ရဟန်းတို့ ၊ မိမိအကျိုးစီးပွားကို အလိုရှိသောသူသည် အချက်လေးခု၌ မမေ့မလျှော့ သတိထားပြီး စိတ်ကို စောင့်ရှောက်ရမည်၊ 
 
 အဘယ်အချက်လေးခုနည်း ဆိုသော်---
 
 ( ၁ ) တပ်မက်စရာအာရုံတို့၌ ငါ့စိတ်ကို မတပ်မက်စေလင့်ဟု 
 မမေ့မလျော့ သတိထားပြီး စိတ်ကိုစောင့်ရှောက်ရမည်။
 
 ( ၂ ) အမျက်ထွက်စရာကိစ္စတို့၌ ငါ့စိတ်သည် အမျက်မထွက်စေလင့်ဟု မမေ့မလျော့ သတိထားပြီး စိတ်ကိုစောင့်ရှောက်ရမည်။
 
 ( ၃ ) တွေဝေစရာကိစ္စတို့၌ ငါ့စိတ်သည် မတွေဝေစေလင့်ဟု 

 ( ၄ ) မာန်ယစ်စရာအကြောင်းတို့၌ ငါ့စိတ်သည် မာန်မယစ်စေလင့်ဟု မမေ့မလျော့ သတိထားပြီး စိတ်ကိုစောင့်ရှောက်ရမည်။
 
 ရဟန်းတို့ မိမိအကျိုးစီးပွားကို အလိုရှိသောသူသည် ဤအချက်လေးခု၌ မမေ့မလျော့ သတိထားပြီး စိတ်ကိုစောင့်ရှောက်ရမည်။
 
 ( စတုက္ကအင်္ဂုတ္တိုရ်၊ တတိယပဏ္ဏာသက ၃-ကေသိဝဂ်၊ ၇-အာရက္ခသုတ် )
 
 Dhamma Danã Source ►
 www.facebook.com/ youngbuddhistassociation.mm
 
 အေးချမ်းမွန်မှ   Young Buddhist's Association တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

www.facebook.com/
အေးချမ်းမွန်မှ Young Buddhist's Association တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။
No comments:
Post a Comment