Essentiak fayttyacids တွေ ချို့တဲ့ရင် ဓမ္မတာ ဝေဒနာအကြို (ဥပမာ 
သားမြတ်နာကျင်တာ၊ ဆီးစပ်ကိုက်တာ၊ စိတ်တိုတာ) ကို ဆိုးရွားစွာ 
ခံစားရတတ်တယ်လို့ သုတေသန ပြုသူအများစုက ယုံကြည်ကြပါတယ်။ ဒါကြောင့် ဓမ္မတာ 
လာခါနီးရက်တွေမှာ Evening Prim Rose Oil ကို 
 သုံးလုံးမှ ခြောက်လုံးအထိ နေ့စဉ်သောက်ပေးပါ။
 
 ပြောင်းဖူးဆီနှင့် ဟင်းချက်ပါ။ 
 
 PMS ဖြစ်တာဟာ အမျိုးသမီး ဟော်မုန်းဖြစ်တဲ့ ပရိုဂျက်စထရုန်းတွေဟာ 
လစဉ်အပြောင်းအလဲ ဖြစ်လို့ပါ။ ဟော်မုန်း အပြောင်းအလဲအတွက် ဓမ္မတာ 
လာခါနီးရက်တွေမှာ ပြောင်းဖူးဆီ၊ Safflower ဆီနဲ့ anola ဆီတွေနဲ့ 
ဟင်းချက်ပါ။ ဒီအဆီတွေ အားလုံးဟာ ခန္ဓာကိုယ်မှ Prostagladin ထုတ်လုပ်မှုကို 
လွှမ်းမိုးနိုင်ပြီး PMS လက္ခဏာတွေ သက်သာနိုင်ပါတယ်။
 
 စိတ်နေ စိတ်ထား ကောင်းမွန်အောင် အောက်ပါ အစားအစာတွေ စားပါ။ 
 
 ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ သစ်ကြားသီးနဲ့ ပေါင်မုန့်ယိုသုတ်လိုမျိုး 
ကာဗွန်ဟိုက်ဒရိတ် အစာတွေ စားတာဟာ ဦးနှောက်အတွင်း စိတ်ခံစားချက်ကို 
ထိန်းချုပ်ပေးတဲ့ Serotonin အဆင့်တွေ မြင့်တတ်စေပါတယ်။ သင့်ရဲ့ စိတ်ဓာတ် 
ကျဆင်းမှု အနည်း အများပေါ်မူတည်ပြီး အစားအစာ ပြောင်းစားတာကြောင့် စိတ်သက်သာမှု
 ရစေပါတယ်။
 
 ဗီတာမင် B အားဆေးသောက်ပါ။ 
 
 အစားအစာနဲ့ 
အာဟာရပညာရှင်များရဲ့ အဆိုအရ ဗီတာမင် B6 ဟာ စိုးရိမ်စိတ်များသူ၊ 
စိတ်တိုတတ်သူနဲ့ စိတ်ဓာတ် ကျဆင်းသူတွေအတွက် အထူး ကောင်းမွန်တယ်လို့ 
သိရပါတယ်။ လေ့လာမှု အသစ်တွေအရလည်း ဗီတာမင် B6 ချို့တဲ့သူတွေမှာ 
စိတ်ပိုင်းဆိုင်ရာ အထက်ပါ ပြဿနာတွေရှိတယ်လို့ အကြံပေးထားပါတယ်။ ဗီတာမင် B6 
ဟာ ခန္ဓာကိုယ်မှ anino acids တွေကို စိတ်ခံစားမှု ကောင်းစေတဲ့ serotonin 
အဖြစ် ပြောင်းလဲစေလို့ပါ။ ဗီတာမင် B6 ၂၅ မီလီဂရမ်မှ ၅၀ မီလီဂရမ်သောက်ပေးပါ။
 
 အာဟာရကုထုံး 
 
 သင့်ရဲ့ ဟော်မုန်းတွေဟာ roller-coster လို အတတ် အဆင်းများနေရင် ပဲပုပ်၊ 
နို့ထွက်ပစ္စည်း၊ ကြက်သား၊ ကြက်ဆင်သား ဒါမှမဟုတ် ကြက်ဥလိုမျိုး Tryptophan 
ပါဝင်မှုများတဲ့ အစာစားပေးပါ။ Tryptophan ဟာ စိတ်ခံစားမှု ကောင်းစေတဲ့ 
Serotonia ထုတ်လုပ်ဖို့ နှိုးဆော်နိုင်လို့ပါ။
 
 ဓမ္မတာ လာခါနီး မျက်နှာအန်းတာနဲ့ လေပွတာဖြစ်နေရင် 
 
 အောက်ပါအဆင့် သုံးဆင့်ကို လုပ်ပေးပါ။ 
 
 ၁။ ဓမ္မတာစက်ဝန်း တစ်ခုနဲ့ တစ်ခုကြားမှာ တရုတ်နံနံပင်ကို တစ်ပတ် ၁၀ ရက်ခန့်စားပေးပါ။ သဘာဝ ဆီးဆေးဖြစ်လို့ပါ။
 
 ၂။ ငှက်ပျောသီးလိုမျိုး ပိုတတ်ဆီယမ်ဓာတ် ပါဝင်မှုများတဲ့ အစာများများစားပေးပါ။ ရေများများ သောက်ပေးပါ။
 
 ၃။ ဗီတာမင် B6 ကိုနေ့စဉ် ၁၀၀ မီလီဂရမ် သောက်ပါ။ သဘာဝဆီးဆေးပါ။ မနက် ၅၀ မီလီဂရမ်နဲ့ ည ၅၀ မီလီဂရမ် သောက်ပါ။
 
 ချင်းပြုတ်ရေသောက်ပါ။
 
 ချင်းပြုတ်ရေဟာ ပျို့အန်တာ၊ မောပန်းတာနဲ့ စိတ်ထား ပြောင်းလဲတာတွေကို 
သက်သာစေပါတယ်။ တတ်နိုင်ရင် dandelion (အဝါရောင်ပန်းပွင့်တဲ့ အလေ့ကျပန်းပင် -
 ဒုဓလီ) အမြစ်ပါ ရောစပ်ပြီး သောက်ပေးပါ။ ပိုတတ်ဆီယမ်တွေများစွာ ပါဝင်ပြီး 
ရေဓာတ်ကို ထိန်းသိမ်းနိုင်လို့ပါ။ ရေနွေးဆူဆူ နှစ်ခွက်ထဲကို 
ကြိတ်ပြီးသားချင်းမှုန့် လက်ဖက်ရေဇွန်း ၁.၅ ဇွန်းနဲ့ dandelion အမြစ်မှုန့် 
ဝ.၅ ဇွန်းထည့်ပြီး ၁၅ မိနစ်ခန့်စိမ်သောက်ပါ။
ံHealth
Myanmar News Update
 
 Essentiak fayttyacids တွေ ချို့တဲ့ရင် ဓမ္မတာ ဝေဒနာအကြို (ဥပမာ 
သားမြတ်နာကျင်တာ၊ ဆီးစပ်ကိုက်တာ၊ စိတ်တိုတာ) ကို ဆိုးရွားစွာ 
ခံစားရတတ်တယ်လို့ သုတေသန ပြုသူအများစုက ယုံကြည်ကြပါတယ်။ ဒါကြောင့် ဓမ္မတာ 
လာခါနီးရက်တွေမှာ Evening Prim Rose Oil ကို 
သုံးလုံးမှ ခြောက်လုံးအထိ နေ့စဉ်သောက်ပေးပါ။
 
ပြောင်းဖူးဆီနှင့် ဟင်းချက်ပါ။
 
PMS ဖြစ်တာဟာ အမျိုးသမီး ဟော်မုန်းဖြစ်တဲ့ ပရိုဂျက်စထရုန်းတွေဟာ လစဉ်အပြောင်းအလဲ ဖြစ်လို့ပါ။ ဟော်မုန်း အပြောင်းအလဲအတွက် ဓမ္မတာ လာခါနီးရက်တွေမှာ ပြောင်းဖူးဆီ၊ Safflower ဆီနဲ့ anola ဆီတွေနဲ့ ဟင်းချက်ပါ။ ဒီအဆီတွေ အားလုံးဟာ ခန္ဓာကိုယ်မှ Prostagladin ထုတ်လုပ်မှုကို လွှမ်းမိုးနိုင်ပြီး PMS လက္ခဏာတွေ သက်သာနိုင်ပါတယ်။
 
စိတ်နေ စိတ်ထား ကောင်းမွန်အောင် အောက်ပါ အစားအစာတွေ စားပါ။
 
ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ သစ်ကြားသီးနဲ့ ပေါင်မုန့်ယိုသုတ်လိုမျိုး ကာဗွန်ဟိုက်ဒရိတ် အစာတွေ စားတာဟာ ဦးနှောက်အတွင်း စိတ်ခံစားချက်ကို ထိန်းချုပ်ပေးတဲ့ Serotonin အဆင့်တွေ မြင့်တတ်စေပါတယ်။ သင့်ရဲ့ စိတ်ဓာတ် ကျဆင်းမှု အနည်း အများပေါ်မူတည်ပြီး အစားအစာ ပြောင်းစားတာကြောင့် စိတ်သက်သာမှု ရစေပါတယ်။
 
ဗီတာမင် B အားဆေးသောက်ပါ။
 
အစားအစာနဲ့ အာဟာရပညာရှင်များရဲ့ အဆိုအရ ဗီတာမင် B6 ဟာ စိုးရိမ်စိတ်များသူ၊ စိတ်တိုတတ်သူနဲ့ စိတ်ဓာတ် ကျဆင်းသူတွေအတွက် အထူး ကောင်းမွန်တယ်လို့ သိရပါတယ်။ လေ့လာမှု အသစ်တွေအရလည်း ဗီတာမင် B6 ချို့တဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာ အထက်ပါ ပြဿနာတွေရှိတယ်လို့ အကြံပေးထားပါတယ်။ ဗီတာမင် B6 ဟာ ခန္ဓာကိုယ်မှ anino acids တွေကို စိတ်ခံစားမှု ကောင်းစေတဲ့ serotonin အဖြစ် ပြောင်းလဲစေလို့ပါ။ ဗီတာမင် B6 ၂၅ မီလီဂရမ်မှ ၅၀ မီလီဂရမ်သောက်ပေးပါ။
 
အာဟာရကုထုံး
 
သင့်ရဲ့ ဟော်မုန်းတွေဟာ roller-coster လို အတတ် အဆင်းများနေရင် ပဲပုပ်၊ နို့ထွက်ပစ္စည်း၊ ကြက်သား၊ ကြက်ဆင်သား ဒါမှမဟုတ် ကြက်ဥလိုမျိုး Tryptophan ပါဝင်မှုများတဲ့ အစာစားပေးပါ။ Tryptophan ဟာ စိတ်ခံစားမှု ကောင်းစေတဲ့ Serotonia ထုတ်လုပ်ဖို့ နှိုးဆော်နိုင်လို့ပါ။
 
ဓမ္မတာ လာခါနီး မျက်နှာအန်းတာနဲ့ လေပွတာဖြစ်နေရင်
 
အောက်ပါအဆင့် သုံးဆင့်ကို လုပ်ပေးပါ။
 
၁။ ဓမ္မတာစက်ဝန်း တစ်ခုနဲ့ တစ်ခုကြားမှာ တရုတ်နံနံပင်ကို တစ်ပတ် ၁၀ ရက်ခန့်စားပေးပါ။ သဘာဝ ဆီးဆေးဖြစ်လို့ပါ။
 
၂။ ငှက်ပျောသီးလိုမျိုး ပိုတတ်ဆီယမ်ဓာတ် ပါဝင်မှုများတဲ့ အစာများများစားပေးပါ။ ရေများများ သောက်ပေးပါ။
 
၃။ ဗီတာမင် B6 ကိုနေ့စဉ် ၁၀၀ မီလီဂရမ် သောက်ပါ။ သဘာဝဆီးဆေးပါ။ မနက် ၅၀ မီလီဂရမ်နဲ့ ည ၅၀ မီလီဂရမ် သောက်ပါ။
 
ချင်းပြုတ်ရေသောက်ပါ။
 
ချင်းပြုတ်ရေဟာ ပျို့အန်တာ၊ မောပန်းတာနဲ့ စိတ်ထား ပြောင်းလဲတာတွေကို သက်သာစေပါတယ်။ တတ်နိုင်ရင် dandelion (အဝါရောင်ပန်းပွင့်တဲ့ အလေ့ကျပန်းပင် - ဒုဓလီ) အမြစ်ပါ ရောစပ်ပြီး သောက်ပေးပါ။ ပိုတတ်ဆီယမ်တွေများစွာ ပါဝင်ပြီး ရေဓာတ်ကို ထိန်းသိမ်းနိုင်လို့ပါ။ ရေနွေးဆူဆူ နှစ်ခွက်ထဲကို ကြိတ်ပြီးသားချင်းမှုန့် လက်ဖက်ရေဇွန်း ၁.၅ ဇွန်းနဲ့ dandelion အမြစ်မှုန့် ၀.၅ ဇွန်းထည့်ပြီး ၁၅ မိနစ်ခန့်စိမ်သောက်ပါ။

No comments:
Post a Comment