ဘီလ်ဂိတ်တစ်ယောက် စားသောက်ဆိုင် တစ်ခုမှာ နေ့လည်စာ စားပါတယ်။ ပြီးတော့ 
ကုန်ကျစရိတ်ရှင်းတဲ့အခါ စားပွဲထိုးကို ဒေါ်လာ ၂၀ ဘောနပ်စ် ပေးလိုက်ပါတယ်။
 
ယင်းအပေါ် အံ့သြစွာ ကြည့်ရှုနေတဲ့ စားပွဲထိုးဟာ တစ်ခုခုမေးချင်နေတယ်လို့ ရိပ်မိလို့ မေးလိုက်ပါတယ်။ ဒီတော့ စားပွဲထိုးက
 
"ဒီလိုပါဆရာ။ ဆရာ့သား ဒီဆိုင်မှာ လာစားရင် ဘောနပ်စ် ၂၀၀ ပေးပါတယ်။ သူ့အဖေလည်း ဖြစ်၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ဆရာ ကျ တော့ ဒေါ်လာ ၂၀ ပဲ ပေးတယ်ဆိုတော့ နည်းနည်း ထူးဆန်း နေ လားလို့ပါ"
 
ဒီတော့ ဘီဂိတ်လ်က အောက်ပါ အတိုင်း ခပ်ရယ်ရယ်ပြုံးပြုံးပဲ ဖြေပါတယ်။
 
"အင်း..။ သူက ဘီလျံနာ တစ်ယောက်ရဲ့  သားလေ။ ကျနော့ကတော့ ထင်းခုတ်သမား သားမို့လို့ပါ"
---------
-------
 
သင်ခန်းစာ - ဘဝမမေ့နှင့်။
--
Ref: qutoes
 
www.facebook.com/TheWebshopMM
www.thewebshop-mm.com

No comments:
Post a Comment