ္ထုရည် ကြွေဇွန်းသတ္ထုရည် တဇွန်းကျ သောက်ပေးပါ၊ အဖျားကျသွားပါမည်။



(၈) ငှက်ဖျား= ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို ငရုတ်ကောင်းစေ့အနက် သုံးစေ့၊ တပတ်လျှင်နှစ်ကြိမ်  မှန်မှန်သောက်ပေးပါ။

 
(၉) ပွေးနာ၊ အရေပြား ယားနာ= ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ၊ ထိုထောင်းထား သည့် အရွက်ဖြင့် ပွတ်တိုက်ပေးပါ အုံပေးပါ။



(၁၀) အစာမကြေ၊ ဝမ်းကိုက်= ပင်စိမ်းရွက်ပြုတ်ရည်ကို သောက်ပေးပါ။ သတ္ထုရည်သောက်ပေးပါ။

 
(၁၁) လည်ချောင်းနာ၊ အသံဝင် = ပသ်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍ ထိုရေကို သောက်ပေးပါ။
 

(၁၂) အိုင်းအနာ၊ အဖုအနာ = ပင်စိမ်းရွက်ပြုတ်ရည်ကို အဖုအနာများနှင့် အိုင်းနာများအပေါ် ဖန်ရည်ဆေးပေးပါ။ အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက်ခြောက်မှုန့်ကို ဖြူးပေးပါ။

 
(၁၃) အရေပြားအနာများ = (အရေပြားရောဂါဟူသမျှ) ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ (၁၅)ကျပ်သားရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည်အထိ ချက်ပေးပါ။ ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။ ယင်းဆီသည် ရေနွေးအကြမ်းပန်းကန် တလုံးထဲသို့ ဆီနှစ်စက် သုံးစက်ချပေးပြီး ပူပူလေး မှုတ်၍ သောက်ပေးပါကနှာစေးအအေးမိ ချောင်းဆိုးရောဂါများကိုပင် ပျောက်စေပါသည်။ ထိုဆီဖြင့် လိမ်းထားပါက မှက် ဖြင်များ မကိုက်ပါ။

 
(၁၄) ဗိုက်ကြောပြတ် = (ကိုယ်ဝန်ဆောင်) ဗိုက်ကြောပြတ်ပြီး ယားယံနေပါက ပင်စိမ်းရွက်ခြောက်မှုန့် ဖြူးပြီး ပွတ်သပ်ပေးပါ။


(၁၅) ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို လိမ်းပေးပါ။

 
(၁၆) ကလေး သန်ကျ= ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။
 

(၁၇) နားအူ၊ နားကိုက်၊ နားပြည်ယို= ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်းဖြင့်ထည့်၍ မီးဖြင့်အပူပေးပါ။ ထိုသတ္ထုရည်  နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။



(၁၈) နှာခေါင်းနှာပိတ်၊ နှာခေါင်းအတွင်းမြှေးရောင်= ပင်စိမ်းရွက်ကို အခြောက်လှန်းပြီး ညက်နေအောင် အမှုန့်ထောင်း ပါ။ နှာဆေးအဖြစ် အသုံးပြုပါ။



(၁၉) ငှက်ဖျားတုန်ချမ်း= ပင်စိမ်းအမြစ်ကို ရေသုံးခွက်တခွက်တင် ကျိုပြီး သောက်ပေးပါ။
       ချွေးထွက်လာပြီး အဖျားကျသွားပါမည်။


(၂၀) ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင်=ပင်စိမ်းပင် ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။


(၂၁) လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုး=ပင်စိမ်းပွင့် အတ့လိုက်ကို ချင်းခြောက်၊ ကြက်သွန်နီနှင့်
       ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။ သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်းစေပါသည်။

 
(၂၂) သားသမီး ဝေးလိုသော= အမျိုးသားများ ပင်စိမ်းရွက်ဆယ်ရွက်ကို နေ့စသ်စားပေးပါ။ ကျန်းမာရေးကို လုံးဝ မထိခိုက်စေဘဲ ပိုမို၍ သွက်လက်ထက်မြက်စေကြောင်း အိန္ဒိယဆေးသုတေသနမှ ထုတ်နုတ်ဖော်ပြခဲ့၏။
 
(၂၃) ချောင်းဆိုးပျောက်= ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့် ဆတူရောပြီး တနေ့သုံးကြိမ် သောက်ပေးပါ။  သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက်စေ၏။
 
(၂၄) အစာအိမ်အချဉ်ပေါက်လေနာ= ပင်စိမ်းရွက်ခြောက်ကို ရေနွေးစိမ်၍ ရေနွေးကြမ်းသောက်သလို သောက်ပေးပါ၊
       ကလေးများ လေထိုး၊ လေအောင့်ရောဂါပါ ပျောက်ကင်းစေနိုင်ပါသည်။



(၂၅) အအေးမိ၊ နှာစေး၊ ချောင်းဆိုး= ပင်စိမ်းရွက်အစိုကို သုံးခွက်တခွက်တင်ကျိုပြီး ပူပူလေးသောက်ပေးပါ။ တုပ်ကွေးရောဂါများကိုပင် ပျောက်ကင်းစေနိုင်ပါသည်။


(၂၆) အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ = မျောက်သားကိုကင်၍ ပင်စိမ်းနိုင်နိုင်နှင့်  ကြော်စားပါ။


(၂၇) လေငန်း၊ လေဖြတ်၊ အဆစ်ရောင်= ပင်စိမ်းပဉ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ကိုရှူပေးပါ။



(၂၈) မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက= ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ်ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့်  နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့် ဒဏ်ရာတွင် ကြိတ်ဖတ်ကို အုံ၍ အဝတ်ဖြင့် စည်းပေးပါ။



(၂၉) သူငယ်နျာ ကျောပူခေါင်းပူ= ပင်စိမ်းရွက်၊ ကွမ်းရွက်၊ နနွင်းမှုန့်၊ ကျပ်ခိုး အနည်းငယ်ရောကြိတ်၍ ကလေးကို   ခပ်ပါးပါး လိမ်းပေးပါ။ ဦးခေါင်းမှ ခြေဖျားအထိ သပ်ချပေးပါ။



(၃၀) မီးဖွားပြီးစ အပုပ်ဆန် = ပင်စိမ်းရွက် ကြော်စားပါ။



(၃၁) ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်= ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေ
       ကြော်စားပေးပါ။(သို့) ငါးပနော်နှင့် ကြော်စားပါ။


(၃၂) ဆီးရောဂါ = ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး အဆိပ်ကို ကြေစေသည်။


(၃၃) ကင်းမြီးကောက်ကိုက် = ပင်စိမ်းရွက်ကြိတ်၍ အုံပေးပါ။


(၃၄) ချောင်းဆိုးနပန်းနာ = ပင်စိမ်းပွင့်၊ ချင်းခြောက်၊ ကြက်သွန်ဖြူ ထုထောင်း၍ ပျားရည်နှင့် လျက်ပေးပါ။


(၃၅) သလိပ်ကပ် ချွဲကျပ်= ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍ အရည်ထွက်စေရန် ကြိတ်ခြေညှစ်ပေးပါ။
       ထွက်လာသည့် အရည်အား ရေကျက်အေးနှင့် သောက်ပေးပါ။ တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။ နေ့လယ်မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။



(၃၆) ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊ သလိပ်ပုပ်=ပင်စိမ်းအစေ့ကို အခြောက်လှန်းပြီး အနည်းငယ်ထောင်းပါ၊ နွားနို့ သကြားတို့နှင့် ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမက သွေးအကျိတ် အခဲ ရောဂါများပင် ပျောက်ကင်းစေပါသည်။



(၃၇) ဆီးအောင့်၊ အမောသက်သာ=ပင်စိမ်းစေ့ကို သကြားရည်နှင့် ဖျော်ရည်ပြု၍ သောက်ပေးပါ။



(၃၈) မစားချင်၊ မသောက်ချင်၊ အစာအိမ်လေနာ၊ ဝမ်းနာ=ပင်စိမ်းရွက် သတ္ထုရည်ပြု၍ သောက်ပေးပါ။



(၃၉) နှလုံး၊ ကျောက်ကပ်ရောဂါ၊ နှမ်းစေ့=ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တလုံး၊ ညအိပ်ရာဝင်တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်းများအပြင် ပွေး၊ ဝဲ၊ နှင်းခူနာနှင့် မြင်းသရိုက်ရောဂါများကိုပါ ပျောက်ကင်းစေပါသည်။



(၄၀) သားကျည်းကိုက်၊ သားအိမ်လျှော၊ နို့ချောင်းပိတ်၊ ဆီးအောင့်=ပင်စိမ်းရွက်ကို ငါးကျည်းခြောက်နှင့် ကြော်စားပေး ပါ။ ထိုသို့ စားပေးခြင်းဖြင့် မီးဖွားပြီးစ အပုပ်ဆန်တတ်သော ရောဂါများပင် ပျောက်ကင်းစေ ပါသည်။ အစားမှား၍
       ဆေးမှား၍ အော့အန်ခြင်းများကိုပင် ပျောက်ကင်းစေ၏။


 
ပင်စိမ်း၏ ဂုဟ်အစွမ်းအကျိုးများကား များပြားလှပါသည်။
ဉာဏ်ရှိသလို စားသုံးပေးခြင်းဖြင့် ရောဂါများကို ပျောက်ကင်းစေသည့် ပင်စိမ်းရွက်များ ဖြစ်ပါသည်။