ဒီတိုင်းနေရင်တော့ မီးလုံးက အဆိပ် မသင့်ပါဘူး။ သို့ပေမယ့် ကွဲသွားရင်တော့ အဆိပ်သင့် စေပါတယ်။ ဖြစ်ပုံက ဒီလိုပါ။
မီးသီးတွေရဲ့ အထဲက အသုံးပြုတဲ့ သတ္တများမှာ
 မာကျူရီ ပါရှိပါတယ်။ မာကျူရီကြောင့်လည်း လျှပ်စစ် ကောင်းကောင်း ကူးပြီး 
အလင်းရောင် တောက်တောက် ပေးပါ တယ်။ သူက အထဲမှာ အမြဲ လောင်ကျွမ်း နေရတာပါ။ 
အကယ်၍ မီးလုံး တစ်လုံးသာ ကွဲသွားမယ်ဆိုရင် အတွင်းက မာကျူရီဟာ အပြင်ရောက် 
သွားပါတယ်။ မီးဖွင့် ထားသည် ဖြစ်စေ၊ မဖွင့်ထားသည် ဖြစ်စေ မာကျူရီ အငွေ့ ဟာ 
အခန်းထဲကို အမြန်ဆုံး ပျံ့ နှံ့ သွားပြီး မာကျူရီ အဆိပ်သင့်ခြင်းကို 
ဖြစ်ပေါ် စေပါတယ်။
ယခုနောက်ပိုင်း တိုက်တာ အဆောက်အအုံ တွေမှာ
 မီးလောင်ရင် ဝါယာကြိုး ညှော်နှံ့ထက် မာကျူရီ ညော်နှံ့က ပိုအဆိပ် 
ပြင်းတယ်လို့ ဆိုပါတယ်။ အသက်ရှူ လမ်းကြောင်းနဲ့ ဆက်စပ် ရောဂါကို ဖြစ်စေပြီး
 အဆိုးဆုံး ကတော့ အသက် ဘေးအန္တရာယ် အထိ သက်ရောက်စေခြင်း ဖြစ်ပါတယ်။
ဒါကြောင့် အိမ်မှာ မီးသီးကွဲရင် လက်နဲ့ 
တိုက်ရိုက် ထိတွေ့ခြင်းကို ရှောင်ကြဉ် ရမယ်လို့ တိုက်တွန်း ထားပါတယ်။ အဝတ်စ
 တစ်ခုခုခံပြီးမှ ကောက်ပြီး ပလပ်စတစ်ထဲမှာ လုံလုံခြုံခြုံ ထည့်လို့ 
စွန့်ပစ်ရမှာ ဖြစ်ပါတယ်။ မာကျူရီ အဆိပ်သင့်မှုဟာ မြို့ကြီး ပြကြီးတွေမှာ 
ပိုမို အဖြစ်များလေ့ ရှိကြောင်း သိရပါတယ်။
Ref: medic-facts
ရိုးရာလေး
http://www.myawady.net.mm/health/knowledge/item/8105-2013-03-01-09-49-50 
No comments:
Post a Comment