ဝိုင်နီနဲ့ ချိုးတဲ့နည်းက ဂျပန်နိုင်ငံမှာ ခေတ်စားနေတဲ့ 
ချိုးနည်းတစ်ခုဖြစ်ပါတယ်။ ဂျပန်နိုင်ငံ Hakone Kowakien က ရေပူစခန်းမှာ 
ချိုးနိုင်ပါတယ်။ ရေနွေးကန်ထဲမှာ ဝိုင်ဖြင့်ရောစပ်ထားတဲ့ ရေနွေးနွေးကို 
စိမ်နေရတာဟာ တကယ့်ကို ထူးခြားတဲ့ ခံစားမှုမျိုးကို ပေးနိုင်တယ်လို့ဆိုပါတယ်။
 ဝိုင်ကန်ထဲမှာ စိမ်နေရင်း နှစ်သက်သူများက ဝိုင်ကိုသောက်သုံးနိုင်ပါတယ်။
 ဝိုင်အနီဟာ အရေပြားကို နုပျိုလှပစေပြီး ဆဲလ်အသစ်များဖြစ်ပေါ်ခြင်းကို 
အားပေးတယ်လို့ ဆိုပါတယ်။ ဝိုင်နှစ်သက်ကြတဲ့ ကိုကိုမမ၊ မောင်ညီမများ 
ဝိုင်ဖြင့်ရေချိုးသွားခဲ့ရင် ကန်ထဲက ဝိုင်တွေကို ကုန်အောင်သောက်ခဲ့ကြပါလို့
 မှာလိုက်ပါရစေး)
 
 အချို့သော မိန်းမပျိုတို့ကတော့ ရေနွေးနွေးကို စပျစ်ဝိုင်အညိုရောင်ဖြင့်ရောစပ် လို့
 ချိုးကြပါတယ်။ ဝိုင်နဲ့ ချိုးပြီးလို့ အပြင်ထွက်တဲ့အခါ 
ဘယ်လိုရေမွှေးမျိုးကိုမှ သုံးဖို့မလိုအောင် ခန္ဓာကိုယ်ပေါ်မှာ ဝိုင်ရဲ့ ရနံ့က 
စွဲကျန်နေရစ်ခဲ့တာက သိပ်ကို နှစ်သက်ဖို့ကောင်းတယ်လို့ ပြောကြပြန်ပါတယ်။ 
ဝိုင်နဲ့စိမ်ပြီးတော့ ရေအေးနဲ့ ပြန်မချိုးဘူးလား မသိနော်း)
 
 ဗဟုသုတအဖြစ်ဖေါ်ပြပေးလိုက်ပါတယ်ခ င်ဗျာ
 
 http://on.fb.me/UWRK0Q
  Credit  ►
 လမင်းမောင်
 
အချို့သော မိန်းမပျိုတို့ကတော့ ရေနွေးနွေးကို စပျစ်ဝိုင်အညိုရောင်ဖြင့်ရောစပ်
ဗဟုသုတအဖြစ်ဖေါ်ပြပေးလိုက်ပါတယ်ခ
http://on.fb.me/UWRK0Q
Credit ►
လမင်းမောင်
No comments:
Post a Comment