Laptop အသုံးပြုသူများ သတိထားရန် ဆိုးကျိုးများ
 
 ဆိုးကျိုးချည်း ရေးသားတင်ဆက်နေလို့ ဘယ်အရာမှ မကောင်းပါဘူးလို့ ads.com.mm မှ ရေးသားတင်ဆက်နေခြင်း မဟုတ်ရပါ။ ဘယ်အရာပဲ ဖြစ်ဖြစ်
 အကောင်းနှင့် အဆိုးများက ဒွန်တွဲနေစမြဲ ဖြစ်ပါတယ်။ ဒီတော့ 
နည်းပညာပစ္စည်းများရဲ့ ကောင်းတဲ့ အကျိုးကျေးဇူး တွေကတော့ လူတော်တော်များများ
 သိကြပြီး ဆိုးကျိုးဖြစ်လာနိုင်တဲ့ အချက်လေးတွေလည်း သိရှိရန် လိုအပ်ပါတယ်။ 
ဆိုးကျိုးဆိုလို့ တမင်ချဲ့ ထွင် ဆိုးစေခြင်း မဟုတ်ပဲ တကယ်ပဲ 
ဆေးပညာရှင်များက သေချာလေ့လာပြီး ပြောဆိုလာတဲ့ ဆိုကျိုးများ ဖြစ်ပါတယ်။ 
ဒီတစ်ခါ အသိပေးစရာက Laptop အသုံးပြုခြင်းမှ ရရှိတဲ့ ဆိုးကျိုး ဖြစ်ပါတယ်။ 
 
 လပ်(ပ်)တော့ (Laptop) 
 
 အသုံးပြုသူများဟာ ပြည်ပမှာတင်မကပဲ ပြည်တွင်းမှာပါ Laptop အသုံးပြုသူ 
အရေအတွက် များပြားနေပါပြီ။ သယ်သွားသယ်လာလွယ် ကူခြင်းကြောင့်လည်း နေရာတကာမှာ
 Laptop user များကို တွေ့မြင်နေရပါပြီ။ Laptop အသုံးပြုပြီဆိုရင် 
ဖြစ်နိုင်တဲ့ ဆိုးကျိုးများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 
 
 Pain in the Neck
 
 လည်ပင်းနာကျင်ကိုက်ခဲတာကတော့ Laptop အသုံးပြုသူတိုင်း 
လက်တွေ့ခံစားနေရတာမို့ သိပ်ရှင်းပြန်ရန် မလိုပါလို့ ယူဆပါတယ်။ Laptop မှာ 
မျက်နှာပြင်နဲ့ ကီးဘုတ်က တစ်ဆက်တည်းဖြစ်ပြီး အရမ်းနီးကပ်ပါတယ်။ ဒါကြောင့် 
သာမန် PC တွေလိုမဟုတ်ပဲ လည်ပင်းလှုပ်ရှားမှု ဒီဂရီများပါတယ်။ 
အကျိုးဆက်ကတော့ လည်ပင် ကြွက်သားနဲ့ အကြောများ ကိုက်ခဲခြင်း ဖြစ်ပါတယ်။ 
 
 Shoulder Cramp 
 
 ပုခုံး ကြွက်တက်ခြင်း လို့ခေါ်တဲ့ Shoulder Cramp က ခရီးသွားတိုင်း၊ 
အပြင်ထွက်တိုင်း Laptop အမြဲ သယ်ဆောင်သူများ ဖြစ်တတ်ပါတယ်။ လပ်တော့ရဲ 
့မျက်နှာပြင် သေးငယ်မှုကြောင့် အာရုံစိုက်ကြည့်ရှုရန် ပုခုံး နှစ်ဖက် 
ကြွက်သားများ အလိုလို ကျုံ့ သွားကြပါတယ်။ ဒါကို တော်တော်များမျာ 
သတိမထားမိကြပါဘူး။ အာရုံကြောက အလိုအလျောက် အလုပ်လုပ် သွားခြင်း ဖြစ်ပါတယ်။ 
မျက်နှာပြင်ကျဉ်းကျဉ်းထဲက အရာတွေ ကို မြင်နိုင်အောင် မျက်စိက 
အာရုံစိုက်ရင်း ပုခုံးနှစ်ဖက် ကြွက်သားနဲ့ အကြောတွေ အလိုလို ရှေ 
့တိုးနောက်ဆုပ် လုပ်နေကြပါတယ်။ တစ်ရက်ကို ၄၊ ၅ နာရီမက Laptop 
အသုံးပြုသူဆိုရင် ပုခုံးခဏခဏ တွန့်နေရမှုကြောင့် ကြွက်သားများ Compressed 
ဖြစ်မှုကြောင့် ပုခုံးကြွက်တတ်တတ်ပါ တယ်။ ပြီးတော့ လူအတော်များများဟာ 
Laptop အသုံးပြုနေချိန်မှာ ရှိရမယ့် ကိုယ်ဟန်အနေအထားကို မေ့နေကြပါတယ်။ 
ဒီအချက်ကြောင့်လည်း ပုခုံးဟာ တော်တော်ဒဏ်ခံရတဲ့ အစိတ်အပိုင်းတစ်ခု 
ဖြစ်ပါတယ်။ 
 
 Twitching and Swelling in the Fingers
 
 
Laptop ရဲ့  ကီးဘုတ်က သာမန် PC များရဲ့  ကီးဘုတ်နဲ့မတူပါ ဘူး။ သေးငယ်တဲ့ 
နေရာထဲမှာ အသုံးပြုလို့ အဆင်ပြေအောင် မဖြစ်ဖြစ်တဲ့နည်း နဲ့ စုစည်းထားတာ 
ဖြစ်ပါတယ်။ ဒီတော့ လက်ရဲ့ လုပ်ဆောင်ချက်က အခြား ကီးဘုတ်များနဲ့မတူပါဘူး။ 
လက်ချောင်းများရဲ့ သွားပုံသွားနည်းကလည်း အဝန်းအဝိုင်းငယ်ငယ်လေး ထဲမှာ 
ဝေ့ပတ်နေပါတယ်။ လက်ကောက်ဝတ် ကလည်း သာမန်အချိန်ထက် ပိုမို ကွေးဆန့် 
အလုပ်လုပ်နေရပါတယ်။ ဒီမှာ အလေ့အထ မရှိသူက လက်ချောင်းတိုင်းကို အားနဲ့ 
typing ရိုက်ရင်တော့ အကြောလွဲနိုင်ပါတယ်။ 
 
 Vision Fatigue
 
 အမြင်အာရုံကတော့ ကြိမ်းသေ ထိမှာ ဖြစ်ပါတယ်။ Laptop မျက်နှာပြင်ကျဉ်း 
ကျဉ်းလေးကို ကြည့်ရှုဖို့အတွက် ပိုမို အာရုံစိုက်ရပါတယ်။ ပြီးတော့ သာမန် PC
 တွေထက် အသုံးပြုရာမှာ မျက်နှာ နီးကပ်နေပါတယ်။ ဒီတော့ မျက်စိအာရုံကြောတွေ 
ပင်ပန်းနွမ်းနယ်ပြီး ဒဏ်ဖြစ်စေပါတယ်။ 
 
 Spine and Nerves
 
 
ကြောရိုးနဲ့ အာရုံကြောထိခိုက်မှုကိုတော့ Laptop ကိုအချိန်ကြာအသုံးပြုသူတွေ 
ပိုသိရှိနိုင်ပါတယ်။ Laptop ဆိုတာ Lap (ပေါင်)ပေါ်မှာ တင်သုံးတဲ့ ကွန်ပျူတာ 
ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ပေါင်ပေါ်မတင်ပဲ စားပွဲပေါ် တင်သုံးပါတယ်။ 
ဘယ်လိုပဲ သုံးသုံးပါ။ Laptop အသုံးပြုနေစဉ် အာရုံစူးစိုက်နေရမှုကြောင့် 
ခန္ဓာကိုယ် ကိုယ်ဟန် အနေအထား သိသိသာသာပြောင်းလဲသွားပါတယ်။ အထူးသဖြင့် 
ခါးမတ်ဖို့ မေ့တတ်ကြ ပါတယ်။ ခါးမတ်ရင်တော့ လည်ပင်းမတ်ဖို့မေ့ပါတယ်။ 
လည်ပင်ရော၊ ခါးကော၊ ကျောရိုးကော ပုံမှန် ကိုယ်ဟန် အနေအထား မရှိဘူးဆို 
ရင်တော့ ကြောရိုးနဲ့ အာရုံကြောကို ထိခိုက်ဖို့က ကြိမ်းသေနေပါပြီ။ 
 
 The Hot Laps
 
 ဒါကတော့ Laptop ကို ပေါင်ပေါ်တင်အသုံးပြုသူများမှသာ ဖြစ်တတ်ပါတယ်။ Laptop 
ဘက်ထရီက အပူတွေ ထုတ်လွတ်နေပါတယ်။ မနားမနေအလုပ် လုပ်ရတဲ့ ဘက်ထရီက 
ထုတ်တဲ့အပူချိန်ဟာ မနည်းပါဘူး။ ဒါကို ဂရုမပြုမိ ပဲ ပေါင်ပေါ်တင်သုံးသူများ 
အနေနဲ့ အသား ကြိမ်းစပ်ခြင်း၊ အရည်ကြည်ဖူ ထခြင်း တို့ ဖြစ်နိုင်ပါတယ်။ 
 
 R.S.I. ( Repetitive Strain Injury)
 
 လည်ပင်း၊ ပုခုံး၊ ကြောရိုး၊ အာရုံကြော၊ လက်ချောင်း တို့အပြင် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေနာကျင်မှုဟာ
 တစ်ကြိမ်တစ်ခါ ဖြစ်ပြီး မပြီးဆုံးပါ ဘူး။ Laptop ကိုအချိန်နာရီအတော်ကြာ 
ထပ်ခါထပ်ခါ အသုံးပြုနေ သူများအတွက် နာကျင်မှုကို ထပ်ခါထပ်ခါ 
ပြလုပ်ခြင်းနဲ့တူပါတယ်။ ဒါကြောင် laptop အသုံးမပြုတော့တဲ့ အချိန်မှာတောင် 
ဒီနာကျင်မှုတွေက ရှိနေတတ်ပြီး အသက်အရွယ်ကြီးလာတဲအချိန်ကျရင် ကြိမ်းသေ 
ခံစားရမှာ ဖြစ်ပါတယ်။ 
 
 ဒါကြောင့် Laptop ကို တစ်ရက် ၄/၅ နာရီအထက် 
အသုံးပြုသူများ ပိုမို သတိထားရန် လိုအပ်ပါတယ်။ ဒါကြောင့် Laptop 
အသုံးပြုလျှင် သိသင့်သော ကျန်းမာရေးအချက်အလက်များကို ဆက်လက်မျှဝေလိုပါတယ်။ 
Site effect နည်းနည်းနဲ့ Laptop တစ်လုံးကောင်းကောင်း အသုံပြုနိုင်ရန် 
ဆောင်ရန်ရှောင် ရန်များကို သိထားရန် လိုအပ်ပါသေးတယ်။
 
 ads.com.mm
http://friendsdaygroup.ning.com/profiles/blog/show?id=2293535%3ABlogPost%3A1594440&xgs=1&xg_source=msg_share_post 
   
      
    !-kp-3နည်းပညာ-http:>
Subscribe to:
Post Comments (Atom)
No comments:
Post a Comment