ရေကူးကန်ထဲ ဝင်စိမ်လိုက်ရရင် ကောင်းမယ်လို့ တွေးမိသူများ သိသင်တဲ့
အချက်ကို ပြောပြ လိုပါတယ်။ စစ်တမ်းကောက် ချက်အသစ် တစ်ခုအရ ရေထဲသို့ခြေ
မချခင် နောက်တစ်ကြိမ် လောက်ပြန် စဉ်းစားစေချင်ပါတယ်။ သ...ုတေသီများဟာ
ရေကူးကန်များရဲ့ဇကာများကို ယူပြီး စစ်ဆေး စမ်းသပ်ကြည့် တဲ့အခါ
ထိုရေကူးကန်များရဲ့ ထက်ဝက် ကျော်မှာ လူသား တွေရဲ့မစင်မှာ တွေ့ရတတ်တဲ့
ဗက်တီရီးယား အီးကိုလိုင်ကို စစ်ဆေးတွေ့ရှိ ခဲ့ကြပါတယ်။ ဒါဟာ ရေကူး
သူများဟာ ရေကူးနေစဉ် အညစ်အကြေး စွန့်မိခြင်းကြောင့် လည်းကောင်း၊
ရေကူးကန်ထဲသို့ မဝင်ခင် ရေမချိုး မိခြင်းကြောင့် ခန္ဓာကိုယ်မှ
အညစ်အကြေးများ ရေကူး ကန်ထဲသို့ ဝင်သွားခြင်းကြောင့် လည်းကောင်း
ဖြစ်နိုင်တယ်လို့ အမေရိကန် ပြည်ထောင်စု ရောဂါ ထိန်းချုပ်ရေးနှင့်
ကာကွယ်ရေး ဌာနမှ ထုတ်ပြန်ချက် အရ သိရှိရပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ
အများ ပြည်သူသုံး ရေကူးကန် များတွင် အညစ်အကြေးများ ရှိခြင်းဟာ
အဖြစ်များတဲ့ ပြဿနာ တစ်ခုဖြစ်ပါတယ်။ ဒီလေ့လာမှုဟာ အခြားသော ကိုယ်ပိုင်
ရေကူးကန်များ၊ ရေလွှာလျှောစီးပန်း ခြံများနှင့် အခြားသော
အပန်းဖြေနေရာများရှိ ရေကန်များကို စစ်ဆေးခြင်း မပါဝင် သေးပါဘူး။ 
  
ဇင်မာမြင့်
BY HEALTH DIGESTSee More
 ဇင်မာမြင့်
BY HEALTH DIGESTSee More
No comments:
Post a Comment