အမေဆိုတာ နံပါတ် ၁
အဖေဆိုတာ နံပါတ် ၂...
 
အမေဟာ ဘယ်လိုအမေမျိုးပဲ ဖြစ်နေပါစေ..
 
အမေဟာ အမေပါပဲ..
 
ချမ်းသာမှ အမေမဟုတ်ဘူး ဆင်းရဲရင်လည်း အမေ..
 
ပညာတွေတတ် ဂုဏ်တွေကြီးမှ အမေမဟုတ်ဘူး.
 
အကြွေးတွေထူ ဈေးသည်မအမေဟာလည်း အမေ..
 
အဆုံး စကားပြောရတော့ ပြည်တန်ဆာ အမေဟာလည်း အမေပါပဲ..
 
အမေဘယ်လိုလူမျိုး ဘယ်လိုအမေမျိုးပဲ ဖြစ်နေပါစေ..
 
အမေဟာ အမေပါပဲ..
 
အမေအားလုံးရဲ့ သားသမီးအပေါ်ချစ်တဲ့ အချစ်တွေက အတူတူပါ..
 
ဘုရားဟော တရားတွေမှာ အဖေဟာ ဖေလိုနေရမယ် အမေဟာ အမေလို နေရမယ်လို့ စံနှုန်းတွေ နဲ့

မဟောခဲ့ပါဘူး..
 
ဘုရားဟော တရားတော်တွေမှာ အမေဟာ..
 
အကြွေးထူထူဈေးသည်မပဲဖြစ်နေပါစေ အမေဟာအမေပါပဲ..
 
အမေဟာ ရုပ်ရည်ကြမ်း မျက်မမြင် နားမကြားဖြစ်နေပါစေ အမေဟာ အမေပါပဲ ..
 
အမေဟာ ပြည်တန်ဆာ ဖြစ်နေပါစေ အမေဟာ အမေပါပဲ.. လို့ ဟော်တော်မူခဲ့တယ်..
 
အခုခေတ်ကာလမှာ သာ ..
 
မိဘဟာ ဘယ်လိုပုံစံမှ အဖေ အမေပီသမယ်ဆိုတာ ဖြစ်လာခဲ့တယ်..
 
ဒီလိုအတွေးမျိုးတွေ တွေးကြံမိမယ်ဆိုရင်တောင်..
 
အမေ ကိုယ်ကို ၀မ်းနဲ့လွယ်ထားခဲ့ရတယ် ၁၀ လဆိုတဲ့ အချိန်များနဲ့..
 
သေမင်းနဲ့ အပြိုင်စစ်တိုက်ခဲ့ရတဲ့ အမေသင့်ကိုမွေးဖွားပေးတဲ့ အချိန်တွေကို တွေးကြည့်လိုက်ပါ..
 
အမေဟာ သားသမီး အတွက်ဆို အရှက်ကိုလည်း စွန့်လွှတ်ရဲ့တယ်..
 
အသက်ကိုလည်း စွန်လွှတ်ရဲတယ်..
 
အမေဆိုတာသာ မရှိခဲ့ဘူးဆိုရင် အခုအချိန်မှာ လူဖြစ်နေမှာမဟုတ်ပါဘူး...
 
သားသမီး တွေအပေါ်မှာ
အမေလောက်ချစ်တာ အမေပဲရှိပါတယ်..။
 
Hnin Kabyar Nwe

မြ၀တီ 
No comments:
Post a Comment