အရွယ်ငယ်တုန်း
 
ငါဟာအလှဆုံးတဲ့…………
 
ငါ၏ယောက်ျား…………
 
ပြောသွားဖူးသည်။
 
 
 
သားသမီးရ
 
မိသားစုဘဝ………
 
ပျော်ရွှင်ကြတုန်း………
 
သားမောင်ဘုန်းက………
 
တစ်လောကလုံး…………
 
အမေ အလှဆုံး…………
 
သူသုံးနှုန်းကာ…………
 
ပြေရှာပြန်သည်…………။
 
 
 
 
အိမ်တွင်းမှုလုပ်
 
သိမ်းထုပ်သေချာ………
 
ဖေးကူပါတဲ့………
 
သမီးလေးဟာ………
 
တစ်ကမ္ဘာလုံး………
 
မေမေ့အပြုံး ………
 
အလှဆုံးလို့ ………
 
သူလည်းပြုံးကာ……
 
ပြောခဲ့ရှာသည်………။
 
 
 
 
အလှဆုံးလို့ 
 
ပြောလို့ သွားသော……
 
ငါ၏ ယောက်ျား…………
 
ငါ့အနားမှာ မရှိရှာတော့ပြီ………(…)
 
တမလွန်ဆီရောက်နှင့်လေသည်………။
 
 
 
 
တစ်လောကလုံး
 
အမေ အလှဆုံး……
 
သုံးလို့ နှုန်းတဲ့………
 
သားမောင်ဘုန်းလည်း
 
ခွဲလို့ ခွာကာ…………
 
ဝေးရာအရပ်မှာ………
 
ရောက်နေရှာသည်………။
 
မျှော်မိပါသည် သားမောင်ဘုန်းဆီ………။
 
 
 
တစ်ကမ္ဘာလုံး
 
အမေ့ရဲ့အပြုံး……
 
အလှဆုံးလို့ ………
 
သူလည်းပြုံးကာ……
 
ပြောခဲ့ရှာလို့ ………
 
အိမ်တွင်းမှုမှာ………
 
ဖေးကူပါတဲ့…………
 
သမီးလေးလည်း ……
 
အသိုက်အမြုံခွဲလို့ ……
 
တစ်နေရာစီမှာ……
 
နေကြရရှာပြီ………
 
မကြာမကြာမျှော်မိပါသည်…
 
သမီးလေး လာလမ်းဆီ………။
 
 
 
တစ်ယောက်တည်းငါ့မှာ
 
ယောင်ချာချာနဲ့ ………
 
ပျော်ရွှင်မှုကင်း………
 
"ဘောင်ကျဉ်းကျဉ်းလေးမှာ"
 
"အမယ်အိုတစ်ယောက်သာမို့ "
 
ငုတ်တုတ်ထိုင်ထာ………
 
ဆေးလိပ်ဖွာရင်း…………
 
သက်ပြင်းလေးတွေချ……
 
ပြန်လာကြပါ့မလားလို့ ငေးရင်း………
 
မျှော်လင့်ခြင်းတွေနဲ့ ………
 
စောင့်မျှော်နေရုံကလွဲလို့ ………
 
"အမေ" ဘာတတ်နိုင်အုံးမှာလည်း…………။
 
 
 
သိုက်ကြီး (ကျောက်ပန်းတောင်း)
ငါဟာအလှဆုံးတဲ့…………
ငါ၏ယောက်ျား…………
ပြောသွားဖူးသည်။
သားသမီးရ
မိသားစုဘဝ………
ပျော်ရွှင်ကြတုန်း………
သားမောင်ဘုန်းက………
တစ်လောကလုံး…………
အမေ အလှဆုံး…………
သူသုံးနှုန်းကာ…………
ပြေရှာပြန်သည်…………။
အိမ်တွင်းမှုလုပ်
သိမ်းထုပ်သေချာ………
ဖေးကူပါတဲ့………
သမီးလေးဟာ………
တစ်ကမ္ဘာလုံး………
မေမေ့အပြုံး ………
အလှဆုံးလို့ ………
သူလည်းပြုံးကာ……
ပြောခဲ့ရှာသည်………။
အလှဆုံးလို့ 
ပြောလို့ သွားသော……
ငါ၏ ယောက်ျား…………
ငါ့အနားမှာ မရှိရှာတော့ပြီ………(…)
တမလွန်ဆီရောက်နှင့်လေသည်………။
တစ်လောကလုံး
အမေ အလှဆုံး……
သုံးလို့ နှုန်းတဲ့………
သားမောင်ဘုန်းလည်း
ခွဲလို့ ခွာကာ…………
ဝေးရာအရပ်မှာ………
ရောက်နေရှာသည်………။
မျှော်မိပါသည် သားမောင်ဘုန်းဆီ………။
တစ်ကမ္ဘာလုံး
အမေ့ရဲ့အပြုံး……
အလှဆုံးလို့ ………
သူလည်းပြုံးကာ……
ပြောခဲ့ရှာလို့ ………
အိမ်တွင်းမှုမှာ………
ဖေးကူပါတဲ့…………
သမီးလေးလည်း ……
အသိုက်အမြုံခွဲလို့ ……
တစ်နေရာစီမှာ……
နေကြရရှာပြီ………
မကြာမကြာမျှော်မိပါသည်…
သမီးလေး လာလမ်းဆီ………။
တစ်ယောက်တည်းငါ့မှာ
ယောင်ချာချာနဲ့ ………
ပျော်ရွှင်မှုကင်း………
"ဘောင်ကျဉ်းကျဉ်းလေးမှာ"
"အမယ်အိုတစ်ယောက်သာမို့ "
ငုတ်တုတ်ထိုင်ထာ………
ဆေးလိပ်ဖွာရင်း…………
သက်ပြင်းလေးတွေချ……
ပြန်လာကြပါ့မလားလို့ ငေးရင်း………
မျှော်လင့်ခြင်းတွေနဲ့ ………
စောင့်မျှော်နေရုံကလွဲလို့ ………
"အမေ" ဘာတတ်နိုင်အုံးမှာလည်း…………။
သိုက်ကြီး (ကျောက်ပန်းတောင်း)

No comments:
Post a Comment