“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Wednesday, October 3, 2012

ဘလော့မှာPopularPostsကိုSlideပုံစံပြောင်းနည်း...

တွေတဲ့အတိုင်းပဲနော် Slide သွားနေလိတ်မယ်
 ရေးချင်ဘူးပျင်းတယ်ခိခိ.... ပုံဖျက်ရတာကိုတော့စိတ်မရှည်ဘူး ဒါပေမဲ့ရေးလိုက်တယ်ဗျာ

သင်ကျန်းမာချင်တယ်ဆိုရင်တော့ ဒီအချိန်တွေကိုဂရုစိုက်ပါ

 ကျန်းမာရေး အတွက် ဂရုစိုက်ရမည့်နာရီများ သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ ကမောက်ကမဖြစ်တတ်သည်။
အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊ ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့် ရောဂါများပိုမိုဖြစ်တတ်သည်။
ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏
ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ
အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။
ခန္ဓကိုယ်၏ ‘သက်စောင့်ရည်’ များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏ
အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ
ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။
နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င်သည်။ ဆောင်းရာသီပြီးလျှင်
နွေရာသီရောက်လေသည်။ သဘာဝလောကကြီးသည် အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။
လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်းချက်ကျကျ
လှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။
ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန်
ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန်
(အလယ်တန်းအောက်ကလေးသူငယ်များသည် ရောဂါခုခံကာကွယ်စနစ်တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင် အိပ်နိုင်လျှင်ကောင်း၏)
ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်
နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်
နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်
နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်
(ဆေးပညာတွင် ‘အန္တရာယ်များသည့်လေးနာရီ’ ဟုပြောစမှတ်ပြုကြသည်။
လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊
သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။ ထို့ကြောင့်
အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။ )
နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်
နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)
နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်
နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)
နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်
(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ – သို့မဟုတ်က အစာအိမ်ရောဂါ
လေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)
ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်
(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)
ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်
ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန်
(ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)
အကိုး။ ။ လင်ကွမ်ချန်၏ကျန်းမာရေးစာအုပ်မှ
အပေါင်းအသင်းသူငယ်ချင်းများကိုယ့်ကျန်းမာရေးအတွက် အချိန်တွေကိုလေးစားခြင်းဖြင့်အနာရောဂါကင်း
လျှက် ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ...
********************************************

http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A7984535&xgs=1&xg_source=msg_share_post

အုန်းသီးတစ်လုံးရဲ့ လျှို့ဝှက်ချက်


တကယ်လို့များ သင်ဟာ ပင်လယ်ကမ်းခြေကို ရောက်ဖူးသူဆိုရင် အုန်းသီးစိမ်းထဲက အုန်းရည်ကို သောက်ခဲ့ဖူးမယ် ထင်ပါတယ်နော်.. ပင်လယ်ကမ်းခြေ မရောက်ဖြစ်တောင် ရန်ကုန်လိုမြို့ကြီးမှာ ရွှေတိဂုံဘုရားအနီးမှာ တွန်းလှည်းနဲ့ရောင်းတဲ့ အုန်းရည်ကို သောက်လို့ ရပါတယ်.. သန်လျင် ရေလည်ကျောက်တန်းဘုရားကို သွားဖူးရင်းနဲ့လည်း ဘုရားအနီးက ဆိုင်တွေမှာ အုန်းရည်ကို သောက်သုံးလို့ ရပါသေးတယ်.. အုန်းရည်ဟာ ချိုမြမြ ရှတတအရသာ ရှိတယ်ဆိုတာ လူတိုင်းက သိကြပေမဲ့ အုန်းရည်ရဲ့ အသုံးဝင်ပုံ လျှို့ဝှက်ချက်လေးကိုတော့ သိသူနည်းမယ် ထင်ပါတယ်.. အုန်းသီးတစ်လုံးထဲက သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ အုန်းရည်အကြောင်းနဲ့အတူ အုန်းသီးရဲ့ အသုံးဝင်ပုံလေးကို ဖတ်မိထားသလောက် ပြန်လည် ဝေမျှပါဦးမယ်...
အုန်းသီးဟာ လူတွေအတွက် ကောင်းမွန်ထူးခြားတဲ့ အစာတစ်မျိုးဖြစ်ပါတယ်.. အထူးခြားဆုံးက လူ့အသက်ကိုတောင် ကယ်တင်နိုင်စွမ်းရှိတဲ့ အသီးဖြစ်ပါတယ်.. အုန်းသီးဟာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေနိုင်စွမ်းရှိခြင်း၊ ကိုလက်စရောကို လျော့ချပေးနိုင်စွမ်းရှိခြင်း၊ ရေဓာတ်ကို ထိန်းသိမ်းပေးခြင်းနဲ့ အရေးပေါ် သွေးရေကြည်သွင်းဖို့ လိုအပ်နေသူများကိုတောင်မှ အုန်းရည်ဖြင့် အစားသွင်းကုသပေးနိုင်ခြင်းစတဲ့ အုန်းသီးရဲ့ အသုံးဝင်အရေးပါပုံကို သိရှိသူမှာ လူအနည်းစုလောက်သာ ရှိပါတယ်.. ခေတ်ပေါ် ဆေးသုတေသနပြုသူများကလည်း အုန်းသီးဟာ ကျန်းမာရေးအတွက် အလွန်အကျိုးပြုစေနိုင်သော အသီးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်..
အုန်းရည်
အုန်းသီးထဲမှ အုန်းရည်ဟာ လူ့အသက်ကို ကယ်တင်ပေးနိုင်စွမ်း ရှိပုံနဲ့ပတ်သက်ပြီး အကောင်းဆုံး သက်သေတစ်ခုကို ပြောပြရမယ်ဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းက ပစိဖိတ်ဒေသစစ်ပွဲတွေမှာ စစ်သားတွေ အများအပြား ဒဏ်ရာရကြတဲ့အခါ အရေးပေါ် သွေးသွင်းဖို့ လိုအပ်နေပေမဲ့ စစ်မြေပြင်ဖြစ်တာကြောင့် သွေးရည်ကြည်ပုလင်းတွေကို အချိန်မှီ ရရှိဖို့ အခက်အခဲ ဖြစ်နေချိန်မှာ ဆရာဝန်တွေဟာ အုန်းသီး နုနုထဲက သန့်စင်တဲ့ အုန်းရည်ကို သွေးရည်ကြည်အစား ထိုးသွင်းကုသပြီး အသက်ကယ်ခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်.. အုန်းရည်ဟာ လူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့ ထပ်တူနီးပါး တူညီပြီး သွေးအမျိုးအစား အားလုံးနဲ့ သင့်တော်တယ်လို့ သိရပါတယ်..
အုန်းရည်ဟာ ဓါတ်တိုးပစ္စည်းပါဝင်မှု များပြားပြီး လူတွေကို အထူးအကျိုးပြုကြောင်း လေ့လာတွေ့ရှိရပါတယ်..
ကိုလက်စရောကို ကျဆင်းစေခြင်း
အစာခြေနိုင်စွမ်း မြင့်မားစေခြင်း
အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း
ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက်ခြင်း
ဆဲလ်အသစ်များကို တိုးပွားစေခြင်း
ဟိုမုန်းကို ထိန်းချုပ်ပေးခြင်း
ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း
အဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များအတွင်း ပို့ဆောင်ပေးနိုင်ခြင်း
ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း
ရောဂါများကို ခုခံကာကွယ်ပေးခြင်း
မှတ်ဥာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း
ဘက်တီးရီးယားများကို သေစေနိုင်ခြင်း
စတဲ့ အကျိုးဆက်များစွာကို ပေးနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် အဖိုးတန်တဲ့ အုန်းသီးဖြစ်ပါတယ်.. အုန်းသီးအနုတွင် သန့်စင်ကောင်းမွန်သော မပြည့်ဝဆီများ ပါဝင်တဲ့အတွက် အုန်းသီးအရင့်ထက်စာရင် အဆီပါဝင်မှုနှုန်း နည်းပါးပါတယ်.. ထို့ကြောင့်လည်း ကျန်းမာရေးအတွက် စဉ်းစားပြီး အုန်းသီးတစ်လုံးကို ၀ယ်ယူမယ်ဆိုရင် အုန်းသီးအနုကို ရှာဖွေ ၀ယ်ယူသင့်တယ်လို့ သိရပါတယ်.. အုန်းသီး အနုအရင့် ရွေးချယ်ပုံမှာ အုန်းသီးအနုသည် ခပ်စိမ်းစိမ်းအရောင်ရှိပြီး အုန်းသီးအရင့်မှာ အစိမ်းရောင် နည်းပါးပြီး အညိုခပ်ဖျော့ဖျော့အရောင် ရှိတတ်ပါတယ်..
အုန်းဆီ
အုန်းသီးကနေ ရရှိတဲ့ အုန်းဆီဟာလည်း အလွန်အကျိုးများတဲ့ ဆေးကုသမှုဆိုင်ရာ ပစ္စည်းအဖြစ် သုံးစွဲနိုင်ပါသေးတယ်.. အုန်းဆီဟာ အားလုံးသိကြတဲ့အတိုင်း ဆံပင်သန်စွမ်းနက်မှောင်ဖို့ အလွန်ကောင်းမွန်တဲ့ သဘာဝ အားဖြည့်ဆေး ဖြစ်ပါတယ်.. အုန်းဆီဖြင့် ဦးခေါင်းကို မှန်မှန် နှိပ်နယ်ပေးပါက ဦးရေပြားတွင်ဖြစ်တတ်သော ဘောက်နှင့် ဦးရေပြားခြောက်သွေ့ခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။ ပျက်စီးနေသော ဆံပင်များကို ပြုပြင် ထိန်းသိမ်းဖို့ အတွက်လည်း အုန်းဆီမှာ အလွန်ကောင်းမွန် အဆင်ပြေပါသည်။ ထို့ကြောင့်လည်း အုန်းဆီကို ဆံပင်ပြုပြင်ရေး ပစ္စည်း၊ ဗောက်များ ကာကွယ်သောပစ္စည်းအဖြစ် နည်းမျိုးစုံဖြင့် ထုတ်လုပ်ကြပါတယ်.. နောက်ထပ် အသုံးဝင်သောအချက်မှာ အုန်းဆီသည် သွားပိုးစားခြင်း၊ သွားရောဂါများဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်.. အုန်းဆီအနည်းငယ်ကို သွားဖုံးနှင့် သွားတို့တွင် အမြဲတမ်း ပွတ်တိုက်ပေးပါက သွားများကို ပိုမိုခိုင်မာစေနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်.…
အုန်းဆီရဲ့ အခြားအသုံးဝင်ပုံမှာ ခြောက်သွေ့သော အရေပြားများအတွက် အကောင်းဆုံး moisturizer ဖြစ်ပါတယ်.. အုန်းဆီကို အရေပြားပေါ်လိမ်းပြီး နှိပ်နယ်ပေးပါက အသားပတ်ခြင်း၊ ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်းများ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်.. အရေပြားတွန့်ခြင်းကိုလည်း နှောင့်နှေးစေတယ်လို့ သိရပါတယ်. အုန်းဆီပါဝင်တဲ့ အရေပြားစောင့်ရှောက် ပစ္စည်းများဖြစ်တဲ့ ဆပ်ပြာ၊ အသားလှလိမ်းဆေး၊ လူးဆေးခရမ်စသဖြင့် အများအပြားကို ထုတ်လုပ်ကြပါတယ်.. ထိခိုက်ရှနာများအတွက်လည်း အုန်းဆီဟာ ဆေးဝါးတစ်လက်အဖြစ် အထောက်အကူပြုနိုင်ပါသေးတယ်.. ဒဏ်ရာပေါ်မှာ အုန်းဆီကို လိမ်းပေးခြင်းအားဖြင့် ပြင်ပမှ ဖုန်များ ၊ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များ မ၀င်ရောက်နိုင်အောင် အလွှာပါးလေးအဖြစ် ဖုံးအုပ်ထားစေပါတယ်.. အုန်းဆီဟာ ဒဏ်ရာပေါ်မှ ပျက်စီးသွားသော တစ်ရှူးများကို အမြန်ဆုံး ပြန်လည် ကောင်းမွန်စေနိုင်စွမ်းရှိကြောင်း သိရပါတယ်.. အုန်းဆီဟာ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ အရေပြားပေါ် ဖြစ်တတ်သောမှိုများ၊ စသည်တို့ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်..
အုန်းသီးထွက်ပစ္စည်းများ
အုန်းသီးကနေ ထုတ်လုပ်တဲ့ အုန်းနို့၊ အုန်းမှုန့်၊ အုန်းသီးဖတ် စသည်တို့သည်လည်း အစားအသောက်များ၊ ဟင်းလျာများ၊ မုန့်များ ချက်ပြုတ်ရာတွင် အသုံးပြုကြပါတယ်.. အချို့သောနိုင်ငံများတွင် အုန်းနို့မှာ ဟင်းလျာအတော်များများတွင် မပါမပြီး အသုံးပြုကြတဲ့ အရာသာထူးကဲ ကောင်းမွန်စေသော ဟင်းချက်ဖွယ် တစ်မျိုး ဖြစ်ပါတယ်.. မြန်မာနိုင်ငံတွင်တော့ ဟင်းချက်ရာတွင် အသုံးပြုမှု နည်းပါးသော်လည်း မြန်မာမုန့် တော်တော်များများတွင် အုန်းနို့ပါဝင်တတ်ပါတယ်.. အုန်းရည်မှာ ကျန်းမာရေးအတွက် အထောက်အကူများစွာ ဖြစ်စေနိုင်သော်လည်း အုန်းနို့နှင့်ပြုလုပ်သော အစားအသောက်များ အလွန်အကျွံစားသုံးပါက သွေးတိုးရောဂါသမားများအတွက် အလွန်အန္တရာယ်ကြီးပါတယ်..
ကျန်းမာရေးအတွက် အုန်းရည်များများသောက်ပြီး အုန်းဆီ များများလိမ်းလို့ အုန်းနို့ကိုတော့ သင့်တင့်ရုံသာ စားကြပါစို့နော်…. :)

Kiran Patil ရဲ့ Health Benefits of Coconut Oil, Coconut Water Health Benefits နှင့် Funzug.com မှ အချက်အလက်များကို မှီငြမ်းကိုးကားပါသည်။
ဤပိုစ့်ပါ အချက်အလက်များကို အတည်ပြုပေးပြီး အချက်အလက်အသစ်များ ထပ်မံရှာဖွေ ကူညီပေးသော ဒေါက်တာဇီဝက(ဆေး-၂) အား အထူးကျေးဇူးတင်ရှိပါသည်။

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A474485&xgs=1&xg_source=msg_share_post

barbie အရုပ်ကလေးနဲ့တူအောင် ခွဲစိတ်ခဲ့သော မိန်းကလေး


 ကမ္ဘာပေါ်တွင် မိမိထင်ထားသည်ထက် ထူးဆန်းမူများမှာ များပြားလွန်းလှသည်...

ယခုလည်း သာမန်မိန်းကလေးတစ်ယောက်မှ barbie အ၇ုပ်ကလေး နှင့်ချွတ်စွတ် တူစေ၇န် အသားအနာခံ ပိုက်ဆံအကုန်ခံ ပြီး ပြုလုပ်ထားပုံကိုတင်ပြ ချင်ပါသည်...


ယူက၇ိန်းနိုင်ငံမှ Valeria Lukyanova အမည်၇အမျိုးသမီးတစ်ဦး သည် ဒေါ်လာ ၈၀၀၀၀၀ ၇ှစ်သိန်းအကုန်ခံပြီး ခွဲစိတ်မူကိုခံယူ ခဲ့ သည် ထိုအမျိုးသမီးသည် အ၇ုပ်မ နှင့်တူစေ၇န် နံ၇ိုးနှစ်ချောင်းမျှ မိမိကိုယ် မှ ထုတ်ပယ်ခဲ့ ၇သည် ထိုမှသာ အ၇ုပ်ကဲ့ သို့ ခါးသေး ၇င်ချီဖြစ်စေမည်........နှာခေါင်းမှာလည်းအလွန်အမင်း


သေးငယ်စေ၇န်အတွက် အစစ်ကိုဖြတ်ထုတ်ကာ silicon နှာခေါင်းအတုကိုအစား

ထိုးပေးထားရသည်။

http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A1035795&xgs=1&xg_source=msg_share_post

ခေတ်ဆန်ခြင်း နဲ့ ယဉ်ကျေးမှု


ရေးသားသူ ..လုထုဒေါ်အမာ
လူထုဒေါ်အမာ က ကလျာမဂ္ဂဇင်း မှာ ပြောထားတာလေးကို မြန်မာမိန်းခလေးများ သတိပြုမိစေဖို့ ပြန်လည်ရေးသားပေးလိုက်ပါတယ်။
အမေပြောခဲ့တာက ဒီလိုပါ မြန်မာမတွေရဲ့ အမျိုသားဝတ်စုံဆိုတဲ့အခါကျတော့ အမျိုးသားဝတ်စုံရယ်လို့ ရှိချင်သေးလား။ မရှိရင်လည်း ရတာပါပဲလို့ အောက်မေ့နေကြသလား။ ရှိချင်သေးတယ်ဆိုရင်တော့ အောက်ထစ်ဆုံး ထဘီတော့ ၀တ်စုံအဖြစ်သတ်မှတ်ရဦးမှာပါပဲ။ ဟိန္ဒူအမျိုးသမီးများကို ကြည့်လိုက်ရင် ဆာရီဟာ သူတို့အမျိုးသားဝတ်စုံပါပဲ။ ဒါဟာ အခုပြသနာလုပ်နေရတယ်။ အမျိုးသားဝတ်စုံရှိနေချင်သေးလား၊ မရှိချင်တော့ဘူးလားဆိုတာကို ငြင်းခုန်နေရတယ်။ ဘာပြုလို့လဲဆိုတော့ ဒီခေတ် တက်လူမိန်းကလေးတွေက ခါးမှာထမီမ၀တ်ကြတော့ဘဲနဲ့ စကတ် တို့ ၊ ဘောင်းဘီ တို့ ၀တ်နေကြလို့ပါ။ စကတ်ဆိုတာ ထဘီ မဟုတ်ပဲနဲ့ ထဘီယောင်ဆောင်ထားတဲ့ အ၀တ်တမျိုးပါ။ သူက ခါးပေါ်မှာတော့ဝတ်တယ်။ ဒါပေမယ့် ထဘီလို လုံလုံခြုံခြုံ ချီထားဖုံးထားတဲ့ အ၀တ်အထည်မျိုးမဟုတ်ဘူး။ ပေါင်ရင်းလောက်တိုတဲ့စကပ်ရှိတယ် ၊ ဒူးအောက်ရောက်တဲ့စကပ်ရှိတယ် ၊ စကပ်ကို ပေါင်ရင်းအထိခွဲထားတဲ့ စကပ်ရှိတယ် ၊ အခုနောက်တည့်တည့်ကခွဲတဲ့စကပ်တောင်ရှိသေးတယ်။ အခုမြန်မာမလေးတွေ ၀တ်တဲ့စကပ်က ပေါင်လောက်ထိတိုတဲ့ စကပ်တောင် ရှိနေပါပြီ။ ၀တ်ရဲတဲ့သူတွေက ၀တ်နေကြပြီ။ နို့ပေမယ့် ဘေးခွဲ ၊ နောက်ခွဲ နဲ့ စကပ်ရှည်ရှည်တွေကတော့ မြန်မာမိန်းကလေးတိုင်းလိုလို ၀တ်ဝံ့တာမြင်နေရပြီ။ အခုတော့ အမေလဲ မရှိတော့ပါဘူး… အမေ မမြင်ရတော့ဘူးပေါ့…

အပေါ်ပိုင်းကျပြန်တော့လည်း ရင်ညွန့်အထက် ဘာမှ မရှိဘူး။ အမေတို့ရှေးတုန်းက အမျိုးသမီးတွေဟာ ရင်လျားကြီးနဲ့ လူထဲမထွက်ရဲကြပါဘူး။ ခုတော့ရင်လျားထားတဲ့အတိုင်း အပေါ်ပိုင်းဗလာနဲ့ လက်သန်းတခြမ်းလောက် ကြိုးလေးတွေသာ ပခုံးမှာချိတ်လို့ လူမြင်ကွင်းမှာ သွားနေလာနေကြတာ မသင့်လျှော်လွန်းပါဘူးကွယ်။ ဟိုး ဘိုးစဉ်ဘောင်ဆက်ကတည်းက “အရှက်ကို အသက်နဲ့လဲမယ် ´´ ဆိုပြီး အမေတို့မြန်မာမိန်းမတွေ ကြွေးကျော်ခဲ့တဲ့စကားရှိပါတယ်။ အရှက်ကို အသက်ထက်ပိုပြီး တန်ဖိုးထားတဲ့စကားပါ။ ဒါကြောင့် သမီးလေးတို့ကရော သမီးလေးတို့ရဲ့ အုပ်ထိန်းသူတွေကပါ ၀ိုင်းဝန်းတည့်မတ်ပေးကြပါ။ ပြီးတော့ ထဘီ နဲ့ စကပ် ရဲ့ ကွာခြားမှုကို အမေနည်းနည်းပြောပြချင်တယ်။ ထဘီက ၀တ်ရင်း ၊ ထိုင်ရင်းကနေ တနေရာမှာ တခုခုစွန်းသွားပေသွားလိုကရှိရင် အဲ့ဒီအစွန်းအပေကို လွယ်လွယ်လှည့်ဝတ်လို့ရတယ်။ ဖုံးကွယ်လို့ရတာပေါ့။ စကပ်ကတော့ ဘောင်းဘီလိုပဲ ဘယ်နေရာပေပေ ဒီအပေကို လှည့်လို့လည်းမရဘူး။ ဒါကြောင့် ဖုံးလို့ကွယ်လို့မရဘူးပေါ့။
နောက်တခုက မြန်မာမိန်းကလေးတွေ ဘောင်းဘီဝတ်တာကိုလည်းပြောချင်သေးတယ်။ တောထဲတောင်ထဲ ခရီးကြမ်းသွားလို့ ထိုင်ထကောင်းတဲ့ဘောင်းဘီမို့ ၀တ်တာမျိုးကို အမေမပြောလိုပေမယ့် အခုခေတ်မြို့ပေါ်က မြန်မာမိန်းကလေးတွေဝတ်တဲ့ ဘောင်းဘီမျိုးကိုတော့ အမေအတော်အံ့သြမိတယ်။ ချက်ပေါ်အောင်ဝတ်တယ်။ အပေါ်အင်္ကျီ တိုနံ့နံ့နဲ့မို့ ဘောင်းဘီနဲ့ ကုန်းကွနေရင် အမျိုးသမီးအောက်ခံ ဘာရောင်ဝတ်တယ်ဆိုတာတောင် မောင်နဲ့နှမ သားနဲ့အမိ အမြင်မတော်တာတွေတွေနေကြရပြီ။ အမေတို့မြန်မာဓလေံထုံးစံက မိန်းကလေးဝတ်တဲ့ အ၀တ်အစားဟာ “ဣနြေ္ဒရတယ်´´ ဆိုတဲ့ ဆိုင်းဘုတ်ပါရတယ်။ အ၀တ်အစားကိုက လျှပ်ပေါ်တယ် ၊ လော်လီတယ် ဆိုတာမျိုးမဖြစ်စေရဘူး။ အခုတော့တမင်ပဲ လျှပ်ပေါ်လော်လီတဲ့ အဆင်အပြင်ကိုရွေးဝတ်နေကြတယ်။ အမေတို့မြန်မာမိန်းမတွေမှာ ဖုံးကွယ်အပ်တဲ့အရာဆိုတာရှိတယ်။ ဖော်လှစ်သင့်တဲ့အရာဆိုတာရှိတယ်။ ဘယ်ဟာကဘာလဲလို့မသဲကွဲရင် အမေ့ကိုတိုးတိုးမေး။ အခုတော့ တချို့မိန်းကလေးတွေက ဖုံးကွယ်အပ်တဲ့အရာကို အလွန်တရာ ဖော်ချင်လှစ်ချင်ဖြစ်နေကြတယ်။ ဒါဟာ ခေတ်မီတာ ခေတ်ဆန်တာလို့ ထင်နေသလား။

အဲ့ဒီနေရာမှာ တို့အရှေ့နဲ့ အနောက်ကပြောင်းပြန်ပါ။ အနောက်ကမိန်းကလေးတွေက ဘာနဲ့မဆို စွဲဆောင်နိုင်တယ်လို့ ခံယူတယ်။ တို့အရှေ့တိုင်းကအဲ့ဒီလိုမဟုတ်ဘူး။ တို့အရှေ့တိုင်းသူမိန်းမတွေဟာ အနောက်တိုင်းသူမိန်းမတွေနဲ့မတူတာတချက်ရှိတယ်။ တို့အရှေ့တိုင်းသူတွေက ကိုယ်မှာရှိတဲ့ အရည်အချင်းအစစ်တွေနဲ့ လုပ်စရာရှိတာကို လုပ်နိုင်တယ်။ အဲ့ဒီတော့ တို့အရှေ့တိုင်းသူတွေက အနောက်တိုင်းမိန်းမတွေထက်သာပါတယ်။ သမီးမိန်းကလေးတို့ ပြိုင်ချင်သပဆိုရင်ပြောတာပါ။ ခုခေတ်မိန်းကလေးတွေရဲ့အမြင်က အမေတို့နဲ့ တော်တော်ကို ကွာဟနေတယ်။ ဥပမာဆိုပါတော့ အမေတို့တသက်လုံးလက်ခံလာတာက `ချက်´ဆိုတာ မိန်းမတစ်ယောက်ရဲ့ ဖော်လှစ်အပ်တဲ့အရာမဟုတ်ဘူး။ လုံလုံခြုံခြုံ ဖုံးကွယ်ထားရမဲ့အရာမျိုး။ အခုခေတ်မိန်းကလေးတွေက ဒီချက်ကြီးကို ဖော်ရုံလှစ်ရုံမကဘူး ရွှေငွေရတနာများ ဆင်ယင်သေးသတဲ့။ အံ့သြလို့မဆုံးဘူး။ သူတို့အဖေတွေကလည်း ဒါကိုကြည့်နေကြသတဲ့။ အဲ့ဒီတော့ခေတ်ကြီးကိုပဲ အပြစ်တင်ရမလား လူတွေကဲလာရဲလာတာကိုပဲ အပြစ်တင်ရမလား ၊ အမေအသက်၇ှည်နေသေးတာကိုပဲအပြစ်တင်ရမလား မပြောတတ်တော့ဘူး။

လူထုဒေါ်အမာ .(မြန်မာပီသနိုင်ကြပါစေ)..................................၊
(ဆူးရဲသက္ကရာဇ်)
http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1457999&xgs=1&xg_source=msg_share_post

မောင်ရင်လောင်းကို နတ်ပြဖို့လိုသလား?

ဘုန်းဘုန်းတို့ မြန်မာပြည်မှာ နွေရာသီ
ကျောင်းပိတ်ရက် ရောက်လာပြီဆိုရင် မြို့လည်းမြို့အလျောက်
တောလည်းတောအလျောက် 
ရှင်လောင်းလှည့်ပွဲတွေနဲ့ စည်ကားနေလေ့ ရှိပါတယ်။ ကားနဲ့တစ်မျိုး၊ ဆင်တွေမြင်းတွေနဲ့တစ်ဖုံ၊ လှည်းနဲ့တစ်လှည့်၊ လူနဲ့တစ်ထမ်း စီတန်းကာ လှည့်လည်လေ့ရှိကြတဲ့ ရှင်လောင်းလှည့်ပွဲမှာ ဘုရားကျောင်းကန်အနားသွားပြီး ဘုရားကိုပတ်လို့ နတ်စဉ်ရှာကာ မောင်ရင်လောင်းကို နတ်ပြကြတဲ့ အလုပ်ကလည်း အဟုတ်ကိုဖြစ်ပြီး အရှုတ်တွေနဲ့ ညစ်နေကြတော့တာ ဖြစ်ပါတယ်။ ဘယ်ကဘယ်လို စလိုက်တယ်မသိတဲ့ ဒီရှင်လောင်း နတ်ပြတဲ့ ကိစ္စဟာ အတော့်ကိုအရိုးစွဲနေပြီး ကန်တော့ပွဲကိုစီနဲ့ မပြမဖြစ်ဘဲ တန်းတန်းစွဲကာ အလွဲကြီး လွဲနေကြတော့တာ ဖြစ်ပါတယ်။
ဘာကြောင့်ပြရတာလဲလို့မေးရင် မသေချာတဲ့ အဖြေတွေနဲ့ နတ်ကိုင်မှာဆိုးလို့ပါလို့လည်း ပြောတတ်ကြပါသေးတယ်။ ဘယ်နတ်က ဘယ်ဟာကို ကိုင်မှာလဲလို့ မေးတော့ အရှင်ဘုရားကလည်း ရှာရှာဖွေဖွေ မေးနေပြန်ပါပြီဆိုပြီး မသိမသာ ရှောင်ထွက်သွားတာတွေလည်း ခဏခဏကြုံနေရတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လွဲနေတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ ရှင်ပြုရဟန်းခံတွေကို ကြည့်မယ်ဆိုရင် ရဟန်းလောင်း ကိုရင်လောင်းတွေကို ရှင်ဘုရင်လို၊ အိမ်ရှေ့မင်းသားလေးတွေလို   ပြင်ဆင်ပြီး မြင်းတွေဆင်းတွေ၊ မြို့တွေမှာဆို ကားတွေနဲ့ လှည့်လည်တဲ့ အစဉ်အလာတွေဟာ ဘုရားအလောင်း တောထွက်တဲ့ ပုံစံကို အတုယူပြီး လိုက်လုပ်တာဖြစ်တဲ့အတွက် ဖြေမယ်ဆိုရင် ဖြေလို့ရပါသေးတယ်။ ဒါလည်းပဲ မလိုအပ်လှတဲ့ အပိုအလုပ်ပဲ ဖြစ်ပါတယ်။ ရှင်ပြုရဟန်းခံတဲ့ အဓိကရည်ရွယ်ချက်က ရှင်ရဟန်းအဖြစ်ကို အမှန်အကန် ရရှိဖို့အဓိက ရည်ရွယ်ချက်ပါ။ ကျန်တာတွေက ပကာသနနဲ့ ချဲ့ထွင်မှုတွေပဲ ဖြစ်ပါတယ်။ ခက်တာက အဲဒီလိုပွဲတွေမှာ ဘာမဆိုင်ညာမဆိုင် ကန်တော့ပွဲကိုင်ပြီး ရဟန်းလောင်း၊ ကိုရင်လောင်းတွေကို နတ်စဉ်ရှေ့သွားပြီး ပြတာကတော့ တကယ့်ကို သဘာဝမကျတဲ့ လွဲချော်မှုပဲ ဖြစ်ပါတယ်။ နတ်ကိုင်မှာဆိုလိုး နတ်ကိုမကိုင်အောင် သွားပြရအောင်လည်း မကောင်းတာ လုပ်တာမှမဟုတ်ဘဲ  
ကောင်းတာလုပ်တဲ့အပေါ်မှာ ဘာများကြောက်စရာ လိုသေးလို့လဲပေါ့။ ဒါမှနတ်ကိုင်တယ်ဆိုရင် ဒီနတ်ဟာ နတ်အစစ်မဟုတ်တဲ့ နတ်ဆိုးနတ်ညစ်ပဲ ဖြစ်မှာပါ။ တကယ်တော့ ကြောက်တယ်ဆိုတာ မဟုတ်တာလုပ်တဲ့သူမှ အရာရာကို ကြောက်နေရပြီး ဟိုအားကိုးဒီအားကိုးလုပ်ရတာပါ။ ကောင်းတာလုပ်တဲ့ သူတွေအတွက် ဒါတွေက မလိုပါဘူး။ ကောင်းမှုက စောင့်ရှောက်ပြီးသားပဲ  
ဖြစ်ပါတယ်။ နတ်ပြလို့ နတ်ကစောင့်ရှောက်ပေးနိုင်မှာတော့ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်တောင်မှ သူများကို အမှီပြုပြီး ဟိုအပင်မှီနေရ၊ ဒီအပင်မှာမှီနေရ စသဖြင့် နေနေရတာ ဘယ်လိုလုပ် စောင့်ရှောက်နိုင်မှာလည်းပေါ့။

တကယ်တော့ ကိစ္စတစ်ခုဟာ အကြောင်းမရှိဘဲ ဘာအကျိုးမှ ဖြစ်လာစရာ မရှိပါဘူး။ နတ်ကိုင်မှာ တကယ်ကြောက်ရင် ကိုယ့်အလုပ်ကိုယ် ကောင်းအောင်လုပ်ဖို့ပဲ လိုပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဘုန်းဘုန်းတို့ နယ်ဘက်က အဖြစ်အပျက်လေးတစ်ခုကို သတိရမိပါတယ်။ နယ်က ရှင်ပြုပွဲတစ်ခုမှာ အဲဒီလို မောင်းရင်လောင်းလှည့်ပြီး နတ်ကိုင်မှာဆိုးလို့ နတ်ကိုသွားပြကာ ဘုန်းကြီးကျောင်း ရောက်ခါနီး ရှင်းလောင်းဖွက်ကြတုန်း အဖွက်ခံရတဲ့ မောင်ရင်လောင်းလေး တစ်ယောက် သေသွားခဲ့ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရဖူးပါတယ်။ ဖြစ်ပုံက နတ်ပြပြီးအပြန်မှာ ခပ်ငယ်ငယ် မောင်ရင်လောင်းကို ထမ်းလာတဲ့ လူငယ်တစ်ချို့က အဲဒီရှင်လောင်းကို ထမ်းပြီး အိမ်တစ်အိမ်ရဲ့ ရာဝင်အိုးကြီးထဲမှာ ထည့်ကာ အပေါ်က အလေးအပန်တွေနဲ့ပိတ်ပြီး အလှူရှင်တွေဆီ မုန့်ဖိုးတောင်းဖို့ သွားရာက အပြန်မှာ စင်းအိုးကြီးကို ဖွင့်ကြည့်တော့ ကလေးက အသက်မွန်းပြီး သေနေတာကို တွေ့ရတော့တာ ဖြစ်ပါတယ်။ အဲဒီမှာ မိဘတွေရော အလှူရှင်တွေပါ ယူကြုံးမရ ဖြစ်ကြတဲ့ အဖြစ်အပျက်တစ်ခု လက်တွေ့ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ဒီကလေးသေရတာ အကြောင်းကြောင့် အကျိုးဖြစ်ခဲ့ရခြင်း ဖြစ်ပေမယ့် ကပ်ပြီးပြောကြေးဆိုရင် နတ်တွေကိုစောင့်ရှောက်ဖို့ နတ်ပြပြီးမှ ဒီကိစ္စ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ နတ်ကဘာလို့ မစောင့်ရှောက်တာလဲပေါ့။ မကိုင်အောင်၊ မနှောက်ယှက်အောင် သူ့ကို ပြထားပေးရဲ့သားနဲ့ ဘာလို့ မကာကွယ်တာလဲပေါ့။ မေးမယ်ဆိုရင် မေးစရာတွေ အများကြီးပါပဲ။

ပြောချင်တာကာ ရှင်လောင်းနတ်ပြတဲ့ ကိစ္စက ရဟန်းခံ ရှင်ပြုပွဲနဲ့ ဘာမှမသက်ဆိုင်တဲ့ ကိစ္စဆိုတာကို ပြောချင်တာ ဖြစ်ပါတယ်။ ဘုရားလက်ထက် သားတော်ရာဟုလာကို ကိုရင်ဝတ်ပေးတုန်းက၊ ရှင်သာရိပုတ္တရာရဲ့ ညီတော် ရှင်ရေဝတလေးကို ကိုရင်ဝတ်ပေးတုန်းက ဘာမှရှင်လောင်းလှည့်တာ၊ နတ်ပြတာတွေ မရှိခဲ့ပါဘူး။ ကျောင်းတော်ကို ခေါ်သွားပြီး ဆံချသင်္ကန်းတောင်းစေပြီး ဥပဇ္ဈာယ်ယူစေကာ ရှင်သာမဏေ သီလတွေကိုပေးလို့ ရှင်အဖြစ် ချီးမြှောက်ခဲ့တာတွေပဲ ရှိခဲ့ပါတယ်။ ရှင်ပြုရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ရှင်ဖြစ်ဖို့၊ ကုသိုလ်ရဖို့စတာတွေက အဓိကပဲ ဖြစ်ပါတယ်။ ကျန်တာတွေက အပိုတွေပဲ ဖြစ်ပါတယ်။ ဒါကို ဒီနေ့ခေတ် ဗုဒ္ဓဘာသာ မြန်မာတွေက ပုံကြီးချဲ့ပြီး ရှင်ပြုအလှူလုပ်မှာကိုပဲ ဟိုဆရာ၊ ဒီဆရာဆီသွားပြီး ဟိုရက်ဒီရက် ရွေးရတာနဲ့၊ ဟိုပြဒီပြ လုပ်ရတာနဲ့ မလိုအပ်တာတွေမှာ ငွေကုန်လူပန်းနေကြတာ ဖြစ်ပါတယ်။ အဓိက တရားနာရမယ့်အချိန်ကျတော့ ပင်ပန်းပြီး တရားမနာနိုင်ဘဲ တရားပွဲမှာ ငိုက်ကုန်ကြတော့တာ ဖြစ်ပါတယ်။ ဒါဟာ တစ်လွဲဆံပင်ကောင်းပြီး မလိုအပ်တာတွေမှာ ချဲ့ထွင်ကြတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာတွေရဲ့ လွဲနေတတ်တဲ့ အလွဲတွေထဲမှာ ရဟန်းလောင်း၊ ရှင်လောင်းတွေကို နတ်ပြတဲ့ ကိစ္စဟာလည်း မလိုအပ်တဲ့၊ အဓိပ္ပါယ်မရှိတဲ့ အလွဲတစ်ခုလို ပေါ်ပေါ်ထင်ထင် ဖြစ်လာနေတဲ့အတွက် ဒီလိုအလွဲမျိုးတွေကို ရှောင်ကြဉ်ပြီး ရဟန်းခံရခြင်း၊ ရှင်ပြုရခြင်းရဲ့ အဓိက ရည်ရွယ်ချက်လောက်ပဲ အနှစ်သာရရှိရှိ လုပ်နိုင်အောင် ကြိုးစားရင်း မလိုအပ်တဲ့ ကန်တော့ပွဲထိုးတာတို့၊ နတ်ပြတာတို့ စတာတွေကို မလုပ်မိအောင် သတိပြုဆင်ခြင်ကြဖို့ လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် တင်ပြရခြင်း ဖြစ်ပါတယ်။ ဒီလိုအလွဲတွေကို ဆင်ခြင်ပြီး နောက်နောင် မိမိတို့ရဲ့ သားသမီးတွေကို သာသနာ့ဘောင်ကို သွပ်သွင်းတဲ့အခါမှာ ရှင်သာမဏေဖြစ်ဖို့၊ ရဟန်းဖြစ်ဖို့ အဓိကနဲ့ အဲဒီရှင်သာမဏေဘဝ၊ ရဟန်းဘဝမှာ အမှန်တကယ် ကုသိုလ်ရစေဖို့ စတာတွေကိုသာ ရှေးရှုဆောင်ရွက်ကြဖို့ မလိုအပ်တဲ့အရာတွေမှာ မရောင်ရာဆီမလူးကြဖို့ စေတနာစကား မေတ္တာအားနဲ့ ထပ်မံပြီး အသိပေးတိုက်တွန်း လိုက်ရပါတယ်။
{ စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ) }
  http://heartcity.ning.com/profiles/blog/show?id=6515581%3ABlogPost%3A73526&xgs=1&xg_source=msg_share_post

Monday, October 1, 2012

သွေးဖိအားလျော့နည်းစေဖို့ အောက်ပါအစာတွေကို စားပါ

နှလုံးတိုက်ခိုက်ခံရတာနဲ့ လေဖြတ်တာကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုဟာ မိမိသွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းထားဖို့ပါ။ သင့်ဆရာဝန်က သင်ရဲ့ သွေးဖိအားတွေ မြင့်တက်နေတယ်လို့ ပြောခဲ့ရင် အောက်ပါ နည်းလမ်းသစ်တစ်ခု ဒါမှမဟုတ် တစ်ခုထက် ပိုများတာကို အသုံးပြုပြီး သင်ရဲ့ သွေးဖိအားကို ပုံမှန်အတိုင်း ရောက်အောင် ပြုလုပ်ပါ။
ငရုတ်သီးစပ်စပ်စားပြီး သွေးကြောတွေကို Relax ရအောင် ပြုလုပ်ပါ
မိုးမျှော်ငရုတ်၊ ရွှေငရုတ်လိုမျိုး အလွန်စပ်တဲ့ ငရုတ်သီးတွေကို ကိုက်စားတာကြောင့် သွေးကြောတွေ ပွင့်နိုင်တယ်လို့ အာရှမှ သုတေသီတွေက ဆိုပါတယ်။ နေ့စဉ် ငရုတ်သီးအစပ် စားတာကြောင့် သွေးကြောတွေ ပွင့်သွားပြီး သွေးဖိအား မြင့်တက်မှု ထပ်မံမဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

ရေဖော ဖောတာမှ ကာကွယ်နိုင်အောင် ကြက်သွန်နီစားပါ
နေ့စဉ် ခွက်တစ်ခွက်ရဲ့ သုံးပုံတစ်ပုံစာ ကြက်သွန်နီ (ချက်ပြီးသား ဒါမှမဟုတ် အစိမ်း) စားသုံးတာကြောင့် ငါးပတ်အတွင်း သွေးဖိအား ၂၁ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ စပိန်မှ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ တွေ့ရှိခဲ့ပါတယ်။ ကြက်သွန်နီမှာပါဝင်တဲ့ များစွာသော ကွာစီတင် ဒြပ်ပေါင်းတွေဟာ သဘာဝဆီးဆေးအဖြစ် ပြုမူနိုင်တာကြောင့် ခန္ဓာကိုယ်တွင်း ပိုလျှံနေတဲ့ အရည်နဲ့ ဆားတွေကို အမြန် ဖယ်ရှားနိုင်တာကြောင့် သွေးဖိအား ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။

သွေးဖိအား တည်ငြိမ်မှုရှိအောင် နွားနို့သောက်ပေးပါ
နွားနို့မှာ ပါဝင်တဲ့ ကယ်လ်စီယမ်ဓာတ်ဟာ အာရုံကြောစနစ်ကို Relax ရရှိစေတာကြောင့် စိတ်ဖိစီးမှုများတဲ့ အချိန်တွေမှာ သွေးဖိအား မြင့်တက်မှုမရှိအောင် ကာကွယ်နိုင်ပါတယ်။ နေ့စဉ် နွားနို့နှစ်ခွက် သောက်တာကြောင့် ရှစ်ပတ်အတွင်း သွေးဖိအားအမှတ် ခြောက်မှတ် ကျဆင်းနိုင်တယ်လို့ တန်နီးဆီးတက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

ရှားစောင်းလက်ပပ် ဖျော်ရည်သောက်ပြီး ရောင်ရမ်းမှုကို လျှော့ချပါ
နေ့စဉ် ရှားစောင်းလက်ပပ်ဖျော်ရည် (Aloe Vera Juice) တစ်ခွက် သောက်သုံးသူတွေရဲ့ ၁၀ ယောက်မှာ ကိုးယောက်နှုန်းဟာ နှစ်ပတ်အတွင်း သွေးဖိအား ကျဆင်းနိုင်တယ်လို့ ဗြိတိန်မှ သုတေသီတွေက ဖော်ထုတ်ထားပါတယ်။ ရှားစောင်းလက်ပပ်မှာ သွေးဖိအား မြင့်တက်အောင် အဓိက လှုံ့ဆော်မှုပေးတဲ့ ရောင်ရမ်းမှုကို ထိန်းချုပ်နိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်လို့ပါလို့ သုတေသီတွေက ရှင်းပြပါတယ်။

ကမ္ဘာတစ်လွှားမှာ ဗုဒ္ဓခြေတော်ရာ ဘယ်လောက်ရှိသလဲ

ကမ္ဘာတစ်လွှား၌ ဗုဒ္ဓခြေတော်ရာချခဲ့သည့် နေရာမှာ (၁၀)နေရာဖြစ်ကြောင်းကို လေ့လာသိရှိရပေသည် ။
၎င်းတို့မှာ...
(၁) အိန္ဒိယပြည်၊ ဘုံဘိုင်မြောက်ပိုင်း၊ နမ္မဒါမြစ်ထဲ၌ ခြေတော်ရာတစ်ဆူ...။
(၂) အိန္ဒိယပြည်၊ ဘုံဘိုင်နယ်မြောက်ပိုင်း၊ နမ္မဒါမြစ်အထက် သစ္စပန်တောင်ပေါ်၌ ခြေတော်ရာတစ်ဆူ...။
(၃) အိန္ဒိယပြည်မြောက်ပိုင်း ဥဒယာနတိုင်း၌ (တရုတ်ဘုန်းတော်ကြီး ဖာယီယန်၏ မှတ်တမ်းအရ)ခြေတော်ရာတစ်ဆူ...။
(၄) အိန္ဒိယပြည်၊ ပါတလိပုတ်မြို့တော်၏ တောင်ဘက်သုံးလိအကွာ၌ (ဖာယီယန်၏ မှတ်တမ်းအရ) ခြေတော်ရာတစ်ဆူ...။
(၅) သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) သုမနကုဋ(SriPada) တောင်ထိပ်၌ ခြေတော်ရာတစ်ဆူ...။
(၆) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မယူကမ်းပုံစည်းကျွန်း၊ သာစည်ထောင့်ရွှာအနီး၌ ခြေတော်ရာတစ်ဆူ...။
(၇) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုလားတန်းမြစ်ဝရှိ ဖရုံကာကျွန်းစု၊ မြေငူကျွန်း၊ ဆံတော်ရှင်ဓာတ်တော် အနီးရှိ ခြေတော်ရာတစ်ဆူ...။
(၈) မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မန်းချောင်း (မန်းရွှေစက်တော်)၌ အောက်,အထက် ခြေတော်ရာနှစ်ဆူ...။
(၉) မြန်မာနိုင်ငံမြောက်ပိုင်း ဝနယ်၊ လွိုင်မူတောင် အရှေ့မြောက်ဘက် တောင်စောင်း၌ ခြေတော်ရာတစ်ဆူ...။
(၁၀) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မဟီ(မအီ)မြစ်အတွင်း၌ အထက် အောက် ဝဲယာ ခြေတော်ရာတစ်စုံ...။
စသည်တို့ ဖြစ်ကြကြောင်း ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောက်ရပ်၊ မဟာသုခပါဠိတက္ကသိုလ်မှ ဆရာတော် ဦးအရိယာဝံသ၏ ရခိုင်ပြည်နယ်၊ မအီစက်တော်ရာသမိုင်း စာအုပ်တွင် မှတ်တမ်းပြုထားပါသည်...။
မြတ်စွာဘုရားရှင်သည်...မဟာသက္ကရာဇ် ၁၂၄ ခုနှစ်တွင် ရဟန္တာငါးရာနှင့်တကွ သုနာပရန္တ ယောနကတိုင်း (ယခု မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မကုမြို့နယ် လယ်ကိုင်းကျောင်းတော်ရာ ဒေသ)သို့လည်း ကြွရောက်ခဲ့တော်မူ၏...။ ဘုရားရှင်သည်...သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်သို့ပြန်အကြွ နမ္မဒါမြစ် (ယခု မန်းချောင်း) အနီးသို့ ရောက်သည်တွင် နမ္မဒါနဂါးမင်း၏ တောင်းပန်ချက်ကြောင့် မြစ်ကမ်းနဖူး ကျောက်ဖျာထက်တွင် လက်ဝဲခြေတော်ရာကို ချပေးခဲ့၏...။ ယင်းကို အောက်ခြေတော်ရာဟု ခေါ်ဆိုကြသည်...။ ဆက်လက်၍ ကြွမြန်းစဉ် ထိုမြစ်အနီး သစ္စဗန္ဓကတောင်ပေါ်သို့ ရောက်ပြန်သော် ရသေ့၏ လျှောက်ထားတောင်းပန်ချက်ကြောင့် မကုလမြေကျောက်ပေါ်တွင် လက်ဝဲဘက်ခြေတော်ရာကို တံဆိပ်ခတ်နှိပ်ပေးခဲ့ပြန်သည်...။ ထိုအထက်ခြေတော်ရာကို အထက်စက်တော်ရာဟု သမုတ်ခဲ့ကြသည်ဟု ဆိုကြသည်။ သို့ဖြင့် ထိုနေရာများတွင် စေတီများ တည်ထားကာ နှစ်စဉ်ခြေတော်ရာဖူးရင်း စေတီများတွင် ပွဲတော်များ ကျင်းပခဲ့လေသည်...။ အဆိုပါ ခြေတော်ရာသည် ကာလအတန်ကြာ ကွယ်ပျောက်နေခဲ့ပြီး တောင်ဖီလာ  ဆရာတော်ကြီး (ဓားမကူးဆရာတော်)၏ ဖော်ထုတ်မှုဖြင့် ပွင့်ပေါ်လာခြင်းဖြစ်ကြောင်း မှတ်သားရပါသည်...။ 

http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A8010744&xgs=1&xg_source=msg_share_post
                                                                                 ( သမိုင်းဝင် သမိုင်းတင် စာအုပ်မှ)

ကိုယ်ဝန်ဖျက်ချခြင်းသည် ပါဏာတိပါတကံ ထိုက်၏ မထိုက်၏

မြန်မာအမျိုးသမီးတိုင်း ဖတ်သင့်၏။အမျိုးသားများလဲ သိသင့်၏.......

ကိုယ်ဝန်ဖျက်ချခြင်းသည် ပါဏာတိပါတကံ ထိုက်၏ မထိုက်၏

အရှင်ဘုရား၊ မေးလျောက်စရာတခု ရှိလို့ပါဘုရား၊ တပည့်တော်တို့ အနောက်နိုင်ငံတွေမှာ လူမျိုးမရွေး ဘာသာမရွေး နိုင်ငံမရွေးပဲ ( ကန်တော့
ပါရဲ့ ) အလိုမတူပဲ မုဒိန်းကျင့်ခံနေရတဲ့ မိန်းကလေးငယ်တွေ ဟာ နောက်ဆက်တွဲအနေနဲ့ ငယ်ငယ်ရွယ်ရွယ်မှာ ကိုယ်ဝန်ဆောင်ရခြင်း ဒုက္ခတွေကို ခံစားနေရပါတယ်၊ တကယ်တော့ သူတို့ဟာ ငယ
်ရွယ်သူများ ဖြစ်ကြတဲ့အတွက် တချို့များ ၁၃ နှစ် အရွယ်လောက်မှာပဲ ကိုယ်ဝန်ဆောင်မိခင် ဖြစ်နေကြရတာမို့ တတ်သိနားလည်တဲ့ လူကြီးတွေက နည်းလမ်းတွေ ဘာတွေ ပြောပြပြီး အဲဒီကိုယ်ဝန်ကို ဖျက်ချပေးရပါတယ်၊ မသိနားမလည်သေးတဲ့ ကလေးတွေ ဖြစ်တဲ့အတွက် လူကြီးတွေက မျက်နှာလွှဲနေလို့လဲ မဖြစ်ပြန်ဘူးဘုရား၊

ဒီတော့ ဖခင်မပေါ်တဲ့ ကလေးကို မွေးဖွားခဲ့ပြန်ရင်လဲ လူ့အသိုင်းအ၀ိုင်းထဲမှာ ဘယ်လိုမှ မျက်နှာပြလို့ မရပြန်ဘူး၊ တပည့်တော်တို့ မြန်မာလူမျိုးတွေမှာဆို ပိုဆိုးပါတယ်၊ တကယ်ပဲ ပတ်ဝန်းကျင် အပြင်ဘက် ရောက်သွားတော့တာပါ၊ ပတ်ဝန်းကျင်ကလဲ လူမှု့ရေးကို အဓိကထားပြီး သူ့ကို ၀ိုင်းဝန်းကူညီ
ပေးကြရပါတယ်၊ ကိုယ်ဝန်အရင့်အမာ မဖြစ်သေးရင် နည်းမျိုးစုံနဲ့ ဖျက်ဖို့ အကူညီပေးရပြန်တယ်ဘုရား၊


နောက်တချက်က မဖျက်ပဲ မွေးဖွားလာခဲ့ရင်လဲ လက်ခြေ မသန်မာတဲ့ ကလေးတွေ၊ ဦးနှောက် ပုံမှန်မဟုတ်တဲ့ကလေးတွေ၊ မျက်စိမမြင်၊ နားမကြား၊ ဆွံ့အနေတဲ့ကလေးတွေ စသဖြင့် ပုံမှန် မဟုတ်တဲ့ ကလေးတွေကို မိခင်ဝမ်းတွင်းမှာကတည်းက အာထရာဆောင်း နဲ့ ကြည့်တဲ့အခါမှာ ကြိုတင် သိနေမြင်နေကြရပါတယ်၊ အဲဒီတော့ ဒီလို ကလေးတွေ မွေးလာပြန်ရင်လဲ လူ့လောက ထဲမှာ သူတို့ကို ပြုစုယုယနေရတာနဲ့ မိဘတွေမှာ တခြားအလုပ်မလုပ်နိုင်တော့ပါ၊

ဒါကို ကြိုတင်ဖြေရှင်းထားမှ သူတို့ဘ၀ အနာဂါတ် မှာသာယာပြီး ချမ်းမြေ့နိုင်ပါမယ်၊ တပည့်တော် သိချင်တာက အဲဒီလို အနှိပ်စက်ခံ မိခင်လောင်း အမျိုးသမီးလေးတွေ ကို ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့တဲ့အခါ လူမှု့ရေး အရ လူကြီးတယောက်အနေနဲ့ ကူညီပေးမိပါတယ်၊ အဲဒီလို ကူညီတာဟာ ပါဏာတိပါတကံ ထိုက်ပါသလား ဘုရား --
သိလိုသူ - ဒကာမတစ်ဦး

မေးသင့်တဲ့ မေးခွန်း၊ သိပ်ကောင်းတဲ့ မေးခွန်းပါပဲ၊ သိပ္ပံပညာ နည်းပညာတွေ ထွန်းကားပြီး ရုပ်ဝါဒ ဆန်လာတဲ့ ဒီနေ့ ခေတ်ကြီးထဲမှာ သိမ်မွေ့နူညံ့ပြီး စဉ်းစားရခက်စေတဲ့ မေးခွန်းမျိုးပေါ့၊ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဆိုတာ ဒါမျိုး အခြေအနေ ထင်ပါရဲ့၊ နားလည်လွယ်အောင် ဘုရားဟော တရားတော်တွေကို ထောက်ဆ ဖြေပေး၇ရင်ဖြင့် ပါဏာတိပါတကံ ထိုက်တယ် လို့ပဲ အတိုချုပ် မှတ်ရပါမယ်။ဘာကြောင့်လဲဆိုတော့ ပါဏာတိပါတအကုသိုလ်ကံမှာ လူသားကို ဖြစ်စေ ၊ တိရိစ္ဆာန်တွေကို ဖြစ်စေ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် သေစေတဲ့ အခါမှာ အောက်ဖော်ပြပါ အင်္ဂါ ၅ ချက် စုံတယ်ဆိုရင် ကံမြောက်တော့တာပါပဲ၊

ပါဏာတိပါတ အင်္ဂါ ၅-ပါး
(၁) ပါဏ- သက်ရှိထင်ရှား သတ္တ၀ါဖြစ်ခြင်း၊
(၂) ပါဏသညိတ- သက်ရှိသတ္တ၀ါဟု စိတ်က သိနေခြင်း၊
(၃) ဃာတ စိတ္တ- သတ်လို သေစေလိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ- သေအောင် ပါးစပ်ဖြင့်လည်းကောင်း၊ ကိုယ်တိုင်အားထုတ်၍လည်းကောင်း လုလ္လပြု ခြင်း၊
(၅) မရဏ- ကိုယ့်ပယောဂကြောင့် တဖက်သား သေသွားခြင်း။
ယခုခေတ်အခါ ကိုယ်ဝန်ဖျက်ချဖို့အတွက် ကိုယ်ဝန်ကျဆေးပေးခြင်း၊ ဘယ်လိုပုံစံ လုပ်ရင်ဖြင့် ကိုယ်ဝန်ကျစေနိုင်တယ် စသဖြင့် မိမိပါးစပ်က နည်းလမ်းပြကာ ပြောဆိုနေစဉ်ပင် စိတ်ကလဲ ကိုယ်ဝန်ကျစေ ( တနည်းအားဖြင့် သေစေလိုတဲ့ စေတနာက ပြဋ္ဌာန်းနေတဲ့အတွက် ) ကိုယ်တိုင် သတ်သလိုပါပဲ၊ ဒါကြောင့် အကုသိုလ် မဖြစ်လိုလျင် ဝေေ၀းရှောင်နိုင်လေ အကုသိုလ်ကင်းလေ လို့ပင် ဆိုရပါလိမ့်မည်၊

နောက်ရှောင်လွှဲနိုင်တဲ့ တနည်းကတော့ နစ်ဦးသား စပ်ယှက်ပြီးချိန်မှနောက် ( ၇ ) ရက်ကျော်လွန်လျင် ကလလရေကြည်တည်တယ် လို ဆိုပါတယ်၊ အဲဒီအချိန်မှာ ကိုယ်ဝန်သန္ဓေသား အသက် ၀ိဥာဉ် ရှိနေပြီ လို့ မြတ်စွာဘုရားရှင် ဟောတော်မူထားတာကြောင့် အဲဒီ ၇ ရက်အတွင်း ဆေးစား ဆေးထိုးလုပ်ရင်ဖြင့်
ပါဏာတိပါတကံ ကို ရှောင်နိုင်ပါမယ်။ ယခုခေတ် ဆေးဆရာဝန်များကတော့သန္ဓေသား ၄ လ ပြည့်မှ
အသက်ဝိဥာဉ် ရှိတယ်၊ ဥပမာ နှလုံးခုန်လာတယ် အသက်ရှုလာတယ် လို့ ဆိုပါတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အလျောက် ဘုရားဟောသည့်အတိုင်းကြိုတင်ကာကွယ်တာက အသေချာ
ဆုံးလို့ ယုံကြည်ပါတယ်၊
ဒါကြောင့်လဲ ၇ဟန်းတော်များရဲ့ပါရာဇိက ၄ ပါး အပြစ်ကြီး အာပတ်ကြီးထဲမှာ လူတယောက် အသက်ကို ဘယ်လိုအကြောင်းကြောင့်မှ မသတ်ရဘူး၊ နောက်ဆုံး ပါးစပ်နဲ့ သတ်ခိုင်းတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို သတ်သေချင်သူရဲ့ အနားမှာ ကတ်ကြေး ဒါး သံချွန် စသည် ထားပေးတာပဲ ဖြစ်ဖြစ် မလုပ်ကောင်းဘူး၊ သေမည့်သူကို အားပေးအားမြှောက်လဲ မပြောရဘူး၊ ရဟန်းတော်များဟာ ကိုယ်ဝန်ဆောင်မိခင်သည်ကိုလဲ ဘယ်ဆေးကို သောက်လိုက်၊ ဘယ်လို လုပ်လိုက်ရင် ကိုယ်ဝန်ကျစေရမယ် စသည်ဖြင့် ယောင်လို့တောင် ပါးစပ်နဲ့ မပြောကောင်းဘူး၊ ကိုယ်ပြောတဲ့အတိုင်း သန္ဓေလောင်းကလေး သေလို့ကတော့ ရဟန်းဘ၀ ဆုံးရှုံးတော့ပါတာပါပဲ။ ဒါကြောင့် ပါဏာတိပါတအပြစ်ဟာ ထင်ရှားသိသာတယ် လို့ ထင်ရပေမယ့် သိပ်ပြီး နူညံ့တဲ့ အကုသိုလ်ဆိုလဲ မမှားပါဘူး၊
လူမှု့ရေးတခုကိုသာ ကြည့်ရင် ခွင့်လွှတ်နိုင်စရာ လို့ ထင်ရပေမယ့် အပြစ်ဟာ အပြစ်ပါပဲ၊ ဒီနေရာမှာ ကိုယ်တိုင်သတ်ပုံ ၊ သေစေပုံ နည်းလမ်းတွေကို ဗဟုဿုတအဖြစ် ရှာဖွေထုတ်နှုတ်တင်ပြလိုက်
ပါတယ်။

ပါဏာတိပါတကံ ၏ ပယောဂအမျိုးအစား ၈-ပါး
(၁) ဥဒ္ဒိဿ ပယောဂ-သေစေလိုသော သတ္တ၀ါကို စိတ်မှတ်၍ သတ်ဖြတ် ခြင်း၊
(၂) အနုဒ္ဒိဿ ပယောဂ- ဘာကောင်သေသေ၊ တကောင်ကောင် သေရင် ပြီးရော စိတ်မျိုးဖြင့် သတ်ဖြတ်ခြင်း၊
(၃) သာဟတ္ထိက ပယောဂ-ကိုယ်တိုင် သတ်ခြင်း၊
(၄) အာဏတ္တိက ပယောဂ- သူတပါးကို သတ်ခိုင်းခြင်း၊
(၅) နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တ၀ါကို မြှား လှံ သေနတ် စသည်ဖြင့် သေစေခြင်း၊
(၆) ထာဝရ ပယောဂ- တွင်းတူးထားကာ တွင်း၌ကျ၍သေစေခြင်း၊ ဆေးဝါး အစီအရင် စသည်ဖြင့် သတ်ခြင်း၊
(၇) ၀ိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီအရင်တို့ဖြင့် သေအောင်သတ်ခြင်း၊
(၈) ဣဒ္ဓိမယ ပယောဂ- မိမိ ကမ္မဇိဒ္ဓိတန်ခိုးဖြင့် သတ္တ၀ါတို့ကို သေစေခြင်း။
ပါရာဇိကဏ် အဋ္ဌကထာ ဒု ။

ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး
ဤနေရာ၌ ပါဏာတိပါတ် သူ့သက်သတ်သူတို့ ခံစားတွေ့ကြုံရသော မကောင်းကျိုးများသည် ပိဋကပါဠိတော်တို့၌ သင်္ချာအမျိုးမျိုးဖြင့် လာရှိသော်လည်း ဤ၌ အလုံးစုံပါဝင်သည့် ခုဒ္ဒကပါဌ အဋ္ဌကထာလာ သင်္ချာ ၂၃-ပါးကို ပြဆိုပါမည်၊

(၁) ခြေလက် စသော ကိုယ်အင်္ဂါချို့တဲ့ခြင်း၊
(၂) ခန္ဓာကိုယ် အချိုးအစား မကျခြင်း၊
(၃) နုံနှေး လေးဖင့်ခြင်း၊
(၄) ခြေ, လက်, ဖ၀ါး, မညီညာခြင်း၊
(၅) ရုပ်ဆိုးခြင်း ၊
(၆) အသားအရေ မွဲခြောက်ခြင်း၊
(၇) အသားအရေ ကြမ်းထမ်းးခြင်း၊
(၈) ကြောက်ရွံ့တတ်ခြင်း၊
(၉) ခွန်အားဗလ မရှိခြင်း၊
(၁၀) စကားပြေပြစ်စွာ ချိုချိုသာသာ မပြောတတ်ခြင်း၊
(၁၁) ချစ်ခင် ကြင်နာမည့်သူ မရှိခြင်း၊
(၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပြိုကွဲ ပျက်စီးခြင်း၊
(၁၃) ထိတ်ထိတ်လန့်လန့် ဖြစ်နေရခြင်း၊
(၁၄) လက်နက်, အဆိပ် သင့်တတ်ခြင်း၊
(၁၅) သူများ ပယောဂဖြင့် မသေသင့်ပဲ သေရခြင်း၊
(၁၆) တွေဝေ ထုံထိုင်း ဖျင်းအခြင်း၊
(၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊
(၁၈) စက်ဆုပ်ဖွယ် ရုပ်အဆင်းရှိခြင်း၊
(၁၉) ကုန်းကွသော ကိုယ်ရှိခြင်း၊
(၂၀) ကြောင့်ကြ ဗျာပါဒ စိုးရိမ်မှုများခြင်း၊
(၂၁) ဘေးရန် များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
(၂၃) ကိုယ်တိုင်လဲ အသက်တိုခြင်း။
ဗုဒ္ဓတရားတော်အရ မိခင်ဝမ်းတွင်းမှ သန္ဓေသားကလေးဟာ ကိုယ်လက် အင်္ဂါ ချို့တဲ့သည်ဖြစ်စေ ကောင်းသည်ဖြစ်စေ၊ ဘ၀အဆက်ဆက်က ဆည်းပူးခဲ့တဲ့ သူ့ရဲ့ အကုသိုလ်ကံအတိုင်း အကျိုးပေးတယ်လို့ပဲ မှတ်ရပါမယ်၊ ကိုယ်ကတော့ လုလ္လပြုပြီး သတ်ဖို့ အားမထုတ်သင့်ပါဘူး၊

အထက်ပါအချက်အလက်တို့ကိုထောက်ရှု့သောအားဖြင့်ယခုခေတ်တွင်မရှူ့မလှဝေဒနာခံစားနေရ
သော လူနာအား ထိုးဆေးထိုးကာ အနားပေးစေခြင်း၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းမှ ခွင့်ပြုမိန့်စသည်ရယူကာ ဖျက်ချစေခြင်း၊ လူမှုရေး ပရဟိတ လုပ်နေသူတိုင်း မကင်းနိုင်သော NGO အဖွဲ့အစည်း၊ UniCef စသောအဖွဲ့အစည်းများလဲ သတိထားသင့်တယ် လို့ စာရေးသူကတော့ သတိပေးလိုပါတယ်၊
ဥပမာ - တရားသူကြီးက သေဒဏ် ကျခံရမယ့် တရားခံကို မလွှဲမရှောင်သာလို့ ဒီလူကို အနားပေးလိုက်ပါ လို့ မျက်နှာအမူအယာရော စကားနဲ့ပါ ချိုချိုသာသာ အမိန့်ချလိုက်ပေမယ့် တဖက်သားမှာတော့ မသေချင်ပဲ သေရတော့မှာပါ၊ တရားခံသေတာနဲ့တပြိုင်နက် တရားသူကြီးဟာလဲ သတ်ပေးသူနဲ့ အတူတူ ပါဏာတိပါတကံ အလိုလို ထိုက်သွားပါပြီ၊

ဒါကြောင့် နုးညံ့သိမ်မွေ့တဲ့ ပါဏာတိပါတတွေကို အတတ်နိုင်ဆုံး ရှောင်လွှဲကာ လူမှု့ဒုက္ခတွေကို ဖြေရှင်းနိုင်ကြပါစေ လို့ မေတ္တာစကားဖြင့် နိဂုံးချုပ်လိုက်ပါတယ်။
http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A805014&xgs=1&xg_source=msg_share_post

ဂျုံ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ဂျုံ၏ ကျန်းမာရေး အကျိုးကျေးဇူးများအခွံချွတ် မထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဘီစကွတ် မုန့်နဲ့ ကွတ်ကီးမုန့် တွေမှာ  ဗီတာမင်  B1၊ B2၊ B3၊ ဗီတာမင်အီး၊ ဖောလစ်အက်စစ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ ဇင့်၊ ကြေးနီ၊ သံဓာတ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်ပါတယ်။
အခွံချွတ်ထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေမှာတော့ ဒီအာဟာရဓာတ်တွေရဲ့ တစ်ဝက်ကျော်က ဆုံးရှုံးသွားတာကို တွေ့ရပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးအတွက် (၁၀၀ ရာခိုင်နှုန်း အခွံချွတ်မထားတဲ့) ဂျုံစေ့နဲ့လုပ်ထားတဲ့ အစားအစာမျိုးကို စားပေးသင့်ပါတယ်။
ဂျုံစေ့ကဲ့သို့ ကောက်နှံတစ်ခုလုံးစာ စားသော အမျိုးသမီးများ ကိုယ်အလေးချိန်တက်နှုန်း နည်းပါး
အမေရိကန် အာဟာရဆေးပညာ ဂျာနယ်ရဲ့ လေ့လာမှုအရ အခွံချွတ်ထားတဲ့ ကောက်နှံစာထက် ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာကို စားတဲ့သူတွေက ကျန်းမာရေးကောင်းတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တယ်လို့ တွေ့ရပါတယ်။ အကြောင်းကတော့ အမျှင်ဓာတ်ပါဝင်မှု ပိုများလို့ပါ။
Metabolic Syndrome ရောဂါစု ဖြစ်နိုင်ခြေ လျော့နည်း
အရင်တုန်းက ကိုယ်ခန္ဓာသွယ်လျချင်ရင် အဆီမစားနဲ့လို့ ဆိုခဲ့ကြပါတယ်။ တကယ်တော့ အဆီက အမျိုးမျိုးရှိပါတယ်။ ပြည့်ဝဆီနဲ့ ထရန့်စ်ဖက်စ်တွေ က နှလုံးသွေးကြော ရောဂါတွေကို ဖြစ်စေနိုင်ပြီး အိုမီဂါ ၃ ဖက်တီးအက်စစ် အဆီ ကတော့ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
အလားတူ အခွံချွတ်ထားတဲ့ဂျုံနဲ့ လုပ်တဲ့ အစားအသောက်တွေကို များများစားရင် ကိုယ်အလေးချိန် မြင့်တက်စေနိုင်ရုံသာမက အင်ဆူလင် ခုခံအားများကာ Metabolic Syndrome ရောဂါစု (ဥပမာ- နှလုံးသွေးကြောရောဂါနဲ့ ဆီးချိုရောဂါ) တို့ကို ဖြစ်စေနိုင်ပါတယ်။
Metabolic Syndrome ဆိုတာ ခါးမှာအဆီများတာ၊ သွေးတိုးတာ၊ သွေးတွင်းအဆီဓာတ် များတာ စတဲ့လက္ခဏာစုကို ဆိုလိုပါတယ်။ အခွံချွတ်မထားတဲ့ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေကို စားပေးရင်တော့ အင်ဆူလင်ခုခံအား များတာနဲ့ Metabolic Syndrome ဖြစ်တာကို သိသိသာသာ လျော့ကျစေပါတယ်။
အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေ
အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေမှာ မဂ္ဂနီဆီယမ်များစွာ ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ် အသုံးပြုမှုနဲ့ အင်ဆူလင်ထွက်ရှိမှု အတွက်ပါဝင်တဲ့ အင်ဇိုင်းတွေနဲ့ တွဲဖက် လုပ်ဆောင်ပါတယ်။ ဒါကြောင့် အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစာကို ပုံမှန်စားတာဟာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နှုန်းကို လျော့ကျစေတယ်လို့ လတ်တလော လေ့လာမှုတစ်ခုက ဆိုပါတယ်။
သည်းခြေကျောက်တည်မှု မဖြစ်အောင် ကာကွယ်နိုင်
ဂျုံနဲ့လုပ်ထားတဲ့ အညိုရောင်ပေါင်မုန့်ကို စားရင် မပျော်ဝင်တဲ့ အမျှင်ဓာတ် မြင့်မားစွာပါဝင်တာကြောင့် သည်းခြေကျောက်တည်မှု မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ အမေရိကန် အစာအိမ် အူလမ်းကြောင်း ဂျာနယ်မှာ လေ့လာ ဖော်ပြထားပါတယ်။
အမျိုးသမီး ၆၉၀၀၀ ကို ၁၆ နှစ်ကြာ လေ့လာမှုအရ အမျှင်ဓာတ် အများဆုံးစားတဲ့ အမျိုးသမီးတွေဟာ အမျှင်ဓာတ် အနည်းဆုံး စားသူတွေထက် သည်းခြေကျောက်တည်နိုင်ခြေ ၁၃ ရာခိုင်နှုန်း လျော့ကျမှုရှိကြောင်း သိရပါတယ်။ မပျော်ဝင်တဲ့ အမျှင်ဓာတ်ဟာ အူထဲကို အစာ မြန်မြန်ရွေ့လျားမှု ဖြစ်စေရုံသာမက သည်းခြေအက်စစ် စွန့်ထုတ်မှုကို လျော့ကျစေတာ၊ အင်ဆူလင် Sensitivity တိုးစေတာနဲ့ သွေးတွင်းမကောင်းတဲ့ အဆီ လျော့ကျစေတာ စတဲ့အာနိသင်တို့ကို ရရှိစေပါတယ်။
ဝမ်းမှန်မှန်သွားစေနိုင်
ဂျုံနဲ့လုပ်ထားတဲ့ အစာလို အမျှင်ဓာတ်များတဲ့ အစာတွေဟာ အူရောင်ရမ်းတဲ့ရောဂါ (ဗိုက်နာတာ၊ ပျို့ချင်အန်ချင်တာ၊ လေပွတာ၊ ဝမ်းချုပ်တာ) ခံစားနေရသူတို့ကို ၈၉ ရာခိုင်နှုန်း သက်သာစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အခွံချွတ်မထားတဲ့ဂျုံနဲ့ လုပ်ထားတဲ့ အစာတွေဟာ ဝမ်းချုပ်မှုကင်းဝေးပြီး ဝမ်းမှန်မှန် သွားစေနိုင်ပါတယ်။
နှလုံးရောဂါ မဖြစ်အောင် ကာကွယ်နိုင်
အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစာမှာ အပင်ထွက် လစ်ဂနင်ဆိုတဲ့ ဖိုင်တိုနျူးထရီးရန့်တစ်မျိုး ပါဝင်ပြီး အူထဲမှာ အကျိုးပြု လစ်ဂနင် အဖြစ် ပြောင်းလဲကာ ရင်သားနဲ့တခြားဟော်မုန်းနဲ့ ဆက်စပ်နေတဲ့ ကင်ဆာတွေမဖြစ်အောင်နဲ့ နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
သွေးဆုံးပြီး အမျိုးသမီး များတွင် နှလုံးသွေးကြော ကျန်းမာရေး ကောင်းမွန်စေနိုင်
အခွံချွတ်မထားတဲ့ ကောက်နှံစာ တစ်ခွက်ကို တစ်ပတ်မှာ ခြောက်ကြိမ်စားတာက သွေးဆုံးပြီး အမျိုးသမီးတွေမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါလက္ခဏာ သိသိသာသာ လျော့ကျမှုရှိတာကို တွေ့ရပါတယ်။
နှလုံးသွေးကြော ဆိုင်ရာ ရောဂါရှိသူ သွေးဆုံးပြီး အမျိုးသမီး ၂၂၉ ဦးကို သုံးနှစ်ကြာ လေ့လာခဲ့ရာ ဂျုံနဲ့လုပ်တဲ့အစာကို အနည်းဆုံး တစ်ပတ်ခြောက်ကြိမ် စားတာကြောင့် သွေးကြောကျဉ်းစေပြီး သွေးစီးဆင်းမှုကို ထိခိုက်စေတဲ့ သွေးခဲဖတ်ဖြစ်ပေါ်မှု နှေးစေတာ၊ သွေးကြော ကျဉ်းမှု နှေးတာတို့ ဖြစ်တာ ကို တွေ့ရပါတယ်။

ကြယ်စင်
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A482315&xgs=1&xg_source=msg_share_post

မုသားစကားပြောခြင်းကြောင့် စိတ်ပိုင်းနှင့် ရုပ်ပိုင်း ကျန်းမာရေး ထိခိုက်စေတတ်

မုသားကင်းစင်သော စကားများသည် စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေကြောင်း သုတေသန ရလဒ်တစ်ခုက ဖော်ပြခဲ့သည်။ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားရှိ နော်တာဒိမ်း တက္ကသိုလ်မှ သုတေသီများသည် မုသားစကားနှင့် ကျန်းမာရေးတို့ ဆက်စပ်မှု ရှိမရှိ လေ့လာမှု တစ်ခုကို ပြုလုပ်ခဲ့သည်။ (၁၀) ပတ်ကြာ အချိန်ယူ ပြုလုပ်သော သုတေသန ရလဒ်က မုသားစကားပြောခြင်းသည် လူတစ်ဦး၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်း ကျန်းမာရေးကို အနည်းနှင့်အများ ထိခိုက်စေတတ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။

လူပေါင်း (၁၁၀) ပါဝင်သော သုတေသန စစ်တမ်းတွင် ယင်းတို့အနက် (၆၆)ရာခိုင်နှုန်းအား သုတေသန ပြုလုပ်နေသော ကာလအတွင်း ကြီးကျယ်သော ကိစ္စများနှင့် သေးငယ်သော ကိစ္စများတွင် အမျိုးမျိုးသော လိမ်ညာစကားတို့ကို ပြောကြားစေခဲ့သည်။ ကျန်သူများကိုမူ မည်သည့် သီးခြားစေခိုင်းမှုမျှ မပြုလုပ်ဘဲ သာမန်အတိုင်းသာ နေထိုင်ဖြတ်သန်းစေသည်။ သုတေသန စစ်တမ်းအတွက် ရွေးချယ်ထားသူ အားလုံးသည် ဘွဲ့ရသူများနှင့် ပညာတတ် အသိုင်းအဝိုင်းနှင့် ဆက်နွယ်သူများ ဖြစ်ကြသည်။ ၎င်းတို့၏ ကျန်းမာရေးဆိုင်ရာ အခြေအနေများကို တစ်ပတ်လျှင် တစ်ခါ မှတ်တမ်းပြုစုထားပြီး (၁၀)ပတ်လုံးလုံး လေ့လာမှု ပြုခဲ့ကြသည်။

ဖော်ထုတ်တွေ့ရှိမှုများကို အော်လန်ဒို ဖလော်ရီဒါတွင် ပြုလုပ်သော အမေရိကန် စိတ်ပညာ အဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေးတွင် တင်ပြခဲ့သည်။ အလိမ်အညာစကားကို နည်းပါးစွာ ပြောဆိုရသည့် အဖွဲ့တွင် လူအများသည် (၅) ပတ်မျှ အကြာတွင် မိမိကိုယ်ကိုယ် ရိုးသားသူဟု ယူဆလာက စိတ်ချမ်းမြေ့ကြသလို ပတ်ဝန်းကျင်နှင့် ထိတွေ့မှု သဟဇာတဖြစ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

မုသားစကား ပြောဆိုရသူများသည် လူမှုဝန်းကျင်နှင့် ထိတွေ့ရာတွင် ပြဿနာအချို့ ရှိလာသလို စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက် သက်ရောက်မှုများ ပေါ်ပေါက်လာကြောင်း သုတေသီများက ပြောကြားခဲ့သည်။
"မကြာသေးခင်က လေ့လာတွေ့ရှိချက်အရ အမေရိကန် နိုင်ငံသားတွေဟာ ပျမ်းမျှ တစ်ပတ်ကို (၁၁) ကြိမ်လောက် လိမ်ညာစကားတွေ ပြောတတ်ကြတယ်။ တကယ်တော့ ရိုးသားဖြောင့်မတ်မှုဟာ ကျန်းမာရေးအတွက် အမှန်တကယ် အကျိုးကျေးဇူးရှိတဲ့ လက်ဆောင်တစ်ခုပါ" ဟု ယခု သုတေသန စစ်တမ်းတွင် ပါဝင်ခဲ့သူ ဒေါက်တာ အန်နီတာကယ်လီက ရှင်းပြခဲ့သည်။ နော်တာဒိမ်း တက္ကသိုလ်၏ စိတ်ပညာ ဌာနမှ ပရော်ဖက်ဆာ တစ်ဦးဖြစ်သူ ကယ်လီက "တွေ့ရှိချက်တွေအရ လူတိုင်းဟာ ကျန်းမာရေးအတွက် နေ့စဉ်ပြောဆိုလုပ်ကိုင်နေတဲ့ ပတ်ဝန်းကျင်မှာ မုသားစကားတွေကို လျှော့ချခြင်းဟာ အကျိုးဖြစ်ထွန်းနိုင်တယ် ဆိုတာပါပဲ။ ပြောရရင် အလိမ်အညာ နည်းတဲ့သူဟာ ဖိစီးမှု ပိုနည်းပါလိမ့်မယ်" ဟုလည်း ဆက်လက် ပြောကြားသွားသည်။

http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A804708&xgs=1&xg_source=msg_share_post

ရေကူး၊ ရေစိမ်ချိုး၊ ရေသောက်၊ ရေပက်ဖျန်းရင် ဘာတွေဖြစ်လာနိုင်မလဲ

သိပ္ပံပညာရဲ့ လတ်တလော လေ့လာမှုတွေအရ လူတွေဟာ ရေနဲ့ထိတွေ့လိုက်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ဓာတ်ဖွဲ့စည်းပုံနဲ့ အာရုံကြောတွေအပေါ် သက်ရောက်မှု ရှိသွားပြီး စိတ်ဖိစီးမှု လျော့ကျတာ၊ စိတ်ခံစားမှု ကောင်းမွန်တာနဲ့ စိတ်တို ဒေါသထွက်မှု လျော့ပါးတာ အစရှိတဲ့ အကျိုးအာနိသင်တွေကို ရရှိစေတယ်လို့ သိရပါတယ်။
ရေကူးပါ
ရေကူးတာက အပြေးသမားတွေမှာလိုပဲ အဆစ်တွေအပေါ် ဒဏ်သက်ရောက်မှု မရှိဘဲ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိစေပါတယ်။ ရေကူးကန်ထဲမှာ လှေလှော်တာကတောင် စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ အင်ဒီးယားနား တက္ကသိုလ်ရဲ့ ပါမောက္ခဂျက်က ပြင်းပြင်းထန်ထန် အားကစား မလုပ်နိုင်သူတွေအနေနဲ့ အေးအေးဆေးဆေး ရေကူးတာက အန်ဒေါ်ဖင်ဟော်မှုန်း ထွက်လာစေပြီး စိတ်ကြည်နူး နှစ်သိမ့်မှုကို ခံစားရစေကြောင်း ရှင်းပြထားပါတယ်။ ရေကန်ထဲမှာ ကလေးတွေနဲ့အတူ ကစားရင်း ကလေးတွေကို ရေပက်ဖျန်း ပေးတာကလည်း နာဗ့်ကြောစနစ်ကို ကောင်းမွန်တဲ့ သက်ရောက်မှု ဖြစ်စေပါတယ်။ တကယ်လို့ ရေကူးကန်ကို မသွားနိုင်ဘူးဆိုရင် ရေစိမ်ကန်ထဲမှာ စိမ်ချိုးတာကလည်း စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။
ရေစိမ်ချိုးပါ
ရေချိုးတာက စိတ်နဲ့ခန္ဓာကို လန်းဆန်းသွားစေတယ်ဆိုတာ သင်သိပြီးဖြစ်မှာပါ။ လတ်တလော လေ့လာမှုအရ ရေရဲ့အပူချိန်က အေးချင်အေး၊ နွေးချင်နွေး နေပါစေ၊ ရေထဲကို စိမ်ချိုးတာက ကျန်းမာနေတဲ့ လူတွေအတွက် ကောင်းကျိုးတွေ အများကြီး ရှိတယ်လို့ သိရပါတယ်။ ရေစိမ်ချိုးချိန် ၂၄ မိနစ် ကြာပြီးချိန်မှာ လူရဲ့ဗဟိုအာရုံကြော စနစ်ဟာ အနားရကာ အာရုံစူးစိုက်အား ပိုကောင်းလာပါတယ်။ စိတ်ဓာတ်ကျတာနဲ့ ပူပင်သောက ဟူသမျှကိုလည်း လျော့သွားစေပါတယ်။ ခြေထောက်ကို ရေစိမ်တာကလည်း ညမှာ ကောင်းကောင်း အိပ်မောကျစေပါတယ်။ Physiology Anthropology ရဲ့ လေ့လာမှုအရ ဒူးအထိ ခြေထောက်တွေကို မိနစ် ၂၀ လောက် ကြက်သီးနွေးရေထဲ စိမ်တဲ့သူ ဒါမှမဟုတ် ရေချိုးတဲ့သူတွေက ကောင်းကောင်း အိပ်မောကျစေပြီး မလုပ်တဲ့သူတွေထက် အိပ်စက်မှု အရည်အသွေးလည်း ကောင်းမွန်တာကို တွေ့ရပါတယ်။ ကြက်သီးနွေးရေထဲ စိမ်ဖို့ အချိန် မပေးနိုင်ရင်တောင် ခြေချင်းဝတ်တွေပေါ်ကို ကြက်သီးနွေးရေ လောင်းချပေးပါ။ အချိန် ၃၀ စက္ကန့်လောက် လုပ်ပေးရုံနဲ့ အပန်းပြေမှုကို ခံစားရမှာပါ။
ရေသောက်ပါ
ရေကိုနည်းနည်းပဲ သောက်တာက စိတ်ခံစားမှုနဲ့ ခန္ဓာကိုယ်အပေါ် မကောင်းတဲ့ သက်ရောက်မှုကို ဖြစ်စေနိုင်ပါတယ်။ ရေဆာနေပြီဆိုရင် ရေဓာတ် ခန်းခြောက်တဲ့ အဆင့်ကို ရောက်နေပါပြီ။ ရေဓာတ် ခန်းခြောက်ပြီ ဆိုတာနဲ့ ပိုပြီး ပင်ပန်းလာတယ်။ အာရုံစူးစိုက်ဖို့ ပိုခက်လာပါတယ်။ ၂၀၀၁ လေ့လာမှု တစ်ရပ်အရ ညဥ့်လယ်မှ နံနက် ၁၁ နာရီအထိ ရေနဲ့အစာ လုံးဝမကျွေးဘဲ ထားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် နှိုးဆော်နိုင်တဲ့ တက်ကြွဖျတ်လတ်မှု ပျောက်ဆုံးသွားတာကို တွေ့ရပါတယ်။ ရေမသောက်ဘဲ အချိန် ၁၃ နာရီလောက် ကြာသွားရင် အာရုံစူးစိုက်နိုင်စွမ်းနဲ့ တက်ကြွမှုတို့ လျော့ကျသွားပြီး ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ သင်ဘယ်လောက် ရေသောက်သင့်တယ်ဆိုတဲ့ အချက်က သင့်ခန္ဓာကိုယ် အလေးချိန်၊ လှုပ်ရှားမှုအဆင့်၊ လေရဲ့ အပူချိန်နဲ့ စိုထိုင်းဆတို့အပေါ် မူတည်နေပါတယ်။ အစာစားပြီးတိုင်း ရေတစ်ဖန်ခွက် သောက်ပါ။ လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာလည်း ရေတစ်ဖန်ခွက်စီ သောက်ပေးပါလို့ ဒေါက်တာဘော်ဒလေက အကြံပြုထားပါတယ်။
ရေပက်ဖျန်းပါ
စိတ်ဖိစီးမှု ကင်းအောင် ပက်ဖျန်းရတဲ့ စပရေးကို လိုချင်ရင် ရေတံခွန်ဆီကို သွားပါ။ ရေတံခွန်ရဲ့ အခြေရှိ လေထဲမှာ စိတ်ဓာတ်ကျတာကို သက်သာစေတဲ့ မော်လီကျူး အမှုန်တွေ ပါဝင်နေပါတယ်။ ဝက်စ်လီရန် တက္ကသိုလ်ရဲ့ လေ့လာမှုအရ ၁၅-၃၀ မိနစ်လောက် ရေနဲ့ပက်ဖျန်း ပေးတာက စိတ်ဓာတ်ကျတာကို သက်သာစေတယ်လို့ သိရပါတယ်။ ဒါဟာ ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရိုတိုနင် ပမာဏကို တိုးစေလို့ပါ။ ဒါကြောင့် ရေတံခွန်နားကို သွားတဲ့အခါ အသက်ပြင်းပြင်း ရှူသွင်းရှူသွင်း လုပ်ပေးပါ။ ဒါမှမဟုတ် ရေပန်းနဲ့ ရေချိုးလိုက်ပါ။ ငါးမိနစ်လောက် ရေပန်းနဲ့ ရေချိုးပေးတာက ပူပင်သောကတွေကို သိသိသာသာ လျော့ကျသွားစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ရေပက်ဖျန်းပါ
ကမ်းခြေမှာ နေတဲ့ရက်တွေမှာ သွေးဖိအားတွေ တည်ငြိမ်နေတယ်လို့ မထင်ဘူးလား။ ရေသံက စိတ်ကို အေးချမ်း တည်ငြိမ်စေပါတယ်။ အလာဘားမား ဆေးရုံသုတေသီတွေက ပင်လယ်ရေသံဟာ ကြားရသူ လူနာတွေကို သုံးညခန့် ကောင်းကောင်း အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ပင်လယ်ရေလှိုင်းသံနဲ့ လှိုင်းပုတ်သံတွေဟာ စိတ်ကို အေးချမ်းစေတာကြောင့်ပါ။ ဦးနှောက်ဟာ လှိုင်းသံ၊ ရေသံတွေအပေါ် ကောင်းတဲ့ တုံ့ပြန်မှု ပေးနိုင်လို့ ဖြစ်ပါတယ်။

ဇွန် Ref:By Good Health Originally
Source: http://www.yatanarpon.com.mm/cp/goodhealth/news-46907
source>>>http://natureenergycare.blogspot.com/2012/09/blog-post_28.html#more

Saturday, September 29, 2012

ငပျောရွက် ငါးကင်



တမူထူးခြားပြီ အရသာဆန်းတမျိုး ဖြစ်သည့် ငပျောရွက် ငါးကင်လေးနဲ့ မိတ်ဆက်ပါရစေ။ ငပျောရွက်ထုတ်ပြီ ကင်ထားတဲ့ အတွက် ငပျောရွက်က ငါးအသားရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးတာ မို့ ခြောက်သွေ့မသွားပဲ၊ ငါးရဲ့ လတ်ဆတ်တဲ့ အရသာကို ရရှိမှာပါ။ ဟင်းခတ်အမွှေးအကြိုင်များဖြင့် နှပ်ထားတာမို့ အနံလေးက သင်းပြီ စားလို့ကောင်းပါတယ်။ ချက်နည်းလေးကို ကြည့်၇အောင်…

ပါဝင်ပစ္စည်းများ [Ingredients]
  • ငါးရံ့ [fish]                                        ♦ ၂၀ကျပ်သား (အသားလွှာ ၄ပိုင်း)
  • ငပျောရွက် [banana leaves]            ♦ ၄ခု

ပျို့အန်ခြင်းနှင့် ခေါင်းကိုက်ခြင်းကို ပျောက်စေသော နှိပ်နည်း



လက်ကောက်ဝတ်အတွင်းဘက် (လက်ဖဝါးဘက်)တွင် ပျို့အန်ခြင်း၊ အော့အန်ခြင်းကို သက်သာ
ပျောက်ကင်းစေသော နှိပ်ကွက်ကလေးရှိပါသည်။
လက်ကောက်ဝတ်အလယ်တွင် စမ်းကြည့်လိုက်ပါ။ အရွက်ကြောကြီးနှစ်ခုနှင့် ၎င်းတို့အကြားရှိ မြောင်း
ကို စမ်းမိပါမည်။
လက်ကောက်ဝတ်အောက်ဆုံးရစ်မှ နှစ်လက်မခန့်နေရာ၊ မြောင်းထဲသို့ မိမိလက်မနှင့် ဖိကာဖိကာနှိပ်ပေးပါ။
သာမန်ပျို့ခြင်း၊ အန်ချင်ခြင်းကို ချက်ချင်းပျောက်စေပါသည်။ ဆေးမလိုပါ။
ပြင်းထန်သော ပျို့အန်ခြင်း အတွက်မူ မိနစ်၂၀ခန့်ကြာအောင် အကြိမ်ကြိမ် နှိပ်ပေးရန် လိုပါသည်။
လက်ညှိုးနှင့် လက်မခွကြားတွင် တြိဂံပုံနေရာလေးတစ်ခုရှိပါသည်။ အရေပြားနှုတ်ခမ်းအစပ်မှ အထက်တစ်
လက်မခန့်အကွာတွင် နှိပ်ကွက်ကလေး ရှိပါသည်။
ထိုနေရာလေးကို ကျန်လက်တစ်ဖက်မှ လက်ညှိုး၊ လက်မတို့ကို အသုံးပြု၍ ညှပ်နှိပ်ပေးလျှင် အနည်းငယ်
အောင့်ပါသည်။
သုတေသနပြုချက်များအရ ထိုသို့ နှိပ်ပေးလျှင် ဦးနှောက်မှ အင်ဒိုဖင်ဓာတ်(Endorphins)များ ထွက်စေသဖြင့်
ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း ဝေဒနာများကို ပျောက်စေကြောင်း တွေ့ရပါသည်။
ထို့ကြောင့် ခေါင်းကိုက်ခြင်း၊ မိုင်ဂရိမ်းခေါင်းတစ်ခြမ်းကိုက်ခြင်း(Migra)နှင့် ဇက်ကြောတက်ခြင်း ဖြစ်လျှင် လက်
ညှိုး၊ လက်မ ခွကြားမှ နှိပ်ကွက်ကလေးကို ဘယ်၊ ညာတစ်လှည့်စီ နှိပ်ပေးနိုင်ပါသည်။

ပန်လည်မျှဝေခြင်းဖြစ်ပါသည်။ (ခေါင်းကိုက်ခြင်းမှကင်းဝေးပါစေ)
http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1459389&xgs=1&xg_source=msg_share_post

ဝက်သားပေါင်း


မနက်စာ ၀က်သားပေါင်းလေးပါ။ ၀က်သားအပြင် ပုဇွန်ပါထည့်ထားတာမို့ အရသာလည်း ကောင်းမွန်ပါတယ်။ လုပ်ရတာလည်း အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်ပါတယ်။ ၀က်သားပေါင်း တူတူလုပ်စားကြည့်ရအောင်…
ပါဝင်သောပစ္စည်းများ
  • ဖက်ရွက် – ၁၅ရွက်
  • ၀က်သား (သို့) ကြက်သား – ၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
  • ပုဇွန် – ၅၀ ဂရမ် (နှုတ်နှုတ်စဉ်းပေးပါ)
  • ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်

ကင်ချီ ထမင်းကြော် (ဘိုကမ်ဘတ်)

ဒါကတော့ လုပ်ရလွယ်ပြီ စားလို့ကောင်းတဲ့ ကင်ချီ ထမင်းကြော်လေးပါ။ ကိုရီးယားမှာ အိမ်တိုင်းလိုလို ကင်ချီ လုပ်ပြီသား အဆင့်သင့် ရှိကြတာများပါတယ်။ ဒါကြောင့် လုပ်ပြီသားကင်ချီနှင့် အိမ်ကျန် ထမင်းလေးနှင့် အလွယ်တကူ ကြော်စားနိုင်ပါတယ်။ ကင်ချီထမင်းကြော်မှာ ထော ပတ်ကြောင့် မွှေးရနံ့ရယ်၊ ကင်ချီရဲ့ အရသာရယ်၊ ၀က်သားပြားကြောင့် အချိုအရသာရယ် အစုံကို ရရှိမှာပါ။ လုပ်ရလည်း အရမ်းလွယ်ကူတာမို့ တူတူလုပ်စားရအောင်…
ပါဝင်ပစ္စည်းများ
  • ချက်ပြီသားထမင်း [cooked rice]         ♦ နို့ဆီဗူး ၁လုံးခွဲ
  • ကင်ချီ [kimchi]                             ♦ လက်ဖက်ရည်ပန်းကန်လုံး ၃လုံးစာ (ပါးပါးလှီးပေးပါ)

ဘဝတွင် ကျန်းမာစွာ နေထိုင်နိုင်မည့် ရိုးစင်းသော လျှို့ဝှက်ချက်

အသက်ရာကျော် ရှည်တဲ့သူ အများစုဟာ သာမန်လူတွေ မလုပ်နိုင် တာမျိုး လုပ်နိုင် ကြပါတယ်။  အစာကို သတိနဲ့ ဆင်ခြင်စားသောက်တာ၊ လေ့ကျင့်ခန်းကို ပုံမှန်လုပ်တာ၊ တစ်ညရှစ်နာရီ အိပ်စက် အနားယူတာ၊ တရားထိုင်ပြီး စိတ်ဖိစီးမှု လျှော့ချတာ.. ဒါတွေက အပြောလွယ်သလောက် နေ့စဉ် လုပ်ဆောင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီအချက်တွေက ရိုးစင်းသလောက် လိုက်နာဖို့ ခက်ပေမယ့် တကယ် လိုက်နာနေထိုင်ရင် သက်ရှည်ကျန်းမာပါလိမ့်မယ်။
၁။ တစ်ပတ်တစ်ရက် လျှာကို အလိုလိုက်ပါ  
အများအားလပ်ရက်ဖြစ်တဲ့ တနင်္ဂနွေလိုနေ့မှာ လျှာကိုအလိုလိုက်ပြီး စားချင်တာစားပါ။ ကျန်တဲ့ ခြောက်ရက်စလုံးမှာတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကိုပဲ ရွေးချယ်စားသင့်ပါတယ်။ ကြက်သားပြုတ်၊ ဟင်းသီးဟင်းရွက်၊ သစ်သီး စတာတွေကိုပဲ စားနေရပေမယ့် တနင်္ဂနွေနေ့မှာ ချောကလက်ကိတ်ကို စားရတော့မယ်ဆိုတာ တွေးပြီး သရေစာစားချင်စိတ်ကို ချိုးနှိမ်ထားပါ။
၂။  ခန္ဓာကိုယ်အကျိုးပြု အစာများကို အဆင်သင့် ဆောင်ထားပါ  
သင့်အိမ်မီးဖိုချောင်နဲ့ ရေခဲသေတ္တာထဲမှာ ထည့်ထားဖို့ အစားအသောက်တွေ ဝယ်မယ်ဆိုရင် အာဟာရတန်ဖိုး ရှိရဲ့လား၊ စားရင် အကျိုးရှိမှာလား ဆိုတာကို တွေးတောပြီး ရွေးချယ်ပါ။ လူအများစုဟာ လွယ်လင့်တကူ အဆင်သင့်ရှိနေတဲ့ အစားအသောက်တွေကိုပဲ အများဆုံး စားဖြစ်လေ့ရှိပါတယ်။
၃။ ဟင်းခတ်အမွှေးအကြိုင်သုံးပြီး အရသာရှိအောင်  ချက်ပြုတ်စားပါ  
ဟင်းကောင်းတစ်ခွက်ရဖို့ ဆီတွေ၊ ထောပတ်တွေ၊ အချိုမှုန့်တွေ အများကြီး သုံးစရာ မလိုပါဘူး။ ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ချက်ပေးရင် အနံ့အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းတစ်ခွက် ဖြစ်စေပါတယ်။ ထည့်သင့်တဲ့ ဟင်းခတ် အမွှေးအကြိုင်တွေက သံပရာရည်၊ ချင်း(ဂျင်း)၊ အသားစိမ်ဖို့ ဝိုင်နီရှလကာရည်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စတာတွေ ဖြစ်ပါတယ်။
၎။  အာဟာရပြည့်ဝသော  အစားအသောက်ကို ကြိုတင်ပြင်ဆင်ထားပါ  
တာရှည်ခံအောင် လုပ်ထားတဲ့ အဆင်သင့် အစာတွေကို တတ်နိုင်သမျှ ရှောင်ပြီး ဆန်လုံးညို၊ ခေါက်ဆွဲညိုတို့လို အခွံချွတ်မထားတဲ့ ကောက်နှံစာတို့ကို စားသင့်ပါတယ်။ အရံဟင်းအနေနဲ့ ဟင်းရွက်သုပ်၊ စွပ်ပြုတ်တို့နဲ့ တွဲစားပေးပါ။
၅။ ကွန်ပျူတာ၊ တီဗီတို့ ပိတ်ပြီး အိပ်စက်ပါ  
ညဘက်မှာ ကောင်းကောင်း အိပ်မောကျစေဖို့ အရေးကြီးဆုံး အချက်က ယောဂကျင့်ဖို့နဲ့ တရားထိုင်ဖို့ ဖြစ်ပါတယ်။ ပြီးရင် အိပ်ရာမဝင်ခင် တစ်နာရီ အလိုကတည်းက ကွန်ပျူတာ၊ တီဗီ စတဲ့ စခရင်တွေကို ပိတ်ပြီး စာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာ၊ တရားမှတ်တာတို့ လုပ်ကာ စိတ်နဲ့ခန္ဓာ အပန်းဖြေရင်း အိပ်စက် အနားယူသင့်ပါတယ်။
၆။ ရေသောက်ပါ
လူ့ခန္ဓာကိုယ်မှာ အများစုက ရေတွေနဲ့ ဖွဲ့စည်း ထားတာကြောင့် ရေဓာတ် ပြည့်ဝနေဖို့ လိုပါတယ်။ ရေဟာ အစာကြေညက်စေပြီး အရေပြားကိုလည်း စိုပြည်စေ ပါတယ်။ ရေသောက်ရမှာ ပျင်းတဲ့အခါ သံပရာရည် အနည်းငယ်ညှစ်ပြီး သောက်ပေးရင် လန်းဆန်းသွားစေပါတယ်။
၇။ ချိုပြီး အာဟာရဓာတ် ရှိသော သရေစာကို ရွေးပါ  
အချိုအရသာရှိတဲ့ သရေစာကို စားချင်စိတ် ရှိတယ်ဆိုရင် ကယ်လိုရီနည်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရက်သီး၊ ကွတ်ကီး စတာတွေကို ရွေးချယ်စားပေးပါ။
၈။ နံနက်စာကို မရှောင်ပါနှင့်၊ မှန်မှန် စားပါ  
အသက်ရာကျော် ရှည်ရှည် နေရသူတွေဟာ နံနက်စာကို မစားဘဲ နေလေ့ မရှိကြပါဘူး။ နံနက်စာကို ကောင်းကောင်း စားပေးတာကြောင့် စိတ်နဲ့ခန္ဓာမှာ စွမ်းအင် အပြည့်ရှိကာ တစ်နေ့တာလုံး လုပ်ငန်းဆောင်တာ မှန်သမျှ လုပ်ချင်စိတ် ရှိနေတတ်ပါတယ်။ နံနက်စာအဖြစ် ပရိုတင်းဓာတ်၊ အမျှင်ဓာတ်တို့ ပါဝင်အောင် ဒိန်ချဉ်နဲ့ သစ်သီး၊ ငှက်ပျောသီးနဲ့ နွားနို့၊ အခွံမာသီး၊ ကြက်ဥ/ဘဲဥကြော်နဲ့ ပေါင်မုန့် စတာတွေကို စားပေးသင့်ပါတယ်။

http://yoyarlay.com/health/therapy/31049-2012-09-28-09-30-01

အအေးမိ နှာစေးပျောက်ဆေးများ သောက်မည်ဆိုပါက


အအေးမိခြင်း၊ နှာစေးခြင်းမျာအတွက် ဆေးများကို ကွမ်းယာဆိုင်များမှ အစ နေရာမရွေး အလွယ်တကူ ဝယ်ယူနိုင်ကြပါသည်။ သို့ဖြစ်၍လည်း အအေးမိခြင်းအတွက် မိမိဘာသာ ဆေးဝယ်သောက်ကြသည်က များသည်။
သတိထားစေလိုသည်မှာ အအေးမိ၊ နှာစေးပျောက်ဆေးအများစုတွင် အကိုက်အခဲပျောက်ဆေး (လူအများ သိနေကြသည့် ပါရာစီတမော Acetaminiophen)ပါဝင်သည်။ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း အစရှိသော လက္ခဏာများရှိက ထိုအအေးမိ နှာစေးပျောက်ဆေးများ သောက်၍ရပါသည်။
သို့သော် ဖျားခြင်း၊ ကိုက်ခဲခြင်းများမရှိ၊ သာမန် နှာစေး ချောင်းဆိုးခြင်းသာ ရှိသူများအနေဖြင့် အကိုက်အခဲ ပျောက်ဆေးများ သောက်ရန် ပါဝင်ည့် အအေးမိ ပျောက်ဆေးများ သောက်ရန် မလိုအပ်ပါ။ နှာစေးခြင်း၊ နှာပိတ်ခြင်း အတွက် သုံးသော ဆေးသာ သောက်ရန် လိုအပ်သည်။
ထို့အတူ အချို့သောသူများက ထိုအအေးမိခြင်း အတွက် သုံးသော ဆေးများသာမက ကိုယ်လက်ကိုက်ခဲ ဖျားနာသဖြင့် ပါရာစီတမောပါ တွဲသောက်ကြသည်။
ထိုအခါ လိုအပ်သော အကိုက်အခဲပျောက်ဆေး ပမာဏထက် ပိုများသွားပါသည်။
( လူတိုင်းသိကြသည့် အတိုင်း ဆေးဆိုသည်က ဘေးထွက် ဆိုးကျိုးများရှိပါသည်။)
( ပါရာစီတမောဆေးများ လိုအပ်သည်ထက် ပိုသောက်မိပါက အသည်းကို ထိခိုက်စေနိုင်သည်ကို သတိမူသင့်ပါသည်။ )
ဆေးကို အမှန်တကယ် လိုအပ်မှ သောက်ခြင်းသာ အကောင်ဆုံးဖြစ်သည်။ သို့ဖြစ်၍ အအေးမိ၍ ဆေးဝယ်သောက်မည် ဆိုပါက Acetaminiophen(ပါရာစီတမော) ပါ၊ မပါကို ဆန်းစစ်သင့်သည်။ အကောင်းဆုံးမှာ ဆေးအကြောင်း နားလည်တတ်ကျွမ်းသူ သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်ခြင်းသာဖြစ်ပါသည်။

(မှတ်ချက် - နာတာရှည်ရောဂါ ဥပမာ- သွေးတိုးရောဂါရှိသူများ၊ အသက်ကြီးသူများအနေဖြင့် အအေးမိနှာစေးပါက ဆရာဝန်နှင့် ပြသပြီးမှသာ ဆေးသောက်သင့်ပါသည်။)
MG MANDALAY
http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A7998951&xgs=1&xg_source=msg_share_post

ရေသောက်တာကြောက်ရင် ဒီလိုလေး သောက်ကြည့်ရအောင်


ရေသောက်တာဟာ ဆော်ဒါပါတဲ့ အချိုရည်တွေ သောက်တာထက်ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် ကုန်ကျစရိတ်လည်း


သက်သာနိုင်ပေမယ့် ရေဟာ အရသာ မရှိတာကြောင့် လူတွေ ရေများများ မသောက်ချင်တတ်ကြပါဘူး။ မိမိအိမ်မှာပဲ ရေကို
 
အရသာရှိရှိ သောက်နိုင်အောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ဖော်ပြပေးလိုက် ပါတယ်။
 


၁။ ဘယ်ရီသီး


စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ မွှေးကြိုင်တဲ့ အနံ့ကို ရေကစုပ်ယူနိုင်ပါတယ်။

 
သင်သောက်မယ့်ရေထဲကို စတော်ဘယ်ရီသီးကို ထက်ခြမ်းခွဲပြီး ခြေထည့်ပါ။

၂။ ဆား


ဈေးထဲမှာရောင်းတဲ့ ဓာတ်ဆားရည်နဲ့ အားဖြည့်အချိုရည်တွေမှာ စားပွဲတင်ဆားဟာ အဓိကပါဝင်ပါတယ်။

 
သောက်ရေထဲမှာ ဆားအနည်းငယ်ထည့်သောက်ရင် ခန္ဓာကိုယ်က ရေဓာတ်ကို မြန်မြန်စုပ်ယူနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်သူတွေဟာ ချွေးမှတစ်ဆင့် ဆားဓာတ်တွေ ထွက်သွားတာမို့ လေ့ကျင့်ခန်းလုပ်သူတွေအတွက်အသင့်တော်ဆုံးပါ။


၃။ ဝိုင်


ဝိုင်တစ်ဆကို ရေဆယ်ဆနဲ့ ရောစပ်ပြီးသောက်ရင် အနံ့အရသာရှိတဲ့ အရည်ဖြစ်သွားပါတယ်။


၎။ အချဉ်အရသာရှိသော အသီး


သံပုရာသီးကိုအရည်ညှစ်ပြီး ရေခဲခဲတဲ့ခွက်ထဲအနည်းငယ်ထည့်ကာ ရေခဲထားပါ။အဲဒီရေခဲကို ရေနဲ့စိမ်သောက်ရင် ဗီတာမင် C လည်း ရရှိမယ့်အပြင် အနံ့အရသာနဲ့ပါ ပြည့်စုံသွားပါမယ်။


၅။ ပူဒီနာ၊ နံနံပင်


ပူဒီနာ၊ နံနံပင် အစရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို အနည်းငယ်ကြိတ်ပြီး ရေထဲထည့်သောက်ပါ။


၆။ ချင်း (ဂျင်း)


ချင်းဖက်အနည်းငယ်ကို ရေနွေးပူပူထဲ ထည့်ပြီး သောက်ပါ။


အေးတဲ့ရာသီမှာ လည်းချောင်းရှင်းစေပြီး အပူဓာတ်လည်း ရရှိနိုင်ပါတယ်။


၇။ ရှလကာရည်


ရှလကာရည်ကို ရေထဲထည့် သောက်တာဟာလည်းသံပုရာသီးထည့်သောက်သလိုမျိုးဗီတာမင်Cရရှိတဲ့အပြင်
 
အနံ့အရသာလည်း ပြည့်စုံသွားနိုင်ပါတယ်။

၈။ သခွားသီး


သခွားသီးကိုစိတ်ပြီး ရေထဲစိမ်သောက်ရင် လန်းဆန်းတဲ့ အရသာရရှိပြီး သခွားသီးနံ့လေးလည်း သင်းစေနိုင်ပါတယ်။
 
 
Ref: Good Health

ဗေဒင်မမေးနဲ့ငွေကုန်မယ် ပြသနာတွေပြေလည်အောင် ဒါတွေစားပြီး လုပ်ရင်OK ပြီသူငယ်ချင်းတို့


သင်ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ အချိန်ကိုက် လုပ်ဆောင်နိုင်အောင် ကူညီပေးနိုင်မယ့် အကြောင်းအရာတွေ ရှိနေပါတယ်။

အင်တာဗျူး ဖြေစရာရှိလျှင် ပဲပိစပ်စားပါ
အလုပ်အတွက် အင်တာဗျူး ဖြေရာမှာ ဦးနှောက်ဉာဏ်ရည် ထက်မြက်နေဖို့ လိုပါတယ်။ Montreal တက္ကသိုလ်မှ သုတေသီတွေက အစားအစာထဲမှာ ပါဝင်တဲ့ အမိုင်နိုအက်စစ် ထရစ်ပတိုဖန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေပြီး လုပ်ဆောင်ချက်တွေ ထူးချွန် ပြောင်မြောက်စေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ပဲပိစပ်ကနေ ထရစ်ပတိုဖန်များစွာ ရရှိနိုင်ပြီး ကြက်သား၊ ဆယ်လ်မွန် ငါးတွေကလည်း ရရှိနိုင်ပါတယ်။

စာမေးပွဲ ဖြေစရာရှိလျှင် ကောက်နှံတစ်ခုလုံး စားပါ
စာမေးပွဲဖြေဖို့ အခန်းထဲမဝင်မီ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစားအစာကို စားပေးပါ။ သင့်ဦးနှောက်ဉာဏ်ရည် ကောင်းစေပြီး သင်ကျက်ထားသမျှ စာတွေ မှတ်မိနေစေပါတယ်။ ကောက်နှံတစ်ခုလုံးမှာ ဖောလိတ်ဓာတ် ရရှိနိုင်ကနေ သင့်မှတ်ဉာဏ်အတွင်း သိမ်းဆည်းထားတဲ့ စာတွေကို အလွယ်တကူ ပြန်လည် ဖော်ထုတ်နိုင်ပါတယ်။ ဒါ့အပြင် သုတေသီတွေက စာမေးပွဲဖြေတဲ့အခါ ပီကေဝါးပြီး ဖြေဆိုပါက မှတ်ဉာဏ်စွမ်းရည် ၃၅ ရာခိုင်နှုန်း ပိုမိုတိုးတက်စေတယ်လို့ ဆိုပါတယ်။

ချစ်သူနဲ့ ပထမဆုံး ချိန်းတွေ့လျှင် လက်ဖက်ရည်ကြမ်းသောက်ပါ
ချစ်သူနဲ့ ပထမဦးဆုံး ချိန်းတွေ့ချိန်မှာ သင့်စိတ်တွေ လှုပ်ရှားနေနိုင်ပါတယ်။ စိုးရိမ်စိတ်တွေကြောင့် ချစ်သူရှေ့မှာ အလွဲအချော်တွေ မလုပ်မိစေဖို့ ချမိုမိုင်းခတ်ထားတဲ့ လက်ဖက်ရည်က သင့်စိတ်လှုပ်ရှားမှုကို တည်ငြိမ်စေပါတယ်။ ချမိုမိုင်း လက်ဖက်ရည်က စိုးရိမ်စိတ်များတာ၊ စိတ်လှုပ်ရှားနေတာတွေကို သက်သာစေတဲ့ အာနိသင် ရှိပါတယ်။

ကလေးယူဖို့ ကြိုးစားနေလျှင် ကမာကောင်စားပါ
ဇင့်ဓာတ်များစွာ ပါဝင်တဲ့ ကမာကောင်က အမျိုးသားတွေရဲ့ စိတ်ဆန္ဒကို လှုံ့ဆော်ပေးပါတယ်။ တကယ်တော့ ဇင့်က အမျိုးသားတွေမှာသာမက အမျိုးသမီးတွေမှာပါ မျိုးအောင်နိုင်စွမ်း မြှင့်တင်ပေးပါတယ်။ အမျိုးသမီးတွေမှာ ကျန်းမာတဲ့ သားဥတွေ ထုတ်လုပ်ပေးပြီး အမျိုးသားတွေမှာ ကျားဟော်မုန်း တက်စထရိုစတီရုန်း ပမာဏကို တည်ငြိမ်အောင် ထိန်းပေးကာ ကျန်းမာတဲ့ သုက်ကောင်တွေကို ထုတ်လုပ်ပေးပါတယ်။

ပြဿနာ ဖြေရှင်းစရာရှိလျှင် သစ်ချသီးစားပါ
တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း မတူညီတဲ့ အကြောင်းအရာတွေ ဆွေးနွေးတဲ့အခါ သွေးဆူတာကြောင့် အချင်းများပြီး ဆက်ဆံရေး မပြေမလည်ဖြစ်ကာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးရတတ်ပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ ခန္ဓာကိုယ်မှာ အိုမီဂါ- ၃ ချို့တဲ့နေပါက သင့်အပြုအမူတွေက ရန်လိုမှုများနေစေတာကို တွေ့ရပါတယ်။ ဂျပန်ပညာရှင်တွေက ဇင့်ဓာတ်က အမျိုးသမီးတွေရဲ့ ဒေါသကို ပြေစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆွေးနွေးစရာတွေရှိတဲ့အခါ ဆွေးနွေးမှု မပြုလုပ်မီ သစ်ချသီး စားပေးပါက အိုမီဂါ- ၃ နဲ့ ဇင့်ဓာတ်ကို ရရှိစေပါတယ်။

လင်မယားကွဲကွာရန် အကြောင်းဖြစ်လာလျှင် အဆီများသောငါး စားပါ
စိတ်သဘောထားချင်း၊ အကြောင်းတရားချင်း မတိုက်ဆိုင်တာကြောင့် လင်မယားကွာရှင်းပြတ်စဲကြတဲ့အခါ စိတ်ဓာတ်ကျဆင်းကာ အဆိုးမြင် အတွေးတွေပဲ တွေးမိစေပါတယ်။ ဒီခံစားမှုတွေ မဖြစ်ပေါ်အောင် တားဆီးလို့တော့ မရပါဘူး။ ဒီလိုအချိန်မှာ သင့်အနေနဲ့ အဆီများတဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ တူနာငါးတွေ စားပေးပါ။ ဒီငါးတွေမှာ အိုမီဂါ- ၃ အဆီ၊ ဗီတာမင်ဘီ ၁၂ နှစ်မျိုးစလုံး ပါဝင်ပြီး စိတ်ဓာတ်ကျဆင်းမှုကို လျော့နည်းစေပါတယ်။

ဆုံးဖြတ်ချက် ကြီးကြီးမားမားချလျှင် ဒိန်ချဉ်သောက်ပါ
သင်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်၊ လင်မယားအရေးကိစ္စ၊ ကျန်းမာရေး၊ ငွေရေးကြေးရေးနဲ့ဆိုင်တဲ့ အကြောင်းအရာ စတဲ့ ဘဝနဲ့ဆိုင်တဲ့ ကြီးကြီးမားမား အကြောင်းကိစ္စတွေကို ဆုံးဖြတ်ချက်ချဖို့ လိုလာတဲ့အခါ ဒိန်ချဉ်သောက်ပေးပါ။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို တည်တည်ငြိမ်ငြိမ် ချမှတ်ဆောင်ရွက်နိုင်ပါတယ်။ဒိန်ချဉ်ကနေ အိုင်အိုဒင်းနဲ့ ဇင့်ဓာတ်ကို ရရှိနိုင်ပြီး ဦးနှောက် လုပ်ဆောင်မှုတွေ ကောင်းမွန်စေကာ စိတ်တည်ငြိမ်ဖို့ စွမ်းအားတွေ ရရှိစေပါတယ်။ Toronto တက္ကသိုလ်မှ ပညာရှင်တွေက ဒိန်ချဉ်မှာ ပါဝင်တဲ့ လူ့အကျိုးပြု ဘက်တီးရီးယားတွေက စိုးရိမ်စိတ်ကို လျော့နည်းစေပြီး ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ချမှတ် ဆောင်ရွက်နိုင်စေတယ်လို့ ပြောပါတယ်။


ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
source>>>
http://natureenergycare.blogspot.com/2012/09/blog-post_1538.html#more

သင်က နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားသူလား

အောက်ပါ အချက်အလက်တွေထဲက တစ်ခုမဟုတ် တစ်ခု ရှိနေပါက နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေကို လက္ခဏာ မရှိသူတွေထက် ပိုမိုဖြစ်ပွား နိုင်ခြေ ရှိပါတယ်။
၁။ သွေးတိုးရောဂါရှိခြင်း

သင့်မှာ သွေးတိုးရှိတာက နှလုံးကို ထိခိုက်မှု ဖြစ်စေပြီး သွေးကြောတွေကို ပျက်စီးကာ သွေးကြောပိတ်ဆို့မှုတွေ ဖြစ်နိုင်ပါတယ်။

၂။ အမျိုးသားဖြစ်ခြင်း

အမျိုးသားတွေက အမျိုးသမီးတွေထက် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများ ပါတယ်။ ဒါပေမဲ့ သွေးဆုံးပြီး အမျိုးသမီးတွေကတော့ အမျိုးသားတွေထက် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။

၃။ မျိုးရိုးရှိခြင်း

မိဘမျိုးရိုးမှာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါ တစ်ခုခု ရှိသူတွေဟာ တခြားသူတွေထက် နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနိုင်ခြေ ပိုမိုများပါတယ်။

၎။ အသက် ၄၀ ကျော်ခြင်း

အသက် ၄၀ ကျော်လာသူတွေဟာ အသက် ၄၀ အောက် အရွယ်တွေထက် နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေ ပိုမိုများပါတယ်။

၅။ သွေးတွင်း ကိုလက်စထရော များခြင်း

သွေးတွင်းကို လက်စထရောများပါက သွေးကြောအတွင်းမှာ အဆီခဲတွေကို ဖြစ်စေပြီး သွေးကြောတွေ တဖြည်းဖြည်း ကျဉ်းစေပါတယ်။ သွေးကြောတွေ ကျဉ်းသွားတာကြောင့် နှလုံးဆီကို သွေးစီးဆင်းမှု နည်းသွားစေပြီး နှလုံး ရောဂါကို ဖြစ်စေပါတယ်။


၆။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်မှာ ပါဝင်တဲ့ နစ်ကိုတင်းက နှလုံးခုန်မြန်စေပြီး သွေးကြောတွေကို ကျဉ်းစေတာကြောင့် နှလုံးဆီ သွေးစီးဆင်းမှုကို လျော့နည်းစေပါတယ်။

၇။ ဆီးချိုသွေးချို ရောဂါရှိခြင်း

ဆီးချိုသွေးချို ရောဂါရှိသူတွေရဲ့ လေးပုံသုံးပုံလောက်က နောက်ဆက်တွဲ ဖြစ်ပွားတဲ့ နှလုံးနဲ့ေ
သွးကြောရောဂါတွေကြောင့် သေဆုံးခဲ့ကြပါတယ်။ ဆီးချိုသွေးချိုရောဂါ ဝေဒနာရှင်တွေဟာ သွေးချိုကို ထိန်းထားနိုင်တယ် ဆိုရင်တောင် နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေ မြင့်မားပါတယ်။ သွေးချိုကို ထိန်းမထားနိုင်ခဲ့ရင်တော့ နှလုံးနဲ့ သွေးကြောတွေကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်ပါတယ်။

၈။ အဝလွန်ခြင်း

အဝလွန်သူတွေဟာ အထူးသဖြင့် ခါးတစ်ဝိုက်မှာ အဆီများသူတွေဟာ နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေ များပါတယ်။

၉။ အရက်သောက်ခြင်း

အရက်သောက်သုံးသူ အများစုဟာ သင့်တင့်တဲ့ ပမာဏကိုသာ သောက်သုံး သူ အလွန်နည်းပါတယ်။ အလွန်အကျွံ သောက်သုံးတာတွေကြောင့် နှလုံးနဲ့ သွေးကြောရောဂါ ဖြစ်နိုင်ခြေ များရတာပါ။

၁ဝ။ စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုများတာကြောင့် ခန္ဓာကိုယ်တွင်းမှ ထွက်လာတဲ့ ဟော်မုန်းတွေက နှလုံးနဲ့ သွေးကြောတွေကို ထိခိုက်စေပါတယ်။

၁၁။ လှုပ်ရှားမှုမရှိခြင်း

ပုံမှန်လေ့ကျင့်ခန်း လုပ်တာက နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေ ကို လျှော့ချပေးပါတယ်။ ပုံမှန် လေ့ကျင့်ခန်း မလုပ်တာ၊ လှုပ်ရှားမှု မရှိတာ တွေက နှလုံးနဲ့ သွေးကြောရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။ လေ့ကျင့်ခန်း လုပ်တာက သွေးတွင်းကို လက်စထရော ပမာဏနဲ့ သွေးပေါင် ကို လျှော့ချပေးပါတယ်။ ဒါ့အပြင် ဆီးချိုသွေးချို ရောဂါနဲ့ အဝလွန် ဖြစ်နိုင်ခြေ ကိုလည်း လျှော့ချပေးပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

http://myanmarnews4u.blogspot.com/2012/09/blog-post_5923.html

မိုဘိုင်း ဟန်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ


ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။
မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့-
skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။

ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။

အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်း အသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။

မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။
မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်
ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာမိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။
ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။

အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။

 http://techspacejournal.blogspot.com/2012/08/blog-post_31.html#more