သည်းခြေရည် (Bile) ကို အသည်း ကနေ ထုတ်ပြီး သည်းခြေအိတ်ထဲမှာ သိုလှောင် 
ထားပါတယ်။ သည်းခြေရည်ထဲမှာ ဘီလီ ရူဘင်၊ သည်းခြေရည်ထဲမှာ ဘီလီရူဘင်၊ 
သည်းခြေဆား (Bile Salt) ၊ ဖက်တီး အက်စစ်၊ ကိုလက်စရောနဲ့ တခြား ဓာတု 
ပစ္စည်းတွေ ပါဝင်နေပါတယ်။ အူသိမ်ရဲ့ အပေါ်ပိုင်းမှာရှိတဲ့ အစာထဲက အဆီတွေဟာ 
သည်းခြေအိတ်ကနေ သည်းခြေရည် ထုတ်အောင် လှုံ့ဆော်ပေးပါတယ်။
 
 အဲဒီအခါ သည်းခြေရည်ထဲမှာ ကိုလက်စထရော ပမာဏ စုဆောင်းမိရင် ပုံဆောင်ခဲအဖြစ် အနည်ကျရာက သည်းခြေ ကျောက်ဖြစ်လာတတ်ပါတယ်။
 
 သည်းခြေကျောက်တည်တာက ပုံမှန်ထက် ပိုဝတဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ 
 
 အသင့်အတင့်ဝရင်တောင် သည်းခြေ ကျောက်တည် နိုင်တဲ့ အခွင့်အလမ်း ရှိနေတတ်ပါတယ်။
 
 လေ့လာမှုအရ အသက် ၂၀-၃၀ အရွယ် ဝတဲ့ အမျိုးသမီးတွေဟာ ပုံမှန် ကိုယ်အလေးချိန် 
ရှိတဲ့ အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် သည်းခြေရောဂါဖြစ်နိုင်ခြေ 
ခြောက်ဆပိုများကြောင်း သိရပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်များခြင်းနဲ့ 
သည်းခြေကျောက်တည်ခြင်း ဆက်စပ် ရတဲ့ အကြောင်းရင်းကို တိတိကျကျ 
မသိကြသေးပါဘူး။
 
 ကိုယ်အလေးချိန် ပုံမှန်ထက်များတာဟာ သည်းခြေအိတ်ရဲ့
 စွမ်းဆောင်အားကျစေကာ ကိုလက်စထရော ထုတ်လုပ်မှုများတာကြောင့် 
သည်းခြေကျောက်တည်ရတာလို့ သိပ္ပံ ပညာရှင်တွေက ယုံကြည်ကြပါတယ်။
 
အစားအသောက်ကို ရုတ်တရက်လျှော့ချလိုက်တာနဲ့ ထမင်းတနပ် မစားဘဲ နေတာ တွေဟာလည်း
 သည်းခြေအိတ်ရဲ့ ကျုံဆန့်နိုင်စွမ်း ကျစေကာ ကိုလက်စထရောနဲ့ သည်းခြေဆား 
ဟန်ချက်ညီမှု ပြောင်းလဲပြီး သည်းခြေကျောက်တည် စေနိုင်ပါတယ်လို့ 
လတ်တလောလေ့လာမှုတွေက ဆိုပါတယ်။
 
 ဒါကြောင့် အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွှတ်တာစားပြီး အဆီပါဝင်မှုနည်းတာကို ရွေးစားပါ။ 
 
 ကိုယ်အလေးချိန် ပုံမှန်ထက်များနေလို့ ဝိတ်လျှော့ချင်ရင် ဖြည်းဖြည်းချင်း 
လျှော့သွားပါ။ တကယ်လို့ သင့်မှာ သည်းခြေကျောက်တည်တဲ့ ပြဿနာ ခံစား နေရ 
ရင်တော့ ဝိတ်မလျှော့ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဆွေးနွေးဖို့ 
လိုပါတယ်။
 
Health
http://www.facebook.com/mg.mandalay 
 
သည်းခြေရည် (Bile) ကို အသည်း ကနေ ထုတ်ပြီး သည်းခြေအိတ်ထဲမှာ သိုလှောင် 
ထားပါတယ်။ သည်းခြေရည်ထဲမှာ ဘီလီ ရူဘင်၊ သည်းခြေရည်ထဲမှာ ဘီလီရူဘင်၊ 
သည်းခြေဆား (Bile Salt) ၊ ဖက်တီး အက်စစ်၊ ကိုလက်စရောနဲ့ တခြား ဓာတု 
ပစ္စည်းတွေ ပါဝင်နေပါတယ်။ အူသိမ်ရဲ့ အပေါ်ပိုင်းမှာရှိတဲ့ အစာထဲက အဆီတွေဟာ 
သည်းခြေအိတ်ကနေ သည်းခြေရည် ထုတ်အောင် လှုံ့ဆော်ပေးပါတယ်။
 
အဲဒီအခါ သည်းခြေရည်ထဲမှာ ကိုလက်စထရော ပမာဏ စုဆောင်းမိရင် ပုံဆောင်ခဲအဖြစ် အနည်ကျရာက သည်းခြေ ကျောက်ဖြစ်လာတတ်ပါတယ်။
 
သည်းခြေကျောက်တည်တာက ပုံမှန်ထက် ပိုဝတဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။
 
အသင့်အတင့်ဝရင်တောင် သည်းခြေ ကျောက်တည် နိုင်တဲ့ အခွင့်အလမ်း ရှိနေတတ်ပါတယ်။
 
လေ့လာမှုအရ အသက် ၂၀-၃၀ အရွယ် ဝတဲ့ အမျိုးသမီးတွေဟာ ပုံမှန် ကိုယ်အလေးချိန် ရှိတဲ့ အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် သည်းခြေရောဂါဖြစ်နိုင်ခြေ ခြောက်ဆပိုများကြောင်း သိရပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်များခြင်းနဲ့ သည်းခြေကျောက်တည်ခြင်း ဆက်စပ် ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိကြသေးပါဘူး။
 
ကိုယ်အလေးချိန် ပုံမှန်ထက်များတာဟာ သည်းခြေအိတ်ရဲ့ စွမ်းဆောင်အားကျစေကာ ကိုလက်စထရော ထုတ်လုပ်မှုများတာကြောင့် သည်းခြေကျောက်တည်ရတာလို့ သိပ္ပံ ပညာရှင်တွေက ယုံကြည်ကြပါတယ်။
 
အစားအသောက်ကို ရုတ်တရက်လျှော့ချလိုက်တာနဲ့ ထမင်းတနပ် မစားဘဲ နေတာ တွေဟာလည်း သည်းခြေအိတ်ရဲ့ ကျုံဆန့်နိုင်စွမ်း ကျစေကာ ကိုလက်စထရောနဲ့ သည်းခြေဆား ဟန်ချက်ညီမှု ပြောင်းလဲပြီး သည်းခြေကျောက်တည် စေနိုင်ပါတယ်လို့ လတ်တလောလေ့လာမှုတွေက ဆိုပါတယ်။
 
ဒါကြောင့် အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွှတ်တာစားပြီး အဆီပါဝင်မှုနည်းတာကို ရွေးစားပါ။
 
ကိုယ်အလေးချိန် ပုံမှန်ထက်များနေလို့ ဝိတ်လျှော့ချင်ရင် ဖြည်းဖြည်းချင်း လျှော့သွားပါ။ တကယ်လို့ သင့်မှာ သည်းခြေကျောက်တည်တဲ့ ပြဿနာ ခံစား နေရ ရင်တော့ ဝိတ်မလျှော့ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။

No comments:
Post a Comment