
ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသားကတော့ ဂျပန်နိုင်ငံမှ အသက် ၄၀ အရွယ် ဖက်ရှင် ဒီဇိုင်နာ Kazuhiro Watanabe ဖြစ်ပါတယ်။
လက်ရှိ သူထောင်ပြခဲ့ ဆံပင်ကတော့ အမြင့် ၃ပေ ၈.၆ လက်မ (၁.၃ မီတာ) ရှိပါတယ်။ သူ့ဆံပင် ဒီလိုရှည်ပြီး ထောင်လို့ ရအောင် ၁၅ နှစ်တိတိ အချိန်ယူထားပါတယ်။ ၁၅ နှစ်လုံးလုံး ဆံပင်ကို တစ်နေ့ ဂျယ် တစ်ဘူး၊ ဆံပင်ဖြန်း စပရေး ၃ ဗူး အကုန်ကျခံပြီး အမောက် မထောင်ထောင်အောင် မွေးထားတဲ့ ဆံပင် ပုံစံ ဖြစ်ပါတယ်။
သူ့ရဲ့ ထူးထူးခြားခြား စွမ်းဆောင်နိုင်မှုကြောင့် ၂၀၁၃ ကမ္ဘာ့ ဂင်းနစ်မှတ်တမ်း စာအုပ် ထပ်တိုးစာရင်းထဲမှာ ထပ်မံ မှတ်တမ်းတင် ဂုဏ်ပြုပေး မှာ ဖြစ်တယ်လို့ သိရပါတယ်။ ၃ပေ ၈.၆ လက်မ ရှည်တဲ့ ဆံပင်အထောင် ပုံစံနဲ့ Kazuhiro ကို ယခုလို မြင်တွေ့ ရပါတယ်။
---
Ref:knowworld
    Views: 277
No comments:
Post a Comment