ပဲရစ် ဖေဖော်ဝါရီ   ၁၉
အသင့်စား  အစား အစာများကို ပုံမှန် 
စားသုံးသူ များသည် ကျန်းမာရေးကို အထောက်အကူ မပြုရုံသာ မက အသည်းရောင် 
ရောဂါကဲ့သို့ ဆင်တူသော ရောဂါ များ ဖြစ်ပွားပြီး အသည်းကို ပျက်စီး 
စေနိုင်ကြောင်း ပြင်သစ် ဆရာဝန် များ၏ လေ့လာ တွေ့ရှိချက် အရ သိရသည်။
အသင့်စား အစားအစာ များကို တစ်လကြာ 
စားသောက်ခဲ့သည့် သူများအား ဆရာဝန် များက လေ့လာခဲ့ ကြရာ ၎င်းတို့၏ အသည်းများမှာ
 သိသိသာသာ ပြောင်းလဲ လာခဲ့ကြောင်း ရုပ်သံ အစီအစဉ် များတွင် ထုတ်လွှင့် 
ပြသခဲ့သည်။
အသင့်စား အစားအစာ များတွင် ပုံမှန်ထက် 
လွန်ကဲသော ပစ္စည်းများ ပါဝင်ခြင်းကြောင့် ကျန်းမာရေး အတွက် အန္တရာယ် 
ရှိစေနိုင်ပြီး ကြွပ်ရွ လတ်ဆတ်သော အစား အစာများ ရရှိရန် အတွက် ဆား၊ ဆီနှင့်
 သကြား တို့ကို အလွန်အကျွံ အသုံးပြု ထားကြောင်း ဒေါက်တာ အော်ဒွန်က 
ပြောကြားခဲ့သည်။
အသင့်စား အစားအစာ များအနက် 
ကြက်သားကြော်နှင့် ကြက်သွန်ကြော် များတွင် ပါဝင်သော အဆီများနှင့် ပြည့်ဝဆီ 
များသည် အသည်း အဆီဖုံး ရော ဂါ ဖြစ်စေနိုင်သည်။ အသည်း အင်ဇိုင်းများ 
ပြောင်းလဲ မှုကြောင့် အသည်းရောင် ရောဂါ ဖြစ်ပွားနိုင်ပြီး အသည်းရောင် 
ရောဂါကြောင့် နောက်ဆုံးတွင် အသည်း ပျက်စီးနိုင် ကြောင်း  ဒေါက်တာ အော်ဒွန်က
 ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံ၏ အသင့် စားသုံးနိုင်သော စားသောက်ဆိုင် ၁၆ဝဝဝဝ တွင် နေ့စဉ် စားသုံးသူ ဦးရေမှာ သန်း ၅ဝ ခန့် ရှိကြောင်း သိရသည်။
အသင့်စား စားသောက်ဆိုင်တွင် ရောင်းချသည့် 
အစားအစာ များသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်း လတ်ဆတ်မှု ရှိသည့် 
အသွင်မျိုး ရှိသော်လည်း အစား အစာများကို သန့်ရှင်းစွာ ထိန်းသိမ်းမှု 
မရှိသည့် အပြင် ဓာတု ပစ္စည်းများ ပါဝင်ခြင်းကြောင့် ကျန်းမာရေးကို ထိခိုက် 
စေနိုင်ကြောင်း အော်ဒွန်က သတိပေး ပြောကြား ခဲ့သည်။
အင်တာနက်
http://myawady.net.mm/health/knowledge/item/7345-2013-02-20-09-44-09 
No comments:
Post a Comment