မနက်စာ ၀က်သားပေါင်းလေးပါ။ ၀က်သားအပြင် ပုဇွန်ပါထည့်ထားတာမို့ အရသာလည်း ကောင်းမွန်ပါတယ်။ လုပ်ရတာလည်း အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်ပါတယ်။ ၀က်သားပေါင်း တူတူလုပ်စားကြည့်ရအောင်…
ပါဝင်သောပစ္စည်းများ
- ဖက်ရွက် – ၁၅ရွက်
 - ၀က်သား (သို့) ကြက်သား – ၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
 - ပုဇွန် – ၅၀ ဂရမ် (နှုတ်နှုတ်စဉ်းပေးပါ)
 - ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းပါ)
 
- ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
 - ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
 - ငရုတ်ကောင်းမှုန့် – အနည်းငယ်
 - နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
 - ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
 - ကြက်ဥအကာ – ၁လုံး
 
ချက်ပြုတ်နည်း
၁။ အစားသွပ်ရန် ပါဝင်သောပစ္စည်းများ ဖြစ်သော (၀က်သား၊ ပုဇွန်၊ ကြက်သွန်မြိတ်၊ ကော်မှုန့်၊ နှမ်းဆီ၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့် ) အားလုံးကို ဇလုံထဲထည့်ပြီး သမအောင် ရောနယ်လိုက်ပါ။
၃။ ပြီးလျှင် ဖက်ရွက်တစ်ရွက်ယူပြီး ဘေးသားများကို ကြက်ဥအကာဖြင့် သုတ်လိုက်ပါ။
၎။ ပြီးမှ အစားသွပ်ရန် ရောနုယ်ထားသော ၀က်သား (စားပွဲတင်ဇွန်း ၂ဇွန်း) ကို ဖက်ရွက်ထဲထည့်ပြီး ပုံတွင်ပါသည့်အတိုင်း ထုတ်လိုက်ပါ။
၎။ ထိုနည်းအတိုင်း ကျန် ဖက်ရွက်များဖြင့် ဆက်လုပ်ပါ။
၅။ ပြီးနောက် ၀က်သားကို ဖက်ရွက်ထဲထည့်ပြီလျှင် ဘေးမှာ ပိုနေသော ဖက်ရွက်သားများကို ဖြတ်ထုတ်လိုက်ပါ။ ခြောက်သွားလျှင် ထိုဖက်ရွက်သားများသည် မာသွားတတ်၍ ဖြစ်သည်။
၆။ ပေါင်းအိုးထဲ ၀က်သားပေါင်းများကို ထည့်ပြီး ၁၅မိနစ်ခန့် မီးပြင်းပြင်းဖြင့် ပေါင်းပေးပါ။
၅။ မနက်စာအဖြစ် ၀က်သားပေါင်းကို ပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီ…
http://www.wutyeefoodhouse.com/?p=1442
No comments:
Post a Comment