တရားခံ မွှာကောင်များ
သင့်ကို နှာချေစေတဲ့ အကြောင်း ရင်းဟာ 
ခွေးနဲ့ ဓာတ်မတည့်လို့ မဟုတ် ဘဲနဲ့ ခွေးလေး နေထိုင် လေ့ရှိတဲ့ နေရာတွေမှာ 
ရှိနေတတ်တဲ့ မွှားကောင် တွေကြောင့် ဖြစ်တတ်ပါတယ်။ မွှားကောင် တွေဟာ လူတွေကို 
ဓာတ်မတည့်မှု ဖြစ်စေတဲ့ အဓိက သတ္တဝါ ဖြစ်ပါတယ်။
ဒါကြောင့် ခွေးလေးရဲ့ အိပ်ရာကို ဖြစ်နိုင်လျှင် အပတ်စဉ် လျှော်ဖွပ်ပေးပါ။ လေဝင် လေထွက် ကောင်းတဲ့ နေရာမှာ ရွှေ့ထားလိုက်ပါ။
ဓာတ်မတည့်မှုဖြစ်ပေါ်စေသော ကြောင့်ကြောင်တွေရဲ့ တံတွေးမှာ ပြင်းထန်တဲ့ 
ဓာတ်မတည့်မှု ပစ္စည်းတွေ ပါဝင်ပါတယ်။ ခွေးတွေလို အမွေးကြောင့် ဓာတ်မတည့်မှု 
ဖြစ်ပေါ်လာမှာ စိုးရိမ်စရာ မလိုပါဘူး။ အချို့သောကြောင် အမျိုးအစားများ 
ဆိုင်ဘေးရီး ယန်းကြောင်၊ ရုရှားကြောင်ပြာ စတဲ့ အမျိုးအစား တွေကတော့ 
ဓာတ်မတည့်မှုကို ဖြစ်ပေါ် စေသည့်နှုန်း နည်းပါးပါတယ်။ ဒါပေမယ့် ဓာတ်မတည့်မှု 
ရောဂါ ဝေဒနာရှင်နဲ့ တည့်သော ကြောင်အမျိုးအစား ရယ်လို့တော့ မရှိပါဘူး။ ဝေဒနာ
 လက္ခဏာများ ခွေးနှင့် ဓာတ်မတည့် မှုကြောင့် ခံစားရနိုင်သော ဝေဒနာများမှာ
- ချောင်းဆိုးခြင်း၊ အသက်ရှုလျှင် တရွှီရွှီ မြည်ခြင်း၊
- မျက်လုံးနီရဲ၊ ယားယံလာခြင်း
- နှာခေါင်း ယားလာပြီး နှာစေး၊ နှာချေလာခြင်း
- နှာခေါင်းပိတ်ခြင်း RAST 
(radioallergosorbent test လို့ခေါ်တဲ့ အရေပြား သို့မဟုတ် သွေးစစ်ဆေး 
ခြင်းဖြင့် ဘာကြောင့် ဓာတ်မတည့် မှုဖြစ်ပေါ် ရသလဲ ဆိုတဲ့ အကြောင်းရင်းကို 
သိရှိနိုင်ပါတယ်။ ခွေးကြောင့်လား၊ မှိုကြောင့်လား၊ ဝတ်မှုန်တွေကြောင့်လား 
ဆိုတာကို ယေဘုယျအားဖြင့် ခန့်မှန်းလို့ ရပါတယ်။
ဓာတ်မတည့်မှုဖြစ်ခြင်းကို ဘယ်လိုလျှော့ချမလဲ
မိသားစု အတွင်းမှာ ခွေးနဲ့ဓာတ် မတည့်တဲ့သူ
 တစ်ယောက်ရှိ နေပြီး ဆက်မွေးချင်တဲ့ အခြေ အနေမှာ ဓာတ်မတည့်မှု ဖြစ်ခြင်းကို 
တတ်နိုင် သမျှ လျော့နည်းအောင် ဆောင်ရွက် နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
- ခွေးကို အိပ်ခန်းထဲ ပေးမဝင်ပါနဲ့။
- အိမ်အပြင်ဘက်မှာ ခွေးနဲ့ဆော့ ကစားနိုင်ပါတယ်။
- ခွေးကို ကိုင်ပြီးတာနဲ့ လက်ကို သေချာစွာဆေးကြောပါ။
- ခွေးကို တစ်ပတ်တစ်ခါ ရေချိုးပါ။
-ကော်ဇော၊ ခြေသုတ်ဝတ်၊ ကြမ်း 
သုတ်ဝတ်များကို အမြဲသန့်ရှင်း အောင်ထားပါ။ စွန့်လွှတ် လိုက်ပါ နှာချေခြင်း၊ 
ရင်ကျပ်ခြင်းတို့ဟာ သိပ်ပြီး စိုးရိမ်စရာ မရှိပေမယ့် သင့်ရဲ့ ကလေးငယ်မှာ 
ပြင်းထန်တဲ့ အိမ်မွေး တိရစ္ဆာန်နဲ့ ဓာတ်မတည့်မှု ရောဂါ ရှိနေမယ် ဆိုရင်တော့ 
အိမ်မွေး တိရစ္ဆာန် ငယ်လေးကို အခြား အိမ်တစ်အိမ်ကို ပို့လိုက်ဖို့ ပြင်ဆင် 
သင့်ပါတယ်။
မောင် Ref: Healthcare Asia.
http://www.myawady.com.mm/health/knowledge/item/3261-2013-01-01-09-58-55 
No comments:
Post a Comment