“ ❤ ဤဘလော့ရဲ့ Post များကို အမြဲ Update ပြုလုပ်ပေးလျှက်ရှိပါသည် ❤ ”

Saturday, July 28, 2012

ဘလော့မှာ ချက်ရွန်းထည့်မယ်...........

 
ဒါလေးပါ သူကနှိတ်လိုက်ရင်ဆိုက်ဘေးကပွင့်တယ်
ပိတ်လို့လဲရတယ်နေရာမရှုပ်ဘူးပေါ့နော်
ကျွန်တော်ဆိုက်မှာတော့အောက်ဆုံးမှာထားတယ်
ကျွန်တော်ကအဲနေရာမှာ Cbox ထားလို့လေ

ဒီဟာလေးကိုထည့်ထားရင်ဘလော့ဂါအခြင်းခြင်း
ဆက်သွယ်နိင်ပါတယ်
တော်တော်လေးကောင်းတယ်နော်
Cod ကိုယူပြီ Html/Java မှာထည့်ယုံပဲ
အောက်မှာယူနော်

Friday, July 27, 2012

တင်ပါး အဆီများ၏ အကျိုးကျေးဇူး

တင်ပါးဆုံဟားဗတ် သုတေသီ များ တွေ့ရှိ ခဲ့တဲ့ အချက် တစ်ခု ကတော့ အမျိုး သမီးများ ၏ အောက်ပိုင်း တင်ပါး တွင် စုပုံနေသော အဆီများ (Fatbottoms) သည် ကောင်းမွန်သော ကျန်းမာရေးကို ပြသသည့် သင်္ကေတ ဖြစ်ကြောင်း သိပ္ပံနည်းကျ တွေ့ရှိခဲ့ ကြသည်။ Jennifer Lopez, Beyonce တို့ကဲ့သို့သော မင်းသမီး များ၏ အောက်ပိုင်းပုံသဏ္ဌာန်ရှိသော အမျိုးသမီးများသည် အချို့သော ဟော်မုန်းများ ထုတ်လွှတ်ပေးခြင်းဖြင့် ရောဂါများမဖြစ်ပွားအောင် ကာကွယ် ပေးနိုင်ကြောင်း သိရသည်။ တင်ပါး အဆီများက အမျိုးအစား(၂) ဆီးချို သွေးချိုရောဂါမဖြစ်ပွားအောင်ကာကွယ် ပေးကြောင်းတွေ့ခဲ့ရသည်။ ကြွက်မ များ၏ တင်ပါးမှအဆီများ ကိုထုတ်ပြီး အခြားသော ကြွက်များ၏ ခန္ဓာကိုယ် ထဲထိုးသွင်းလိုက်သည့်အခါ ဆေးထိုး ခံရသော ကြွက်များသည် သွေးတွင်း သကြားဓာတ်ကိုထိန်းညှိ ပေးသည့် အင်ဆူလင်ဟော်မုန်း ပို၍ ကောင်းမွန် စွာ အသုံးချလာနိုင်ကြောင်း သိရ သည်။ ကိုယ်အလေးချိန်လည်း ကျ သွားစေသည်။ သိပ္ပံပညာရှင်များ သည် အဆီအမျိုးအစားများ၏ ကျန်းမာရေးအပေါ်အကျိုးသက် ရောက်မှုကို သိရှိလာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ တင်ပါးတွင် အဆီစုသော အမျိုးသမီးများ၏ ပုံစံမှာ Pearshaped သစ်တော်သီးပုံစံဖြစ်သည်။ အဆီအမျိုးအစား အားလုံးသည် ကျန်းမာရေးအတွက် ဆိုးကျိုးပေးခြင်း မရှိကြောင်း သိရသည်။ 

Ref: Daily Health News.
မောင်
By Health Digest

မြန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar


မြန်မာစာမထည့် ၊ root မလုပ်ဘဲ မြန်မာစာနဲ့ရေးထားတဲ့ websiteတွေကို မြန်မာလိုကြည့်နိုင်စေမယ့် 1st Myanmar Browser v0.3 (New Version) အသစ်ကို 1stmm.net မှ 1st Myanmar Browser Developer ကိုထင်အောင်မှ ထပ်မံရေးသားထုတ်ဝေလိုက်ပါပြီ။ အခု version အသစ်နဲ့ပတ်သက်ပြီး Developer ကိုထင်အောင်က အခုလိုပြောကြားထားပါတယ်။
 “1st Myanmar Browser v0.3 မှာ မြန်မာလို ရိုက်လို့ရပါတယ်။ Font က ဇော်ဂျီပါ။ Keyboard က ဇော်ဂျီရိုက်လို့ ရတဲ့ Keyboard အားလုံး နဲ့ အဆင်ပြေပါတယ်။ 1st Myanmar Browser မှာ ကီးဘုတ် တခါတည်း မပါပါဘူး။ တခု သတိပြုရမှာက လက်ရှိ v0.2 ကို အသုံးပြုနေတဲ့ သူတွေ အနေနဲ့ v0.2 ကို အရင်းဆုံး Uninstall လုပ်ပြီးမှ v0.3 ကို Install လုပ်ပေးပါ။ 


Thursday, July 26, 2012

မိမိ blogspot ဆိုဒ်မှာ သူများတွေကို ၀င်ရေးလို့ရအောင်လုပ်မယ်..

ဘလော့ဂါက မိမိသူငယ်ချင်းတစ်ယောက်ကို မိမိဘလော့မှာ ၀င်ရေးခွင့်ပေးမယ်ဆိုရင်ပေါ့.. ဘလော့ပိုင်ရှင် လုပ်ရမယ့်အပိုင်းနဲ့ ၀င်ရေးမယ့်သူ လုပ်ရမယ့် အပိုင်း (၂)ပိုင်းဆိုပီး ရှိမှာဖြစ်ပါတယ်...
အရင်ဆုံး  
ဘလော့ပိုင်ရှင် ကမိမိဘလော့ရဲ့ dashboard ထဲကို ၀င်လိုက်ပါ.(ပုံ-၁)မှာ ပြထားတဲ့ ပုံအတိုင်း မြင်ရမှာဖြစ်ပါတယ်...

(ပုံ-၁)

အဲ့ဒီမှာ ကျွန်တော်ဝိုင်းပြထားတဲ့ Add authors ကို နှိပ်လိုက်ပါ...(ပုံ-၂)မှာ ပြထားတဲ့အတိုင်း မြင်ရမှာဖြစ်ပါတယ်...

Wednesday, July 25, 2012

ရေသောက်ခြင်းနှင့်ကျန်းမာရေး

Photo: ရေသောက်ခြင်းနှင့်ကျန်းမာရေး
 

ရေနှင့်ပတ်သက်၍စိတ်ဓာတ် ကျခြင်းနှင့်မောပန်းနွမ်း နယ်ခြင်း ဟာရေဓာတ် ခန်းခြောက် ခြင်း ၏ရောဂါလက္ခဏာများဖြစ်ပါတယ်။ ထမင်းစားနေ စဉ်ရေသောက်ခြင်းသည် အစာခြေလုပ်ငန်းကို ကူညီပေး ရာရောက်ပါတယ်။Water Retention ဖြစ်ခြင်းကို သက်သာစေတဲ့ နည်းလမ်း တစ်ခုကတော့ ရေများများသောက်ပေးခြင်းပါပဲ။ ခန္ဓာကိုယ်ထဲမှ အဆီတွေကို ချေဖျက်ရာတွင်ရေက ထိရောက်စွာကူ ညီပေးနိုင် ပါ တယ်။

အဓိကလိုအပ်တဲ့ အစာတစ်ခုလို့ပြောနိုင်ပါတယ်။ ကလေးငယ်တွေဟာ လူကြီးများ ထက်စာလျှင် ပိုပြီးရေငတ်ကြပါတယ်။ လေ့လာမှု တစ်ခုအရ ကျောင်းနေ အရွယ်ကလေးများ၏ ၆၅ ရာခိုင်နှုန်းဟာ ရေသောက် သုံးမှုနည်းကြတယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်မှ ရေဓာတ် ၂ ရာခိုင် နှုန်းဆုံးရှုံးလျှင် ထိုသူ၏ စိတ်ပိုင်း ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆောင်ရွက်မှု များ လည်း ၂၀ ရာခိုင်နှုန်းလျော့နည်း သွားပါတယ်။ 

ဇင်မာမြင့်
By Health Digest
ရေနှင့်ပတ်သက်၍စိတ်ဓာတ် ကျခြင်းနှင့်မောပန်းနွမ်း နယ်ခြင်း ဟာရေဓာတ် ခန်းခြောက် ခြင်း ၏ရောဂါလက္ခဏာများဖြစ်ပါတယ်။ ထမင်းစားနေ စဉ်ရေသောက်ခြင်းသည် အစာခြေလုပ်ငန်းကို ကူညီပေး ရာရောက်ပါတယ်။Water Retention ဖြစ်ခြင်းကို သက်သာစေတဲ့ နည်းလမ်း တစ်ခုကတော့ ရေများများသောက်ပေးခြင်းပါပဲ။ ခန္ဓာကိုယ်ထဲမှ အဆီတွေကို ချေဖျက်ရာတွင်ရေက ထိရောက်စွာကူ ညီပေးနိုင် ပါ တယ်။

အဓိကလိုအပ်တဲ့ အစာတစ်ခုလို့ပြောနိုင်ပါတယ်။ ကလေးငယ်တွေဟာ လူကြီးများ ထက်စာလျှင် ပိုပြီးရေငတ်ကြပါတယ်။ လေ့လာမှု တစ်ခုအရ ကျောင်းနေ အရွယ်ကလေးများ၏ ၆၅ ရာခိုင်နှုန်းဟာ ရေသောက် သုံးမှုနည်းကြတယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်မှ ရေဓာတ် ၂ ရာခိုင် နှုန်းဆုံးရှုံးလျှင် ထိုသူ၏ စိတ်ပိုင်း ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆောင်ရွက်မှု များ လည်း ၂၀ ရာခိုင်နှုန်းလျော့နည်း သွားပါတယ်။

ဇင်မာမြင့်
By Health Digest

Tuesday, July 24, 2012

သွေးကြောရောဂါများ ကာကွယ်တဲ့ ခရမ်းချဉ်သီး

Photo: သွေးကြောရောဂါများ ကာကွယ်တဲ့ ခရမ်းချဉ်သီး

သွေးကြောရောဂါများ ကာကွယ်တဲ့ခရမ်းချဉ်သီးဂျပန် သုတေသီ များက သွေးကြော ရောဂါများ ဖြစ်ပွားခြင်း ကို ကာကွယ် နိုင်တဲ့ အာဟာရ ဓာတ်များ ခရမ်းချဉ်သီး ထဲတွင် ပါဝင်ကြောင်း တွေ့ရှိခဲ့ကြ သည်။9-oxo-octade cadienoic အမည် ရှိ ပစ္စည်းတစ်မျိုးဟာ သွေးတွင်း အဆီဓာတ် ကမောက်ကမဖြစ်ခြင်းကို ကာကွယ်ပေးပြီး သွေးတွင်း၌ပုံမမှန် အဆီများ ဖြစ်ပေါ်မလာအောင် ကာကွယ်ပေးခြင်းဖြစ်သည်။ ထို့ပြင် အဆီအက် စစ်တိုးခြင်းကို အားပေးပြီး အသည်းအတွင်းအဆီများ ဖြိုခွဲခြင်း လုပ်ငန်းကို ပုံမှန် အတိုင်း ဖြစ်စေသည်။

Ref: Natural Health, Feb 2011. 
By Health Digest
ဂျပန် သုတေသီများက သွေးကြော ရောဂါများ ဖြစ်ပွားခြင်းကို ကာကွယ် နိုင်တဲ့ အာဟာရဓာတ်များ ခရမ်းချဉ်သီးထဲတွင် ပါဝင်ကြောင်း တွေ့ရှိခဲ့ကြသည်။9-oxo-octade cadienoic အမည်ရှိ ပစ္စည်းတစ်မျိုးဟာ သွေးတွင်း အဆီဓာတ် ကမောက်ကမဖြစ်ခြင်းကို ကာကွယ်ပေးပြီး သွေးတွင်း၌ပုံမမှန် အဆီများ ဖြစ်ပေါ်မလာအောင် ကာကွယ်ပေးခြင်းဖြစ်သည်။ ထို့ပြင် အဆီအက် စစ်တိုးခြင်းကို အားပေးပြီး အသည်းအတွင်းအဆီများ ဖြိုခွဲခြင်း လုပ်ငန်းကို ပုံမှန်အတိုင်း ဖြစ်စေသည်။

 Ref: Natural Health, Feb 2011.
By Health Digest

Monday, July 23, 2012

အသည်းကွဲကဗျာ.

နင်~~မရှိရင် နေသားမကျတာရယ်
နင့်~~အသံမကြားရရင် မပျော်တာရယ်
နင့်~~ကိုမမြင်ရရင် ပူလောင်စွာခံစားနေရတာတွေရယ်
ငါအေးချမ်းချင်တယ် ချစ်သူရယ်
အရမ်းချစ်ရင် ရှုံးတယ်ဆိုတာ ဒါလားဟင်
ငါ့အတွေးထဲ စိတ်ကူးထဲမှာ နင့်နဲ့ဝေးရင်ဆိုတဲ့
... နင်ထားသွားရင်ဆိုတဲ့ အတွေးတွေက
ငါ့မျက်ရည်တွေကို မထွက်ထွက်အောင်လှုံ့ဆော်နေတယ်
နင့်အတွေးနဲတောင် ခံစားချက်ပြင်းထန်ရင်
တကယ်သာအပြင်မှာကြုံမယ်ဆိုရင်
ငါဘာဖြစ်သွားမယ်ဆိုတာ တကယ်မသိဘူး
အဝေးကြီးကိုပဲ ပြေးထွက်မလား
ကိုယ့်ကိုယ်ကိုယ်ပဲ အဆုံးစီရင်မလား
ရှုးရှုးမိုက်မိုက်တခုခုတော့ ဖြစ်မှာအသေချာပါ
 
နင့်ကိုချစ်တယ် အရမ်းလိုအပ်တယ်~~~

Saturday, July 21, 2012

windows xp speed မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းအချို့....



(1) Indexing Services ကို ပိတ်ပစ်ပါ။
ဒီဆားဗစ်က ကျနော်တို့ရဲ့စက်ထဲမှာရှိတဲ့ ဖိုလ်ဒါတွေ၊ ဖိုင်တွေရဲ့စာရင်းကို စနစ်တကျ စုစည်းပေးတဲ့ ဆားဗစ်တစ်ခုပါ။ ကျနော်တို့ ဖိုင်တစ်ဖိုင်ကို ရှာတဲ့အခါတိုင်း စက်ထဲမှာရှိသမျှ ဖိုင်တိုင်းကိုလိုက်စစ်စရာမလိုဘဲ တည်ဆောက်ပြီးသား index list မှာရှာခြင်းအားဖြင့် မြန်မြန်ရှာတွေ့စေပါတယ်။ ဆိုးတာက သူက system resourse တော်တော်များများကို သုံးတာပါပဲ။ ကျနော်တို့ ဖိုင်(သို့)ဖိုလ်ဒါတစ်ခုခုကို ပြင်ဆင်တိုင်း သူကအမြဲနောက်ကွယ်ကနေ indexing and updating လုပ်နေပါတယ်။ ကျနော်တို့က ဖိုင်တွေကို အမြဲရှာဖွေမနေရင်၊ မှတ်မိနေရင်(ဦးနှောက်ကောင်းရင်ပေါ့ဗျာ) ဒီဆားဗစ်မလိုပါဘူး။ ရံဖန်ရံခါ ရှာဖွေဖို့လိုအပ်ရင်တောင် ဒီဆားဗစ်ကို ပိတ်ထားလို့ရပါတယ်။ သူ့ကိုအပြီး uninstall လုပ်ချင်ရင်....
၁. Start ကို သွားပါ။
၂. Setting ကိုရွေးပါ။
၃. Control Panel ကိုရွေးပါ။
(ဒါမှမဟုတ် Windows key + R နှိပ်ပြီး ပေါ်လာတဲ့ Run box ထဲမှာ control လို့ ရိုက်ပြီး Enter ခေါက်ရင်လည်းရပါတယ်)
၎. Add or Remove Programs ကို ဖွင့်ပါ။
၅. Add/Remove Windows Components ကို ရွေးပါ။

ခံတွင်းအနံ့ဆိုးနေရင် ခရမ်းချဉ်သီးစား

ခရမ်းချဉ်သီးကိုစားချင်းဖြင့်အသားအရေလှတယ်လို့ပြောကြပါတယ်။
လူတွေနဲ့စကားပြောချိန်မှာ ခံတွင်းနံ့ဆိုးဝါးရင်ယုံကြည့်ချက်တစ်စိတ်တစ်ဒေသလျော့စေပါတယ် ဒါကြောင့်လည်းလူသားတွေကလည်း
မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်အ၀ရှိဖို့အဆွက် ခံတွင်းငုံဆေးတွေ ၊ ပီကယ်တွေ ၊ ခံတွင်းသန့်ဆေးတွေသုံးကြပါတယ်။
ခံတွင်းကိုအနံ့ဆိုးစေတာကလည်း အသားတွေ နဲ့ ၀မ်းမှာအလွယ်တကူပုတ်နိုင်တဲ့အရာတွေကလည်းခံတွင်းနံ့ကိုဆိုးဝါးစေပါတယ်။
ခံတွင်းငုံဆေးတွေ ၊ ပီကယ်တွေ ၊ ခံတွင်းသန့်ဆေးတွေ အလွယ်တစ်ကူပါမလာခဲ့ရင်တောင် ခရမ်းချဉ်သီးလေးတစ်လုံးက သင့်ရဲ့ခံတွင်း
နံ့ကို 5% ပဲကျန်အောင်ကူညီဖြေရှင်းပေးပါလိမ့်မယ်။

စောင့်လို့နေမှာပါ.....

မင်းနဲ့မှ ချစ်တတ်သွားတာပါ
မင်းနဲ့မှ ချစ်တာမချစ်တာ ငါသိခဲ့တာ
မင်းနဲ့မှ အချစ်အကြောင်းငါသိခဲ့တာ
ဒါတွေဟာ ရိုးလွန်းပါတယ်ကောင်မလေးရယ်
ငါကတော့ မင်းအပေါ်
ဘယ်လောက်ချစ်တယ်ဆိုတာတွေကို
ရိုးလွန်း အသုံးများလွန်းနေတဲ့စကားလုံးတွေနဲ့ မတင်စားချင်ဘူးကောင်မလေးရယ်
ငါအချစ်ကို ထိခိုက်ပွန်းပဲ့သွားနိုင်လို့ပါ
ငါရဲ့အချစ်ဟာ အရမ်းသိမ်မွေ့နူးညံ့ပြီး
ပေးဆပ်ခြင်းတွေ ရယူခြင်းမရှိ
ယုယခြင်းတွေ ကြမ်းတမ်းခြင်းမရှိ
နွေးထွေးသော အချစ် အေးစက်စက်ဖြစ်ခြင်းမရှိတွေနဲ့
ပြည့်စုံနေတဲ့ အချစ်တွေနဲ့မင်းလေးကို
တသက်လုံးချစ်သွားမှာပါ
မင်းအနားဘယ်သူတွေပဲရှိရှိပေါ့ ကောင်မလေးရယ်
မပြောင်းမလဲ အကြောင်းမလွဲပဲ
တထောင့်တနေရာကနေ မင်းလေးကိုယ့်ရင်ခွင်ဝင်လာမဲ့
တစ်နေ့ကို ကိုယ်ကျေကျေနပ်နပ်ကြီး စောင့်လို့နေမှာပါ......

ကောင်မလေး

ကောင်မလေးရေ
ငါတော့ နင့်နဲ့တွေ့ရတဲ့အချိန်လေးတွေကို
စိန်စီပြီး ရွှေကွပ်ထားချင်တယ်

ကောင်မလေးရေ
ငါတော့ နင်ပြောတဲ့စကားလုံးလေးတွေကို
ငါ့နှလုံးသားထဲမှာ ဖမ်းယူထားတယ်
နင့်အသံအမြဲတမ်းကြားချင်လို့ပေါ့

ကောင်မလေးရေ
ငါတော့ နင့်ဆံနွယ်စလေးတွေကို
ငါ့သိမ်းထားပါရစေ
နင့်ကိုသတိရရင် နမ်းရှိက်ချင်လို့ပါ.

Thursday, July 19, 2012

***..ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ်ရာစကားများ..***

*ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ၊ From TZA
၂၀-၈၀ နိယာမ
လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။
တတိယ ၈ နာရီ
ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။

လမ်းနှစ်လမ်း
လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။
တခါသုံးယုံကြည်မှု
ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။
နောင်တ
နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။
နေရာ
အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။
သမာဓိ
စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။
ရွေးချယ်မှု
နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။
မနာလိုခြင်းနှင့် အားကျခြင်း
သူများတွေထက်မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေထက်အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအားကျကြလိမ့်မယ်။
နောက်ဆုံးအပြုံး
ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန်လူတစ်ယောက်ဆိုတာလည်း သတိရပါ။ သူများတကာရယ်မောနေတာတွေ့ရင်လည်း တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီမဲ့နေတဲ့အခါ မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွလာရမယ်၊ အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။
ပူပင်သောက
လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ်အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။ တနည်းအားဖြင့်၊ ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။
အောင်မြင်မှုနှင့် တိုးတက်မှု
မင်းမအောင်မြင်လို့ရတယ်၊ သို့သော်မတိုးတက်လို့မရဘူး။ မင်းရဲ့အောင်မြင်မှုကိုကဖျက်ကယက်လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ မင်းတိုးတက်တာကိုတော့ ဘယ်သူမှကာဆီးကာဆီးလုပ်မှာမဟုတ်ဘူး။
ဖိအားနှင့် တွန်းအား
အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။ လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊ အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေက ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
...................................အားလုံးကိုလေစားလျှက်........................................ချစ်ဦးမောင်.........................................

Wednesday, July 18, 2012

IDM အတွက် အမြဲတမ်းလိုင်စင်နဲ့ Pc Game များ

IDM Crack IDM အသုံးပြုတဲ့ သူငယ်ချင်းတွေ အတွက် သတင်းကောင်းလေးပါဗျာ ဒီကောင်လေးကို ကျွန်တော် ရထားတာတော့ ကြာပါပီ အခုမှ စမ်းကြည့်ရတာပါ Update ထွက်တာဆိုစောင့်ရင်း စမ်းကြည့်တာ အဆင်ပြေတယ် Crack တွေ Patch တွေ မလိုပါဘူး ဒီကောင်လေးသာ ဆောင်ထား Upadte ထွက်တိုင်း Upadte လုပ် ပြီးရင် ဒီကောင်လေးနဲ့ လိုင်စင်ထည့် လိုင်စင်ထည့်မယ်ဆိုရင် IDM ကို Exit လုပ်ပြီးတော့ Start ကိုသာနိုပ်လိုက်ပါ အဆင်ပြေပါပြီ

Tuesday, July 17, 2012

သင့်ကျန်းမာရေးအတွက် ဒါတွေသိရဲ့လား

~ချင်း[ဂျင်း]ရဲ့ ဂုဏ်သတ္တိက ဘာပါလဲ~~

       ချင်း[ဂျင်း]စားရင် အစာစားချိန်မှာ ဗိုက်ပြည့်နှုန်းနှစ်ဆ မြန်တဲ့အတွက်
တစ်နှစ်အတွင်း အလေးချိန်၁၂ပေါင်ကျဆင်နိုင်ပါ
တယ်။ချင်း[ဂျင်း]ရဲ့ ရောင်၇မ်းမူ့

လျော့နည်းကျစေတဲ့ ဂုဏ်သတ္တိကြောင့် အဆစ်ရောင် ဝေဒနာခံစားရသူတွေရဲ့
၇၅ရာခိုင်နှုန်းက အဆစ်ရောင်တာ၊ နာတာနဲ့ တောင့်တင်းတာတွေ သက်သာသွား
တယ်လို့ ဆိုပါတယ်။

                  ~~ပင်စိမ်းရွက်ရဲ့ အကျိုးအာနိသင်ကို သိချင်ပါတယ်~~

***..ကိုယ့်ရဲ့ gmail အကောင့်ကိုမသုံးချင်တော့ရင် ဘယ်လိုဖျက်မလဲ..***

G-mail ကိုဘယ်လိုဖျက်မလဲ…..
အခမဲ့ရတဲ့ G-mail တွေသင့်မှာများနေပြီ..ကျူခံရတာများလို့စိတ်ညစ်လို့ပဲဖြစ်ဖြစ်ဒါမှမဟုတ် ကိစ္စတစ်ခုခုကြောင့် ဖျက်ချင်တာပဲဖြစ်ဖြစ် ဖျက်ကြည့်ရအောင်…………
-Google Account Settings ဆီကိုသွားပါ။Edit ထဲကိုအရင်သွားလိုက်နော် ပြီးရင်.
-Delete a Service အောက်က Delete G-mail Service ကို Click ပါ။

ကံကောင်းစေသော ကုသိုလ် ၅မျိုး(တစ်ပိုင်တစ်နိုင် သာသနာပြုရအောင်)

စာဖတ်သူ အသင်။ သင့်ကံ ဆိုးနေသလား။? ဒါမှမဟုတ် သိပ်ကံကောင်း နေတယ်လို့ ထင်လား။?
ဒါမှမဟုတ် ကံကောင်းတယ်လဲ မဟုတ် ကံဆိုး တယ်လဲ မဟုတ်ပါဘူးလို့ သတ်မှတ် ထားသလား။?

ဘယ်လိုဖြစ်နေနေ မပင်မပန်း ချမ်းချမ်းသာသာ လေး ကုသိုလ် ၅မျိုးကို ဆောင်ရွက်ရင်း … တစ်ဘ၀တာ ကံကောင်းသောသူ၊ နောက်ဘ၀ပေါင်းများစွာ.. ကံကောင်းသောသူ ဖြစ်နိုင်အောင်  ကံကိုပြင်လိုက်ပါ။


စပျစ်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ....

စပျစ်သီးမှာ ဗီတာမင် အေ၊ စီ၊B6 နဲ့ ဖောလိတ် ဓာတ်များများ ပါဝင်တဲ့အ ပြင် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံ ဓာတ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်နဲ့ ဆီ လီနီယမ်တို့လို မရှိမဖြစ် သတ္တုဓာတ်တွေ လည်း ပါဝင်နေပါတယ်။ စပျစ်သီးမှာ ပါ ဝင်တဲ့ ဖလေဗိုးနွိုက်ဟာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ ဖြစ်ပြီး ဖရီး ရယ်ဒီကယ်ကြောင့် ထိခိုက်ပျက်စီးမှုမဖြစ် အောင်နဲ့ အိုမင်းရင့်ရော်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၁) ပန်းနာရင်ကျပ်ရောဂါကို သက် သာစေပါတယ် စပျစ်သီးရဲ့ ထင်ရှားတဲ့ ဆေးဖက် ဝင်တန်ဖိုးဟာ ပန်းနာရင်ကျပ်ရောဂါ ကု သရေးမှာ အသုံးဝင်ပါတယ်။ ဒါ့အပြင် အဆုတ်ထဲက အစိုဓာတ်အား ကောင်း စေပါတယ်။

Sunday, July 15, 2012

အကြီးစားအိပ်မက် မက်ခဲ့သော လူတစ်ယောက်အကြောင်း

ဒီနေ့ ကမ္ဘောဇဘဏ်ကို ငွေသွားထုတ်ပါတယ်။ ခရီးထွက်မှာမို့ လိုအပ်တဲ့ငွေ သွားထုတ်တာပါ။ အဲဒီဘဏ်မှာ ကျွန်တော် လူတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ အရင်ကတည်းက ခင်မင်ရင်းနှီးတဲ့သူပါ။ ကျွန်တော်က သူ့အကြောင်းကို စာရေးချင်တယ်။ အင်တာဗျူးလုပ်ချင်တယ်လို့ ပြောလိုက်တော့-
“ကိုကျော်…ကျွန်တော့်အကြောင်းကို သိနေတာပဲ…သိထားတဲ့အတိုင်းပဲရေးလိုက်လေ၊ ဒါပေမယ့် ကျွန်တော့်နံမည်ကိုတော့ ထည့်မရေးစေချင်ဘူး”
“ကိုစန်း…အခုဘာလာလုပ်တာလဲ”
“ငွေလွှဲတွေလာထုတ်တာပါ”

ရာသီဖွားများဧ။် အချစ်ခံစားမှုများ

 မိဿအချစ်ဒဿန (ARIES)

မိဿရာသီဖွားတို့၏ နှလုံးသားသည် အလွန်မြင့်မြတ်သိမ်မွေ့သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်။
“နှလုံးသားစစ်ပွဲများ။ဒဏ်ရာဒဏ် ချက်များ၊မီးတောက်၊မီးလျှံမျာြး ကားမှ အလွန်ချစ်တတ်သော နှလုံးသားပိုင်ရှင်၊ မြင့်မြတ်သော အချစ်ရှိသူ”ဟု ဖော်ကျူးထားသည်။
အပြင်သဏ္ဌာန်တွင် ကြမ်းတမ်းသည်ဟု ထင်ရလင့်ကစား အတွင်းစိတ်မှာနုညံ့သည်။ မေတ္တာရေးတွင် အပေးသမားဖြစ်သည်။ရယူခြင်းထက် ပေးဆပ်ခြင်းကို ဦးစားပေးမည်။
လူတစ်ဦးတစ်ယောက်ကိုချစ်မိလျှင် မျက်စိအောက်ကအပျောက်မခံ။ မုန်းမိလျှင်လည်း မမေ့နိုင်။ သံယောဇဉ်တနွယ်နွယ် ဖြစ်တတ်သည်။ သဘောထားကြီးမြတ်မည်။ သည်းခံခွင့်လွှတ်တတ်သော အချစ်နှင့် နှလုံးသားကို ပိုင်ဆိုင်သည်။

Wednesday, July 11, 2012

မိန်းမမြတ် ဂုဏ်အဂါင်္(၉)ဖြာ

သာမုန္ဒြိယကျမ်းလာအရ မိန်းမမြတ်ဂုဏ်အဂါင်္ကိုးဖြာရှိပါတယ်။
၁။အိမ်တွင်းမှုတွေမှာ သေသပ်သန့်ရှင်းစွာ ပြုလုပ်စီမံတတ်တာက အဂါင်္တစ်ချက်။
၂။ကိုယ့်ရဲလင်ကလွဲလို့ ဖွဲနဲ့ဆန်ကွဲလို့ တွေးပြီးအခြားယောက်ျားတွေကို စိတ်မကူးတာ။
၃။လင်ရှာပေးတဲ့ပစ္စည်းဥစ္စာကို သိမ်းဆည်းတာ။
၎။လင်ရဲ့စီမံတိုင်ပင်မှုတွေကို ခံယူတာ။
၅။လင့်အလိုက်ကိုသိပြီး ပြုတတ်တာ။
၆။ရာသီနဲ့အလိုက် လင်ကိုဝတ်ဆင်ပေးတာ။
၇။လင့်နောက်မှ အိပ်တာ။
၈။လင့်အရင်ထတာ။
၉။ပြုံးသောမျက်နှာနဲ့ချိုသာတဲ့စကား ရှိတာပါ။
မိန်းမမြတ်ရဲ့ ဘ၀ကို မရဘဲမိန်းမသားဘ၀ကိုရောက်ရတဲ့ အချက်ဆယ့်သုံးချက်လည်းရှိပါတယ်။ တစ်ခါတစ်ရံမှာပတ်ဝန်ကျင်ကြောင့်နဲ့ ကိုယ့်လင်ကြောင့်မိန်းမကောင်းဘ၀ကမိန်းမပျက်ဘ၀ကို ရောက်တတ်ကြပါတယ်။  အဲသည့် ဆယ့်သုံးချက်က -
၁။ယောက်ျားတစ်ယောက်နဲ့ပျော်ပါးပေါင်းဖော်နေရတယ်လို့ အိပ်မက်အတန်တန်မက်တာ။
၂။ခင်ပွန်းလင်နဲ့ကြာမြင့်စွာ ဝေးကွာကွေကွင်းနေတာ။
၃။လင်က အိုနေတာ။
၎။မိန်းမတန်မဲ့အရက်သောက်တာ။
၅။လင်ကမယားငယ်နေတာ။
၆။လင်ကြီးက အိုရွတ်တွနေတာ။
၇။ပျက်နေတဲ့မိန်းမတွေနဲ့ ရောနှောနေတာ။
၈။ကောင်းတဲ့အသက်မွေးဝမ်းကျောင်း မကြာခဏပျက်စီးတာ။
၉။အိုးအိမ်ကို အတည်တကျမနေတာ။
၁၀။ပွဲကြိုက်တာ၊အပျော်ကြိုက်တာ၊
၁၁။ကိုယ့်ကိုယ်ကို ထိန်းနေတာ။
၁၂။ဖခင်ရဲအုပ်ထိန်းမှုနဲ့ ကြာမြင့်စွာ နေရတာ။
၁၃။ယောက်ျားတွေကြားထဲ ရောက်နေတာပါဘဲ။

 http://www.mmitpalace.com/profiles/blog/show?id=6456788%3ABlogPost%3A161051&xgs=1&xg_source=msg_share_post

သင် စကားပြောတဲ့အခါ ဒီအမှား ၁၀ ခုကို ပြုလုပ်လေ့ရှိသလား?

သင့်ရဲ့ စကားပြောစွမ်းရည်တွေကို တိုးတက်အောင် လုပ်နိုင်ပါသလား? သေချာတာပေါ့ ။
သင့်ဘ၀တစ်လျှောက်လုံး စွဲမြဲလာခဲ့တဲ့ စကားပြောဆိုမှု ပုံစံတွေကို ပြောင်းလဲဖို့ နည်းနည်းလေးတော့ အချိန်ယူရပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါဟာ သိပ်ကို ဖြစ်နိုင်ပါတယ်။
ဒီစာကို လိုတာထက်ပိုပြီး ရှည်မသွားရလေအောင်- စကားပြောတဲ့အခါ ကျနော်တို့အများစု ပြုလုပ်တတ်ကြတဲ့ အမှားတစ်ချို့နဲ့ အဲဒါတွေကို ပြောင်းလဲဖို့ နည်းလမ်းတစ်ချို့ကို ကြည့်ကြရအောင်။

၁။ နားမထောင်ခြင်း
အမေရိကန် စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေးက ပြောခဲ့ဖူးတယ် -
” ကျနော်ဟာ နားထောင်ရတာကို သဘောကျတယ်၊ ဂရုတစိုက် နားထောင်ခြင်းကြောင့် တခြားလူတွေဆီကနေ ကျနော်အများကြီး သင်ယူနိုင်ခဲ့တယ်။ လူအများစုကတော့ ဘယ်တော့မှ နားမထောင်တတ်ကြဘူး “
လူအများစုနဲ့ မတူပါနဲ့။